ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်

ရန်ကုန်၊ မေ ၁၂

နိုင်ငံခြားငွေစာရင်း ဖွင့်နိုင်သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကားတင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်းတို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့် မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

"တနင်္လာနေ့ ကစပြီး လူတိုင်းရပြီ။ ဝန်ထမ်းထဲ ကလည်း ဖွင့်ချင်တဲ့သူတွေ ဖွင့်ကြမှာ" ဟု ယင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်သည့် ဘဏ်များမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။

The Voice Weekly
ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင် ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင် Reviewed by သစ်ထူးလွင် on 22:01 Rating: 5

26 comments:

mystic bamar said...

ဟားဟားဟား.........သမိန်ပေါသွပ်တို့ အဖွဲ့ကတော့ လုပ်လိုက်ပြန်ပြီ။ အဲဒီ အစိုးရဘဏ်သုံးခုထဲက တခုမှာ၊ ဟိုတလောက မော်တော်ကားလေးသွင်းဖို့၊ နိုင်ငံခြားက ပါလာတဲ့ ဒေါ်လာလေး တစ်သောင်းကျော် သွားသွင်းပါတယ်၊ ရှုပ်လိုက်ပါဘိ၊ "လူပျိုဖြစ်ကြောင်းထောက်ခံစာ" ပါမှတဲ့၊ ရဲစခန်းမှာသွားယူရမယ်တဲ့။ ထားပါတော့လေ ကျုပ်က ယောင်္ကျားလေးဖြစ်လို့၊ မိန်းကလေးတွေကြတော့ စခန်းကနေ ငိုပြီးပြန်လာရတယ်လို့ပြောကြတယ်၊ စခန်းကပြောလိုက်ပုံက "မင်းအပျိုဖြစ်ကြောင်း ငါ ဘယ်သိမလဲ၊ ဆရာဝန်ဆီ သွားတောင်းတဲ့"။ ပြီးတော့ "ဂျွိုင့်အကောင် (Joint Account)" ဖွင့်ရမယ်တဲ့၊ လုပ်ပြန်ပြီ၊ ကိုယ့်ပိုက်ဆံ ကို ဘဏ်ထဲထည့်ဒါ ဘယ်သူနဲ့တွဲရအုံးမှာလည်း၊ ကမ္ဘာပေါ်မှာ ဘယ်ဘဏ်မှ အဲဒီလို မမေးဘူးပါ။ ဒါတင်ဘယ်ကမလည်း နောက်ဆုံး ဘဏ်က ထုတ်ပေးတဲ့ ဝါကျင့်ကျင့် စာရွက်ပိုင်းလေးပေါ်မှာ ထုံးစံအတိုင်း မိမိ နာမည်၊ နေရပ်လိပ်စာ၊ သွင်းငွေပမာဏ၊ ရေးပေါ့ အဲ နောက်ဆုံး စာကြောင်းက "မိတ်ဆက်သူ ( Introduced by)" တဲ့။ ရေးချင်တဲ့လူနာမည်ရေးလို့ မရဘူး၊ တံဆိပ်တုံးကပါရဦးမယ်၊ ခက်ပြီ။ ဘဏ်ကလည်း ဒီဘဏ်လေး နှစ်ခုရှိဒါဗျာ။ ကဲ .... ကိုပွဲစားရေ လုပ်ပါအုံး ဟ၊ သူ ဘယ်လို မန်းမှုတ်လိုက်သည် မသိ၊ ခဏအကြာတွင် အားလုံးပြီးသွားသည်။ ငွေသွင်းဖို့ စာရွက်က တဒါဇင်လောက်ရှိမယ်၊ အနည်းဆုံး သုံးပတ်လောက် အချိန်ယူရမယ်။ ဟဲဟဲ .... အဲဒါတွေပြီးလို့ ငွေသွင်းရပြီ မမှတ်ပါနဲ့။ ဟိုး ... မရန်းကုန်း မှာရှိတဲ့ အလုပ်သမားရုံးဆိုလား ပဲ၊ အဲဒီကို သွားပြီး ဆယ်ဒေါ်လာ သွားသွင်းပြီးမှ၊ အဆိုပါဘဏ်ကြီးများ မှ ကျုပ်ရဲ့ဒေါ်လာတစ်သောင်းကျော် လက္ခံမယ်တဲ့။ နိုင်ငံခြားမှာ.... နိုင်ငံကူးလက်မှတ်၊ (လိုအပ်လျှင်Work Permit) ပေးလိုက်ပါ၊ ပြီးလျှင် ဘဏ်က form မှာဖြည့်ပါ၊ (တခါတလေ ဆိုင်းထိုးပေးလိုက်ယုံပဲ) ကိစ္စ အားလုံး မိနစ်သုံးဆယ်ခန့် တွင်းပြီးသွာမည်။ မြန်မာပြည်မှာ "ရက်သတ္တ သုံးပတ်" ၊ ဆိုတော့ကာ ချင့်ချိန်ပြီး ယုံ ကြပါ ကွယ်ရို့.......

udoctor said...

ဘဏ်မှာ စာရင်းဖွင့်ပြီးရင် ဘဏ်က ကားဝယ်ဖို့ ငွေထုတ်ချေးရင်တော့ မဆိုးဘူး..။။

hein said...

$ ဘယ်လောက် ပြည့် မှ ၀ယ်ခွင့်  ၇ မှာပါလဲ

thatonthar said...

အကိုတို့ကပြောတာဘဲနော်.........bank...ကိုသွာလိုရှိရင်...ညွှန်ကြာ
စာမရောက်သေလို့ဆိုပြီတော့ဘဲပြောနကြတယ်.....အဲဒါဘာပြစ်တာလဲ...
တစ်ကယ်ဆိုရင်.........

thatonthar said...

ကျွှန်တော်တို့အိမ်နာကဆိုက်ကာသမာလဲဖွင့်မယ်တဲ........bank....
မှာကဒီလောက်မျာတဲငွေပမာနတွေရှိလို့လာ.........အဲဒါတွေကငွေဖြူးလား......ငွေမဲလား......မသိလို့ပါ......

ဇာမဏီ said...

အဲဒီ ၁၀၀ နဲ့ နိုင်ငံခြားငွေစာရင်းဖွင့်လိုက်ရင် နိုင်ငံခြားကနေ ကားဝယ်လို့
ရရောလား ။ အတိအကျလေးသိချင်ပါတယ် ။သိတဲ့သူများ လုပ်ကြပါအုံး

lwinmin said...

မင်္ဂလာသတင်းပါဘဲ ကိုသစ်ထူးလွင်...လက်ရှိအစိုးရကိုလည်း ကျေးဇူးတင်ပါတယ်..

u kyawkyaw said...

ဘာငွေကြေးဖြစ်ဖြစ်ကိုင်တွယ်ခွင့်ပေးရတော့မည့်ကာလ၊နိုင်ငံတကာနှင့်ဆက်ဆံရတော့မည့်ကာလတွင်မည်သည့်ပြည်သူကိုမဆိုနိုင်ငံခြားငွေဘဏ်စာရင်းဖွင့်ခွင့်ပေးရပါမည်၊ထူးခြားသောအလုပ်မဟုတ်ပါ၊အတိုးမပေးသော၊ဘာလုပ်လုပ်တနေကုန်သောဘဏ်တွေမှာအကြောင်းမဲ့ငွေလာမအပ်ကြပါ၊နိုင်ငံခြားတိုင်းပြည်နဲ့ဆက်ဆံရေးရှိသူမျုား(ကုန်သွယ်ရေး၊လူမူရေး၊ကျန်းမာရေး)သာငွေလာအပ်ပါမည်စိတ်ချပါ။နောက်ကြောင်းမရှင်းသူများသိန်းသန်းချီပြီးလာမအပ်ပါ။
ငွေမည်းနဲနဲရသူများအိမ်ခြံဝယ်မည်၊စက်ရုံဆောက်ပါလိမ့်မည်။
ငွေမည်းများများရသူများဘဏ်ဖွင့်ခွင့်ရအောင်လုပ်ပြီးဘဏ်ဖွင့်
ပါလိမ့်မည်။ဘာဘဲဖြစ်ဖြစ်ပိုက်ဆံလာပေးတာကိုယူထားပါ။
MFTB/MICBသွက်သွက်လက်လက်မြန်မြန်ဆန်ဆန်လုပ်ပေးပါ။

ဥုံဖွ said...

မူဝါဒကကောင်းပါတယ် မကောင်းတာကလူ ဟေလားမောင်တို.၀ါး

minmin said...

ဘယ်လိုပဲသတ်မှတ်သတ်မှတ် မြန်မာငွေ သိန်း(၂၀)လောက်နဲ့ ချက်ချင်းဝယ်လို့ရအောင်လုပ်ကြဗျာ

shwe sar said...

ဟုတ်ရောဟုတ်ကြလို့လား....

ဖိုးဖိုးကြီး said...

စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ခင်ဗျား---အစိုးရဘဏ်တွေမှာဒေါ်လာ၁၀၀နဲ့နိုင်ငံခြားငွေစာရင်းသွားဖွင့်သောမိတ်ဆွေတစ်ဦးကိုယ်တွေ့မြင်တွေ့လာပုံကိုပြောပြသည်မှာဘဏ်ဝန်ထမ်းများသည်
ငွေစာရင်းလာဖွင့်သူတွေကိုအရေးတယူဆက်ဆံမှု့မရှိဘဲဝန်ထမ်းအချင်းချင်းစကားများ-ရန်ဖြစ်နေကြပါသည်။ မြင်မကောင်းသော မြင်ကွင်းများကို ဘဏ်အကြီးအကဲတွေမသိဘူးလား။ ဒီလိုဝန်ထမ်းတွေကိုခေါ်ပြီး၊သင်တန်း
ပြန်တက်ခိုင်းပါ။
လူကြီးတွေကလက်နဲ့ရေးတာကို အောက်ကလူတွေက ဘာကြောင့် ခြေနဲ့
ဖျက်နေရတာလဲ။

Unknown said...

မရလို့ပါ ရရင်လုပ်ပေးပါတယ်။

hlaing said...

အတိုးကိုဘယ်လိုပေးမှာလဲဟင်

ngaba said...

အကောင့်တော့ ဖွင့်လို့ရပြီ၊ ဒေါ်လာ/အဖ်အီးစီ/စင်ဒေါ်လာ တစ်ရာနဲ့ စဖွင့်လို့ရပြီ၊ ကားတန်ဖိုးကို နိုင်ငံခြားငွေဝယ်လို့ရတဲ့ ဘဏ်ကနေ၀ယ်ပြီး ဖြည့်၊ ကားသွင်းပြီးရင် အဲဒီအကောင့် ပြန်ပိတ်မယ်။ ဒါကိုသဘောတူကြောင်း လက်မှတ်ထိုးရတယ်။ တစ်ခါသုံး အကောင့်ပေါ့။

သစ္စာ said...

သေချာတာကတော့ အစိုးရနဲ့ပတ်သက်တဲ့ ငွေမည်းတွေကိုင်ထားသူတွေအတွက်ပိုပြီး ငွေဖြူလုပ်ခွင့်ရသွား
မှာပါဘဲ တကယ်ဆိုပိုပြီးဖြစ်သင့်တာက နိုင်ငံရေးပြောင်းလဲတည်ငြိမ်ရေး ၊ ပြည်နယ်တွေမှာတိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့စစ်ပွဲတွေအမြန်ရပ်ဆိုင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်ဖို့၊ပြီးမှပြည်တွင်း/ပြည်ပ
ကရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ပြီး Car Dealerတွေဖွင့်ပြီး လူတိုင်းလွတ်လပ်စွာဝယ်ယူခွင့် (လက်ငင်း/ အကြွေး)
ရအောင်ဆောင်ရွက်သင့်ပါတယ်။
ဓါတ်ဆီ/ဒီဇယ် အရောင်းဆိုင်တွေကိုလဲ ကြိုတ်သလောက်ဝယ်
ကျသလောက်ပေး လုပ်ပိုင်ခွင့်တွေချပေး အစိုးရကအခွန်တွေကို
တိတိကျကျကောက်ခံ ဒီလို ဆိုပြည်သူရော အစိုးရပါအလုပ်ဖြစ်စေမှာပါ ။

bella said...

ကားဝယ်ဖို့က တော့ ၃လလောက်စောင့်သင့်တယ်...ညွန်ကြားချက်က အမျိုးမျိုးပြောင်းနေတော့ စောင့်နိုင်လေ ကောင်းလေပဲ...

Unknown said...

အရင်ကလို ၂သိန်း၃သိန်း တန်ကားဝယ်လိုရရင်ကောင်းမယ်

True Angel said...

ပြောပြန်ပြီ...... ပြီးရင် policy ကတစ်မျိုးဖြစ်သွားပြန်ရော...သိပ်ယုံလို့ မရသေးဘူး

green said...

ယခုလုပ်ငန်းတော့ မသိပါဘူး။ ကိုယ်နဲ့ကအလှမ်းဝေးပါတယ်လေ..
အစိုးရဘဏ်ကနေငွေလေး(၂)သိန်းလွှဲလိုက်ပါတယ် တလပြည့်တော့မယ် ပိုက်ဆံက
ဟိုထုတ်မရဒီထုတ်မရနဲ့ ဒီကြားထဲ ငုတ်တုတ်ထိုင်နေတဲ့
ဝန်ထမ်းငေါက်တာခံရသေးတယ်......

Unknown said...

ဘယ် ဘဏ် က အ ကောင်း ဆုံး လဲ မြန်မာပြည် မှာ အာ့မာ့ခံ ချတ် ဘယ်လောက်ရှီလည်း????? လမ် ပြ ပေး ပါ? ဘဏ် တွေ ပြို လဲ ခဲ ရင်...................

Khaing Khaing said...

ဘဏ်များတွင် information center ထားသင့်ပါသည်..အခုတော့ကောင်တာတစ်ခုမှတစ်ခုသို့အလွှဲအပြောင်းလုပ်နေသည်...

Khaing Khaing said...

ဘဏ်ဝန်ထမ်းများဆက်ဆံရေးဆိုးရွားလှပါသည်...ဒီဘက်ကောင်တာမေးလျှင်
ဟိုဘက်ကောင်တာညွှန်ပါသည်..ဒီလိုနှင့်ကောင်တာတစ်ခုကိုအနဲဆုံးသုံးခေါက်ရောက်ပါသည်..နောက်ဆုံးလူနဲနဲရှင်းသည့်ဘက်တွင်သွားပြီး personal account ဖွင့်ချင်လို့ပါလို့မေးတော့ တခြားဘဏ်ဝန်ထမ်းတစ်ဦးနှင့် စကားပြောမပြတ်..ဘာမှပြန်မဖြေ..ငါးမိနစ်လောက်ကြာတော့မှ မသိဘူး ဟု တစ်လုံးတည်းဖြေပါသည်.. မဖြစ်နိုင်ဘူးမထင်ပါနှင့်...ကိုယ်တွေ့ပါ..ဘဏ်ကိုသုံးခေါက်ရောက်ပါသည်...(MICB and MFTB)...ရေရေရာရာမည်သူ့မှမေးမရပါ..၀န်ထမ်းကောင်းမှနိုင်ငံကောင်းမည် ဆိုသောဆိုင်းဘုတ်ကနေရာတိုင်းမှာရှိသည်...၀န်ထမ်းများစိတ်ဓာတ်ကောင်းစေရန်အရင်လေ့ကျင့်ပေးသင့်ပါသည်..

Khaing Khaing said...

ဘဏ်ဝန်ထမ်းများဆက်ဆံရေးဆိုးရွားလှပါသည်...ဒီဘက်ကောင်တာမေးလျှင်
ဟိုဘက်ကောင်တာညွှန်ပါသည်..ဒီလိုနှင့်ကောင်တာတစ်ခုကိုအနဲဆုံးသုံးခေါက်ရောက်ပါသည်..နောက်ဆုံးလူနဲနဲရှင်းသည့်ဘက်တွင်သွားပြီး personal account ဖွင့်ချင်လို့ပါလို့မေးတော့ တခြားဘဏ်ဝန်ထမ်းတစ်ဦးနှင့် စကားပြောမပြတ်..ဘာမှပြန်မဖြေ..ငါးမိနစ်လောက်ကြာတော့မှ မသိဘူး ဟု တစ်လုံးတည်းဖြေပါသည်.. မဖြစ်နိုင်ဘူးမထင်ပါနှင့်...ကိုယ်တွေ့ပါ..ဘဏ်ကိုသုံးခေါက်ရောက်ပါသည်...(MICB and MFTB)...ရေရေရာရာမည်သူ့မှမေးမရပါ..၀န်ထမ်းကောင်းမှနိုင်ငံကောင်းမည် ဆိုသောဆိုင်းဘုတ်ကနေရာတိုင်းမှာရှိသည်...၀န်ထမ်းများစိတ်ဓာတ်ကောင်းစေရန်အရင်လေ့ကျင့်ပေးသင့်ပါသည်..

Khaing Khaing said...

ဘဏ်ဝန်ထမ်းများဆက်ဆံရေးဆိုးရွားလှပါသည်...ဒီဘက်ကောင်တာမေးလျှင်
ဟိုဘက်ကောင်တာညွှန်ပါသည်..ဒီလိုနှင့်ကောင်တာတစ်ခုကိုအနဲဆုံးသုံးခေါက်ရောက်ပါသည်..နောက်ဆုံးလူနဲနဲရှင်းသည့်ဘက်တွင်သွားပြီး personal account ဖွင့်ချင်လို့ပါလို့မေးတော့ တခြားဘဏ်ဝန်ထမ်းတစ်ဦးနှင့် စကားပြောမပြတ်..ဘာမှပြန်မဖြေ..ငါးမိနစ်လောက်ကြာတော့မှ မသိဘူး ဟု တစ်လုံးတည်းဖြေပါသည်.. မဖြစ်နိုင်ဘူးမထင်ပါနှင့်...ကိုယ်တွေ့ပါ..ဘဏ်ကိုသုံးခေါက်ရောက်ပါသည်...(MICB and MFTB)...ရေရေရာရာမည်သူ့မှမေးမရပါ..၀န်ထမ်းကောင်းမှနိုင်ငံကောင်းမည် ဆိုသောဆိုင်းဘုတ်ကနေရာတိုင်းမှာရှိသည်...၀န်ထမ်းများစိတ်ဓာတ်ကောင်းစေရန်အရင်လေ့ကျင့်ပေးသင့်ပါသည်..

Anonymous said...

လူကြားကောင်းအောင်ပြောနေလားမသိဘူး။သိပ်မယုံသေးဘူး။
ပေါ်ကပြောင်းပြီးအောက်ကမပြောင်းသေးတော့

Powered by Blogger.