ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး

ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
 
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ သေဆုံးခဲ့သူ၏ ညီဖြစ်သူ ကိုတင်ဝင်းလှိုင်က “ကျွန်တော့် ရဲ့အစ်ကိုကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ၂၃၂ ပါရမီဂိတ်ရင်းက ဂိတ်မှူးက ခေါ်လို့သွားပြီးစကားပြောနေတဲ့အချိန် မှာအဲဒီအထဲကို လူနှစ်ယောက်က ဓားနဲ့ဝင်ခုတ်တယ်။ ပြေးထွက်လာတဲ့ သူတွေကို အပြင်ကနေ တစ်ယောက် က တုတ်နဲ့ရိုက်တယ်လို့ သိရပါတယ်။ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲလို့ အပြည့်အစုံ မသိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ အမှန်အတိုင်း ဖြစ်အောင် တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က “အဲဒီဈေးကြိုပို့ယာဉ် မောင်းတဲ့သူက ကျွန်တော်တို့ ၂၃၂ ပါရမီယာဉ်လိုင်းပြေးနေတဲ့ လမ်း ကြောင်းပေါ်မှာ တရားမ၀င်ပြေးဆွဲ နေတယ်။ သူနဲ့လည်းခဏခဏပါရမီ ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက် တွေနဲ့စကားများကြတယ်။ အဲဒီနေ့ မှာလည်း တရားမ၀င်ပြေးဆွဲလို့ အမှတ် ၂၃၂ ပါရမီယာဉ်တစ်စီးက ယာဉ်နောက်လိုက်တွေနဲ့ စကားများ ခဲ့ကြပါတယ်။ အဲဒီနေ့က ညပိုင်းမှာ ဈေးကြိုပို့ယာဉ် မောင်းနေတယ်ဆိုတဲ့ သူနဲ့သူ့သားသူငယ်ချင်း ယာဉ်မောင်း သုံးယောက်နဲ့ လူအုပ်စုကကားတစ်စီး နဲ့ ၂၃၂ ဂိတ်ကိုလာပြီး သူတို့ ဒီလမ်းကြောင်းမှာ ကားပြေးဆွဲမယ်စတဲ့ အကြောင်းအရာတွေ လာပြောတဲ့အချိန် မှာ စကားများလာတဲ့ ယာဉ်နောက်လိုက်ရဲ့ အဖေဖြစ်သူ ဦးခင်ဇော်နဲ့ တခြားသူတွေအ ဖွဲ့တစ်ဖွဲ့က၀င်ပြီးတော့ ဓားနဲ့ဝင်ခုတ်ခဲ့တာပါ။ အဲဒီ ၀င်ခုတ်တဲ့သူကိုလည်း ရဲတွေက စစ်ဆေးနေပါတယ်။ သူ့ကိုမမိခင်မှာ ကျွန်တော် တို့ရဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ရဲခစန်းက ခေါ်စစ်ပါ တယ်။ ပြီးမှ ပြန်လွှတ်ပေးတာပါ” ဟု ပြောကြားခဲ့သည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဈေးကြိုယာဉ်မောင်းဖြစ်သူ ဦးစိန်မိုးက “ကျွန်တော်ရပ်ထားတဲ့ ကားရှေ့ကိုအဲဒီ ၂၃၂ ကားကရပ်ထားတော့ ကျွန်တော့်ရဲ့ကားထွက်လို့မရဘူး။ ဒါနဲ့ ဟွန်းတီးပြီး ရှေ့တိုးခိုင်းပါတယ်။ မလွတ်မကင်း ရှေ့တိုးပြီးတော့ရအောင် ထွက်တယ်။ ပြီးတော့ သူတို့ကို ကျွန်တော်ကပြန်ကြည့်မိတာကစပြီး တစ်ယောက်တစ်ခွန်း စကားများခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ကား နောက်ကို အယောက်၂၀လောက်ပါ တဲ့ သူတွေက ပြေးလိုက်လာတော့ မောင်းပြေးထွက်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ထမင်းစားပြီး အပြန်ကျတော့ အခုသေဆုံးသွားတဲ့သူရဲ့ အမေက နင်တို့ကို ၂၃၂ပါရမီဂိတ် ဂိတ်မှူး ဗိုလ်ကြီးအောင်အောင်က ခေါ်နေတယ်လို့ပြောတော့ ကျွန်တော်ရယ်၊ သေသွားတဲ့သူရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သုံးယောက်က အဲဒီဂိတ်ထဲကို ဂိတ်မှူးနဲ့ ၀င်စကားပြောလို့ ၁၀ မိနစ်လောက်အကြာမှာ လူနှစ်ယောက် က ပြေးဝင်လာတယ်။ ကျွန်တော့်သားနဲ့ စပယ်ယာတစ်ယောက်က ကားပေါ်မှာ ထိုင်နေခဲ့တယ်။ အဲဒီကားပေါ်ကိုလည်း ဓားနဲ့ ၀င်ခုတ် ပါတယ်။ တစ်ယောက်ကဓားကိုင် ထားတယ်။ တစ်ယောက်က တုတ် ကိုင်ထားတယ်။ ဓားကိုင်ထားတဲ့ သူက ဖိုးညီကိုထိုးလိုက်တော့ ကျွန်တော်လည်း ထပြီးထွက်ပြေးပြီးတော့ နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့တာပါ။ ဂိတ်မှူးနဲ့ စကားပြောနေတဲ့ အကြောင်းအရာတွေ က ဒီလိုအချင်းများနေတာတွေ ဆက်မဖြစ်ဖို့နဲ့ ကျွန်တော်တို့မှာရှိတဲ့ ကားကိုကုမ္ပဏီတစ်ခုမှာ အပ်ဖို့ပြောနေတဲ့အချိန်မှာပဲ ၀င်ပြီး ခုတ်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်ဟု
Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 18:10 Rating: 5

30 comments:

paukpauk said...

ပါရမီကား မရှိရင်ကောင်းမယ်၊ တနိုင်တပိုင်လုပ်တဲ့ပြည်သူတွေကားကို အတင်းဝင်စီးပြီး အခွင့်အရေးယူတဲ့ ဦးပိုင်ကိုး။ ဒါကြောင့်မို့ ဘစ်စကားတွေကို ပြည်သူတွေတနိုင်တပိုင်မလုပ်နိုင်အောင် ပါမစ်မပေးပဲ မဟုတ်တဲ့ကိုယ်ပိုင်ကားတွေကို ပေးဝယ်ခွင့်ပြုနေတာ၊ အကောင်းထင်မှတ်မနေကြနဲ့။

U Chit said...

န.အ.ဖ လက်ထက်မှာ လက်စွမ်းပြခဲ့ တာက အေးနေ၀င်းဇွဲနေ၀င်းတို့ အဖွဲ့ ပါ အခု အစိုး၇သစ်လက်ထက်မှာ အုပ်စုနဲ့  လက်စွမ်းတွေ ပြနေတာက ပါ၇မီဂိုဏ်း အဖွဲ့တွေ ဖြစ်နေပါလား တခြား မထသလိုင်းက ယဉ်မောင်းနဲ့  နောက်လိုက်တွေ လည်း အားကျအတု ယူလာ၇င်တော့  ခ၇ီးသည်တွေ အတွက် ၇င်လေးစ၇ာပါ အခု တောင် ကိုယ့် ပိုက်ဆံ ပြန်မအမ်းလို့  ပြန်တောင်း၇င်ဓားနဲ့ ခုတ်ခံ၇မလား တွေး စ၇ာ ဖြစ်လာပြီ..၇ဲက နောက်မှ လာမှာ ဥပဒေက လည်း နောက်မှ လေ အ၇င်သေစ၇ာ၇ှိ လူတွေက အ၇င်သေ၇မှာ

Unknown said...

ပါရမီကဗိုလ်မှူးရေ တရားမ၀င်ပြေးဆွဲလည်းဥပဒေအတိုင်းပဲဖြစ်သင့်ပါတယ်၊
အခုတော့ခင်ဗျားတို့လုပ်ပုံက မင်းမဲ့တိုင်းပြည်လိုပဲ၊ ကိုယ့်လိုင်းကခန့်ထား
တဲ့လူတွေကိုပြန်ပြီးစီစစ်စေချင်တယ်။ တစ်ယောက်ကဒီလိုလုပ်ရင်သူ့နာမည်
နေရပ်မသိတော့ ပါရမီလို့ပဲပြောမှာပေါ့။ ပါရမီရဲ့IMAGE ကယိုင်နေတာကြာ
ပါပြီ။ လမ်းတွေပေါ်မှာလုပ်ချင်သလိုလုပ်တာ၊ ရပ်ချင်သလိုရပ်တာ၊ မောင်းချင်သလိုမောင်းတာ ပါရမီပါပဲ၊ မယုံရင် အောက်ခြေမှာကွင်းဆင်းပြီးလေ့လာကြည့်ပါ၊ နောက်ပြီးဒီအမှုကို
ထိရောက်အောင်အရေးယူကြပါဗျား

san san said...

ုမြန်မာပြည်ကြီးဒီမိုကရေစီအော်နေပြီးဥပဒေမဲ့တာ ဒီမိုကရေစီမဟုတ်ဘူး။ဥပဒေမဲ့ပြီးစည်းကမ်းပျက်နေတာ။အဲ့ဒါအဆင့်အတန်းဘဲ။လူမျိုးပါစည်းကမ်းမရှိအဆင့်မရှိတဲ့လူမျိုးဖြစ်တော့မယ်

တောသားကြီး said...

စံပြအနေနှင့် အုပ်စုလိုက် ရမ်းကားသူတွေ၊ အပြစ်ကျူးလွန်သူတွေကို သေဒဏ်ပေးသင့်ပါတယ်။လူထုအား ကြောက်လန့်စေသောကြောင့်ဆိုပြီး။

minsoeaung said...

ဗမဌေးလွင်ကိုဖြုတ်လိုက်ပါ။ ပါရမီယာဉ်လိုင်းလည်းဖျက်လိုက်ပါ။
တစ်ဦးတည်းပုံစံနဲ့ပိုင်တာဖြစ်တော့အုပ်စုဖြစ်ပြီးမောက်မာ
ကြတာပါ။ပိုင်ဆိုင်မှုကွဲနေရင်အခုလိုဖြစ်တာနည်းသွာမည်
ဟုယူဆပါသည်။ဒါကြောင့်ပါရမီယာဥိလိုင်းအားပိုင်ရှင်များ
ခွဲပါကအဆင်ပြေမည်ဟုသုံးသတ်မိပါကြောင်း

မောင် said...

ပါရမီ ယာဉ်လိုင်းက အုပ်စုလိုက် ရမ်းကာတဲ့သတင်းတွေ
ဒီရက်ပိုင်းမှာ အတွေ့စိတ်လာတာထူးဆန်းနေတယ်။

မြှောက်ပေးနေတဲ့ ကိုယ့်ကိုယ်ကို အဖေ၊ ဆရာ လို့ ထင်နေတဲ့သူတွေလဲ တပည့်သားမွေး

အချိန်မှီပြင်ကြတော့။
အမိ၊ အဖ တွေပြောင်းနေပြီ။
တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ
ခေတ်မဟုတ်တော့ဘူး။
ပြည်သူသာ အမိ၊ အဖ။
ခေတ်ဖြစ်နေပြီဆိုတာမှတ်ပါ။

မမှတ်ရင်
သမိုင်းက ပိုးဆိုးပက်စက်ဖြစ်အောင်သတ်လိမ့်မယ်။

a said...

စစ်တပ်နောက်ခံယာဉ်လိုင်းတွေကဘာလုပ်လုပ်အရေးယူမခံရတော့ဂိတ်ကိုခေါ်ပြီးဝိုင်းသတ်တဲ့အထိဖြစ်ပြီ၊တရားမ၀င်ပြေးဆွဲတယ်ဆိုရင်အရေးယူလိုက်ပေါ့ခေါ်ပြီးဝိုင်းသတ်စရာလိုလို့လား၊နာမည်ကျော်သိန်းစိန်ကတော့အပြောမလျှော့ဘူးပြောတုံးပဲ၊သာမန်ပြည်သူတွေကလည်းခံရတုံးပဲ၊တိုင်းပြည်မှာမြင်သာတဲ့အပြောင်းအလဲကတော့အရင်ကအာဏာရှင်တွေကပြည်သူကိုထင်သလိုလုပ်တယ်၊အခုအာဏာရှင်နောက်လိုက်တွေကပါပြည်သူကိုထင်သလိုလုပ်လာကြပြီ။

MHK said...

ပါရမီမရှိသင့်တော့ပါ။စစ်တပ်အားကိုးနဲ.မိုက်နေကြတာ။

Anonymous said...

စစ်တပ်က နေရာတကာ အကုန်လျှောက်ပါနေတော့
အကုန်ဇောက်ထိုး မိုးမျှော်ဖြစ်ကုန်တာ
မ တထောင်သားတွေကို အုပ်ချုပ်ဆက်ဆံတဲ့ပုံစံနဲ့
အရပ်ဖက် အဖွဲ့အစည်းတွေမှာလုပ်တော့ ဖြစ်ပြီပေါ့
"ဟေ့ကောင်တွေ ဖြစ်လာရင် ငါရှင်းမယ်" ဆိုပြီး
အရာရှိဆိုတဲ့ကောင်တွေက နောက်ကနေ
ကိုယ်တိုင်မြှောက်ပေးနေတာ ကိုယ့်တွေပဲ
အာဏာလုပ်ပိုင်ခွင့်နဲ့ မင်းမဲ့စရိုက် မိုက်ရိုင်းနေကြတာ

Thurein said...

ဒီလိုမှုခင်းမျိုးတွေကတော့ ဖြစ်နေကျမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒေါသကို မထိန်ကြရင်တော့ ဒီလိုမျိုးတွေဆက်ဖြစ်နေဦးမှာပဲ။ တဒင်္ဂလေးဖြစ်ပေါ်တဲ့ ဒေါသကို မထိန်သိမ်းနိုင်လို့ နောက်ဆက်တွဲတွေအများကြီး ဖြစ်ပေါ်လာတာကို ဆင်ခြင်သင့်ပါတယ်။

www.academicmedicines.blogspot.com

ဖိုးသား said...

ပါရမီယာဉ်လိုင်းက အကောင်တွေ တော်တော်မိုက်ရိုင်းနေပြီပဲ အဲဒီလိုင်းကို မစီးကြပဲ သပတ်မှောက်သင့်ပြီ မိုက်ချင်တိုင်းမိုက်ရိုင်းချင်တိုင်းရိုင်းနေတဲ့အကောင်တွေ

udana said...

ရန်ကုန်ကဘတ်စ်ကားတွေလုံးဝမစီးသင့်ပါ။ဖြစ်နိုင်လျှင် taxi
ငှားစီးလျှင်အန္တရာယ်ကင်းပါသည်။ဘတ်စ်ကားလိုင်းအားလုံး
စစ်တပ် ကြံ့ ဖွတ်နှင့်မကင်းပါ။ပေါင်းလုပ်ထားခြင်းဖြစ်သည်။
ဖြစ်လာတဲ့ပြသနာတိုင်းဗိုလ်မှူးဗိုလ်ကြီးနှင့်လာသည်။ဘယ်
လောက်ရွှံစရာကောင်းလဲ။ခေတ်ပြောင်းနေပြီ။ဝိတ်မသုံးပါနှင့်
တော့ အဲဒီဗိုလ်မှူုးဌေးလွင်ဟာစစ်သားဖာသည်ဆိုတာလူတိုင်း
သိတယ်။

ကိုကိုညို said...

အံသြစရာကောင်းလောက်အောင် ရန်ကုန်မြို့ရဲ့ စစ်တပ်ပိုင် ယဉ်လိုင်းတွေရဲ့ အကြမ်းဖက်မှုဟာ မြင်လို့မကောင်းကြားလို့မကောင်းအောင်ဖြစ်နေတာကို တာဝန်ရှိသူတွေ တမင်မသိချင်ယောင်ဆောင်နေတာလား၊တခါလာလဲ ပါရမီ တခါလာလဲ ပါရမီယဉ်လိုင်း ပြသာနာဘဲ ရပ်ကွက်ထဲထိ ဝင်သောင်းကြမ်းတာ ဘာမှ အရေးမယူဘူး ဓါးနဲ့ခုတ် တုတ်နဲ့ရိုက်
နောင်ဆိုရင် သေနတ်နဲ့ပစ်သတ်တော့မယ်
လုပ်ခြင်တာ လုပ်ခွင့်ပေးနေတာ နောက်ကွယ်ကဘယ်သူရှိလို့လဲ
ထိရောက်တဲ့ အပြစ်ပေးသင့်တယ်

ဇာမဏီ said...

့မြန်မာတွေ ၊မြန်မာတွေ စိတ်ဓါတ်တွေက သောက်သုံးကိုမကျတော့ဘူး ။
တခုခုဆို ခုတ်မယ်ထစ်မယ် ၊ ထိုးမယ်ကြိတ်မယ် ။ ပြောတော့ ယဉ်ကျေးမှု
ရှိတဲ့လူမျိုး ၊ ယဉ်ကျေးမှုထွန်းကားတဲ့တိုင်းပြည်တဲ့ ။ ဒီလို မိုက်ရိုင်းတဲ့ လူတွေ
က ပိုများနေတာ ။တခါတလေ အဲလိုပြောရင် သောက်ကြီးသောက်ကျယ်
ဆန်မရှိ သောက်စားကြီးဆိုတဲ့ လူမျိုးတွေက မခံချင်ပြန်ဘူး ။

junight said...

အခုရက်အတွင်း ပါရမီ လိုင်းက ကောင်တွေ ဘာကိုမကျေနပ်လို့ဒီလောက်
ပြသနာရှာနေတာလဲ၊သတိပြုရမည့်အချက်ဖြစ်ပါတယ်၊
အမှတ်(၈)ရဲတပ်ရင်းကလည်း ရပ်ကွက်ထဲကို ၀င်သောင်းကျန်းတယ်၊
သတိပြုရမည့်အချက်ဖြစ်ပါတယ်၊
သူတို့ဘာကိုမကျေနပ်တာလဲ၊ ပြီးခဲ့တဲ့ကြားဖြတ်၊ရွေးကေက်ပွဲကိုလား
ပြည်သူများ သတိထားနေရန် လိုနေပြီ

naing ag tide said...

အဲဒီက ဌာနမှူး ဂိတ်မှူး ဆိုတဲ့ စစ်တပ်ကကောင်တွေကိုယ်တိုင်က မြှောက်ပေးနေတာ တခုခုဖြစ်ရင် ချခိုင်းတယ် တို့နောက်ကလိုက်ရှင်းမယ်ဆိုပြီး သူတို့ကိုယ်တိုင်လုပ်ခိုင်းတာ......

ချစ်ဖူး said...

မြန်မာပြည်သားတွေ ဘာဖြစ်ကုန်ပြီလဲ။ ပြတ်ပြတ်သားသား အရေးယူသင့်တယ်။

ပြည်ချစ် said...

ဥပဒေ အတိုင်း ဖြေရှင်းကြဖို့ကောင်းတာပေါ့ဗျာ ဒေါသအတိုင်း ဖြေရှင်း လုပ်ပိုင်ခွင့်အာဏာရှိသလိုဖြေရှင်းကြ နဲ့ မြင်ရ ကြားရတာ စိတ်မကောင်းပါဘူး

yankinthar said...

စစ်တပ် ဆိုတာ စစ်သားတွေကို ပဲပိုင်သင့်တယ် လိုအပ်ရင်ရှေ့တန်းထွက်မယ်
တိုင်းပြည်ရဲ့အခန်းကဏ္ဌတွေမှာ ဟိုနေကြည့်လည်း ဗိုလ်မူး ဒီနေရာကြည့်လည်း ဘိုမူး တော်တော်လေးကျက်သရေရုတ်တယ်
သမ္မတကလက်နဲ့ရေး သူတို့က ခြေနဲ့ဖျက် ဖြစ်နေပြီ
ကြားလို့မှမကောင်း အရပ်ကတို့ရေ---

Soe Gyi said...

ပါရမီကလူတွေရိုင်းလှချည်လားးးးးးးးးးးးးးးးးးးးး
ပါရမီကလူတွေအကုန်လုံးအရေးယူပြစ်

မောင်လေး said...

ကမ္ဘာပျက်ချိန်တစ်ကယ်နီးပြီထင်ပါတယ်။ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့မြန်မာနိုင်ငံမှာလောဘ၊ဒေါသ၊မောဟတွေလဲထွန်းကားလာနေတာတွေ့ ရပါတယ်။ဒေါသတွေပေါများကြလွန်းလို့  ငရဲပြည် ကြီးတောင်ဆန့် ပါ့မလားမသိဘူး။

KhaungYan said...

ပါရမီယာဉ်လိုင်းမရှိသင့်တော့ပါ။ တရားမ၀င်ဝင်မောင်းတာနဲ့
ဒိလိုလုပ်ရမလား တော်တော်ကိုမိုက်ရိုင်းတဲ့ကောင်တွေ
ဘယ်သူ့အားကိုးနဲ့ဒီလိုကျယ်နေနိုင်သလဲအသိသာကြီး
ဌာနဆိုင်ရာတွေ စားဝတ်နေရေးလုပ်ငန်းတွေမှာ
လက်ဝါးကြီးအုပ်ထားတာတွေ ပြန်ပြင်ပေးပါ

myochitthu said...

အမှားအမှန်ကိုခွဲခြားပြီးသိမြင်ဘို့လိုအပ်ပါတယ်
ဘယ်သူ့ကြောင့်ဆိုတာကိုကိုယ်တိုင်လဲမသိပဲနဲ့မပြောလိုပါဘူး
ဒါပေမယ့်အခုလက်ရှိမှာတော့ယုဇနဥယျာဉ်မြီု့တော်ကပြည်သူတွေကတော့ပါရမီခလိုင်းရုပ်သိမ်းလိုက်လို့ကားအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်ယာဉ်လိုင်းတစ်လိုင်းအမြန်ဆုံးဆောင်ရွက်ပေးဖို့တာဝန်ရှိသူများကိုတောင်းဆိုပါတယ်။သူတို့ရဲ့အပြစ်ကိုသူတို့ခံရပါလိမ့်မယ်။ပြည်သူတွေရဲ့အခက်အခဲကိုလည်းကြည့်သင့်ပါတယ်

နေသော် said...

နဲနဲလေးလွဲနေတယ်ဗျာ ..တကယ်တမ်း လူတွေပြောနေတာ ပါရမီနဲ့ ညှိတယ်ဆိုတာ..မဟုတ်ပါဘူး ...ပါရမီကလုသတ်တာလဲမဟုတ်ပါဘူး ....အခုတော့  ပါရမီကပုဂ္ဂိုလ်တွေက ဘာအကြောင်းနဲ့ လဲမသိပါဘူး ..ယုဇနဥယျာဉ်မြို့ တော်ကယာဉ်လိုင်းကိုဖျက်သိမ်းသွားတယ်...15ရက်နေ့ က ..အခုတော့ ဗျာ ...ပါရမီ ၂၃၂ ကိုရပ်တည်နေတဲ့ မိသားစုတွေကော ..ယုဇနက ပြည်သူ 40000 က သွားရေးလာရေး တော်တော် ဒုက္ခရောက်သွားတယ် ....

zmt said...

မကောင်းတဲ့သူတွေတော့ ရှိမြဲရှိနေတာပဲနော်..

mad dog said...

ဖျက်ပြစ် ကွာ ပါ၇မီ ယာဉ်လိုင်းကို.....

KhaungYan said...

ယုဇနဥယျာဉ်မြို့တော်သွား ပါရမီယာဉ်လိုင်း ရုတ်တရက် ရုတ်သိမ်းတာက
လည်း ဒီကောင်တွေ သက်သက်မိုက်ရိုင်းတာဘဲ တခြားလိုင်းတွေမရှိဘူးလား
သူကြိုတင်အကြောင်းကြားပြီး သူ့နေရာဝင်မဲ့တခြားယာဉ်လိုင်းရောက်လာမှ
သူ့ကိုဖယ်ခိုင်းသင့်တာပေါး ဒါ ကညန နဲ့ဆိုင်တာလား စိတ်ဓါတ်ကိုက ယုတ်မာ တာ ရုတ်သိမ်းမယ်ဆိုလည်း တခြားယာဉ်လိုင်းတွေ အပြိုင်များတဲ့လိုင်းတွေက စြ့ပီးရုတ်သိမ်းပေါ့ ယာဉ်လိုင်းအပြိုင်မရှိတဲ့ (နည်းတဲ့) လိုင်းတွေဆိုရင် သက်ဆိုင်ရာဌာနနဲ့ ကြိုတင်အကြောင်းကြား ညှိနှိုင်းပြီးမှဘဲ ရုတ်သိမ်းရမှာပေါ့ သက်ဆိုင်ရာဌာနကရော ပါရမီယာဉ်လိုင်း ကရော ပြည်သူတွေကိုစေတနာထားမယ်ဆိုရင် ဒီလိုအခက်အခဲမျိုးပေါ်ပေါက်စရာအကြောင်းကိုမရှိဘူး

Anonymous said...

အဓိပတိ၊ပါရမီတွေဟာ ရန်ကုန်မှာလည်းစီးကမ်းအပျက်ဆုံးပဲ့။
ခရီးသည်တွေကိုလည်းသူတို့ဟောက်ချင်တိုင်းဟောက်။လူလိုမထင်ကြဘူး။
သူတို့ကားပေါ်ရောက်သွားရင် ပြည်သူတွေက အဆင့်တန်းမရှိတဲ့သူတွေကြနေတာပဲ့။ ပုံမှန်မမောင်းပဲ သူတို့အချင်းချင်းပြိုင် မောင်းတော့ကားထဲမှာရှိတဲ့သူတွေက အရုပ်တွေကြနေတာပဲ့။နောက်ပြီး မျဉ်းကြားမှာလည်းခွရပ်တယ်။မှတ်တိုင်မှာလည်းလူချတယ်။မော်တော်ယာဉ်အဖွဲ့ကအရေးယူရင်ဒီယဉ်လိုင်းအရင်စံပြအဖြစ် ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်။
စစ်အစိုးရအဖွဲ့ကဆင်းသက်လာလို့ အရမ်းလူပါးဝတယ်။ဒီယဉ်လိုင်းကိုမကြိုက်လို့ ပြိုင်ဘက်ပုဂလိကယဉ်လိုင်းတွေ အမြန်ပေါ်ပါစေလို့ ဆုတောင်းနေရတယ်။

mamamay said...

ပါရီမီက လုပ်ချင်တိုင်းလုပ်နေတာကြာပါပြီ။ ခုမှမဟုတ်ပါဖူး။ ယာဉ်နောက်လိုက်တွေကလဲ မိုက်ရိုင်းပါတယ်။ခရီးသည်တွေကို မချေမတင်ခနခနဆက်ဆံတယ်။ကိုတိုင်ခံရဖူးပါတယ်။

Powered by Blogger.