မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းရှိ မအီမြို့နယ်ခွဲတွင် EPC လျှပ်စစ်ဌာနကို မကျေနပ်၍ လူပေါင်း ၇၀ ခန့်က မေလ ၁၂ ရက်နေ့တွင် ချီတက် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်ဟု သတင်း ရရှိသည်။
မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ
ရခိုင်တွင် လျှပ်စစ်မီး ရရှိရေး အမြဲမပြတ် တောင်းဆိုမူများ ပေါ်ပေါက်နေသည်။ " မအီမှာ မီးမရတာ ၄၇ ရက်ရှိပြီ။ ကုန်ခဲ့တဲ့ လအတွက်ပါ မီတာဖိုးက ပေးရတယ်။ မီးမရဘဲနဲ့ တအိမ်ကို မီတာ ၃ ယူ နစ်၊ ၄ ယူနစ် တက်နေတယ်။ တအိမ်ကို ၂၇၀၀ ကျပ်၊ ၂၈၀၀ ကျပ်စီ ပေးသွင်း နေရတယ်။ အဲဒါကို မကျေနပ် လို့ EPC ရုံးကို သွားပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။" ဟု တောင်းဆိုရာတွင် ပါဝင်သူ တဦးက နိရဉ္စရာသို့ ပြောသည်။

EPC ကိုသွားရောက်ပြီး တောင်းဆိုသော်လည်း EPC ရုံးတွင် တာဝန်ရှိသူများက အပြင်ကို ရောက်နေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက် ချီတက်ခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

" EPC ရုံးကို ချီတက်ပြီးတဲ့ နောက်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို ချီတက်ကြပါတယ်။ ညနေ ၃နာရီ ခွဲမှာ မယက ရုံးကိုရောက်ပါတယ်။ မြို့ နယ် အုပ်ချုပ်ရေးမှူးက ဒီ ၂၉ ရက်နေ့လောက်ဆိုရင် မီးအမြန်ဆုံး ရရှိအောင် လုပ်ပေးမယ်ဆိုပြီး ပြောပါ တယ်။"

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစိုးဝေက ယခုလ ၂၉ ရက်နေ့တွင် မီးအမြန်လင်းအောင် လုပ်ဆောင်ပေး မည်ဟု ကတိပြု ပြောဆိုလိုက်သောကြောင့် ချီတက် တောင်းဆိုမှုကို ရပ်တန့် လိုက်ကြသည်ဟု သူက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတိအတိုင်း မီးမပေးပါက ဗဟိုထိ အဆင့်ဆင့် တောင်းဆိုသွားမည်ဟု သူက ဆက် ပြောသည်။

" မီးမပေးလို့ ရှိရင် ကျွန်တော်တို့ အဆင့်ဆင့် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရိုင် သံတွဲ EPC ရေ၊ နောက် ပြည်နယ် EPC ရယ်၊၊ မရရင် ဗဟိုထိ တောင်းဆိုသွားဖို့ စီစဉ်ထားပါတယ်။"

မအီမြို့မှာ တောင်ကုတ်မြို့မှာ ၄၅ မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ စုစုပေါင်း ၁၀၀၀ ကျော်ရှိသည်။ မအီမြို့ကို ၂၀၀၄ ခုနှစ်တွင် ရပ်ကွက် ၄ ခုခွဲကာ မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့ရာ ယခုအခါ ရပ်ကွက် ၄ ခုအနက် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များမှာ မီးမလင်းဘဲ ရှိနေသည်မှာ တစ်လကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

သို့အတွက် မအီမြို့သားများက လျှပ်စစ်မီး အချိန်မှန်ရရှိရေး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
 နိရဉ္စရာ
မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ Reviewed by သစ်ထူးလွင် on 12:21 Rating: 5

8 comments:

Anonymous said...

မအီ တစ်မြို့ ထဲ မဟုတ်ပါ အခြားမြို့တွေလဲ ရှိပါသေးတယ်

kpg thar said...

ကျွန်တော်မြို့မှာတော့ အလှည့်ကျဖြတ်တယ်ဗျ။ မီးလာရမယ့်အချိန်တွေထဲက အချိန်ပိုင်းတစ်ချို့တော့ ပျက်လို့မလာဘူး။ အထက်က ညွှန်ကြားထားလို့ဆိုပဲ။ “လျှပ်စစ်မီးတွေပိုနေလို့ နိုင်ငံခြားကိုတောင် ရောင်းစားရပါတယ်“ ဆိုတာ တကယ်တော့ “ လျှပ်စစ်မီးတွေ နိုင်ငံခြားကိုရောင်းစားရလို့ လူတစ်စုဆီမှာ ငွေတွေပိုနေတာပါ။“ ပြည်သူတွေဆီမှာတော့ ဒုက္ခတွေပိုနေတာပါ။

ကောင်းကင် said...

ဟုတ်လား

မောင်ဆင်ကြီး said...

အင်း လုံးဝမလာတော့ ဆန္ဒပြတောင်းဆိုလို့ ရတာပေါ့ ခဏခဏလာ နေတဲ့ လျှပ်စစ်မီးကြတော့ ဘယ်လိုတောင်းဆိုမှုမျိုးနဲ့ မီးမှန်မှန် ရစေမှာလဲ နော် ...အော်တဲ့ သူတွေ လဲ အော်ရလွန်းလို့ လည်ချောင်းကွဲ အသံတွေဝင်တော့မယ် မီး ကခုထိမမှန်သေးဘူး ....

elennium131 said...

ကျနော်တို့ဧရာဝတီတိုင်း-မော်လမြိုင်ကျွန်းမြို့မှာလည်းမီကမလာပါဘူး.ဒါပေမဲ့မီးတာခကလုပ်ငန်းသုံး(၁)ယူနစ်လျှင်(၇၅ိ/-)လုပ်ငန်းသုံးနဲ့တစ်လလျှင်(၂၄၀၀၀ိ/-)မှ(၂၅၀၀၀ိ/-)ထိလစဉ်ပေးနေရပါတယ်၊မီးတာမှတ်တဲ့သူလည်းလတိုင်းပြောင်းပါတယ်၊ဆက်ဆံရေးလည်းအလွန်ညံဖျင်းပါတယ်ခင်ဗျာ။လွှတ်တော်ကိုယ်စာလှယ်တော်ကြီးများစီစစ်ပေးပါအုန်း(မော်ကျွန်းသား)

problem said...

မိတ်ဆွေ---နေပြည်တော်မှာလဲ ပြတ်တလှည့်ပါပဲ။ လမ်းမီးတိုင်တွေကို စည်ပင်ကိုလွှဲပေးပြီးကြောင်း EPCက သိရပေမယ့် စည်ပင်ကလဲ မစည်ပင်နိုင်ဘူးလေ၊ ၀န်ထမ်းအချင်းချင်းဆိုတော့ ၀န်ထမ်းအင်အားမလောက်လို့  ကိုယ်ချင်းစာတာနဲ့  သည်းခံနေရတာပဲ
လျှပ်စစ်အားတွေ ပိုနေတာမို့  နောင်ဆိုမှန်မှာပါ သည်းခံနေကျမို့  သည်းခံကြတာပေါ့

problem said...

လျှပ်စစ်ဝန်ကြီး စဉ်းစားနေပါသည်
လျှပ်စစ်မီးအားများ ပိုနေပါသည်
မကြာမီလာမည်မျှော်

zmt said...

မြန်မာပြည်သူ ပြည်သားတွေ သည်းခံ လာ အနှစ်၂၀ ကျော်နေပီးမဟုတ်လား ...သည်းခံခြင်းသည်အောင်မြင်ခြင်းတဲ့ ဆက် ပီးတာ သည်းခံ လိုက်ကြအုံးစို့ ...

Powered by Blogger.