အင်ဂျင် ၁၃၀၀ စီစီအောက် ကားပါမစ်မလိုပဲ တင်သွင်းခွင့်ပြုမည်သတင်းကြောင့် ကားဈေးထိုးကျ

မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်၊ (YPI)

အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဈေးထိုးကျသွားကြောင်း ဟံသာဝတီကားဝိုင်းမှ ကားရောင်းဝယ်သူများက ပြောသည်။

ယခုသတင်းကြောင့် ကားဈေးသာမက ကားပါမစ်ဈေးများလည်း သိသိသာသာ ကျဆင်းသွားကြောင်း ကားဝယ်ရောင်းများ၏ ပြောဆိုချက် အရသိရသည်။

ဝယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက “မနေ့ညနေက ဈေးကွက်မှာ ၁၃၀၀ စီစီအောက် ကားတွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုဖို့ စည်းဝေးနေပြီဆိုတဲ့ သတင်းထွက်ပြီး ကားဈေးတွေ သိန်း ၃၀၊ ၄၀ ကျသွားတယ်၊ ဘယ်သူမှ မ၀ယ်တော့ပဲ ဖြစ်နေတယ်” ဟု YPI သို့ပြောသည်။

အခြားကားဝယ်ရောင်း တဦးကလည်း ယမန်နေ့ညနေက ကားဈေးကွက်တွင် ဈေးကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများတွင် မီနီဆလွန်း ကားအမျိုးအစား၊ ဆူဇူကီ ဝေဂွန်အာပလပ်စ် ကားမျိုးလို ကားအငယ်များ ပါဝင်နိုင်ပြီး ယင်းသို့  လွတ်လပ်စွာ တင်သွင်းခွင့်ပြုပါက အငှားယာဉ် နှင့် မြို့တွင်းအိမ်သုံးစီးသူများ အနေဖြင့် ဈေးနှုန်းသက်သာစွာ ၀ယ်စီးနိုင်မည့် အလားအလာရှိကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းပြောဆိုသည်။

ယမန်နှစ် လယ်ကစတင်လိုက်သည့် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှ၍  ကားအစားထိုးတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် ဆယ်စုနှစ် တခုကျော်မြင့်တက်ခဲ့သည့်  ကားဈေး ၃ ချိုး ၂ ချိုး ကျဆင်းခဲ့သည်။
ယခင်နှစ်နှစ်ဝန်းကျင်က သိန်း ၁ ထောင်ကျော် ရှိခဲ့သည့် တိုယိုတာ မတ်တူးဆလွန်း (ရွှေငါး) အမျိုးအစားမှာ ယခုအခါတွင် ကျပ် သိန်း ၃၀၀ မှ ၃၅၀ ၀န်းကျင်သာရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့နောက် နိုင်ငံခြားငွေ ဒေါ်လာ ၁ သိန်းရှိသည့် ကုမ္ပဏီများ၊ ၀င်ငွေခွန်ပေးဆောင်ထားသူ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့သူများ၊ နိုင်ငံခြားသင်္ဘောသားများ ကိုပါ တင်သွင်းခွင့်ပြုခဲ့ရာမှ ကားဈေးမှာ တစထက်တစကျဆင်းလာခဲ့သည်။         ။
 Yangon Press International
အင်ဂျင် ၁၃၀၀ စီစီအောက် ကားပါမစ်မလိုပဲ တင်သွင်းခွင့်ပြုမည်သတင်းကြောင့် ကားဈေးထိုးကျ အင်ဂျင် ၁၃၀၀ စီစီအောက် ကားပါမစ်မလိုပဲ တင်သွင်းခွင့်ပြုမည်သတင်းကြောင့် ကားဈေးထိုးကျ Reviewed by သစ်ထူးလွင် on 04:54 Rating: 5

53 comments:

Anonymous said...

မင်္ဂလာရှိတဲ့သတင်းပါ...
အမှန်တကယ်ဖြစ်ရင် ဘယ်လောက် ကောင်းမလဲဗျာ....

မန်းလေးသား said...

ဒီသတင်းဟာ အမှန်ကန် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်..... လူတော်တော်များများ အခုချိန်ကိုပိုင်ကားဝယ်မစီးနိုင်ပေမယ့် ကားဝယ်စီးနိုင်ဖို့ နီးစပ်လာတဲ့အတွက်ပါ....... လိုင်စင်တွေ အခွန်ခတွေလည်း မှန်မှန်ကန်ကန် ဖြစ်ပါစေဗျာ...

nagarman said...

ဘယ်လိုအစီအစဉ်တွေများ လုပ်နေကြလဲမသိဘူး... အခွန်တွေလဲပေးရ.. အခွင့်အရေးလေးပေးတယ်ဆိုပီး ငွေထပ်အကုန်ခံ ပါမစ်လျှောက်... မိအေး၂ခါနာဖြစ်အောင် လုပ်နေကြပါလား...
ဒါကြောင့်အစကတဲက အစိုးရ ပေါ်လစီကို မယုံတာ.. အစိုးရနဲ့ဆက်စပ်ပီးလုပ်ရမှာတွေ မလုပ်ချင်ခဲ့တာ..
အခုတော့ ရလာတဲ့ပါမစ်က ဘာလုပ်ရမှာလဲ
လူတွေသက်သာလွယ်ကူစွာ လွတ်လပ်စွာဝယ်စီးနိုင်တာ ကောင်းတာပေါ့
ဓါတ်ဆီလုံလောက်အောင်ပေးနိုင်အောင် လမ်းကျပ်မှုတွေမဖြစ်အောင် လုပ်ပေးနိုင်ရင်ကောင်းတာပေါ့... စနစ်တကျplan မရှိဘဲ လပ်တလောပြသနာတွေ အပေါစားနည်းဖြေရှင်းနေရင် ကန်တော့ပါရဲ့
ပြောလိုက်ချင်တယ်
အရူးမ လင်လုပ်ရသလို ဖြစ်နေဘီ ဆရာတို့ရေ
ကြည့်လဲ လုပ်ကြအုံး

thingyan minthar said...

တစ်ပတ်ကို တစ်ကြိမ်လောက်ကို ဥပဒေအမျိုးမျိုးပြောင်းနေတဲ့
Planမရှိတဲ့ အူကြောင်ကြွက်တွေ။ဒီသတင်းက အမှန်သာဆိုခဲ့ရင် နိုင်ငံခြားမှာ ဝင်ငွေခွန်ဆောင်၊
လေယာဉ်ခအကုန်ခံ၊အလုပ်ပျက်ခံ မြန်မာပြည် ပြန်လာပြီး ကားပါမစ်
လာလျှောက်တဲ့သူတွေ ဘယ်လောက်နစ်နာသွားမလဲ။

u kyawkyaw said...

တန်.ဆည်သားဝင်းမြင့်ဒီလိုလုပ်ခွင့်မရှိရှာပါဘူး၊နိုင်ငံခြားငွေစာရင်းရှိတဲ့သူတွေတောင်တနှစ်ကားတစ်စီးမပေးသေးပါဘူး။
ကားတင်သွင်းခွင့်ကစိုးသိန်းလိုလို၊၀င်းမြင့်လိုလို၊TATA တောင်ဘယ်ရောက်နေလဲမသိ။၁၃၀၀စီစီအောက်ကားတစီးကိုဒေါ်လာ၅၀၀၀အခွန်ကောက်ရင်တိုင်းပြည် လဲ အ ကျိုးရှိပါတယ်။

ဆုလာဘ် said...

ဝမ်းသာပါတယ် ကားပါမစ်မလိုဘဲတင်သွင်းခွင့်၇မယ်ဆိုလို့ ပြည်သူတွေအဆင်ပြေဖို့လိုပါတယ် ဒါပေမဲ့စည်းကမ်း၇ှိဖို့တော့လိုမယ်

ဆုလာဘ် said...

လူတိုင်းကားစီးနိုင်ဖို့မျော်လင့်ပါတယ်

Anonymous said...

ကောင်းပါတယ် . . ကောင်းပါတယ် . .

SaMa said...

ပါမစ်မထားပဲ u kyaw kyaw ပြောသလိုပဲ အခွန် တိုးကောက်လိုက်ရင် တိုင်းပြည်လဲ အကျိုးရှိပါတယ်။ ကားတွေ မတရားများလာပြီး လမ်းပိတ်တဲ့ပြသနာ လဲ အထိုက်အလျောက် အဆင်ပြေသွားမယ်ထင်ပါတယ်။

သုတမောင် said...
This comment has been removed by the author.
သူ၇ိယ said...

တိုင်းပြည်ကစုတ်ပြတ်နေပင်မဲ့..ကားတွေ..ဖုန်းတွေ...ဟော်တယ်ခတွေကတော့ကမ္ဘာမှာအတော်ကိုဈေးကြီးဆိုဘဲ..

nang said...

ကားသွင်းခွင့်တွေ ဇွတ်ပေးပြီး လမ်းတွေမချဲ့ မပြင်တော့ နောက်ဆိုရင် ရန်ကုန်မှာ လမ်းလျှောက်တာက ကားထက်မြန်တာတွေ ဖြစ်လာလိမ့်မယ် .... ပြီးခဲ့တဲ့လေးလလောက်တုန်းကတောင် ရန်ကုန်မှာ traffic jam က တော်တော် အခြေအနေဆိုးနေပြီ ... လူတိုင်း ကားစီးနိုင်ဖို့ ရည်ရွယ်ရင် ကားတိုင်း လမ်းကောင်းမှာ မောင်းနိုင်ဖို့လည်း ထည့်စဉ်းစားရလိမ့်မယ် ... လွှတ်တော်အမတ်တွေ ၀န်ကြီးတွေ ဌာနဆိုင်ရာတွေ သွားလာနေတဲ့ အချိန်တွေမှာ လမ်းရှင်းပေးထားတာ ဆိုတော့ သူတို့တွေ ဒါတွေကို သိပါ့မလား ...

ဆုလာဘ် said...

ဒီသတင်းသာအမှန်ဖြစ်ပါစေ

kms said...

ဒီသတင်း အမှန်ဖြစ်ရင်ကောင်းပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ ကားဝယ်ရောင်းတွေရဲ့ လုပ်ကြံ သတင်းသာ ဖြစ်ပါတယ်။

hoh said...

မှန်ပါ့ သူရိယ ရယ်။
ဖုန်းဆိုရင် Sim ကဒ် အလားကပေးတဲ့နိုင်ငံနဲ့ဆိုရင် တို့ဆီက အဆ(၂၀၀၀၀၀)လောက်များနေတာ။ တို့နိုင်ငံသူနိုင်ငံသားတွေက ချမ်းသာတာကိုး။ ခွင့်လွှတ်လိုက်ပါသူငယ်ချင်းရယ်။ အခု ကားတဲ့။ အင်း
ဒေါ်လာ(၁)ထောင်၊ (၂)ထောင်၊ (၃)ထောင် ။ အခွန်က (%)ဘယ်လောက်မှန်း မသိ။ တို့တော့ ဘေထုတ်လို့ လမ်းဘေးမှာ အဟောင်းဆိုင်တွေဖွင့်မှပဲ သွားဝယ်တော့မယ်။

tyo said...

ဒါဟာ ကားပွဲစား နှင့် သတင်းဌာန ပေါင်းပြီး ပွဲစား အ၀ယ် တွေရဲ့ လုပ်ကြံ သတင်းပါ။ YPI ၇ဲ့ သတင်း ခေါင်းစဉ်မှာ မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်၊ (YPI)လို့ရေးထားတယ်။ နောက်ပြီး ဘဏ်ထဲမှာ ဒေါ်လာ ၁၁၀၀၀ သွင်းပြီး သွင်းခွင့်လျှောက်ထား တဲ့ ကျွန်တော် တောင် သွင်းခွင့် မရသေးတာ ဘယ်လို လုပ်ပြီး ပါမစ်မပါပဲ သွင်းခွင့် ပေးမလဲ။

aye min said...

တစ်ကယ်သာ ဒီမိုကရေစီ မှန်ရင်၊ နိုင်ငံတစ်ကာနဲ့ ရင်ပေါင် တန်းချင်ရင် နိုင်ငံတစ်ကာက ကားဈေးကွက်နဲ့ သိပ်ကွာမှာမဟုတ်တော့ဘူး၊ အင်း ဂွင်ဖန်တာဆိုရင်တော့၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့စီးပွားရေသမားတွေနဲ့ ပေါင်းပီးရိုက်ကြဦးပေါ့ တို့တော့ စပါယ်ယာ အဆူခံ အငေါက်ခံပီးလိုင်းကားပဲ တိုးစီးဦးမယ်

tyo said...

ဒါဟာ ကားပွဲစား ပါမစ်အ၀ယ်သမားက သတင်းဌာနနဲ့ ပေါင်းပြီး လုပ်ကြံသတင်း ထုပ်လွှင့်ခြင်း သာဖြစ်ပါတယ်။ ဒေါ်လာ ၁၁၀၀၀ သွင်းပြီး ပါမစ် လျှောက်ထားတဲ့ ကျွန်တော်တောင် ပါမစ်မရသေးတာ ဘယ်လိုလုပ်ပြီး ပါမစ်မရှိပဲ ကားပေးသွင်းမလဲ။
သတင်းမှာပါတဲ့ ၀ယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော်သူငယ်ချင်းဆီက အလုပ်သမားပါမစ် ကို သိန်း ၆၀ ပေးပြီးတောင်းဝယ်ပါတယ်။ ကျွန်တော်သူငယ်ချင်းက သိန်း ၆၈ ရမှေ၇ာင်း မယ်ပြောလို့ မင်းသိပ်မကြီးကျယ်နဲ့ ဒီထက်ဈေးလျှော့အောင် ငါလုပ်ပြမယ်ဆိုပြီး ဒီသတင်းကို လွှင့်ခဲ့တာ ဖြစ်ပါတယ်။

tyo said...

ဒါဟာ ကားပွဲစား ပါမစ်အ၀ယ်သမားက သတင်းဌာနနဲ့ ပေါင်းပြီး လုပ်ကြံသတင်း ထုပ်လွှင့်ခြင်း သာဖြစ်ပါတယ်။ ဒေါ်လာ ၁၁၀၀၀ သွင်းပြီး ပါမစ် လျှောက်ထားတဲ့ ကျွန်တော်တောင် ပါမစ်မရသေးတာ ဘယ်လိုလုပ်ပြီး ပါမစ်မရှိပဲ ကားပေးသွင်းမလဲ။
သတင်းမှာပါတဲ့ ၀ယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော်သူငယ်ချင်းဆီက အလုပ်သမားပါမစ် ကို သိန်း ၆၀ ပေးပြီးတောင်းဝယ်ပါတယ်။ ကျွန်တော်သူငယ်ချင်းက သိန်း ၆၈ ရမှေ၇ာင်း မယ်ပြောလို့ မင်းသိပ်မကြီးကျယ်နဲ့ ဒီထက်ဈေးလျှော့အောင် ငါလုပ်ပြမယ်ဆိုပြီး ဒီသတင်းကို လွှင့်ခဲ့တာ ဖြစ်ပါတယ်။

heinsatt said...

ခွင်.ပြုတာမကောင်းပါဘူးလမ်းတွေပိုကျပ်လာမှာပေါ.

aungkotun said...

kms ပြောတာမဖြစ်နိုင်ပါဘူး၊ ဒီသတင်းက ကားမှာထားတဲ့သူ ရော ၀ယ်ရောင်း လုပ်သူပါ အကုန် ခံရတဲ့ ကိစ္ဏ ဖြစ်နေ လို.ပါ။ မူဝါဒ စပြီး အကောင်ထည် ဖေါ် မှာကိုကိုသိတဲ့ လူုကီး နဲ. နီးစပ်တဲ့ သူတွေ က ကားဟောင်းတွေ ကို ၁၅ သိန်း၊ သိန်း ၂၀ နဲ. အစီး ၁၀၀ မက ၀ယ် ၊ သိန်း ၁၀၀ ကျော်နဲ. ပြန်ရောင်း၊ မြတ်တဲ့ ငွေတွေနဲ. ဘေးမှာ ထွက်ထိုင် နေုကပြီ ။

zaw zaw said...

ပြောချင်တာလေးရှိလိုဗျာ
အစ်ခုတစ်လောကားတင်သွင်းမှုမူဝါဒနဲ့ ပတ်သတ်ပြီးတော့ မမျတတဲ့ဝေဖန်အကြံပေးမှုတွေတွေ့ တွေ့ နေရပါတယ်။ ပြောချင်တာကဘာလဲဆိုတော့ အစိုးရကပြည်သူတွေကားများများစီးနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ကားတွေကို ကန့် သတ်ချက်အနည်းငယ်နဲ့ ပါမစ်မလိုပဲ
လွတ်လပ်စွာတင်သွင်းခွင့်ပြုမယ်ဆိုတဲ့သတင်း အပေါ်မှာတစ်ချိုလူများက လွတ်လပ်စွာတင်သွင်းခွင့် ပြုမယ်ဆိုရင်လမ်းပိုင်းတိုးချဲ့ တာတွေ၊ ပါကင်ပိုင်း ၊
အဆောက်အဦးပိုင်းတိုးချဲ့ တာတွေအရင်လုပ်ဖို့ ဝေဖန်အကြံပေးပါတယ်။ အဲလုပ်ငန်းစဉ်တွေပြီးမှပဲ လွတ်လပ်စွာတင်သွင်းခွင့်ကိုစဉ်းစားသင့်တယ်လို့ ပြောကြပါတယ်။ မှန်ပါတယ်..လမ်းချဲ့ တာတွေ၊ ခုံးကျော်တံတားတွေ၊ မြေအောက်တာနယ်တွေ၊ ပါကင်နေရာတွေ၊ အဆောက်အဦးတွေ အစ်များကြီးလုပ်ဖို့ လို ပါတယ်။ ဒါပေမယ့်ဗျာ တစ်ချို့ လူများအကြံပေးသလို့ အဲဒါတွေအရင်လုပ်ပြီးမှပဲ ပါမစ်မလိုပဲ တင်သွင်းခွင့်ကိုစဉ်းစားရမယ်ဆိုရင်ကတော့ ကားဈေးကအများပြည်သူလက်လှမ်းမှီနိုင်တဲ့အခြေအနေမျိုးရောက်ဖို့ နောက် ၁၀ နှစ်လောက်စောင့်ရပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ အခြေခံလိုအပ်ချက်တွေ အကောင်အထည်ဖော်ဖို့ ဆိုတာ ဘယ်လောက်ကြာမယ် ဘယ်အချိန်စမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အကြံပေးသလို
အခုချက်ချင်းထပြီး အကောင်အထည်ဖော်မယ်ဆိုရင်တောင် အနည်ဆုံး လေး ငါးနှစ်လောက် အချိန်ယူရမှာပါ။ အဲတော့ နယ်ကလူတွေကို စာနာကြပါ။
ရန်ကုန် နဲ့ မန္တလေး မြို့ တွေမှာပဲကားစီးနေကြတာမဟုတ်ပါဘူး။ စဉ်းစားကြည့်လေ ရန်ကုန်နဲ့ မန္တလေးမှာ ကားလမ်းတွေ ကျပ်တာနဲ့ ပဲ(လွတ်လပ်စွာတင်
သွင်းခွင့်မပေးတဲ့အတွက်) မြန်မာတပြည်လုံးကကားဝယ်စီးချင်တဲ့မိသားစုတွေက ကားကို ပါမစ်ဖိုးပါပေးပြီး(သိန်း ၁၀၀ နဲ့  ၁၅၀ ကြားပိုပေးပြီး)စီးကြရမယ်ဆိုတဲ့ အဓိပါယ်ရောက်မနေဘူးလား။ အဲတော့ လိုအပ်ချက်တွေလည်းအကောင်အထည်ဖော်၊ တင်သွင်းခွင့် ကိုလည်းအများပြည်သူတက်နိုင်တဲ့ဈေးေ၇ာက်အောင်
လျော့ပေး အဲလိုတပြိုင်တည်းလုပ်ရမှာပါ။ ကားစီးနေကြတာ ရန်ကုန် နဲ့ မန္တလေး ၂ မြို့ တည်းမဟုတ်ပါ။
နောက်တစ်ခုက အခုနောက်ပိုင်းမှာ လမ်းတွေကျပ်တယ် ကျပ်တယ်နဲ့ အော်သံတွေကြားကြားလာရပါတယ်။ မှန်ပါတယ်။ တကယ်လည်းအရင်ကထက်ပိုကျပ်ကျပ်လာပါတယ်။ အဲကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဒါပေမယ့် ပြောချင်တာက လမ်းကျပ်တယ်ဆိုတာ
၂၁ ရာစုမှာလုံးဝရှောင်လွဲလို့ မရတဲပြသနာတစ်ခုဆိုတာ လက်ရှိုကားစီးနေသူတိုင်း သဘောပေါက်ဖို့ လိုပါတယ်။ အထိုက်အလျောက် ဖြေလျော့တဲ့နည်းလမ်း(ကုန်းကျော်ဆောက်တာ၊ မြေအောက်လူကူတံတားဆောက်တာ၊ လမ်းဆုံတွေမှာ မိုးပျံလမ်းတွေဆောက်တာ စသည်ဖြင့် )ပဲရှာလို့ ရပါမယ်။ လမ်းဘယ်လောက်ပဲကျယ်ကျယ်၊ ကုန်းကျော်တွေဘယ်လောက်ပဲဆောက်ဆောက်၊ မိုးဘယ်လိုပဲပျံပျံ လမ်းပေါ်မှာသွားတဲ့ ယာဉ်အစီးရေများတာနဲ့
အမျ လမ်းပိတ်ဆို့ မှုကဖြစ်ကိုဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းဒီအတိုင်းပဲရှိပါတယ်။ ၆ လမ်းသွားပဲဖြစ်ဖြစ်၊ ၁၀ လမ်းသွားပဲဖြစ်ဖြစ် ၊ ၁၂ လမ်းသွားပဲဖြစ်ဖြစ် လမ်းပေါ်မှာ နံပါတ်(၁) ယာဉ်အစီးရေများပြီ နံပါတ်(၂) လမ်းဆုံရှိပြီဆိုတာနဲ့ သေချာပေါက်အဲမှာ တစ်ပြီ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ဖက်ကို ကား ၈စီးတပြိုင်တည်းသွားနိုင်တဲ့(၁၆လမ်းသွား) မှာ ၄၅ မိနစ်ခရီးကို ၂ နာရီခွဲ (၂.၃၀မိနစ်) လောက်ကြာအောင်စီးရတာတွေလည်းမကြာခဏကြုံရပါတယ်။ အဲတော့ လမ်းကျပ်တဲ့ပြသနာကို ချင့်ချင့်ချိန်ချိန်လေး ပြောကြပါလို့ ပဲအကြံပေးချင်ပါတယ်။ အုပ်ချုပ်သူအစိုးရကို ဖြေရှင်းပေးဖို့ တောင်းဆိုရမှာမှန်ပေမယ့် အဲ့ပြသနာကို မတွေ့ ချင်ဘူးလို့ တော့မတောင်းဆိုကြပါနဲ့ (အဲဒီလိုအဓိပါယ်နဲ့တောင်းဆိုနေတဲလူတွေရှိလို့ ပါ)။ အကယ်၍ လုံးဝမကြုံချင်ဘူး မစောင့်နိုင်ပါဘူး ဆိုရင်တော့ ရန်ကုန် မန္တလေး မှာမနေပါနဲ့ လို့ပဲပြောပါရစေ။

မောင်ငြိမ်းချမ်း said...

ယခုပါမစ်နဲ့ကအမှန်တစ်ကယ်လူနည်းစုဘဲလုပ်စားနေကြတာပါ။
ပါမစ်မလိုတဲ့စနစ်ကအကောင်းဆုံးပါဘဲ။ ဖြစ်မြောက်အောင်ဝိုင်း
ဝန်းတိုက်တွန်းကြပါစို့။
မြန်မာနိုင်ငံကလူတွေကစင်ကာပူကလူတွေထက်ပိုချမ်းသာတယ်၊
အိမ်ဝယ်၊ကားဝယ်ဘာဘဲဝယ်ဝယ်ငွေလက်ငင်းချေပြီးမှဝယ်လို့ရ
တာများတယ်၊ အရစ်ကျတို့အကြွေးစနစ်တို့သိပ်မရှိဘူ။

tyo said...

ဒါဟာ ကားပွဲစား ပါမစ်အ၀ယ်သမားက သတင်းဌာနနဲ့ ပေါင်းပြီး လုပ်ကြံသတင်း ထုပ်လွှင့်ခြင်း သာဖြစ်ပါတယ်။ ဒေါ်လာ ၁၁၀၀၀ သွင်းပြီး ပါမစ် လျှောက်ထားတဲ့ ကျွန်တော်တောင် ပါမစ်မရသေးတာ ဘယ်လိုလုပ်ပြီး ပါမစ်မရှိပဲ ကားပေးသွင်းမလဲ။.
သတင်းမှာပါတဲ့ ၀ယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော်သူငယ်ချင်းဆီက အလုပ်သမားပါမစ် ကို သိန်း ၆၀ ပေးပြီးတောင်းဝယ်ပါတယ်။ ကျွန်တော်သူငယ်ချင်းက သိန်း ၆၈ ရမှေ၇ာင်း မယ်ပြောလို့ မင်းသိပ်မကြီးကျယ်နဲ့ ဒီထက်ဈေးလျှော့အောင် ငါလုပ်ပြမယ်ဆိုပြီး ဒီသတင်းကို လွှင့်ခဲ့တာ ဖြစ်ပါတယ်။.

soegyi said...

သတင်းကောင်းပဲ

lwannaymie said...

ဒီသတင်းတာမှန်ရင် ပြည်သူတွေအတွက် အရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားကနေ မြန်မာပြည်ပြန်ပြီး ကားပါမစ်လျှေက်တဲ့သူတွေတော့သွားပြီ။ အလယ်အလတ်ကားဝယ်ရောင်း၊ကားလှောင်တဲ့သူတွေလဲသွားပြီ။ ကားအပ်ပြီး၊ကားပြန်သွင်းတဲ့သူတွေလဲသွားပြီ။
ပါမစ်ကိုင်၊အလုပ်လုပ်စားတဲ့သူတွေလဲသွားပြီ။ ပြည်သူကဘာတတ်နိုင်မှာလဲ။
ဒီအစိုးရ ပေါ်လစီကြောင့်ဖြစ်တယ်ဆိုပေမဲ့ ကားဝယ်ပြီဆိုထဲကအရှုံးပါ၊ ဒါကို လက်ခံနိုင်ရပါမယ်။

shingyi said...

သစ်ထူးလွင်ကိုကျေးဇူးတင်ပါတယ်။ELEVEN MEDIA GROP ပွဲစားနဲ့ပေါင်း၇ိုက်နေပြန်ြပီကားသွင်းခွင့်ဖွင့်တာကိုလမ်းကြပ်တယ်
ဘာညာနဲ့INTERNATIONAL ကြည့်ပါ။အနာဂတ်ကြည့်ပါ။ကား
အခက်အခဲကိုစီးပွားေ၇းလုပ်စားတာ၇ပ်သင့်ပြီပေါင်း၇ိုက်ပြီးလမ်း
ပိတ်၇င်ဒေါက်တာဘြွဲ့ဖုတ်ပစ်မယ်။ကားတွေအဟောင်းအသစ်
ဝယ်ကိုင်ဈေးကစာနေတာဘယ်သူတွေလဲလေ့လာသင့်တယ်။
ဘယ်နေ၇ာမှာမှကြိုးနီစနစ်မကောင်းဘူး။

Anonymous said...

ဘယ်ကားမဆိုပါမစ်မလိုဘဲ တင်သွင်းခွင့်၇၇င်ပိုကောင်းတယ်
ပြည်တွင်းထဲေ၇ာက်နေတဲ့  လိုင်စင်မဲ့ ကားတွေကိုလည်း
အခွန်ဆောင်ခိုင်းပြီး လိုင်စင်ပေးလိုက်ပါ အားလုံးတွက်ကောင်း
သွားပါလိမ့်မယ်

Anonymous said...

ဘယ်ကားမဆိုပါမစ်မလိုဘဲ တင်သွင်းခွင့်၇၇င်ပိုကောင်းတယ်
ပြည်တွင်းထဲေ၇ာက်နေတဲ့  လိုင်စင်မဲ့ ကားတွေကိုလည်း
အခွန်ဆောင်ခိုင်းပြီး လိုင်စင်ပေးလိုက်ပါ အားလုံးတွက်ကောင်း
သွားပါလိမ့်မယ်

cthu said...

ကားတွေများလာပြီဆိုတော့ လူတွေစည်းကမ်ဒရှိဖို့လိုအပ်တယ် . . .မဟုတ်ရတော့ မလွယ်ဘူးဗျ . . .အားလုံးသိကြတဲ့အတိုင်းပဲ ကာမောင်းတဲ့သူကလည်း စည်းကမ်းမရှိကျဘူး စိတ်မရှည်ကြဘူး နားလည်မူမရှိကြဘူး . . .လမ်းသွားတဲ့သူတွေကလည်း စည်းကမ်းမရှိကျဘူး . . သူတို့ပဲမှန်တယ် ကားသမားတွေကမှားတယ် . . .အချို့ဆို ကားကိုလူက၀င်တိုက်ပြီး ပိုက်ဆံတောင်းတယ်လို့ ဘာလို့လဲကြားရတယ်ဗျာ . . စိတ်ထဲမှာလဲမကောင်းဘူး . . .
အသက်ပေးပြီးတော့ ငွေရှာနေကြတယ် . . .ကားတွေများလာသာနဲ့အမျှ ကားကျပ်လို့ ဟိုနားဒီနား လမ်းလျှာက်တဲ့သူတွေလဲများလာမှာပါ။ အဲတော့ကားစည်းကမ်း လူစည်ကမ်း လမ်းစည်းကမ်း အသိလေးတွေလိုအပ်မယ်ထင်ပါတယ်. . .
အများက စည်းကမ်းကြီးတယ်လို့ ပြောတဲ့နိုင်ငံတွေမှာတောင် ယာဉ်တိုက်မူတွေက နည်းမှမနည်သာဗျာ. . .ခုလိုကျွန်တေယ်တို့နိုင်ငံမှာ ဆိုရင်တော့ မတွေးရဲစရာပဲ . . .

win aung oil field said...

ဆိုင်ကယ်ပါ ခွှင့်ပြုသင့်ပါတယ်

T:-) said...

ကားလမ်းကျပ်တာထက် ကားတွေက စည်းကမ်းတကျ မမောင်းကြလို့ လမ်းပိတ်တာက ပိုများပါတယ်။ အထူးသဖြင့် ဘတ်စ်ကားနဲ့ တက်ကစီတွေ ပိုပြီးစည်းကမ်းဖောက်တာတွေ့ရပါတယ်။ (၁) ယာဉ်မောင်းလိုင်စင်ကို စည်းကမ်းပြန်တင်းကျပ်လိုက်ရင် (၂) ယာဉ်ထိန်းတပ်ဖွဲ့များ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကို ပိုမိုအားထည့်ပြီးဆောင်ရွက်ကြရင်၊ (၃) လမ်းဆုံမီးပွိုင့်များ ပျက်နေတာကို ပျက်တိုင်း အမြန်ပြန်လည်ပြင်ဆင်ပေးကြရင်၊ (၄) စည်းကမ်းဖောက်ကားများကို တပြေးညီ ပြင်းထန်စွာ အရေးယူမယ်ဆိုရင် (၅) (၆) (၇) ........ ကောင်းလာနိုင်မယ်ထင်ပါတယ်

H2O said...

လူတွေ..လူတန်းစား ညှိပေးတာကို သဘောမပေါက်ကြဘူး အခုတစ်မျိုး တော်ကြာတစ်မျိုးတွေသာ လျှောက်ပြောနေကြတာ .. အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားတွေသာ ခံရ့တာ..

Anonymous said...

မြန်မာပြည်က ငတုံးတွေ...နိုင်ငံခြားမှာ ကားပါမစ်ဆိုတာလုံးဝမရှိဘူး..ငွေရှိရင် ကြိုက်သလောက်ဝယ်လို့ရတယ်..ဒီပါမစ်ဆိုဘာအဓိပါယ်လဲ..တော်တော်စိတ်ကုန်ဘို့ကောင်းတဲ့မြန်မာပြည်..

ThanNaingLin said...

Plan အမျိုးမျိုးဆွဲနေတဲ့ဝန်ကြီး(၂)ယောက် ရာထူးနဲ့မတန်ဘူး..စီမံချက်ဆိုတဲ့အစိတ်ပယ်ရော သိကြလား။

true said...

ကားပါကင်ပြသနာရော ဘယ်လိုဖြေရှင်းပေးမှာလဲ လမ်းတွေကလဲကျင်း၊ရပ်စရာနေရာမရှိလို့ လမ်းဘေးထိုးရပ်ရ future plan ဘာတွေလုပ်ထားပြီးပြီလဲ condoတွေတိုက်ခန်းတြွေဖစ်သလိုဆောက် ကားပါကင်ပြသနာလဲထည့်မတွက် လမ်းမပေါ်ကားတွေရပ်ကြရတော့ လမ်းတွေပိတ်၊condoတွေတိုက်ခန်းတွဆောက်မယ်ဆိုရင်လုံလောက်တဲ့ ကိုယ်ပိုင်ကားပါကင်ပါရှိရမယ်ဆိုသာ သက်ဆိုင်ရာအဖွဲ့အစည်းများနားလည်ဖို့သင့်ပြီ လမ်းတွေကလည်းရှိသင့်တဲ့အကျယ်အ၀န်းမရှိ၊

true said...

ပါမစ်ဆိုတာလိုကိုမလိုအပ်တာ အခွန်ကကားတန်ဖိုးထက်ပိုများနေတာတွေ လက်ရှိကားတန်ဖိုးတွေက အရှေ့ တောင်အာရှနိုင်ငံများနဲ့များစွာကွာဟနေသေးတယ် ဒါတွေက လက်ဝါးကြီးအုပ်မှုတွေဆိုတာ အသိအသာကြီး တန်းတူအခွင့်အရေးရအောင်လုပ်ပေးပါ

A Dr. of MOST said...

ကျလိုက်တက်လိုက် ဘာတွေမှန်းမသိဘူး နောက်ဆုံးတော့ မူလကားစီးနေရတဲ့သူတွေက မစီးနိုင်ဘဲ လက်မဲ့ဖြစ်ကုန်ပြီ ပွဲစားတွေ လှည့်ကွက်ကို စောင့်နေတဲ့ စီးပွါးရေးသမားတွေဘဲ ကောင်းစားကုန်တယ်
သြော်မြန်မာပြည် မြန်မာပြည်

kan said...

ကိုဇော်ဇော်ရဲ့ အကြံပြုတာကို ထောက်ခံပါတယ်။ ထပ်ဖြည့်ချင်တာက ရန်ကုန် နဲ့ မန္တလေး လိုင်စင်တွေကိုဈေးမြှင့်ပြီး နယ်လိုင်စင်ကိုဈေးချပေးလည်း ရပါတယ်။ဒါတောင်သူလယ်သမားများ ၊ တောနေလူတန်းစားများ ကားပိုင်ဆိုင်ရေး ၊ လူနေမှုဘဝမြှင့်တင်ရေး လုပ်ရာလည်းရောက်ပါတယ်။

Myo Thant said...

ဆန္ဒမစောကြပါနဲ့..........
အရင်ထက်စာရင် တော်တော်လေး ကောင်းလာပါပြီ
ခေတ်အဆက်ဆက်က လုပ်စားလာကြတာ ခံနေခဲ့ရတော့တောင်းလို့ရတဲ့အချိန်မှာ ဇွတ်အတင်းပူဆာနေကြတာကိုနားလည်ပါတယ်........

cherish said...

ဒီသတင်း အတည်ဆိုရင်တော့ ကိုယ်တိုင် မ၀ယ်နိုင်သေးပေမယ့် ၀ယ်စီးနေတဲ့သူ၊ ၀ယ်စီးတော့မယ့်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။

ဧရာတိုး ထားဝယ်​ said...

အခုချိန်မှာ ဘာတစ်ခုမှ မယုံ၇ဘူး။ ဒါပေမဲ့ ဒီသတင်းကကောင်ပါတယ်။

Thu Ra said...

ကျွန်တော်က 1350CC အောက်ကားကလေး၁စီးကို ဆီစားသက်သာပြီး၊ကြိုက်တဲ့လူရှိရင် ပြန်ရောင်းဖို့ ကားဟောင်းပါမစ်၁စောင် သိန်း၁၄၀နဲ့ဝယ်ကပ်ပြီးတင်သွင်းလာတာ ကားတောင်နံပါတ်မယူရသေးခင် ပါမစ်ကပ်စရာမလိုပဲ တင်သွင်းလို့ရပြီဆိုတော့စဉ်းစားကြည့်ကြပါ ဗျာ...
ကျွန်တော်လိုမျိုး 1350CC အောက်ကားတွေတင်သွင်းလာသူတွေ ဘယ်လောက်တောင်ရှိမလဲ...နစ်နာသူတွေအတွက်စဉ်းစားပေးသင့်ပါတယ်
ဥပမာဆိုရင် 1350CC အောက် ကားလေးများတင်သွင်းခဲ့ရာတွင် ပါမစ်ဝယ်ကပ် ပြီးမှသွင်းခွင့်ရခဲ့တဲ့ပြည်သူတွေကို ယခုအခါ ပါမစ်မလိုဘဲတင်သွင်းခွင့်ပြုလိုက်ပြီဆိုရင် ယခင်ပါမစ်နှင့်သွင်းထားသော ယဉ်ပိုင်ရှင်များကို ထိုအသုံးပြု တင်သွင်းခဲ့ရသောပါမစ်အား 1350CC အထက်ယာဉ်၁စီး ထပ်မံအစားထိုးဝယ်ယူတင်သွင်းခွင့်ပေးသင့်ပါတယ်...
နည်းဥပဒေ ၁ခုအပြောင်းအလဲလုပ်မယ်ဆိုရင် ကောင်းကျိုးရရှိမည့်ပြည်သူတွေရှိသလို ၊နစ်နာသွားမဲ့ပြည်သူတွေရှိတယ်ဆိုတာ အလေးထားစဉ်းစားသင့်ပါတယ်...

Unknown said...

ဘယ်ကားမဆိုပါမစ်မလိုဘဲ တင်သွင်းခွင့်ရတာကောင်းပါတယ်၊
ဒါပေမယ့်ကားဟောင်းအပ်ပြီးမှကားဖိုးပြန်မရဘဲ သိန်းရာကျော်ဆုံးရှုးခံပြီး အမှန်တကယ်ကားတင်သွင်းခဲ့တဲ့ ကားပိုင်ရှင်တွေ နစ်နာတာ၊ ပါမစ်ကိုဈေးကြီးကြီးနဲ့ ပေးဝယ်ပြီး ကားတင်သွင်းထားတဲ့သူတွေ..သိန်းရာကျော်အရှုံးပေါ်သွား တာတွေကို စာနာပေးသင့်ပါတယ်..
အရင်ကတည်းက မော်ဒယ်နိမ့်ကားတွေကို နယ်တွေမှာ ဈေးသက်သက်သာသာနဲ့ စီးရအောင် နယ်တွေဆင်းခိုင်းတာတို့...ဒီလိုကားဟောင်းအပ်ပြီးမှရတဲ့ပါမစ်နဲ့ ကားသွင်းတာတွေမဟုတ်ဘဲ...
ခုလိုလွတ်လပ်စွာတင်သွင်းခွင့်ကိုအရင်ထဲကပေးသင့်ပါတယ်၊ သိန်းရာကျော်ဆိုတာ...လူလတ်တန်းစားတွေအတွက်
နှစ်ချီအောင်ဆုရတာပါ...ကားဟောင်းအပ်ပြီးအမှန်တကယ်ကားတင်သွင်းမယ့် ကားပိုင်ရှင်တွေအတွက် တခုခုစီစဉ်ပေးသင့်ပါတယ်

Anonymous said...

စက်မှုဇုံထုတ်ကားများလည်း လဲသင့်နေပါပြီ။

ရာရာ said...

သိပ်ကောင်းတယ်...ကားပါမစ်တွေလျောက်ဝယ်ပြီး ဈေးကစားဖို့ကြံစည်တဲ့ ၀ိသမလောဘသားတွေတော့ ပေါ်ပင်လိုက်တဲ့အရသာသိသွားပြီ။ မင်းတို့လက်ထဲက ပါမစ်အထပ်လိုက်ကြီး မြောင်းထဲသာသွားလွှင့်ပစ်လိုက်တော့။

hlaingthuya said...

နည်းဥပဒေ တစ်ခုကို ရုတ်တရက် အပြောင်းအလဲလုပ်မယ်ဆိုရင် ကောင်းကျိုးရရှိမယ့်ပြည်သူတွေရှိသလို ၊နစ်နာသွားမဲ့ပြည်သူတွေရှိတယ်ဆိုတာ အလေးထားစဉ်းစားသင့်ပါတယ်...တဲ့ သိပ်ကို အလေးထားသင့်တဲ့ စကားပေါ့ဗျာ ၊ ခေါင်းဆောင်ကောင်းဆို တာ ကိုယ့်ပြည်သူတွေ နစ်နာနိုင်မယ့် ဟာမျိုးကို အစကတည်းက ဖန်တီး မထားသင့်ပါဘူး ၊ မဟပေးထားသင့်ပါဘူး (တရားမ၀င် ကားတွေလိုမျိုး စီးလို့ ရသလိုလို မရသလိုလို နဲ့  ၊ နယ်စပ်ကလဲ အခုထိ ၀င်လာမစဲ တသဲသဲဖြစ်နေတုန်း ) အခုတစ်မျိုး တော်ကြာတစ်မျိုး ပေါ်လစီက အောက်ခြေက ဘာသတင်းမှ ကြိုတင်မသိရတဲ့ လူတန်းစားအလွာတွေကို အကြီးအကျယ်ထိခိုက်စေပါတယ်၊ ရေပေါ်ဆီအလွာတွေက တော့ ထုံးစံအတိုင်း သတင်းတွေကြိုရမှာဖြစ်တဲ့အတွက်...။ မြန်မာ ဦးနှောက်တွေ ဈေးသိပ်ကောင်း...။

gurugyi said...

ဟေ့ကောင်တွေ...ဘာမှပြောမနေနဲ့။ကားဈေးကျတာကောင်းတာပေါ့ကွ။အခွန်တွေများနေလို့ကားဈေးကြီးတာ။တကယ်တော့ကားတစီးတန်ဘိုးက ၂၀-၃၀ဘဲ။ပြည်သူတွေအားလုံးကားစီးနိုင်အောင်လုပ်ပေးကြ။ကားမကြပ်အောင်မိုးပျံလမ်းတွေဆောက်ပေးကြ။ပါမစ် ကအလကားဘဲ။နေရာတကာပါမစ်ဆိုတာမရှိသင့်တော့ဘူး။လွတ်လွတ်လပ်လပ်
ဝယ်ရောင်းလုပ်ကြ။

shingyi said...

အများအတွက်လုပ်ပါ။ကိုယ့်အတွက်လဲ၇ှာပေါ့၊မှန်တာစလုပ်တယ်။ပိုမှန်အောင်လုပ်တယ်။ဒါချီးမြှောက်င့်ပါတယ်။အားလုံးတင်သလိုပိုကောင်းအောင်လုပ်ပါ။ဒီ
စီမံခန့်ခွဲမှုအတွက်CONGRADULATION အစိုး၇အဖွဲ။

MMS said...

အားလုံးကောင်းဖို့လုပ်တာဆိုရင်ကြိုဆိုပါတယ်၊
ကိုယ့်မှာကားတွေရှိလို့ဈေးကျလဲ ဘာဖြစ်သေးလဲ .....
ဒါပေမယ့် သာတူညီမျှ၊ ကျောသားရင်သား မခွဲရင်တော့ ကောင်းတာပေါ့....
ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုယင်မကောင်းဘူး။
လူလတ်တန်းစားကတော့ ကားဈေးကျယင် အများကြီးထိခိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကားစီးနေတာက ဇိမ်ခံဖို့လဲမဟုတ်ဘူး၊ အမြတ်လိုချင်လို့လဲမဟုတ်ဘူး၊ လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေသုံးနေရတာ၊ နောက်ပြီး ကားတစ်စီးတန်ဖိုးက ဒေါ်လာနဲ့တွက်ယင် အနည်းဆုံးတော့ USD 20000 လောက်တန်နေသေးတယ်မဟုတ်လား၊
ဈေးကျပြီဆိုတော့ အဲဒီပိုက်ဆံ ဘယ်သူ့အိတ်ထဲရောက်သွားလဲ....။
အခုခတ်စီးပွါးရေးအခြေအနေနဲ့ ကားတစ်စီးဝယ်ရတာ လွယ်ကူတဲ့အခြေအနေတော့မဟုတ်ပါဘူး။
ဒါပေမယ့် ကားမစီးနိုင်တဲ့လူတွေ အများကြီးရှိနေတာပဲ၊ အားလုံးကောင်းမယ်ထင်ယင်လုပ်ကြပါ၊ နောက်တစ်ခါ အပြောင်းအလဲထပ်ဖြစ်ယင်တော့ ဘယ်လိုအနာခံရမလဲ ကြိုတင်စဉ်းစားနေပါတယ်။

myokyi said...

အင်မတန်ကောင်းပါတယ်။အင်ဂျင်ပါဝါအားလုံးနဲ့။မော်ဒယ်တိုင်းအတွက်ဖြစ်သင့်တယ်လို့ယူဆပါတယ်ကားဟာလူတွေသုံးစွဲဘို့လိုအပ်ချက်ကြောင့်ဝယ်ယူတာဘဲဖြစ်သင့်တယ်အမြတ်အစွန်းရဖို့အတွက်ရောင်းကုန်တခုမဖြစ်သင့်ပါ။ဂျပန်မှာကားဈေးက၁၀သိန်းကနေသိန်း၁၀၀ကျပ်ကြားသာရှိတဲ့ကားကို
မြန်မာနိုင်ငံအရောက်အပြီးအစီးကျပ်သိန်းနှစ်ရာအောက်ဆိုရင်တစ်နိုင်ငံလုံးအမှန်တကယ်လိုအပ်ချက်အရ၀ယ်စီးနိုင်သူတွေဝယ်စီးပါလိမ့်မယ်။အမြတ်အစွန်းမဟခဲ့ရင်ဝယ်ရောင်းလူတန်းစားပျောက်သွားပါလိမ့်မယ်။
တယ်လီဖုံး၊ကားနဲ့ကွန်ပြူတာ အင်တာနက်ဟာ တိုင်းပြည်တိုးတက်ဖို့
အခြေခံလိုအပ်ချက်ပါ။ဈေးကစားစရာ၊အမြတ်အစွန်းရှာစရာကုန်ပစ္စည်း
အဖြစ်အသုံးချခွင့်မပေးသင့်ပါ။ပြည်သူလူထုအများမျက်နှာဘဲကြည့်ဖို့လိုပါတယ်။ခေါင်းဆောင်များဖေါ်ပြပါလမ်းကိုဦးတည်ဆောင်ရွက်နေတာဆိုရင်ကြိုဆိုပါတယ်။လူတိုင်းလုပ်ငန်းလိုအပ်ချက်အရကားစီးနိုင်ကြပါစေ။လမ်းကြပ်တဲ့ပြသနာဟာပြုပြင်ဖို့လိုလာရင်သက်ဆိုင်ရာကပြုပြင်ပေးပါလိမ့်မယ်။လူနဲစုလက်တစ်ဆုပ်စာထက်တတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူအများအကျိုးကိုကြည့်ရမှာဖြစ်ပါတယ် ပြည်သူပြည်သားအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ။

AungNaingThu said...

ဒီသတင်း မတည်မဖြစ်ပါ။
ပါမစ်မလိုဘဲ တင်သွင်းခွင့်ကတော့ နောင် ၂၀၃၀ ခုနှစ်ကြမှ ဖြစ်လာမည်။
နိုင်ငံတော် ၀င်ငွေ လိုအပ်ချက်ကြောင့် ပြည်သူများကို နောက်ထပ် အခွန်တိုးကောက်ဖို့ ရှိသည်။

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းကတော့ပြောတယ်..
ငရုတ်၊ ကြက်သွန် ကစ ကိုယ်အိမ်မှာကို တစ်နိုင်စိုက်ပျိုးလို့မရဘူး လားတဲ့.
ကိုယ်တော်မြတ်တွေကတော့ဒီလိုမဟုတ်ဘူး၊ ဈေးသွားဝယ်စား ကြတယ်တဲ့..
ကျွန်တော်တို့မြန်မာပြည်မှာတော့ ပြည်သူတွေက အရမ်းအလုပ်များ တော့ ကားတွေလိုအပ်နေကြတာပေါ့လေ.. ကုမဏီ လုပ်ငန်းကိစ္စ အရမ်းများ တဲ့ လူတွေ မို့ပါ.. နိုင်ငံတော် သမတ ကြီးက တော်တော်ကို အလိုက်သိပြီး ကိုယ်ကျိုးမပါဘဲ ပြည်သူ ပြည်သားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးလိုက်တာပါ..ကျွန်တော်တို့နိုင်ငံသားတွေက ရွှေပုံပေါ်၊ စိန်ပုံပေါ်၊ ကျောက်ပုံပေါ်၊ ဓါတ်ငွေ့ပုံ ပေါ်ထိုင်နေတဲ့ သူဌေးသားတွေမို့ပါ။ ကျွန်တော်တို့ ပြည်သူတွေ ဇိမ်ခံကားတွေဝယ်ပြီး ဇိမ်ကောင်းကောင်းခံသင့်ပါတယ်။ လုပ်ငန်းတွေလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်ဆိုရင် အင်ဂျင်နီယာ ဘွဲ့ရပြီး ဘာအလုပ်မှ မလုပ်တာ (၁၀)နှစ်ရှိပါပြီ။ နိုင်ငံတော်ရဲ့ စေတနာပါ လို့ ပြောလိုက်ချင်ပါတယ်..

Powered by Blogger.