ကျွန်းစုမြို့နယ်၊ပထော်ကျေးရွာမှာ စုန်းဟုယိုးကာ ပယောဂဆရာရိုက်နှက်ကုသမှုကြောင့် အမျိုးသမီးတဦးသေဆုံး (ရုပ်/သံ)

တနသာင်္၇ီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ပထော်ကျေးရွာ
(မြိတ်မြို့အရှေ့ဘက်ကမ်း)တွင်နေထိုင်သူမသန်းနု၊အသက်၃၈နှစ်၊
ိမ်ထောင်ရှိ၊အမျိုးသမီးအားခဲအိုဖြစ်သူကစုန်းဟုယိုးကာ၊ကျွန်းစုမြို့နယ်၊
ကမ်းကြီးကျေးရွာသို့ခေါ်ဆောင်ပြီးဆရာကြမ်း(ဆရာယောင်ယောင
သမားယောင်ယောင်)ဦးမဲကြီးထံတွင်၎ရက်တာဆေးကုသမှု
(ရိုက်ပြီးကု၊အရက်တိုက်ကု)ခံယူရင်းသေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်မှာမသန်းနုအား(စုန်း)ဟုယိုးမယ်ဖွဲ့ပြီးပယောဂဆရာမဲကြီး၊သူမ၏
ခဲအို၊ကျန်အပေါင်းအပါ၂ဦး။စုစုပေါင်းအမျိုးသား၎ဦးတို့မှမတရား
ရိုက်နှက်နှိပ်စက်ကာ၊၄ရက်လုံးထမင်းလဲမကျွေး၊ဆဲဆို၊လက်နက်ဖြင့်
၎င်းအမျိုးမျိုးသောရက်စက်မှုတို့ဖြင့်ကုသရာ၎ရက်အကြာတွင်သေဆုံးခဲ့ပါတယ်။

၎င်းတရားခံများကိုကျွန်းစုမြို့နယ်ရဲစခန်းတွင်အချုပ်ဖြင့်ထားရှိကြောင်းကြား
သိရပါတယ်။ တရားခံများထဲမှတစ်ဦးကMP4ဖြင့်မှတ်တမ်းတင်ထားသော
ဗွီဒီယိုမှတ်တမ်းကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဥက္ကာမင်း(ဖေ့စ်ဘုတ်) 

ဒီသတင်းဗွီဒီယို မှတ်တမ်းလေးကို ကြည့်ပြီး အခုလို ရပ်ဖြစ်မျိုးတွေ တားဆီး
ကာကွယ်နိုင်ဖို့ တရားဥပဒေတိတိကျကျပြဒါန်းဖို့ လိုပါသည်။
Myanmar News Now
 တရားခံများထဲမှတစ်ဦးကMP4ဖြင့်မှတ်တမ်းတင်ထားသောဗွီဒီယိုမှတ်တမ်း အပိုင်း(၁)
ဘိတ်သံနဲ့ ပြောနေတဲ့ စကားသံများပါ



 တရားခံများထဲမှတစ်ဦးကMP4ဖြင့်မှတ်တမ်းတင်ထားသောဗွီဒီယိုမှတ်တမ်း အပိုင်း(၂)
ဘိတ်သံနဲ့ ပြောနေတဲ့ စကားသံများပါ


 


ကျွန်းစုမြို့နယ်၊ပထော်ကျေးရွာမှာ စုန်းဟုယိုးကာ ပယောဂဆရာရိုက်နှက်ကုသမှုကြောင့် အမျိုးသမီးတဦးသေဆုံး (ရုပ်/သံ) ကျွန်းစုမြို့နယ်၊ပထော်ကျေးရွာမှာ စုန်းဟုယိုးကာ ပယောဂဆရာရိုက်နှက်ကုသမှုကြောင့် အမျိုးသမီးတဦးသေဆုံး (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 20:35 Rating: 5

51 comments:

kamarlan999 said...

အသိပညာ ဗဟုသုတ ကျန်မားရေးနဲ့ အလှမ်းဝေးနေတွေ ရိုးရာဓလေ့ ကုထုံးနဲ့ .....အင်းစဉ်းစားညဏ်ပဲမရှိကြတာလား တမင်သေစေချင်လို့ လုပ်တာပဲလားတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိလိမ့်မယ်

Aung Soe Oo said...

လူမဆန်တဲ့ကောင်တွေဗျာ ၄ ယောက်လုံးသေဒဏ်ပေးလိုက်ဗျာ...စပြီးဒီလိုလုပ်နေကတည်းကမသိကြဘူးလားဗျာဒီအဆင့်ထိရောက်အောင်မြင်ရတာတောင်တော်တော်လူမဆန်လိုက်တာမသေမချင်းလူလယ်ခေါင်မှကွပ်မျက်သင့်တယ်

Aung Naing said...

တရားခံလေးယောက်စလုံးကို သေစားသေစေ အပြစ်ဒဏ်ချလိုက်သင့်ပါတယ်... ဒါမှ နောက်ဒီလို သမားတုသမားယောင်တွေ ပပျောက်သွားမှာ...

Unknown said...

ပြုသူအသစ် ဖြစ်သူကအဟောင်းတဲ့ ၀ဋ်ရှိလို့ ခံရတယ်ပေါ့ ...ဒါပေမယ့် တရားဥပဒေအရတော့ ပယောဂဆရာနဲ့ ကြံရာပါအားလုံးကိုလဲ ကြိုးမိန့် သေဒဏ်အပြစ်ပေးသင့်ပါတယ် ဒါမှလဲ တရားမျှတမှာပေါ့။

Anonymous said...

မရှိတဲ့အရာ မမြင်ရတဲ့အရာကို ကြောက်... ကြောက်လေရိုက်လေ.. ခံရသူက ခံရလေ..
တကယ်တော့ ရိုက်သူက သတ္တိရှိလို့ရိုက်တာ မဟုတ်ဘူး၊ သူကိုယ်တိုင် ကြောက်နေလို့ပါ..
ဘာသာတရား အခြေခံအသိမရှိ..
အသိပညာ နိမ်ပါးခြင်းက အကြောင်းအရင်းခံ.. စိတ်ဆင်းရဲစရာ မြင်ကွင်းပါ။

ကျိန်စာ said...

ဘုရား ဘုရား စိတ်မကောင်းစရာ...

zay said...

ခွေးဆရာခွေးနောက်လိုက်တွေ ထိထိရောက်ရောက်အရေးယူပေးပါ ။

zay said...

ခွေးသူတောင်းစားက သူ့လက်တောင်လူတွေသနားကုံပြီတဲ့ ။

ကိုလေး said...

ကျနော်ငယ်ငယ်က မြင်ဖူးတယ်
မျက်စိကို ငရုပ်သီးရည်နဲ့ပက်တယ်
အဲလိုလူတွေ တကယ်မိုက်ရိုင်းတယ်
လူတွေကို ပညာပေးသင့်တယ်
ဥပဒေအရ အရေးယူမှလဲပြောက်မှာ
ရွှေရင်ကျော် ဆရာလိုလို ဘာလိုလို လဲ မြင်ဖူးတယ်

tanaka said...

တောင်ပေါ်ကတိုင်းရင်းသားလေးတွေ၊တချို့အဲဒီလိုမြိုံ့ကြီးတွေနဲ့ဝေး
တဲ့ဒေသတွေမှာဆရာဝန်ကမရှိ၊အဲဒီတော့အခုလိုဗဟုသုတကမရှိတက်
ရောင်ကားအသိဥာဏ်မရှိတဲ့သူတွေနဲ့ကု၊အသက်တွေမဆုံးရှူံးသင့်ပဲနဲ့
တကယ်ရင်နာစရာကောင်းပါတယ်။အခုမြင်နေရတာကတော့ဆေးကု
နေတာမဟုတ်ပါ။အားနွဲ့တဲ့မိန်းကလေးတစ်ယောက်ကိုလူမိုက်တွေမူး
ပြီးသက်နေတယ်လို့ပဲမြင်ပါတယ်။ဒီလူမိုက်တွေကိုလည်းသေစားသေစေ
သေဒဏ်ပေးသင့်ပါတယ်။အဲဒါမှလူတယောက်ရဲ့အသက်ဟာဘယ်လောက်တန်ဖိုး
ရှိတယ်ဆိုတာလူမိုက်တွေအတွက်သင်ခန်းစာပေးခြင်းဖြစ်ပါတယ်။

tanaka said...

တောင်ပေါ်ကတိုင်းရင်းသားလေးတွေ၊တချို့အဲဒီလိုမြိုံ့ကြီးတွေနဲ့ဝေး
တဲ့ဒေသတွေမှာဆရာဝန်ကမရှိ၊အဲဒီတော့အခုလိုဗဟုသုတကမရှိတက်
ရောင်ကားအသိဥာဏ်မရှိတဲ့သူတွေနဲ့ကု၊အသက်တွေမဆုံးရှူံးသင့်ပဲနဲ့
တကယ်ရင်နာစရာကောင်းပါတယ်။အခုမြင်နေရတာကတော့ဆေးကု
နေတာမဟုတ်ပါ။အားနွဲ့တဲ့မိန်းကလေးတစ်ယောက်ကိုလူမိုက်တွေမူး
ပြီးသက်နေတယ်လို့ပဲမြင်ပါတယ်။ဒီလူမိုက်တွေကိုလည်းသေစားသေစေ
သေဒဏ်ပေးသင့်ပါတယ်။အဲဒါမှလူတယောက်ရဲ့အသက်ဟာဘယ်လောက်တန်ဖိုး
ရှိတယ်ဆိုတာလူမိုက်တွေအတွက်သင်ခန်းစာပေးခြင်းဖြစ်ပါတယ်။

phyo1980 said...

တော်တော်ရုတ်မာတဲ့ကောင်တွေကွာအကုန်သေဒဏ်ပေးပစ်

Unknown said...

မြန်မာလူမျိုးများဟာ စုန်းတို့ပရောဂတွေကိုယုံကြည်သူများ များပါသည်။ ယုံသင့်သောနေရာများရှိသလို မယုံသင့်သောနေရာများလည်းရှိပါသည်။ ကျွန်တော်လည်း ဒီရောဂါကုနည်းတွေကိုကြည့်ဖူးပါတယ်။ ဒီလောက်ထိရိုင်းစိုင်းသော ဆရာများကိုမတွေဖူးရုံးအမှန်ပါ အခုရောဂါကုနေသော ဆရာများမှာ လူမှမွေးလာသောလူးများမဖြစ်နိုင်ပါဘူး၊ ဆရာကြမ်းကိုယ်တိုင်ကကို စုန်းအရုပ်ပေါက်နေပါသည်။ ဒီလူတွေဟာ ရိုင်းစိုင်းသော ခွေးများထက်ရိုင်းစိုင်းသောသူများဖြစ်ပါသည်။ ဆဲဆိုကြိမ်းမောင်နေသံများမှာလည်း ခွေးဟောင်သံမှ နားဝင်ချိုပါဦးမည်။ သူတို့လေးယောက်စလုံးကို ကြိုးပေးသင့်ပါသည်။ သူတို့အမှုကိုစစ်ဆေးသော လူကြီးများလည်း သူတို့ရိုက်ထားသော MP4 ကိုပြန်လည်ပြသင့်ပါသည်။ ကိုယ်ချင်းစာနာစိတ်ကင်းမဲ့သော ခွေးများသာဖြစ်ပါသည်။ သူတို့ကိုယ်တိုင်လည်းအရက်သမားများဖြစ်မည်ဟုထင်ပါသည်။

မိုးယံ said...

အဲလို သိမ်ဖျင်းမှု တွေ ဒီဘက်ခေတ်ထိ ရှိနေသေးတာ..ဘယ်သူ့ကိုအပြစ်တင်ရမှန်းကို မသိတော့ဘူး... ရိုက်ကုလည်း သေအောင်ထိ ရိုက်တယ်ဆိုတာကတော့ လွန်လွန်းပါတယ်..။ အဲလောက် အသိဥာဏ်မဲ့ သလား...ဒါမှ မဟုတ်...အဲလောက်တောင် ယုတ်မာ ရက်စက်ကြတာလား။

Han Nyi said...

ရောဂါသည်ဆိုတဲ့အမျိုးသမီးကဘာမှတောင် မပြောဘူး....ကျန်တဲ့လူတွေက မူးမူးရူးရူးနဲ့ဖြစ်နေကြတာ......ဘာမသိညာမသိနဲ့....အသိဥာဏ်ကလဲ မရှိ...ပညာကလဲမတတ်တော့ လူ့ အသက်တစ်ချောင်းကဆုံးရှုံးရတာပေါ့......

Han Nyi said...

အသိပညာ ဗဟုသုတကမရှိကြတော့...စဉ်းစားဆင်ခြင်ဥာဏ်တွေလဲ မဲ့ကုန်တာပေါ့....ရောဂါသည်ဆိုတဲပ အမျိုးသမီးက သူ့ကို အရက်တွေအတင်းတိုက် ၊ မသောက်ပြန်တော့လဲ ရိုက်နှက်နေတော့ကြောက်ကြောက်နဲ့ သောက်ရပြန်တယ်...မေးတာမဖြေပြန်တော့လဲ မဖြေလို့တဲ့ ဖြေပြန်တော့လဲ လိမ် ညာနေတာတဲ့ သူ့မှာဘယ်လိုဖြေရတော့မလဲ...ဆရာဆိုတဲ့လူတွေက လည်း မူးမူးရူးရူးတွေနဲ့ မိုးမွှန်အောင်ဆဲပြီး..ဦးနှောက်ထဲမှာ မကောင်းတဲ့အစွဲကစွဲနေတော့....ဟိုအမျိုးသမီးခမျာ...အမှန်တွေဖြေလဲ ဘယ်တတ်နိုင်တော့မလဲ.......ကဲ...မသန်းနုရေ...ကုသိုလ်အကျိုးပေးက တော်တော်မကောင်းရှာတာပဲ....ဒီဘ၀ဒီမျှလောက်နဲပကျေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ........

soesoe said...

ဒီဟာကလုပ်ကျန်တာပါ ခဲးအိုက ခယ်မကိုမဒိန်းကျင်.တာ ဖြစ်မယ် လူသိမှာဆိုးလို. သူ.သူငယ်ချင်းတွေးနဲ.ပေါင်းပြီးနုပ်ပိတ်တာပဲးဖြစ်မယ် အဲ.ဒီလူလေးယောက်လုံးကို မသန်းနူသေသလိုမျိုးပေးသေပါ

air said...

မသန်းနုအဖြစ်ကဆိုးလိုက်တာဗျာ..နောင်ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်...ဒီတရားခံ ၄ ယောက်စလုံးနဲ့ မမေသင်္ကြံန်လေးကို သတ်တဲ့တရားခံတွေကို ဆောဒီအာရေဗီယားနိုင်ငံမှာ ဘင်္ဂံလာဒေရှ့်နိုင်ငံသား ၂ ယောက်ကို အမိန့်ချ ကွက်မျက်သလို လူဘုံအလယ်မှာ ခေါင်းဖြတ်ပြီး သတ်စေချင်ပါတယ်..စံပြအဖြစ်ပေါ့...ဒါမှလည်း နောက်နောင်ကို ဒီလို ရင်ထုမနာကြေကွဲခံစားရတဲ့ အဖြစ်တွေ.. မိသားစုတွေ .. လျော့ပါးပျောက်ကွယ်သွားမယ်လို့ထင်မြင်မိပါတယ်

mg win said...

အဲဒီလိုအယူအစတွေပပျောက်သင့်ပါပြီ
မြင်ရတဲမြင်ကွင်းကမကြည့်ရက်စရာပါပဲ

ye lin said...

့မြန်မာနိုင်ငံက အစိုးရလူကြီးမင်းများအမှုကို
ဆော်ဒီက တရားသူကြီးကို ဖိတ်ပြီး စစ်ဆေး အမိန့်ချခိုင်းရမယ်။
့မြန်မာနိုင်ငံက တရားသူကြီးကို အမိန့်ချခိုင်းရင်တော့
ထက်ထက်မိုးဦးအမှုလို ၁ဝဝဝကျပ်နဲ့ ပြီးသွားလိမ့်မယ်။

Anonymous said...

မိုက်၇ိုင်းလိုက်တာဟာ နောက်လူတွေပါမလုပ်၇ဲအောင် အကုန်သေဒဏ် ပေးပစ်

kohtay said...

Video ကိုကြည့်ပီး အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ် .. နှိပ်စက် ညှင်းပန်းသူ ဆရာဆိုသူမှာ သူ၏ စကားပြောအသံအရ ဘိတ်နယ်သား မဟုတ်ပါ ဘိတ်နယ်သားများမှ ပုဂံဟုခေါ်သော မြန်မာ နိုင်ငံ အရပ်ရပ်မှ လာရောက် အလုပ်လုပ် သူများ ဖြစ်သည် ...

မနောမြေ said...

ထို တရားများကို ထိ၂ရောက်၂ အရေးယူပေးကြပါ..
တကယ်စိတ်မကောင်းစရာ..

HMA said...
This comment has been removed by the author.
HMA said...

သူ့ယောင်္ကျားက ဒီကိစ္စကို ဘာမှဝင်မပြောဘူးလား။

ပြည်သား said...

တော်တော် လူမဆန်တဲ့ သူတွေပဲ။ဟုတ်တယ် သေစားသေစေ အပြစ်ဒဏ်ကို ပေးကိုပေးရမှာ။တခြားအပြစ်ဒဏ်ပေးဖို့ စဉ်းစားစရာကို မလိုတော့ဘူးထင်ပါတယ်။

ပြည်သား said...

အ၇မ်းစိတ်မကောင်းဖြစ်မိတယ်။

မင်းတရားကြီး said...

ဘယ်မှာ လဲ တရား သောဥပဒေ စိုးမိုး ရေး။ တရားသော ဥပဒေ စိုးမိုး မှု ရှိမရှိ ဆိုတာ ဒီ ဖြစ် စဉ်မှာ သိရ နိုင်မယ်။ သက်ဆိုင် တဲ့ တရားသူကြီး ဘယ်လို စီရင် မလဲလို့။ မြန် မာ နိုင်ငံ မှ သေ ဒါဏ် ဆို တာ စာရွက် ပေါ်မှာ တကယ် မသတ်ပါဘူ။ သာတကအဖြစ် အထောက်အထား တစ်ခုကတော့ လက်ရှိအစိုးရ လက်ထက် လွတ် ငြိမ်း ချမ်းသာခွင့် အ မိန့် မှာ ကြည့်နိုင်ပါတယ်။ အမှန်တကယ် မသတ်ဘူး ဆိုတာ "သေဒါဏ် ကို နှစ် လျှော့ပေးခဲ့တယ်" ။ သေဒါဏ် ပေးသင့်တဲ့ တရာခံ ကို 100 ရာခိုင်နှုန်း တရားခံ ဖြစ် ကြောင်းစစ်ဆေးတွေ့ရှိပါက တရားခံ အား အများပြည်သူ သိ အောင် အမှန်တကယ် သတ်တဲ့ သေဒါဏ်ပေးသင့်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကို လုပ်ကြံ ခဲ့တဲ့ ဂဠုန် ဦးစော ကို သတ်သလို သတ်သင့်တယ်။ ဒီနေ့ မြန်မာ နိုင်ငံ မှာ အဲ့ဒီ ဥပဒေ ချမှတ် ကျင့်သုံးသင့်တယ်။ တရား သောဥပဒေ စိုးမိုး နိုင်မှ နိုင်ငံ တိုးတက် နိုင်မည်။တရားသောသူ များ ငါ တို့ မြန်မာ နိုင်ငံ မှာ အုပ်ချုပ် နိုင်ပါစေ။

redlight said...

စိတ်မကောင်းစရာပဲ။ လောဘ၊ ဒေါသ၊ မောဟ တရားလောင်မြိုက်နေတဲ့ ဒီလူ့လောကမှာ အသိနဲ့သတိရှိကြပါစေ။

aungmoehein said...

ထိထိေ၇ာက်ေ၇ာက်အေ၇းယူပေးကြပါ

AUSTIN said...

မသေမချင်းညင်းပန်းနှိပ်ဆပ်နေတာပဲ...မိန်းမသားတစ်ယောက်ကို အရက်တိုက်ထားတော့မူးပြီးဖြေချင်ရာဖြေနေတာပေါ့..ဒီခွေးသား
တွေကိုသေဒဏ်ပေးပါ....အရက်သမားဆရာပဲ...

00481111 said...

စိတ်မကောင်းပါဘူး။ ဒီလိုမျိုးလူအချင်းချင်းနှိပ်စက်မှုတွေ ကင်းဝေးပါစေလို့ ဆုတောင်းပါတယ်။

Dragon said...

လူစိတ်မရှိတဲ့ဒီကောင်တွေကိုလူ့လောကမှာမထားသင့်ဘူး..ဒင်းတို့ကိုထမ်းထားရတာမြေကြီးကိုအားနာတယ်..ဒီအမျိုးသမီးသာသူ့အမေ၊သူ့နှမဆိုရင်ဒီလိုလုပ်မလား
မှတ်လောက်အောင်သေဒဏ်ပေးသင့်တယ်..တောက်..ဆန်ကုန်မြေလေးတွေ..

ပုဂံစစ်သည် said...

kohtay ဆိုတဲ့ညီလေးကိုတစ်ခုလောက်ပြောချင်တယ်။ ပုဂံကိုကောရောက်ဖူးလား မရောက်ဖူးရင်လမ်းစရိတ်ခံမယ်၊ လာခဲ့ပါ။ ပုဂံလို့ပြောရအောင် ပုဂံဒေသကလူတွေက အဲ့လောက်ရိုင်းစိုင်းတာ မြင်ဖူးလားလို့မေးချင်တယ်။ လက်အားတိုင်းလျှောက်ပြီးတော့ comment မပေးပါနဲ့။ ဘာမဆိုင်၊ ညာမဆိုင် ပုဂံကိုလာခလုတ်ထိနေတာတော့ လွန်တယ်လို့ထင်မိပါတယ်၊
စာကိုလွယ်လွယ်မရေးပါနဲ့၊
စာများများဖတ်ပါ၊ ကြည့်ရတာ ငယ်သေးတယ်ထင်တယ်။

ပုဂံစစ်သည် said...

ပုဂံသားတွေ ပြောတဲ့အသံက မပီကလာပီကလားပါ၊ ဒါပေမယ့် မြိတ်သံနဲ့တော်တော်လေးကို ကွဲပါတယ်။ မသိရင်အသာနေတာက အကောင်းဆုံးပါ။

မင်းတရားကြီး said...

ဘယ်မှာ လဲ တရား သောဥပဒေ စိုးမိုး ရေး။ တရားသော ဥပဒေ စိုးမိုး မှု ရှိမရှိ ဆိုတာ ဒီ ဖြစ် စဉ်မှာ သိရ နိုင်မယ်။ သက်ဆိုင် တဲ့ တရားသူကြီး ဘယ်လို စီရင် မလဲလို့။ မြန် မာ နိုင်ငံ မှ သေ ဒါဏ် ဆို တာ စာရွက် ပေါ်မှာ တကယ် မသတ်ပါဘူ။ သာတကအဖြစ် အထောက်အထား တစ်ခုကတော့ လက်ရှိအစိုးရ လက်ထက် လွတ် ငြိမ်း ချမ်းသာခွင့် အ မိန့် မှာ ကြည့်နိုင်ပါတယ်။ အမှန်တကယ် မသတ်ဘူး ဆိုတာ "သေဒါဏ် ကို နှစ် လျှော့ပေးခဲ့တယ်" ။ သေဒါဏ် ပေးသင့်တဲ့ တရာခံ ကို 100 ရာခိုင်နှုန်း တရားခံ ဖြစ် ကြောင်းစစ်ဆေးတွေ့ရှိပါက တရားခံ အား အများပြည်သူ သိ အောင် အမှန်တကယ် သတ်တဲ့ သေဒါဏ်ပေးသင့်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကို လုပ်ကြံ ခဲ့တဲ့ ဂဠုန် ဦးစော ကို သတ်သလို သတ်သင့်တယ်။ ဒီနေ့ မြန်မာ နိုင်ငံ မှာ အဲ့ဒီ ဥပဒေ ချမှတ် ကျင့်သုံးသင့်တယ်။ တရား သောဥပဒေ စိုးမိုး နိုင်မှ နိုင်ငံ တိုးတက် နိုင်မည်။တရားသောသူ များ ငါ တို့ မြန်မာ နိုင်ငံ မှာ အုပ်ချုပ် နိုင်ပါစေ။

Kyaw Minn said...

နောက်နောင်ဘဝ များ အဖြစ်ဆိုးများနှင့် လွဲနိုင်ပါစေ..

iban said...

ပုဂံစစ်သည်.. ခင်ဗျားလွဲနေပြီဗျ.. ထားဝယ်၊ ဘိတ်..ဖက်က သူတို့စကားကိုက မြန်မာတွေကို သူတို့အသံထွက်နဲ့ ဂံသား (ပုဂံသား).. မြန်မာကလေးလေး ဆိုရင် ဂံပေါက် (ပုဂံပေါက်စ)လေး..လို့ သုံနှုန်းတာဗျ.. သူတို့က သူတို့နယ်သားမဟုတ်ရင် မြန်မာလူမျိုးအားလုံးကို ဂံသား (ပုဂံသား)လို့ပဲ ခေါ်ဝေါ်ကြတယ်။
ပုဂံစစ်သည်ထင်သလို ပုဂံမြို့က ပုဂံလူမျိုးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းပါ...။

byeiktar(byeikchitthu) said...

ကဲ့ လူမဆန်လိုက်တာကွာ..... ထောင်တော့ကျမှာပါ။ ထောင်ထဲရောက်ရင်မတွေးဝံ့စရာ.................

byeiktar(byeikchitthu) said...

ဒီကောင်တွေထောင်တော့ကျမှာပါ။ ထောင်ထဲမှာ မတွေးဝံစရာပဲ့....။

ttt said...

ယောက်ျားတွေဖြစ်ပြီးမိန်းမတယောက်ကို ဆဲလားရိုက်လားလုပ်ကထဲက ဘယ်လောက်တောင်မိုက်ရိုင်းနေကြယုတ်မာနေကြပြီလဲ..အဲဒီမိန်းမကို သတ်တဲ့ ပုံမျိုးအတိုင်းပဲ အဲဒီ့ကောင်၎ယောက်လုံးကိုသတ်သင့်တယ်.ဒါမှဘယ်လောက်နာကြည်တယ်ဆိုတာဒီကောင်တွေပြန်သိမှာ
တော်တော်လူအဆန်တဲ့ ကောင်တွေ

ttt said...

တော်တော်ယုတ်မာတဲ့လူတွေ..စုန်းပူးတယ်ဆိုဦးတော့ သေအောင်ရိုက်စရာလိုမလား..အဲဒီ့မိန်းမကို သေအောင်လုပ်ခဲ့ သလို အဲဒီ့ကောင်တွေကိုပြန်သတ်သင့်တယ်..ဒါမှဘယ်လောက်နာကြည်ခံစားရတယ်ဆိုတာသိမှာ..တော်တော်လူမဆန်တဲ့ ကောင်တွေ

ဘိတ်သူ said...

iban ရေ ကျေးဇူးပဲပုဂံစစ်သည်ကိုရှင်းပြမဲ့ဟာကိုရှင်းပြပေးလို့..သတင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတုန်း..သူ့comment ကိုဖတ်ပြီးရီရသေးတယ်..အမျိုးချစ်ကြီးနော်

zaw said...

စုန်း ဆိုတာ အလကားပြောတာပါ သေစေချင် တမင်လုပ်ကြံတာမှန်းသိသာပါတယ် မသန်းနုရဲ့ မိသားစု ကရော ဘာမှဝင်မပြောကြဘူးလား အဲဒီလူတွေကို ကြီးလေးတဲ့အပြစ် ပေးသင့်ပါတယ်

zaw said...

စုန်း ဆိုတာ အလကားပြောတာပါ သေစေချင် တမင်လုပ်ကြံတာမှန်းသိသာပါတယ် မသန်းနုရဲ့ မိသားစု ကရော ဘာမှဝင်မပြောကြဘူးလား အဲဒီလူတွေကို ကြီးလေးတဲ့အပြစ် ပေးသင့်ပါတယ်

Thurein said...

မသိနားမလည်တဲ့လူတွေကို အဲလိုလိမ်စားနေတဲ့သူတွေမြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ အတော်များများကို ရှိနေသေးပါတယ်။ ဒီပာာက လူသိသွားလို့လေ။ လူမသိ သူမသိတွေဘယ်လောက်တောင်ရှိမလဲဆိုတာ တွေးရင်းစိတ်လေးတယ်။ ဒို့မြန်မာတွေကိုက ယုံကြည်မှုလွန်ကဲတတ်တာတော်တော်ကိုဆိုးတယ်။ ဘိုးတော်ဆိုလဲယုံ၊ မယ်တော်ဆိုလဲယုံနဲ့ ဘယ်တော့မှကို အမှတ်မရှိတတ်ဘူး။


အလုပ်သင်ဆရာဝန်ဆင်းမည့်သူများနှင့် ဆေးပညာလေ့လာလိုသူများအတွက် www.academicmedicines.blogspot.com

လူဆိုး said...

လူသတ်မှုပေါ်သွားလို့ေ၇ာချတာနေမှာပါ။

Unknown said...

မမြင်ရတဲ့ပညာတွေဆိုတာ ရှိတော့ရှိပါတယ်၊ဘုရားလက်ထပ်ထဲက လက်ခံခဲ့တာပါ။ တကယ့် ပညာရပ်တွေလဲ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်လဲ အဲလိုကုထုံးတွေကိုတွေ့ဖူးပါတယ်။ ဒီလိုမျိုးတော့ မရက်စက်ပါဘူး။ တကယ်တက်ကျွမ်းတဲ့ ဆရာဆိုတာ ရေတစ်ခွက်တိုက်ရုံနဲ့တောင် လုပ်တဲ့သူက လူးလှိမ့်နေအောင်ခံရတာ မြင်ဖူးပါတယ်။ အောက်လမ်းပညာတက်တဲ့သူတွေကလဲ တော်တော်ခေါင်းမာကြတာတွေဖူးပါတယ်။ တကယ်တက်ကျွမ်းတဲ့ သူတွေက သူတို့ပညာတွေစွန့်လွှတ်ရမှာ သေအောင်ကြောက်ကြပါတယ်။ ဒါပေမယ့်ဗျာ ဒီလိုလုပ်ကတော့ အရမ်းလွဲနေပါတယ်။ အဲလို ရိုက်နှက်နေတာတွေက ပညာရပ်နဲ့ဘာမှမဆိုင်တော့ပါဘူး။ ကတယ်အောက်တန်းကျတဲ့ ဆရာတွေပါ။ အဘဘိုးမင်းခေါင်တွေ ဘာတွေလျှောက်ပြောနေတယ်။ တကယ်တက်ကျွမ်းတဲ့ဆရာတွေက သူတို့ အကူအညီတောင်းတဲ့ ပုဂ္ဂိလ်တွေကိုဘယ်တော့မှ ထုတ်ဖေါ်မပြောပါဘူး။ ကျွန်တော်မိသားစုထဲက မိသားစုဝင်တွေကိုယ်တိုင်ခံစားခဲ့ရတော့ မယုံဘူးလို့တော့ ကျွန်တော်မပြောပါဘူး။ ဒီလိုဆရာဆိုတာတော့ ကျွန်တော်အခု ပထမဆုံးမြင်တွေ့ဖူးတာပါပဲ။ တော်တော်ကို သိက္ခာအဆင့်မရှိတာပဲ။ တကယ့်ကို မမြင်ရက်စရာမြင်ကွင်းပါပဲဗျာ။ ၀ဋ်ကြွေးတွေ အမြန်ကြေပါစေလို့ဆုတောင်းပါတယ်။

ခန့်သူအောင် said...

ရိုးရာဓလေ့တွေ ရိုးရာယဉ်ကျေးမှုတွေပြောပြောပြီး ပြည်သူတွေ ဒုက္ခရောက် အသက်ပျောက်ခဲ့တာတွေအများကြီးရှိပါတယ်။ အဓိက ပညာရေးကို ကောင်းကောင်းမွန်မွန် စနစ်တကျမကျင့်သုံးနိုင်တော့ ဒီလိုအဖြစ်မျိုးနောက်ထပ်တွေ့ရအုံးမှာဘဲ့။ မိန်းမလေး တစ်ယောက်ကို ယောင်္ကျားတွေ ဝိုင်းရိုက်နေတာကို ဘေးမှာကြည့်နေကြတဲ့လူတွေကို မှတ်လောက်သားလောက် ဥပဒေအရ အားပေးအားမြှောက်ပြုသူများအဖြစ်ဖမ်းဆီး တရားဆွဲဖို့သင့်တယ်။ နောက်တစ်ခု ပယောဂဆရာတွေ၊ အစိုးရမှ တရားဝင် အသိမှတ်မပြုထားဘဲ့ ဆေးဝါကုသဆရာလုပ်သူများကို လည်းမည်သည့်ဒေသမှ လက်ခံခွင့်မပြုနိုင်အောင် ဥပဒေအရ ပြဌာန်းထားဖို့ လိုမယ်။ တချို့ဒေသတွေမှာဆို ပယောဂဆရာတွေ ရွှေရင်ကျော်ဆရာတွေ ဗိန္ဓောဆရာတွေဟာ ဆရာဝန်တွေထက် သြဇာလွမ်းမိုးနေတက်ကြတယ်။ နောက်တစ်ခု ဘုန်းကြီးတွေမှာလဲ ဘာသာရေးနဲ့မဆိုင်တဲ့ ဆေးဝါကုသမှုတွေ ဗေဒင်လက္ခဏာ ဆောင်ရွက်
တာတွေကိုလည်း ဥပဒေအရတားမြစ်ထားဖို့လိုမယ်။

အေးချစ်သူ said...

ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများတာဝန်မဲ့ညံ့ဖျင်းသောကြောင့်လို့အရင်းစစ်မိပါသည်။

phyo4 said...

D ၀တ်ကို D ဘ၀မှာပဲ ကျေပါစေ...လူသားအားလုံးကျန်းမာ ချမ်းသာကြပါစေ

Powered by Blogger.