ကမာရွတ် လှည်းတန်း တွင် မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)

ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂၇ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။
ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။

ယနေ့ညနေ ၆ နာရီဝန်းကျင်က လှည်းတန်း ၇ လမ်းရှိ တိုက်ခန်းတခန်းတွင် မိန်းကလေး ၂ ဦးကို ဒဏ်ရာ ရရှိစေခဲ့သည့် ဓါတ်ဆီလောင်း မီးရှို့သူအား ဖမ်းဆီးရမိထားပြီဟု ယင်းလမ်းတွင်နေထိုင်သူများကပြောသည်။

အခင်းဖြစ်ပွားစဉ် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူက ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်ဟု အိမ်နီးချင်းများက ပြောသည်။
မအိမြတ်မွန်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသလျှက်ရှိပြီး မီးလောင်ဒဏ်ရာရထားသော်လည်း သတိမေ့ခြင်းမရှိဟုလည်း မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း မီးသတ်ဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ချက်ကို မနက်ဖြန် နံနက်တွင်မှ လာရောက်ရယူနိုင်ကြောင်း ဖြေကြားခဲ့သည်။ ။
Yangon Press International
ကမာရွတ် လှည်းတန်း တွင် မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား ကမာရွတ် လှည်းတန်း တွင် မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 11:35 Rating: 5

31 comments:

ဇာမဏီ said...

ဟ ဘာတွေဖြစ်နေကြပီလဲ မြန်မာတွေ။ ဟေ... သောက်ကျင့်တွေ
ကဘာတွေဖြစ်ကုန်ကြပီလဲ။အဲလောက်တောင်မိုက်ရိုင်းရက်စက်
တတ်ကုန်ကြပီလား။

ko yeဲ said...

ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း မီးသတ်ဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ချက်ကို မနက်ဖြန် နံနက်တွင်မှ လာရောက်ရယူနိုင်ကြောင်း ဖြေကြားခဲ့သည်။ တဲ့
အဓိပ္ပါယ်မရှိတာကွာ သတင်းပဲ အခုသိရသလောက် သိတဲ့အတိုင်းပြောရတဲ့ဟာကို
ဘာ ရက်ချိန်းတွေဘာတွေရှောက်ပြောနေတာလဲ ဘာလဲ မိန်းမနဲ့တိုင်ပင်ရဦးမှာား
အဖေတွေစီ လှမ်းမေးရဦးမှားလား သူများပြောခိုင်းသလိုပြောတာ သတင်းမဟုတ်ဘူး အတင်း
ကိုသိရတဲ့အကြောင်းကို သတိတဲ့အတိုင်း သိသလောက် အမြန်ဆုံး ထုတ်ပြန်တာမှသတင်းကွ

babyguy said...

ဒီလောက်တောင်ဖြစ်ကုန်ပီလား ဘယ်ကြောင့်ပဲဖြစ်ဖြစ်မီးရှို့သူကိုထိရောက်စွာအရေးယူသင့်ပါကြောင်း

လင်းလင်း said...

အဲလောက်စောက်ကျင့်၇ုတ်တဲ့ကောင် အဲဒီ့ကောင်ကိုဒီဇယ်လောင်းမီးပြန်၇ှို့ပြီးသတ်ပြစ်လိုက် ပြတ်ပြတ်သားသားလုပ်ပါ လူတွေဟာတဖြည်းဖြည်းနှင့်ကိုယ်ခြင်းစာတ၇ားတွေမ၇ှိကြတော့ဘူး

myochitthway said...

ဘယ်လိုမှ မဖြစ်ပါဘူး။ အရင်တုန်းကလဲ ဒါမျိုးတွေရှိခဲ့ပါတယ်။ မီဒီယာမပွင့်လင်းလို့ ဒီလိုမသိရတာပါ။

Unknown said...

ဟာ ဓာတ်ဆီတွေဈေးတက်နေတယ်ဟ!

kay kay said...

မီးရှို့တဲ့ သူကို ထိထိရောက်ရောက် အရေးယူပေးပါ

အရမ်းကို မိုက်ရိုင်း ရက်စက်လွန်းပါတယ် လူမှဟုတ်ရဲ့လား
ဓါးနဲ့ ထိုးရင်တောင် အဲလောက်ခံစားရမှာ မဟုတ်ဘူး
ဗမာမှ ဟုတ်ရဲ့ လား ..................

Ma Ma Hnin ze said...

လူမဆန်လိုက်တာ ကိုယ်အသားကိုဖယောင်းစက်လေးတစ်စက် ကြရင်တောင် နာကြာတာကိုသူမို့လိုမညှာမတာ ယောင်္ကျားတစ်
ယောက် ဖြစ်ပြီး မိန်းကလေးကိုကာကွယ်ပေးဖိုနေနေသာသာ
သူကိုတိုင်နှိပ်စက်နေတယ်။ ခွေးသူတောင်းစားကြီး

taw thar gyi said...

ဒါမျိုးကြတော့...ဟာမူရာဘီ..ကိုယ်ဒ..ဥပဒေကိုကြိုက်တယ်ဗျာ..
ခွေးသား..မိမစစ်ဖမစစ်ကောင်ကို..မီးပြန်ရှို့ရမယ်..

Anonymous said...

နိုင်ငံတော်အစိုးရကိုတောင်းဆိုချင်ပါသည်။
မြန်မာနိုင်ငံကိုဒီမိုကရေစီလျှောက်လှမ်းစဉ်မှာ
အမျိုးသမီးများရဲ့ဘ၀ကိုကာကွယ်စောင့်ရှောက်ရေ့းဥပဒေတရပ်
ထုတ်ပြန်သင့်ပါတယ်။
အထူးသဖြင့်အိမ်ထောင်သယ်အမျိုးသမီးတို့ရဲ့
ဘ၀ကိုကာကွယ်စောင့်ရှောက်စေချင်တာပါ။
လင်ယောကျာင်္းတော်တော်များများကသားသမီးရလို့
အိမ်ထောင်သက်ကြာလာပြီဆိုရင်
အပြင်မှာအပျော်ရှာတယ်။ရှာသမျှအပြင်မှာကုန်တယ်။
အိမ်ကမိန်းမကိုဈေးဖိုးလောက်သာပေးပြီး
နှီပ်စက်သေးတယ်။မိန်းမကသိလို့ပြသာနာတက်လို့က
နောက်မယားယူပြီးခလေးနဲ့မိန်းမတွေကို
အပြစ်မရှိပစ်ထားခဲ့တယ်။အိမ်ထောင်တခုကိုအလွယ်တကူဖျြိ
ခွဲကြတဲ့ယောကျာင်္းတွေအတွက်အတားဆီးတခုအဖြစ်
အိမ်ထောင်ရေးကိုအလွယ်တကူဖြိုဖျက်သူကို
ပြင်းထန်တဲ့ဥပဒေတခုနဲ့တားမြစ်မယ်ဆိုရင်
အနာဂတ်မှာအမျိုးသမီးနဲ့သားသမီးတွေကိုကာကွယ်
ရာရောက်ပါတယ်။မိန်းမကိုနိုင်ထက်စီးနင်းညှင်းပန်း
နှိပ်စက်မှုကိုလညိးပြင်းထန်တဲ့ဥပဒေပြဌာန်းပေးမယ်ဆိုရင်
တော်တော်လေးအဆင်ပြေမယ်။
ခုလိုရက်စက်တာမိန်းကလေးကိုအနိုင်ကျင့်ဗိုလ်ကျတာပဲ
အရေးယူပေးကြပါ။

ZawMinAung said...

လူသားမဆန်တဲ့တဲ လုပ်၇ပ်အတွက်အ၇မ်းဝမ်းနည်းမိပါတယ် အပြစ်ကျူးလွန်သူကို ထိထိေ၇ာက်ေ၇ာက်အေ၇းယူပေးပါ

Unknown said...

လွင်ဦးဆိုသူအား ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။
မြန်မာလူမျိုးဖြစ်ပြီး မင်းအစ်မ မင်းညီမတွေကို အဲဒီလိုအရှင်လတ်လတ် ဓါတ်ဆီလောင်းပြီး မီးရှို့ရင် မင်းဘယ်လိုနေမလဲ။

Anonymous said...

မိုက်ရိုင်းလိုက်တာ . . ဒီကောင့် ကို တစ်သက်တစ်ကျွန်း ပို့ ရင်တောင် မတန်ဘူး . . .

နတ်ဆိုး said...

အဟိ ဖယောင်တိုင်ထွန်းပြီဆန္ဒပြတာ အားမရလို ချစ်သူကို မီးရှိုပြီပြတာလားမသိဘူးနော်

shein said...

ငါ့အထင်တော့ လူမျိုးခြားတစ်ယောက်ပဲ ဖြစ်မှာပေါ့။ မြန်မာနိုင်ငံသားခံထားတဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းကထင်တယ်။

True Angel said...

တစ်ခွန်းပဲပြောမယ်..... စောက်ရူး

U 2 said...

မီးရှို.တဲ.တရားခံကိုအများရှေ.မှာမီးရှိုပြီးသတ်ပြစ်လိုက်ပါ

Unknown said...

kay kay ရေ သူ့ ထက်ယုတ်မာတဲ့ ဗမာတွေ မြန်မာပြည်ထဲမှာ အများကြီးရှိသေးတယ်။အဲဒီလူတွေဘယ်ပို့ ရမလဲကွာ။

ဖိုးဖိုးကြီး said...

အင်း---မင်းမဲ့စရိုက်ဆန်နေပါလား။ ဘယ်လိုဘဲပြောပြော-ရက်စက်ယုတ်မာ
တဲ့-ဒီလူမဆန်တဲ့ လူယုတ်မာကို ပြင်းပြင်းထန်ထန်အပြစ်ပေးဘို့-သက်ဆိုင်ရာ
လူကြီးမင်းများက ထိထိရောက်ရောက် အပြစ်ပေးသင့်ပါတယ်။
ဘယ့်နဲ့-မိန်းခလေးကို ဓါတ်ဆီလောင်း မီးရှို့ သတဲ့။ ဘာအကြောင်းဘဲရှိရှိ-
ဒီလိုဖြေရှင်းတာတော့မကောင်းပါဘူး။

Soe said...

ဒီလိုလုပ်၇တာကတော့ သူ့အကြောင်းနဲ့သူတော့ ၇ှိမှာပေါ့
ဒါပေမယ့် ယောင်္ကျား တစ်ယောက်အနေနဲ့ ဒီလိုလုပ်တာကတော့ အ၇မ်းကို လူမဆန်၇ာကျပါတယ်
အဲဒါနဲ့ ခပ်ဆင်ဆင် အက်စစ်နဲ့ ပက်တာလည်း ကြားဘူးပါတယ် စိတ်နာ လို့ နာကျဉ်းချက် ၇ှိလို့ သတ်ချင်ယင် ဓါးနဲ့ထိုး တုတ်နဲ့ ၇ိုက်သတ်နိုင်ပါတယ်
ကျန်တဲ့ နည်းတွေ နဲ့တော့ မလုပ်ကြပါနဲ့

saw said...

သေချာတာတစ်ခုက မြန်မာတော်တော်များများ ကိုယ်ချင်းစာတရားခေါင်းပါးလာလို့ပါ.စာပေဗဟုသုတနည်းတာရယ် ကိုယ်လုပ်လို့ရလာမဲ့ အကျိုးအပြစ်ကို ဝေခွဲနိင်တဲ့ အသိတရားမရှိလို့ပါ.လွင်ဦးဆိုတဲ့သူလိုမျိုး အကောင်းအဆိုးမဝေခွဲနိင်တဲ့သူတွေ မြန်မာနိင်ငံမှာ များပါတယ်.

Unknown said...

တော်တော်ဆိုးနေပါလား
ထိထိရောက်ရောက်ပြစ်ဒဏ်ပေးသင့်တယ်
စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်နေတာလား

Tun Tun Aung said...

မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။(popular news journal)

redlight said...

မည်သည့်ကိစ္စကြောင့်ဖြစ်စေ အလွန်ရက်စက်သည့် အပြုအမှုဖြစ်သည်။ ပြင်းထန်စွာ အရေးယူသင့်သည်။

Friend said...

ဗမာလူမျိုးစစ်စစ်တွေပါ။ 2ယောက်လုံးပဲခူးတိုင်းဇာတိ ။ ပညာတတ်တွေပါ။ အမျိုးသမီးကဆရာဝန် လက်ရှိ ရန်ကုန်တိုင်းကဆေးရုံတခုမှာထိုင်ပါတယ်။ အမျိုးသားက ရေကြောင်းတက္ကသိုလ်ဆင်း သင်္ဘောလိုက်ပြီးအခုရန်ကုန်မှာနားနေတဲ့အခိုက်ပါ။ငယ်သူငယ်ချင်း ရည်းစားတွေပါ။ သူတို့လက်ထပ်ဖို့အရေးမှာ အမျိုးသမီးက အမျိုးသားဘက်က အမေနဲ့အဆင်မပြေပါဘူး။အခင်းမဖြစ်ခင်တရက်က အမျိုးသားမရှိတဲ့အချိန် အမျိုးသားနဲ့သူ့အမေ 2ယောက်နေတဲံ နေအိမ်ကိုသွားပြီး အခန်းရှေ့မှာသွားရောက်စကားများပါတယ်။ အမျိုးသားပြန်လာတော့ လှည်းတန်းမှာရှိတဲ့ အမျိုးသမီးအိမ်လိုက်သွားပြီး စကားများပြန်ပါတယ်။အမျိုးသမီးကလဲ တဖက်ကမခံချင်အောင်တော်တော်လေး ပြောဆိုမိပါတယ်။ ဟိုကပြန်သွားပြီး နောက်တခေါက် ဓါတ်ဆီနဲ့မီးခြစ်နဲ့ တက်လာပြီး ချိန်းခြောက်ပါတယ် ဆက်မပြောနဲ့တော့ ဆက်ပြောရင်အိမ်ကိုမီးရှို့ပြစ်မယ် ဆိုပြီး ဓါတ်ဆီနဲ့သံပန်းတံခါးကိုလောင်း အမျိုးသမီးကအနားကပ်လာတော့သူ့ကိုပါရွှဲသွားပါတယ်။ ပြီးတော့ နောက်ဆုတ်နေတယ် ။ နင်ရှို့ရဲရင်လုပ်လိုက်လေ ဘာကောင်မို့လဲ လုပ်ကြည့်လိုက် ဆိုပြီးဒေါသနဲ့ဆက်ပြောတော့ ဟိုက မီးခြစ်ကိုခြစ်ပြီးလွှတ်ချလိုက်တယ် ဓါတ်ဆီတွေက စီးနေတော့တံခါးကမီးက စီးကြောင်းလိုက်ပြီး ဓါတ်ဆီစိုနေတဲ့အမျိုးသမီးကိုမီးစွဲလောင်ပါတယ်။အောက်ကဓါတ်ဆီအပုံလိုက်နဲ့မီးရှို့လိုက်သလိုဖြစ်သွားတယ်။ လောင်တော့ ပထမကြောင်နေပြီး နောက်တော့ အမျိုးသားက စောင်နဲ့ပတ်ပြီးရေချိုးခန်းထဲခေါ်သွားပြီးမီးငြိမ်းပါတယ်။တံခါးဖွင့်တာနဲ့ စောင်သွားယူတာနဲ့ အချိန်တွေကြားထဲမှာ အသက်ထိခိုက်စေလောက်အောင် လောင်ကျွမ်းသွားခဲ့တာပါ။တိုက်ခန်းမှာအတူနေတဲ့ ညီမငယ်က အရှေ့ကလူတွေကိုအော်ခေါ်ပြီးမီးငြိမ်းပါတယ်။ မီးသေသွားတယ်။ လူတွေအများကြီးရောက်လာတယ်။ ၀ိုင်းထိုးကြိတ်ပြီးရဲစခန်းခေါ်သွားပါတယ်။ အမျိုးသမီးက လူတွေလာတဲ့အထိသတိမလစ်သွားသေးပါဘူး.။ ရဲတွေကို 'သူက ကျွန်မကိုချစ်လို့လုပ်တာပါ' ဆိုပြီးပြောသွားသေးတယ်။ အမျိုးသမီးက အခု ရန်ကုန်ုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း 29 ရက်နေ့ မွန်းလွဲပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။အရင်ကလဲရန်ခဏခဏဖြစ်နေကြအတွဲပါ။ အခုတခေါက်ကတော့ ဒေါသကြောင့် မဖြစ်သင့်တာတွေဖြစ်သွားကြတာပါ။ သင်ခန်းစာယူစရာပါပဲ။တရားခံက ဆင်ခြင်တုံတရားမရှိခြင်းနဲ့ ဒေါသမထိန်းသိမ်းနိုင်ခြင်း ပါပဲ။

ဒီမိုမောင် said...

င်္င်္ိFriend ရဲ့ပေးပို့မှုကိုလက်ခံသဘောတူပါတယ်
ပြီးတော့ပြည်သူလူထုကြားထဲကိုအမှန်တရားလေးတွေပဲပြောပြပေးသွားပါလို့ထပ်မံတောင်းဆိုချင်ပါတယ်
ဒါမှလဲအမှားအမှန်ကိုခွဲခြားနိုင်မှာပါ
ဒါနဲ့ခင်ဗျားကအကြောင်းအရာအစုံကိုသိနေတယ်ဆိုတော့
ဘာကြောင့်လဲ
ရှင်းပြပေးပါခင်ဗျာ။

ဒီမိုမောင် said...

သူ့ချစ်သူကောင်မလေးကို က ကံဆိုးတာပါ။
တံခါးကိုလောင်းနေတဲ့ ဓါတ်ဆီ နားကိုသူ့ကသွားတာကိုး
အေးလေ
ချစ်သူဆိုတော့လဲ အမှားလုပ်မိမှာစိုးလို့နေမှာပေါ့
အေးလေ
ကံဆိုတာက အရမ်းကြောက်ဖို့ကောင်းတာပဲ
သွားလေသူလေး နောက်နောင်ဘ၀တွေမှာ ချစ်ရသူနဲ့ပေါင်းဖက်နိုင်ပါစေဗျာ

aungaung said...

ထောင်ချယုံ တသက်တကျွန်းနဲ့ ဒီကောင်စိတ်ဓါတ်ပြုပြင်မှာမဟုတ်ဘူး
တူသောအကျိုးပေးရမှာ ဒါပေမယ်ဥပဒေကပါရိုက်ရင်ဒါဏ်ငွေက၁၅၀၀ကျပ်
နောက်ဒါမျိုးတွေမလုပ်ရဲအောင်ဘယ်လိုဥပဒေမျိုးနဲ့ ကာကွယ်ရမလည်း
ဥပဒေကို ဥပဒေပညာရှင်တွေလေးစားကြပါ

Anonymous said...

ဒေါသဖြစ်ရင် မှားတတ်ကြတယ်။တော်တော်များကြတယ် ဒေါသကြောင့်မှားကြတာတွေ ၊ဖြစ်ပြီးမှလဲ နောင်တတွေ ရနေကြတယ်။
ဒေါသဆိုတာ မကောင်းဆိုးဝါးတစ်ကောင်လိုပါပဲ။ရှောင်ကြတာကောင်းပါတယ်။

saiminkhant said...

မိုက်ရိုင်းလိုက်တာကွာ
ဒီမိုကရေစီခေတ်မှာ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး
အခုဖြစ်နေတဲ့သတင်းကို အခုထုတ်ပြန်ပေါ့ကွ

ptz said...

ဒီကောင်လူစိတ်တော့ရှိသေးလား။။။

Powered by Blogger.