အမျိုးသမီးတစ်ဦး အက်ရှင်ကားဆန်ဆန် မီးရှို့ခံရ

ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့၏ အထင်ကရ လူစည်းကားရာ နေရာတစ်ခုဖြစ်သည့် ကမာရွတ်မြို့နယ် လှည်းတန်း (၇) လမ်းတွင် အမျိုးသမီး တစ်ဦး အက်ရှင် ဇတ်ကားဆန်ဆန် ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရကာယခုအခါ ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေပြီး အရေးပေါ် ခွဲစိတ်ကုသခံရမည် ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက The Voice Weekly သို့ ပြောကြားသည်။

"အစားစာထားလို့ နောက်ထပ် ၆ နာရီကြာမှ ခွဲစိတ်လို့ရမယ်။ ခု အသက်တော့ ရှုနေတယ်။ စကားတော့ မပြောနိုင်သေးဘူး" ဟု ကာယကံရှင် သူငယ်ချင်းဖြစ်သူ အမျိုးသား တစ်ဦးက ည ၈ နာရီ ၅၀ မိနစ်တွင် ဆိုသည်။

ဖြစ်စဉ်မှာ မ ... (အသက် ၂၇ နှစ်) ၏ နေအိမ် တည်ရှိရာ လှည်တန်း ၇ လမ်း အမှတ် ... သုံးလွှာသို့ အမျိုးသား တစ်ဦး ရောက်ရှိလာပြီး တံခါးသံပန်းကို ဓာတ်ဆီနှင့် ပက်နေစဉ် ယင်းအမျိုးသမီးက တံခါးဖွင့်လိုက်သည့် အတွက်
ခန္တကိုယ်တွင် ဓါတ်ဆီများ စိုရွှဲသွားစဉ် မီးရှို့ခံရခြင်း ဖြစ်ကြောင်း အရေးပေါ် ခွဲစိတ်ကုခန်းသို့ ရောက်ရှိနေသည့် ယင်းအမျိုးသမီး၏ ညီမဖြစ်သူက ဆိုသည်။

၎င်းသည်လည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ်ဌာနအတွင်း ၎င်း၏ သူငယ်ချင်းများနှင့် စကားပြောနေသည်ကို တွေ့ရသည်။

"တံခါးပေါက်မှာ ပိတ်ပြီး မီးလောင်နေတော့ လန့်သွားတာပေါ့။ နောက်ပေါက်ကို ပြေးလို့လည်း မရဘူး။ တစ်ခြားတိုက်ကို ကူးရတယ်" ဟု ၎င်းက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ဆေးရုံသို့ ရောက်ရှိလာသော သူငယ်ချင်းများကို ရှင်းပြသည်။

နောက်ဆက်တွဲ သတင်းများအရ မီးရှိုးခံရသည့် အမျိုးသမီးမှာ ည ၉ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် စကား စတင် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အမှု ကျူးလွန်သည့် အမျိုးသားကို အခင်းဖြစ်ပွားစဉ်၌ပင် ရပ်ကွက်အတွင်း နေထိုင်သူတို့က ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးပြီး ကမာရွတ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

မီးရှို့ခံရသည့် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ဆရာဝန် တစ်ဦးဖြစ်ပြီး ပဲခူးဇာတိ ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက ပြောဆိုသည်။
The Voice Weekly
အမျိုးသမီးတစ်ဦး အက်ရှင်ကားဆန်ဆန် မီးရှို့ခံရ အမျိုးသမီးတစ်ဦး အက်ရှင်ကားဆန်ဆန် မီးရှို့ခံရ Reviewed by သစ်ထူးလွင် on 11:39 Rating: 5

25 comments:

Nay Nwaye said...

တော်တော်မိုက်ရိုင်းတဲ့ကောင်ပဲ ဒါပေမယ့် အက်ရှင်ဆန်ဆန် ဇာတ်လမ်းလေးတွေလည်းရှိလိမ့်မယ်။ စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။

minsoeaung said...

ဘယ်လိုဇာတ်လမ်းဖြစ်ခဲ့ဖြစ်ခဲ့ လူမဆန်တဲ့လုပ်ရပ်ကိုေ့
ရှုတ်ချတယ်။ထိရောက်ပြင်းထန်တဲ့အမိန့်ကိုပေးစေလိုပါ
သည်။

Ma Ma Hnin ze said...

မီးရှိုရတဲ့အကြောင်းအရင်းတစ်ခုခုရှိလိမ်မယ်။အကြောင်မဲ့တော့မရှိုနိုင်ဘူး။တစ်ခုခုတောတစ်ခုခုပဲ။(တောကြာ ဟိုတစ်ခါက လင်လုပွဲ
လိုဖြစ်အုန်းမယ်)

swe said...

မလုပ်သင့်ဘာဘူး သနားပါတယ်

kay kay said...

မိုက်ရိုင်း လိုက်သည့်အကောင်

bestshadow said...

သေဒဏ်ပေးသင့်တယ်

taw thar gyi said...

ဒီလိုကောင်မျိုးတွေကိုနမူနာအနေနဲ.ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်တယ်
ဒီလိုမဟုတ်ရင်..မီးရှို့လို့ဘာမှမဖြစ်ပါဘူးဆိုပြီး...နောက်ထပ်ဒီလိုငမိုက်သား
တွေများလာမယ်..
ဒီလိုလုပ်ရင်..ဒီလိုခံရပါလားဆိုပြီ..ပညာပေးသင့်တယ်..

chochoaung said...

တာလီဘန်တွေ က သင်ပေးထားတာလား မသိဘူး ဒီလောက် ၇က်စက်တဲ့ ကောင် သာမန် အပြစ်ပေး၇ုံလောက် နဲ့  မဖြစ်ဘူး တော်ကြာ တ၇ား၇ုံးက ဒဏ်ငွေ တစ်ထောင်လေး နဲ့  အပြစ်ပေးလိုက်၇င်တော့ ...
နောက် နောင် ဒါမျိုး တာလီဘန်ဆန်တဲ့  လုပ်၇ပ်တွေ မလုပ်လာ၇ဲအောင် အခု ထဲက ပြင်းထန်စွာ အပြစ်ပေး သင့် ပါကြောင်း

Unknown said...

ဒီကောင်ဘယ်လိုကောင်လဲတော့မသိဘူး ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်ကို မီးနဲ့ရှို့ရတယ်လို့ကွာ။ မင်းတော့ဝဋ်လိုက်မယ် နောင်ဘ၀မကူးဘူး။

Ye Zann said...

ဘယ်လိုဘယ်ဖြစ်ဖြစ် မီးရှို့တယ်ဆိုတာ အလွန်ကိုမှ မိုက်ရိုင်းလွန်းပါတယ်

Ye Zann said...

မိုက်ရိုင်းလွန်းပါတယ်

ကောင်းစေချင်သူ said...

များသောအားဖြင်ယောင်္ကျားလေးများဟာ..တစ်ခုသောအကြောင်းအရာဖြင့်ပြု
လုပ်ခံရသောအခါမခံမရပ်နိုင်ဖြစ်ပြီးခွန်အားသုံးဒေါသတကြီးဖြေရှင်လေ့ရှိကြပါ
တယ်..တစ်ခါတစ်လေအမျိုးသမီးများဟာ..နုးညံ့သိမ်မွေ့ပေမယ့်..ပြုလုပ်
တဲ့နေရာမှာယောင်္ကျားလေးတွေထက်အဆများစွာရက်ရက်စက်စက်ပြုလုပ်
တတ်ပါတယ်...အကြောင်းအရာတစ်ခုခုရှိမယ်ထင်ပါတယ်...

laypyaynyin said...

လူစိတ်မရှိတဲ့ကောင် လူသတ်ကားတွေ ကြည့်ပြီး ရူးသွားတာဖြစ်ရမယ်...

nike said...

လင်လုတာပဲဖြစ်ဖြစ်လေ အဲ့လောက်လုပ်စရာလား အဲ့ ကောင်ကြောင်နေတာဖြစ်မယ်

00481111 said...

အဲဇာတ်လမ်းကို စိတ်ဝင်စားတယ်။ အကြောင်းတော့ရှိလိမ့်မယ်

Anonymous said...

ဘယ်လိုအကြောင်းပဲရှိရှိ
အယ်ကိုင်ဒါးတွေလား။
ရက်စက်တဲ့လူမဆန်သောလုပ်ရပ်
အားမပေးဘူးလုံးဝရှုတ်ချတယ်။

albus estine said...

အတိက်က ဘာဖြစ်ခဲ့လဲ သိနိုင်တာမဟုတ်ဘူးလေ

Anonymous said...

တော်တော်မိုက်ရိုင်လိုက်တဲ့ကောင်

Myanmar man said...

ဒါမြန်မာပြည်မှဟုတ်သေးရဲ့လားလို့တောင်ထင်နေမိပြီ။ဘာတွေဖြစ်ကုန်တာလည်း နားမလည်နိုင်တော့ဘူး

အောင်မြင်သူ said...

သူရှို့ ထဲ့မီးကလှည်းတမ်းတခုလုံးလောင်ပြီးအများပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်
ပြီးအားလုံးဒုက္ခရောက်တော့မှာ။
ဆင်ုကင်တုံတရားမဲ့လွန်းအားကြီးပါတယ်။

Friend said...

ဟုတ်ကဲ့ ဗမာလူမျိုးစစ်စစ်တွေပါ။ 2ယောက်လုံးပဲခူးတိုင်းဇာတိ ။ ပညာတတ်တွေပါ။ အမျိုးသမီးကဆရာဝန် လက်ရှိ ရန်ကုန်တိုင်းက
ဆေးရုံတခုမှာထိုင်ပါတယ်။ အမျိုးသားက ရေကြောင်းတက္ကသိုလ်ဆင်း သင်္ဘောလိုက်ပြီးအခုရန်ကုန်မှာနားနေတဲ့အခိုက်ပါ။
ငယ်သူငယ်ချင်း ရည်းစားတွေပါ။ သူတို့လက်ထပ်ဖို့အရေးမှာ အမျိုးသမီးက အမျိုးသားဘက်က အမေနဲ့အဆင်မပြေပါဘူး။
အခင်းမဖြစ်ခင်တရက်က အမျိုးသားမရှိတဲ့အချိန် အမျိုးသားနဲ့သူ့အမေ 2ယောက်နေတဲံ နေအိမ်ကိုသွားပြီး အခန်းရှေ့မှာ
သွားရောက်စကားများပါတယ်။ အမျိုးသားပြန်လာတော့ လှည်းတန်းမှာရှိတဲ့ အမျိုးသမီးအိမ်လိုက်သွားပြီး စကားများပြန်ပါတယ်။
အမျိုးသမီးကလဲ တဖက်ကမခံချင်အောင်တော်တော်လေး ပြောဆိုမိပါတယ်။ ဟိုကပြန်သွားပြီး နောက်တခေါက် ဓါတ်ဆီနဲ့မီးခြစ်
နဲ့ တက်လာပြီး ချိန်းခြောက်ပါတယ် ဆက်မပြောနဲ့တော့ ဆက်ပြောရင်အိမ်ကိုမီးရှို့ပြစ်မယ် ဆိုပြီး ဓါတ်ဆီနဲ့သံပန်းတံခါးကိုလောင်း
အမျိုးသမီးကအနားကပ်လာတော့သူ့ကိုပါရွှဲသွားပါတယ်။ ပြီးတော့ နောက်ဆုတ်နေတယ် ။ နင်ရှို့ရဲရင်လုပ်လိုက်လေ ဘာကောင်မို့လဲ လုပ်ကြည့်
လိုက် ဆိုပြီးဆက်ပြောတော့ ဟိုက မီးခြစ်ကိုခြစ်ပြီးလွှတ်ချလိုက်တယ် ဓါတ်ဆီတွေက စီးနေတော့တံခါးကမီးက စီးကြောင်းလိုက်ပြီး ဓါတ်ဆီ
စိုနေတဲ့အမျိုးသမီးကိုမီးစွဲလောင်ပါတယ်။ လောင်တော့ ပထမကြောင်နေပြီး နောက်တော့ အမျိုးသားက စောင်နဲ့ပတ်ပြီးရေချိုးခန်းထဲခေါ်သွားပြီးမီးငြိမ်းပါတယ်။
တိုက်ခန်းမှာအတူနေတဲ့ ညီမငယ်က အရှေ့ကလူတွေကိုအော်ခေါ်ပြီးမီးငြိမ်းပါတယ်။ မီးသေသွားတယ်။ လူတွေအများကြီးရောက်လာတယ်။ ၀ိုင်းထိုးကြိတ်ပြီး
ရဲစခန်းခေါ်သွားပါတယ်။ အမျိုးသမီးက လူတွေလာတဲ့အထိသတိမလစ်သွားသေးပါဘူး.။ ရဲတွေကို 'သူက ကျွန်မကိုချစ်လို့လုပ်တာပါ' ဆိုပြီးပြောသွားသေးတယ်။
အမျိုးသားကလဲ အခု အချုပ်ထဲမှာနောင်တရနေပြီး ဘာမှဆက်မပြောပါနဲ့ ပေးသမျှ အပြစ်ခံယူပါ့မယ်။ သူ့(အမျိုးသမီး)ကို သိက္ခာကျအောင်ဘာမှမပြောကြပါနဲ့လို့
တခြားလူတွေကိုမှာနေပါတယ်။ အမျိုးသမီးက အခု ရန်ကန်ုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။
အရင်ကလဲရန်ခဏခဏဖြစ်နေကြအတွဲပါ။ အခုတခေါက်ကတော့ ဒေါသကြောင့် မဖြစ်သင့်တာတွေဖြစ်သွားကြတာပါ။ သင်ခန်းစာယူစရာပါပဲ။
တယောက်တမျိုးပြောနေကြလို့ အသိမိတ်ဆွေဖြစ်တဲ့ သူတို့အတွဲအတွက်ရှင်းလင်းပေးတာပါ။ လူမျိုးရေးလဲမပါဘူး။ တာလီဘန်အဖွဲ့ကလဲမဟုတ်ပါဘူး။ တရားခံက
ဆင်ခြင်တုံတရားမရှိခြင်းနဲ့ ဒေါသမထိန်းသိမ်းနိုင်ခြင်း ပါပဲ

Unknown said...

ဆိုးလိုက်တာ မသေလို့တော်သေးတယ်

Unknown said...

တစ်ခုခုဖြစ်တိုင်းဒီလိုတွေလုပ်နေတာ
မဟုတ်သေးပါဘူး
အတုမြင်အတတ်သင်နေကြတာ
မိုက်ရိုင်းလိုက်တာ
ဒီလိုမဖြစ်သင့်ပါဘူး

zaw said...

တူသောအကျိုးပေးပါစေ
စိတ်မကောင်းပါ

Anonymous said...

ရှေ့တွေနောက်တွေ ဘာရှိရှိ ရှိခဲ့ရင်လည်း ဒီလိုမဖြေရှင်းသင့်ဘူး
လူအများစုရဲ့ အသက်အိုးအိမ်ကို မီးလောင်တိုက်သွင်းပြီး ဖျက်ဆီးတာ ဒီလောက်လူမဆန်ပဲ ရက်စက်စွာသတ်ဖြတ်ခဲ့သူကို
အပြင်းထန်ဆုံး အရေးယူသင့်ပါတယ်

Powered by Blogger.