မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ်

ရန်ကုန်၊ မေ ၁၂

ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။

"ဒီနေ့ အမှု ရင်ဆိုင်ဖို့ စခေါ်တယ်။ အာမခံလုပ်ဖို့နဲ့ သက်သေတင်ဖို့'' ဟု ဟိုတယ်ဝန်ထမ်း အမျိုးသမီး၏ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် တရားရုံး၌ ပြစ်မှုကြီး အမှတ် ၃၄၉ /၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး ဒေါ်အေးအေးကြည်က လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၃၅၀/၁၂ ပြစ်မှုပုဒ်မ ၃၄၁/၅၀၆ ဖြင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ အိုကာဟာ ရှိဒါကာရှိက လည်းကောင်း အပြန်အလှန် တရားရင်ဆိုင် ခဲ့ကြသည်။

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာ လမ်းရှိ ယင်းဟိုတယ်တွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားနှင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တို့သည် ဂျပန်နိုင်ငံသားက အမျိုးသမီးတစ်ဦးအား အဖော်အဖြစ် ဇန်နဝါရီ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ဟိုတယ်သို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သတ်၍ ဟိုတယ်စည်းကမ်းနှင့် မကိုက်ညီကြောင်း ပြောဆိုရာမှ ထိုဂျပန် အမျိုးသားက ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သဖြင့် ပုဇွန်တောင် ရဲစခန်း၌ အမှုဖွင့်ထား သကဲ့သို့ ယင်းဂျပန် အမျိုးသားကလည်း ဟိုတယ်အတွင်း ဝင်ရောက်ခြင်းကို တားဆီးမှုဖြင့် အပြန်အလှန် အမှုဖွင့်ကာ ပုဇွန်တောင် တရားရုံးတွင် အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။

ယင်းသို့ အမှုရင်ဆိုင်နေရာမှ ဟိုတယ်ဝန်ထမ်း အမျိုးသမီးက ရုံးပြောင်းစစ်ရန် ခရိုင်တရားရုံးသို့ လျှောက်ထားချက်အရ ယခုမေလ ၁၁ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွေ့ အမှုရင်ဆိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

 The Voice Weekly
မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ် မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ် Reviewed by သစ်ထူးလွင် on 22:08 Rating: 5

33 comments:

လရိပ်ချို said...

အမှန်တရားအတိုင်းဖြစ်ပါစေ
မြန်မာတွေ အစော်ကားခံဘ၀က လွတ်မြောက်ပါစေ

Thurein said...

ကိုယ့်မြေပေါ်မှာ ကိုယ့်လူမျိုးမိန်းကလေးတစ်ယောက်စော်ကားခံရတာ လုံးဝသည်းညည်းမခံနိုင်ပါဘူး။ နိုင်ငံခြားသားတွေ မြန်မာပြည်မှာ အထူးအခွင့်အရေး ခံစားနေရတဲ့အချိန်မရှိတော့ပါဘူး။ ဥပဒေနဲ့အညီ အရေးယူရပါမယ်။

ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com

The Nature Myanmar said...

မြန်မာနိုင်ငံသားတွေ အတွက် အရေးကြီးတဲ့ အမှုဖြစ်တယ်...
နောက်ပိုင်း နိုင်ငံတကာက ၀င်လာတဲ့အခါမျိုးမှာ ကြုံတွေ့ လာရမှာတွေကို ကြိုကါထားနိုင်ဖို့ လိုတယ်...

Myat kyi said...

တစ်ခုတည်း ဘဲ ပြောချင်တယ် လာဘ်ပေးလာဘ်ယူ တို့ရန်သူ ဆိုတာ တကယ်လား။

Tri Asian Taste said...

ဘုရား...... ဘုရား..... ထက်ထက်မိုးဦးကို စီရင်ချက်ချတဲ့ (တထောင်) ရှေ့နေနဲ့လွှဲပါစေ။ ပါးတခါရိုက် တထောင်(၁၀၀၀)ကျပ် ဆိုရင် နိုင်ငံ ခြားကနေ မြန်မာပြည် ပါးလာရိုက်တဲ့သူတွေ များနေဦးမယ်၊

Unknown said...

မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နိုင်ငံတကာမှာတော့ အစိုးရအားလုံးသည် မိမိနိုင်ငံသားကို အစွမ်းကုန် ကာကွယ်ပေးကြပါသည်။

ngaba said...

ဒီအမှုက ဒီလောက်အကြာကြီး အချိန်ဆွဲစစ်နေစရာ မလိုလောက်အောင် ရိုးရှင်းလွန်းပါတယ်။ ဘယ်လို အဓိပါယ်နဲ့ ဒီလောက်ကြာနေလဲမသိဘူး...
ဒီအမှု မြန်မာအမျိုးသမီး မနိုင်ရင် တရားရေးမဏ္ဍိုင်တစ်ခုလုံးက အမျိုး၊ ဘာသာ၊ သာသနာကို ဘာမှ ကာကွယ်မပေးနိုင်ဘူး။ ဘာမှ သုံးစားလို့ကို မရဘူးဆိုတာမျိုး သူတို့အဖြစ်ခံမလား။ မြန်မြန်အမိန့်ချလိုက် ပြီးနေတဲ့ဟာဗျာ.. မြန်မာတွေ အချိန်ကိုတန်ဖိုးမထားတာ တရားရေးဌာနမှာ အသိသာဆုံးပဲ။

ဖိုးဖိုးကြီး said...

ORCHID HOTEL မှဝန်ထမ်းအမျိုးသမီးဟာ-မိမိဟော်တယ်ရဲ့ဧည့်သည်ကို
ဆက်ဆံရာမှာ မှားနေသည်ဟုသုံးသပ်မိပါတယ်။ နိုင်ငံခြားသားဧည့်သည်များရဲ့
အကျင့်စရိုက်များအားလုံးနီးပါးတူညီကြပါတယ်။ မိန်ခလေးတစ်ယောက်ကိုမိမိ
တည်းခိုရာဟော်တယ်သို့ခေါ်လာခြင်းမှာအပြစ်မရှိပါ။ဧည့်သည်အနေနှင့်ခေါ်လာ
ရင်ဟော်တယ်တို့၏ပရိုစီဂျာအရ-လူတစ်ဦးထပ်မံတည်းခိုသည့်အတွက်-(၂)ဦး
တည်းခိုမည်ဆိုပါက-(၂)ဦးစာတည်းခိုခ ဒေါ်လာထပ်မံတောင်းရုံမှလွှဲပြီး၊
ဧည့်သည်၏ကိုယ်ရေးကိုယ်တာကိစ္စကိုဝင်ရောက်စွပ်ဖက်ပြောဆိုခွင့်မရှိပါ။
နိုင်ငံတကာဟော်တယ်တွေနှင့်မြန်မာနိုင်ငံမှာရှိတဲ့အဆင့်အတန်းမြင့်ပြီး၊ဟော်
တယ်ဆိုင်ရာ ဆက်ဆံရေးတတ်သိကျွမ်းကျင်သူများဆိုလျှင်-ဒီအဖြစ်မျိုးမရှိ
နိုင်ပါ။ဟော်တယ်ဝန်ထမ်း၏ဆက်ဆံရေးတတ်သိကျွမ်းကျင်မှု့မရှိသဖြင့်၊နိုင်ငံ
ခြားသား၏ စော်ကားမှု့ကိုခံရသည်ဟု သုံးသပ်မိပါသည်။ မျှတသောတရား
စီရင်မှု့ဖြစ်ပါစေ။ မိမိဖက်ကမှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ-နိုင်ငံသားဘဲ
ဖြစ်ဖြစ်၊နိုင်ငံခြားသားဘဲဖြစ်ဖြစ် ဘက်မလိုက်ဘဲ တရားစီရင်သင့်ပါသည်။
တရားသူကြီးအနေနှင့် ဟော်တယ်များကိုသွားရောက်ပြီး၊ဟော်တယ်တွေ၏
ထုံးစံနှင့်ဆက်ဆံရေးကို မိမိကိုယ်တိုင် မေးမြန်းစုံစမ်းပြီးမှ-မှန်ကန်စွာဆုံး
ဖြတ်ပါလို့၊ မင်္ဂလာတောင်ညွှန့် တရားသူကြီးအားအကြံပေးပါရစေ။

soegyi said...

ဒီလိုစော်ကားလို့ရမလား နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေလည်း အစော်ကားခံရတယ် ကိုယ့်နိုင်ငံမှာလည်း အစော်ကားခံရတယ် မြန်မာ လူမျိုးတွေရဲ့ လုံခြုံတဲ့နေရာ ဘယ်မှာလဲ အမှန်အတိုင်းဖြစ်စေ ချင်ပါတယ် မျိုသိပ်ရလွန်းလို့ ရင်နာလှပါပြီ

တန`င်္လာကိုကို said...

ဒီသတင်းကိုမျှော်နေတာကြာပြီ။ သူများလာစော်ကားတဲ.ကြားကမြန်မာ
အခြင်းခြင်းကပါဘယ်လောက်ထိရိုးသား၊မရိုးသားဘယ်လိုရပ်တည်လဲစောင်.
ကြည်.ရဦးမယ်။ မင်းသမီးနဲ.မီဒီယာအနေအထားနဲ.တော.မတူဘူးနော်။
ဒါကအလုပ်ခွင်စည်းကမ်းနဲ. Hotel လုံခြုံရေး၊ ဒါ.အပြင်အမျိုးသမီးလုပ်
သားအပေါ်အကြမ်းဘက်တိုက်ခိုက်တာ။ ချောင်းသာမှာတွေ.ဖူးတယ်
ကောင်မလေး၂ယောက်နဲ.ဆူညံလို.ဆိုပြီး Hotel တခုကမောင်းထုတ်
ပစ်ပြီးရဲစခန်းနဲ.အခြား Hotel တွေအကြောင်းကြားထားလို.တညလုံး
အခန်းရှာမရဘူး။ နောက်မှအဲဒီနိုင်ငံခြားသားရဲစခန်းသွားရစ်လို.ရဲက
ပေးလိုက်ပါကွာဆိုလို.အခန်းရသွားတာ။ ခုလဲဘယ် Hotel မှလက်မခံ
နဲ.။ တို.လူမျိုးကမျက်နှာနဲ.ဦးခေါင်းကိုအထွဋ်အမြတ်ထားတာ။
နိုင်ငံလူမျိုးယဉ်ကျေးမှုနဲ.အမျိုးသမီးကိုများစော်စော်ကားကား။
တရားရေးဌာနကအမှန်တိုင်းတရားစီရင်ပေးရန်လိုအပ်ပါသည်။
ကိုကြီးသစ်နှင်.၀ိုင်းတော်သားများအားလုံးသတင်းတိုင်းတွက်ကျေးဇူးပါ
ခင်ဗျာ။

ချစ်ဖူး said...

ဗမာတစ်ယောက် ဂျပန်သွားပြီး သူတို့လူမျိုးတစ်ယောက်ကို ပါးရိုက်ရင် ဘယ်လိုဖြစ်မလဲ။ အမှန်က သေချာ စဉ်းစားသင့်တယ်။ ဒါ ငါတို့မြေပေါ်မှာ။ ဂျပန်ခေတ်လည်း မဟုတ်တော့ဘူး

thawmyoh said...

မြန်မာပြည်မှာ မြန်မာ့ယဉ်ကျေးမှု ကို လေးစားလိုက်နာရပါမယ်။ မြန်မာပြည်မှာ မြန်မာရဲ့  စည်းကမ်းကို လေးစားလိုက်နာရပါမယ်။ နိုင်ငံတကာမှာ နိုင်ငံတကာမှာ ဆိုတဲ့အသုံးအနှုံး တွေ နဲ့  စည်းကမ်းဖောက်ဖျက်ဖို့ တွန်းအား မပေးကြပါနဲ့ ။ နိုင်ငံတကာက နိုင်ငံတွေမှာလည်း သူ့ တို့  ရဲ့ စည်းကမ်းတွေရှိမှာပါ။ လူမှုကျင့်ဝတ်တွေရှိမှာပါ။ လက်ပါလောက်တဲ့အထိ မိုက်ရိုင်းဆော်ကား တာမျိုးကို မြန်မာပြည်ကသည်းခံလိုက်ရင် နောက်လည်းဒီလို အဖြစ်မျိုးတွေ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေခံရနိုင်ပါတယ်။ ကိုယ့်ပြည်ထဲအထိတောင် လာရိုက်ရဲရင်......

myintkoko said...

ဒီလိုဟော်တယ်မျိုး မကြိုက်၇င်မတည်းနဲ ပေါ့
ကိုယ်ထိလက်ေ၇ာက်စော်ကားတာကတော့ ဘယ်ကောင်းမလဲ
ဥပဒေအ၇အေ၇းယူ၇မယ် ဥပဒေမှာ ဘယ်နိုင်ငံသား၇ယ်လို့ ခွဲခြား
ထားတာမရှိဘူး တ၇ားသူကြီးတွေ ငွေမျက်နှာတစ်ခုတည်း
မကြည့်နဲ့ ဒါနိုင်ငံရဲ့ သိကာနဲ့ ဆိုင်တယ်

than said...

အေး. ခေါ်လာတာ မင်းညီမ ကွ

KhaungYan said...

ဖိုးဖိုးကြီးလည်း ပါးရိုက်ခံရမှာ ကြောက်လို့လား ဘယ်ဟိုတယ်စည်းကမ်း ဘယ်လိုဘဲရှိရှိ ပါးရိုက်ခွင့်ရှိတဲ့အချက်တော့ပါမှာမဟုတ်တဲ့အတွက် ဒီဂျပန်မိုက်ရိုင်းတာတော့အမှန်ပါဘဲ

ဘမျိုးချစ် said...

နိုင်ငံကြီး တိုင်းပြည်ကြီး ကလာပြီး နိုင်ငံကြီးသားမပီသ တဲ့ ဂျပန်နိုင်ငံသားကို ကြီးလေးတဲ့ ပြစ်ဒဏ် ချသင့် ပါတယ်။ သူ့ဘက်က မှန်တယ်ထင်ရင် လည်း ဟိုတယ်က ရာထူးကြီးသူတွေနဲ့ ညှိနှိုင်းသင့်ပါ သည်။ အမျိုးသမီး တယောက်အား နိုင်ငံကြီးသားမပီသစွာ ဒီလို အနိုင်ယူ မစော်ကားသင့်ပါ။

shwe ku said...

ဘာပဲဖြစ်ဖြစ် ကိုယ်နိုင်ငံကိုလာပြီး အခြားနိုင်ငံခြားသားယောက်ကျားလေးတစ်ယောက်က ကိုယ်နိုင်ငံကအမျိုးသမီးတစ်ယောက်ကိုပါးရိုက်တာ ကတော့တော်တော်ကြီးကိုတရားလွန်တယ်နော် ဟိုတုန်းကလိုဂျပန်ခောတ်လည်းမဟုတ်တော့ဘူးလို့ထင်ပါတယ်

Shin Myochit said...

ရုံးမှာရုံးစည်းကမ်း၊ကျောင်းမှာကျောင်းစည်းကမ်းစသဖြင့်ရှိကြသလို၊ဟော်တည်မှာလည်းဟော်
တည်စည်းကမ်းတော့ရှိမည်ထင်ပါသည်။စည်းကမ်းဆိုတာလိုက်နာဘို့ချမှတ်
ထားခြင်းပါ၊ဖေါက်ဖျက်ဘို့မဟုတ်ဘူးဆိုတာတော့သေချာပါသည်။စည်းကမ်းဖေါက်ဖျက်သူကဖြေ၇ှင်းစရာတခြားနည်းလမ်တွေရှိပါလျှက်နဲ့သက်ဆိုင်ရာတာဝန်ရှိသူကိုကိုယ်ထိလက်ရောက်
စော်ကားတာဟာဘယ်နိုင်ငံခြားသားမကလို့ဘာကောင်ဖြစ်နေနေတိတိကျကျ
အရေးယူသင့်ပါတယ်၊ေ၇ခြားမြေခြားကျုးကျော်စော်ကားနေတာအသိသာချည်းပါ။မြန်မာတွေလူမျိုးထိရင်မခံဘူး၊အဆင့်အတန်းရှိတယ်ဆိုတာပြလိုက်ကြစမ်းပါ၊
ဆော်ဒီအာရေးဗျမှာဆိုရင်ဒီကောင်ဒါးတုံးတုံးနဲ့ရစ်ရစ်ပြီးလှီးခံရမှာသေချာတယ်၊ဒီလိုကောင်မျိုးစီးပွါးရေးလာမလုပ်လဲဘာမှဖြစ်မသွားဘူး။အကျင့်ပျက်တွေအားမပေးကြပါနဲ့။

ngaba said...

ဖိုးဖိုးကြီး...ဆိုတဲ့လူ
ခုဟာက ဟိုတယ်ကဖာသည်ကိုပေးဝင်ရင် အခန်းခ နောက်တစ်ယောက်စာ ထပ်တောင်းမှာပါပဲ။ ဖရီးပေးမ၀င်လို့် ဂျပန်က ပြသနာရှာတာ ထင်ပါတယ်။ နောက်ဆုံး ဟိုတယ်က ဆားဗစ်သိပ်ညံ့နေရင် မကျေနပ်ရင် ဟိုတယ်ပြောင်းတည်းရုံပါပဲ။ ဟိုတယ်အနေနဲ့ ရာဇ၀တ်မှု မမြောက်ပါဘူး။ ဒါမှမကျေနပ်သေးရင် မီဒီယာကနေ သူဖာခေါ်ထည့်တာ ခွင့်မပြုလို့၊ လူပိုကြေးထပ်ကောက်လို့ မကျေနပ်တဲ့အကြောင်း ဒီဟိုတယ်ကို မတည်းကြဖို့အကြောင်း အော်ချင် အော်လိုက်ပါဦး။ ဒါမှ မကျေနပ်သေးရင် ဟိုတယ်ခရီးကို တိုင်စာလေးဘာလေး ပို့လိုက်ပါဦး။ ဟိုတယ်အနေနဲ့ သူဘယ်လိုလုပ်လုပ် ရာဇ၀တ်မှု မမြောက်ပါဘူး။ အခုဟာက သူများနိုင်ငံမှာ မိန်းကလေးကို ကိုယ်ထိလက်ရောက် ဆော်ကားတာက ရာဇ၀တ်မှုတင်မကဘူး၊ ယဉ်ကျေးမှုနယ်ပယ်၊ လူ့ကျင့်ဝတ်နယ်ပယ်..စသဖြင့် ဘယ်ရှုထောင့်ကကြည့်ကြည့် လက်ခံနိုင်စရာ အကြောင်းကို မရှိဘူး။ အဲဒီတော့ အဲဒီ အရိုင်းအစိုင်းကောင် ဂျပန်ဖက်က ကာကွယ်စဉ်းစားပေးစရာ အကြောင်းမရှိဘူး၊ ဒီဖြစ်စဉ်က အဲဒီအမျိုးသမီးလေး တစ်ယောက်ထဲကို ဆော်ကားတာမဟုတ်ဘူး၊ မြန်မာ့လူမျိုးနဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင် တစ်ခုလုံးကို သောက်ဂရုမစိုက်ဘူးလို့ စိန်ခေါ်လိုက်တာ။ ဟိုတယ်က လိုအပ်တဲ့ ဆားဗစ် မပေးနိုင်ရင် သူ့လုပ်ငန်း မအောင်မြင်ယုံပဲရှိမယ်။ ၀န်ထမ်း တာဝန်မကျေရင် အလုပ်ရှင်က အလွန်ဆုံး အလုပ်ဖြုတ်ပစ်ယုံကလွဲပြီး ဘာမှ ထပ်လုပ်စရာမရှိဘူး။

ngaba said...

ဂျပန်က မိန်းကလေးကို အလကားခေါ်သွင်းချင်နေတာလို့ ထင်ပါတယ်။ ဒါမှမဟုတ် မိန်းကလေးမှာ မှတ်ပုံတင် မပါလို့လား။
သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးကြီးကာလမို့ မှတ်ပုံတင်မပြနိုင်ရင် လက်မခံရဘူးလို့ အခါအားလျှော်စွာ ထုတ်ပြန်ထားတဲ့ အမိန့် ရှိနေလို့လား။ နောက်ကွယ်က အခြေအနေတွေ အမျိုးမျိုး ရှိနေနိုင်ပါတယ်။
ဖိုးဖိုးကြီး ပြောတဲ့အနေအထားမျိုးကတော့ ဟိုတယ်တိုင်း နားလည်ပါတယ်။ အသေချာဆုံးကတော့ မှတ်ပုံတင်လည်း ပြနိုင်ရက်နဲ့ ပိုက်ဆံလဲပေးရက်နဲ့ ခေါ်မသွင်းရဘူးလို့ ဘယ်ဟိုတယ်ကမှ မိုက်မဲစွာ မတားမြစ်ပါဘူး။ ထုံးစံလည်း မရှိပါဘူး။

Myanmar man said...

ဂျပန်တွေမြန်မာကိုစော်ကားတာမပြီးဆုံးသေးဘူးလား-သိချင်လိုက်တာ

min kyaw said...

ပါးရိုက်သော အမှုသည် ကိုယ်ထိလက်ရောက်ကျုးလွန်မှုဖြစ်သဖြင့် မှန်ကန်ပါ က ပြစ်မှုသင့်ပါသည်။ ဟိုတယ်ဝန်ထမ်းစည်းကမ်းချိုးဖေါက်မှုဖြင့် မည်သူမျှပါး ရိုက်ဆုံးမခွင့်မရှိပါ။ မည်သည့်ဧည့်သည်မဆို ခေါ်ဆောင်တည်းခိုခွင့်ရှိသော်လည်းဥပဒေနဲ့ မလွတ်ကင်းသောသူ တည်းခိုမည်ဆိုက ဟော်တယ်ဝန်ထမ်းမှ တားဆီး
ပိတ်ပင်ခွင့်ရှိပါသည်။ ဥပဒေနှင့် ညှိစွန်းသူဟု ထင်မြင်သူကို တားဆီးရမည်မှာ ၀န်ထမ်း၏ တာဝန်ပါ။ ၀န်ထမ်းတာဝန်မကျေက အရေး ယူရန်တာဝန်မှာ ဟိုတယ်မန်နေဂျာ အလုပ်ဖြစ်ပါသည်။ပါးရိုက်ခွင့်တော့ သူမှာလည်း မရှိပါ။ ရိုက်ခဲ့ပါက ဥပဒေကြောင်းအရ အရေးယူခံရပါမည်။

မျှော်ရဇ် said...

အပေါ်က ဆရာကြီးလုပ်ထားတဲ့ ဖိုးဖိုးကြီဆိုတဲ့ ပုဂ္ဂိုလ် မင်နှမကို ဒီလိုမျိုး လူကြားထဲးပါရိုတ်ရင် ခံနိင်မလား။ မြန်မာပြည်က ဟော်တယ်ဝန်းထမ်းတွေဆိုတာ ဘာလောက်မှရကြတာမဟုတ်ဘူး ရှိသမျှ တိုရဇ် အေးဂျင်းမှန်သမျှကျောက်ရ အထက်က ပိုင်ရှင်အမျိုးမျိုးလည်ကျောက်ရ မင်တို့ လို ဖာခေါ်ချတဲ့ အမျိုးယုတ်တွေလည်ကျောက်ရနဲ။ မင်နိင်ငံခြားမရောက်ဖူးသေလို ဒီလိုပြေားတာပဲဖြစ်မယ်။ နိင်ငံခြားသာမှန်သမျှ မြန်မာဗီဇာ လျှောက်ကထဲးက မြန်မာပြည်၏ ထုတ်ပြန်ထားသေား တည်ဆဲးဥပဒေများကို လေစားလိုက်နာပါမည်ဆိုတာ ပါပြီးသား။ နွား မင်ဒီအချက်ကို နာလည်ရဲလား။ ဒီအချက်တစ်ခု ထဲနဲ ဒါတိုမြန်မာ အမျိုးသမီးကို ကာကွယ်လိုရတဲ့ ဥပဒေပဲ။ မြန်မာတွေလည် ကျိုက်တဲ့ နိင်ငံသွား သူတိုနိင်ငံတွေရဲ တည်ဆဲးဥပဒေတွေကို လိုက်နာရမှာပဲ မလိုက်နာရင် ကြိမ်ဒဏ် ငွေဒဏ် ထောင်တန် ပြည်နှင်ဒဏ် ပြည်ဝင်ခွင့်ပိတ် ဆိုတဲ့ ပစ်ဒဏ်တွေခံကြရမှပဲကွ။ နွာ မင်နှင်တကွ့  မြန်မာ အမျိုးယုတ်တွေနာလည်အောင် ရှင်ပြလိုက်တာ။

ဖိုးဖိုးကြီး said...

ဟော်တယ်ဝန်ထမ်းတွေ သင်တန်းပြန်တက်ကြပါ။ နောက်ပိုင်းမှာ နိုင်ငံတကာ
ကနိုင်ငံခြားသားတွေ စီးပွားရေးအတွက်မြန်မာနိုင်ငံသို့လာရောက်နေကြပြီ ဖြစ်
သည့်အတွက် ဒီလိုဆက်ဆံရေးတွေ ခဏ ခဏ ပြသနာတွေတက်နေရင်၊
ဟော်တယ်ပိုင်ရှင်တွေအတွက် နစ်နာမှု့တွေ-ဟော်တယ်ဆက်ဆံရေးမကောင်း
ဘူး ဆိုပြီး ဧည့်သည်တွေမလာရင် မဖြစ်သင့်ပါဘူး။
ကောင်းတာတွေဘဲ ဖြစ်စေချင်ပါတယ်။ ကျွမ်းကျင်မှု့သင်တန်းတွေ များများ လေ့လာကြပါလို့ ဖိုးဖိုးကြီး တိုက်တွန်းပါသည်။

GuGu said...

စီရင်စေ.......၁000 ကျပ်

သတိ...

ngaba said...

လူတစ်ယောက်ထပ်တိုးရင် ဘာပဲဖြစ်ဖြစ်(မကောင်းတဲ့မိန်းမပဲဖြစ်ဖြစ်) ငွေပိုတောင်းလိုက်ရင် ပြီးတာပဲဆိုတာ မြန်မာပြည်က ဟော်တယ်တိုင်းနားလည်ပါတယ်.. ဒီပြဿနာက အဲဒါကို နားမလည်လို့ ဖြစ်တာမှမဟုတ်တာ..

သစ္စာ said...

ဖိုးဖိုးကြီးပြောတာ နိုင်ငံတကာဟိုတယ်တွေမှာဆက်ဆံတဲ့ပုံစံ
မှန်ပါတယ်၊ ဒါပေမယ့် ကိုယ်ထိလက်ရောက်အထိကျူးလွန်ခွင့်တော့ဘယ်နှိုင်ငံမှာမှမရှိပါဘူး ကျနော်အခုအလုပ်လုပ်နေတာလဲ အမေရိကန်က
ဟိုတယ်မှာပါ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် ရာဇ၀တ်ကြောင်းအရထိထိရောက်ရောက်အရေးယူခြင်းဖြင့်
မြန်မာအမျိုးသမီး တွေကိုကာကွယ်ပေးသင့်ပါတယ်။
ဒီလိုမှအရေးမယူလျှင် နောက်နောင်နိုင်ငံခြားသားတွေက
မြန်မာအမျိုးသမီးတွေရောအမျိုးသားတွေကိုပါစော်ကားလာပါလိမ့်မယ်။

ဖိုးဖိုးကြီး said...

တူမောင်-သစ္စာရေ.....
မိမိဖက်က အမှားမလုပ်ခဲ့ရင်တော့ကောင်းတာပေါ့။ အခုဟာက ဧည့်သည်ရဲ့
ကိုယ်ရေးကိုယ်တာကိုလည်း ၀င်စွပ်ဖက်တာတွေဟန့်တားတာတွေ(ဟိုတယ်
လုံခြုံမှုကို ထိခိုက်နိုင်တဲ့အနေအထားမျိုးရှိခဲ့ရင်တောင် မိမိထက်ရာထူးကြီး
မားသော အုပ်ချုပ်သူ မန်နေဂျာ ကိုတင်ပြသင့်ပါတယ်။ မန်နေဂျာကလုပ်
သင့်လုပ်ထိုက်သည့်ကိစ္စဆိုရင် မန်နေဂျာ သာဆုံးဖြတ်ပါ။ ဧည့်ကြိုဌာနမှာတာဝန်ကျဝန်ထမ်းဖြစ်တဲ့ ဒေါ်အေးအေးကြည် အနေနဲ့မိမိ
ဟော်တယ်ရဲ့ဧည့်သည်ကို-ဧည့်သည်၏ကိုယ်ရေးကိုယ်တာကို ၀င်ရောက်မ
စွတ်ဖက်ဘဲ-တစ်ဦးတည်းခြင်းမှနှစ်ဦး ဖြစ်လာသည့်အတွက်ပိုလာသောတစ်
ဦးအတွက် ဟော်တယ် ပရိုစီဂျာ အတိုင်း ကျသင့်ငွေကိုတောင်းယူရပါမယ်။
ဧည့်သည်စီးပွားရေးသမားဖြစ်တဲ့ ဂျပန်နိုင်ငံခြားသားအနေနှင့်လည်း-ယခုလို
ကိုယ်ထိလက်ရောက် ကျူးလွန်တာ တော်တော်လေး အပြစ်ဒဏ်ကြီးပါ
တယ်။ သူ့ကိုလည်း နိုင်ငံခြားသားဆိုပြီး အရေးမယူဘဲနေလို့မရပါဘူး။
မိမိကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်ကိုတော့ နိုင်ငံတိုင်းမှာကျင့်သုံးနေတဲ့ မိမိနိုင်ငံ၏ဥပ
ဒေ အတိုင်း အရေးယူရပါမည်။ လက်ခုပ်ကတဖက်ဘဲ တီးလျှင်မမြည်ပါဘူး
နှစ်ဖက်တီး ကြလို့သာ ဒီလိုဖြစ်ကြတာပါ။နှစ်ဦးနှစ်ဖက် အေးအေးချမ်းချမ်း
ဖြစ်သွားတာတော့ အကောင်းဆုံးလို့ထင်မြင်ယူဆပါတယ်။

ပုဂံစစ်သည် said...

ဖိုးဖိုးကြီး ဆိုတဲ့သူခင်ဗျ......
စကားတွေမှားနေပါတယ်၊ ကျွန်တော်ဟိုတယ်စီမံခန့်ခွဲမှု့ သင်တန်းဆင်းတစ်ယောက်ပါ၊ အစ်ကိုစကားတွေမှားနေပါတယ်၊ နိုင်ငံတကာကချမှတ်ထားတဲ့ ဟိုတယ်စည်းကမ်းတွေရှိပါတယ်၊ ဒီအထဲမှာ ဂျပန်ကကောင်မလေး ခေါ်လာတာလဲမှန်ပါတယ်၊ ဒါကိုဟိုတယ်ဘက်က လက်မခံတာဟာ နိုင်ငံတကာချမှတ်တဲ့ စည်းကမ်းနဲ့ လုံးဝညီပါတယ်၊ မယုံရင် ဟိုတယ်သင်တန်းတက်ပြီး လေ့လာစေချင်ပါတယ်။ အချက် ၅ ချက်ရှိပါတယ်၊ အဲ့ထိအထဲမှာ ဒီဂျပန်သွားညှိနေပါတယ်။

စိုင်းမြတ်ဦး said...

ကိုဖိုးဖိုးကြီး ခင်ဗျား

ကျွန်တော်ကဟော်တယ်မှာမလုပ်ဖူးတော့ဟော်တယ်ရဲ့ စည်းကမ်းတွေတော့မသိပါဘူး...ဒါပေမဲ့ ကိုယ့်နိုင်ငံထဲလာပြီး ကိုယ့်လူကို ဒီလိုလုပ်တာကိုတော့မခံနိုင်ဘူးဗျာ...ဒီလူက နိုင်ငံခြားသား ဖြစ်နေတဲ့အတွက်ဟော်တယ်ဝန်ထမ်းအမျိုးသမီးက မိုက်မိုက်ရိုင်းရိုင်းတော့ပြောရဲ့လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး...တစ်ခုတော့ ကိုဖိုးဖိုးကြီးကိုမေးပါရစေ...တစ်ကယ်လို့ အဲ့ဒီအမျိုးသမီးနေရာမှာ ကိုဖိုးဖိုးကြီးရဲ့ သမီး ဒါမှမဟုတ် ညီမလေး ဆိုရင်လဲ ဒီလိုပြောမှာပဲလား?

naughty boy said...

------ ဖိုးဖိုးကြီးစကား နားထောင်မိလို့ -----
ဗုံးဖောက်မယ့်လူက ကိုယ့်ရှေ့မှာ စနက်တံဖြုတ်တော့မှာကို မြင်နေရပြီ
ဝင်လုံးလိုက်ရင် အချိန်မီနိုင်သေးတယ်...........
ဟာဒီကိစ္စအရေးကြီးတယ် ဟိုတယ်လုံခြုံမှုကို ထိခိုက်နိုင်တယ် ငါဖြေရှင်းလို့မရဘူး ငါ့အထက်အရာရှိ မန်နေဂျာကို ဖုန်းဆက်ပြီး တင်ပြသင့်တယ် ဒါမှ တာဝန်ေ..က.ျ.....
ဝုန်း..

min kyaw said...

ဖိုးဖိုးကြီးခင်ဗျား-------အိမ်ရှင်က ဧည့်သည်ကိုဧည့်ဝတ်ကျေရတာ မြန်မာ့ဓလေ့ပါ၊ ဧည့်သည်ကလည်းအိမ်ရှင်ကိုမစော်ကားရပါ။ မည်သည့်နိုင်ငံသား ဖြစ်ဖြစ် မိမိရောက်ရှိသော နိုင်ငံ၏ဥပဒေကို ချိုးဖေါက်ပါက တရားဥပဒေအရ အရေးယူ အပြစ်ပေးခြင်းခံရမည်ကို လူတိုင်းအသိပါ။ ရာဇ၀တ်မှုဖြစ်လာပြီးမှတရားခံကိုထိုက်သင့်သောပြစ်ဒါဏ်ကို ပြစ်မှု့ကျုးလွန်သည်ဟု ပေါ်ပေါက်ပါကစီရင်သင့်ပါသည်။ ညှိနိုင်ဖြေရှင်းပေးပြီး တျေအေး
မေးမည်ဆိုပါက တရားခံတစ်ယောက်အဖို့ တစ်စုံခုသောပရောဂါဖြင့် အမှု တခုကိုလွယ်လွယ်နဲ့ ကျုးလွန်နိုင်သလို လွယ်လွယ်လေးဖြေရှင်းလို့ရတယ်
လို့ထင်မြင်ယူဆသွားပါက ရာဇ၀တ်မှုကို လွယ်လွယ်လေးကျုးလွန်သူတွေ
များလာမှာပါ။ အထူးသဖြင့် နိုင်ငံခြားသားတွေ မြန်မာ့ဥပဒေတွေကို လွယ်
လွယ်လေးချိုးဖေါက်လို့ရတယ်လို့ မြင်သွားပြီး မြန်မာတွေကို မစော်ကား
စေချင်ဘူး။ဝန်ထမ်းအနေဖြင့် တရားကိုရင်ဆိုင်ပါ၊ မှန်သောတရားစီရင်မှု ကိုခံယူပါ။မည်သည့်ပေးကမ်းညှိနိုင်း ခြိမ်းခြောက်မှုကို လက်မခံပါနှင့် အမျိုး
သားအရေးလို့ ယူဆပြီးဆက်လုပ်ပါစေ။ မလိုလားအပ်သော အမြင်များကို ဖိုးဖိုးကြီးအနေဖြင့် သတိထားရေးစေလိုပါသည်။
ခု

hanyawzin said...

ဒါမြန်မာနိုင်ငံကွ.ငါတို့တိုင်ပြည်မှာနေတယ် .
ငါတို့နိုင်ငံမှာ အလုပ်လုပ်တယ်.
ဒါတောင် ပါးအရိုက်ခံရတယ်.
ကဲ.. ခင်ဗျားတို့ပဲ ပြောတော့.မြန်မာပြည်သူ ပြည်သားတွေ ဘယ်မှာနေပီး ဘာလုပ်ရမှာလဲ.

Powered by Blogger.