စိုင်း​နော်ခမ်း​ကို တရုတ်နိုင်ငံကို လွှဲ​ပြောင်း​ပေး​အပ်

တရုတ်သ​င်္ဘောသား​ ၁၃ ဦး​ကို ပြီး​ခဲ့​တဲ့​နှစ်က မဲ​ခေါင်မြစ်ထဲမှာ သတ်ဖြတ်ခဲ့​မှု သံသယနဲ့​ တရုတ်အစိုး​ရက အလိုရှိ​နေတဲ့​ မူး​ယစ်ရာဇာ စိုင်း​နော်ခမ်း​ကို လာအို အစိုး​ရက တရုတ်နိုင်ငံ ကို ဒီ​နေ့​လွှဲ​ပြောင်း​ပေး​အပ်လိုက်ပါတယ်။

နော်ခမ်း​ကို စင်း​လုံး​ငှား​လေယာဉ်နဲ့​ လာအိုနိုင်ငံက​နေ တရုတ်နိုင်ငံကို ပို့​ဆောင်လိုက် တာဖြစ်ပြီး​ တရား​ဝင် အခမ်း​အနား​နဲ့​ လွှဲ​ပြောင်း​ပေး​အပ်ခဲ့​တယ်လို့​ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား​တွေမှာ ထုတ်လွှင့်​သွား​ခဲ့​ပါတယ်။

တရုတ် ဆင်ဟွာသတင်း​မှာ​တော့​ တရုတ်ပြည်သူ့​လုံခြုံ​ရေး​ဌာနရဲ့​ မူး​ယစ်​ဆေး​ဝါး​ ထိမ်း​ချုပ်​ရေး​ ဗျူရိုအဖွဲ့​က ညွှန်ကြား​ရေး​မှူး​ လီယူ ယူကျွင်း​က နယ်စပ်ဖြတ်​ကျော် ရာဇဝတ်မှု တိုက်ဖျက်​ရေး​မှာ တရုတ်၊​ လာအို၊​ မြန်မာနဲ့​ ထိုင်း​ ၄ နိုင်ငံ အတူတကွ လုပ်​ဆောင်ခဲ့​ပါတယ်။ ပြီး​တော့​ ​နော်ခမ်း​နဲ့​ သူ့​ရဲ့​ အဓိက အဖွဲ့​ဝင်​တွေကို ​အောင်မြင်စွာ ဖမ်း​ဆီး​နိုင်ခဲ့​ပြီး​ မဲ​ခေါင်မြစ် တ​လေ်ွာက် လုံခြုံ​ရေး​နဲ့​တည်ငြိမ်​ရေး​ကို ထိန်း​သိမ်း​နေပါတယ်လို့​ ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြပါတယ်။

စိုင်း​နော်ခမ်း​ကို ပြီး​ခဲ့​တဲ့​နှစ် ​အောက်တိုဘာလဆန်း​ပိုင်း​က မဲ​ခေါင်မြစ်ထဲ သွား​လာ​နေတဲ့​ တရုတ်ကုန်တင်သ​င်္ဘော ၂ စီး​ကို တိုက်ခိုက်ပြီး​ တရုတ် သ​င်္ဘောသား​တွေကို ပြန်​ပေး​ဆွဲ သတ်ဖြတ်မှုအပြင် ​ဒေသတွင်း​ မူး​ယစ်မှု၊​ လူသတ် ဓား​ပြမှု​တွေနဲ့​ ထိုင်း​၊​ မြန်မာနဲ့​တရုတ်နိုင်ငံ​တွေက အလိုရှိ​နေတာပါ။

တရုတ်အစိုး​ရက​တော့​ ဒီပြစ်မှု​တွေကို စုံစမ်း​စစ်​ဆေး​ပြီး​ ကျူး​လွန်သူ​တွေကို တရား​ဥပ​ဒေအတိုင်း​ အ​ရေး​ယူဖို့​ အမိန့်​ပေး​ထား​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ စိုင်း​နော်ခမ်း​ကို ဘယ်လို တရား​စီရင်မယ် ဆိုတာ​တော့​ မသိရ​သေး​ပါဘူး​။

ထိုင်း​နိုင်ငံကလည်း​ စိုင်း​နော်ခမ်း​ကို မူး​ယစ်​ဆေး​ဝါး​မှု​တွေနဲ့​ ဆု​ငွေ ဘတ် ၂ သန်း​နဲ့​ ဖမ်း​ဝရမ်း​ထုတ်ပြီး​ ​နောက်ရက် အနည်း​ငယ်အကြာ ဧပြီလ ၂၅ ရက်​နေ့​လောက်က လာအိုနိုင်ငံမှာ ဖမ်း​ဆီး​ရမိခဲ့​တာလို့​ ထိုင်း​ သတင်း​စာ​တွေမှာ ​ဖော်ပြခဲ့​ပါတယ်။

စိုင်း​နော်ခမ်း​ဟာ ရှမ်း​ပြည်​မြောက်ပိုင်း​ မိုင်း​ရယ်ဇာတိဖြစ်ပြီး​ ခွန်ဆာရဲ့​ အမ်တီ​အေ မုန်တိုင်း​တပ်ဖွဲ့​ဝင်​ဟောင်း​နဲ့​ တာချီလိတ် ပြည်သူ့​စစ်တပ်​ခေါင်း​ဆောင် ​ဟောင်း​လည်း​ ဖြစ်ပါတယ်။ သူ့​ကို မြန်မာအစိုး​ရကလည်း​ မူး​ယစ်​ဆေး​ဝါး​မှောင်ခိုမှု ရဲတပ်ဖွဲ့​ဝင်​တွေကို သတ်ဖြတ်မှု​တွေနဲ့​အလိုရှိ​နေတာပါ။
ပီတာအောင် (ဒီဗွီဘီ)
စိုင်း​နော်ခမ်း​ကို တရုတ်နိုင်ငံကို လွှဲ​ပြောင်း​ပေး​အပ် စိုင်း​နော်ခမ်း​ကို တရုတ်နိုင်ငံကို လွှဲ​ပြောင်း​ပေး​အပ် Reviewed by သစ်ထူးလွင် on 16:35 Rating: 5

12 comments:

Anonymous said...

ဗမာ့တပ်မတော်ထဲကလူကိုဗမာပြည်ကိုပဲ
အပ်သင့်တာပေါ့။ဘာလို့ပေါက်ဖေါ်လက်ထဲထည့်တာလဲ။

mosquito said...

ဘာလို့ တရုပ်ကိုလွဲရတာလဲ ... မြန်မာနိင်ငံသားတစ်ယောက်ကို၊
မြန်မာနိင်ငံဥပဒေနဲ့အရေးယူရမှာ မဟုတ်ဘူးလား ။...

aeemondra said...

စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်ပါသည်။
မြန်မာအစိုးရကလည်း အလိုရှိသူတစ်ဦးဖြစ်ပါသည်။
မြန်မာအစိုးရမှ ပြန်လည်တောင်းခံသင့်ပါသည်။ နိုင်ငံတကာတွင် အိမ်ရှင်နိုင်ငံ၏ ဥပဒေအား ဖောက်ဖျက်ခဲ့သည့် မိမိနိုင်ငံသားများအား မိခင်နိုင်ငံများမှ ပြန်လည်တောင်းခံသည့် အစဉ်အလာများ ရှိပါသည်။
ဘိန်းဘုရင် လော်စစ်ဟန် (အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်၏ ဖခင်) အား ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာအစိုးရမှ လွှဲပြောင်းရယူခဲ့သည့် အစဉ်အလာ ရှိခဲ့ပါသည်။
ယခုဖြစ်စဉ်အား တတ်သိပညာရှင်များမှ ဆောင်းပါး ရေးသားသင့်ပါသည်။

zaw hlaing oo said...

မြန်မာနိုင်ငံသားဖြစ်သည့်အတွက် မြန်မာအစိုးရမှပြန်တောင်းခံသင့်ပါသည်။ပေါက်ဖေါ်ဆီရောက်သွားရင် သေဒဏ်ပေးမှာပေါ့။

zay said...

အော်.....ဦးလေးတို့ကလဲပြောမယ်ဆိုတာကြီးပဲ အဲဒီချေးထုပ်ကိုလိုချင်နေလဲ တရုပ်ကနေခင်များတို့အိမ်တွေကိုပို့ခိုင်းလိုက်မယ်.. မဟုတ်တဲ့နေရာမှာတော့မျိုးချစ်စိတ်ဓာတ် တော်"ရှိကြတယ်

ချစ်ဖူး said...

လာအိုအစိုးရက မခန့်တာ

မဒမ်ကိုး said...

စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံတွင်မွေးဖွားသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့အတွက် သူ ဘယ်လိုဘဲ လူတွေကိုသတ်သတ် ဘာတွေဘဲလုပ်လုပ် .ဘယ်နိုင်ငံကဘဲအလိုရှိရှိ . မြန်မာပြည်ကပြန်လည်တောင်းခံပြီး မြန်မာနိုင်ငံရဲ့ဥပဒေအတိုင်းသာ အရေးယူသင့်ပါသည်။ မည်သည့်အကြောင်းနှင့်မျှ တရုတ်နိုင်ငံလက်ထဲထည့်လိုက်စရာအကြောင်းမရှိပါ ။

pyaponthu said...

လာအိုက မျက်နှာလိုမျက်နှာရ တရုတ်ကိုအပ်တယ်။မြန်မာပြည်သားမြန်မာပြည်ကိုဘဲအပ်ရမှာ ။လာအိုကဖားဖားယားယားတရုတ်ကိုမျက်နှာလုပ်တယ်။မြန်မာအစိုးရက ပြန်တောင်းဆိုသင့်တယ်။တ၇ုတ်လူပါးဝတယ်။

p@!Thu said...

ဖမ်းပါမူးရစ်ဆေးဝါးခေါင်းဆောင်အားလုံးကိုဖမ်းပြီးသေမိန့်ချပါတိုင်းပြည်ဖျက်ပြည်သူဖျက်ကောင်တွေအားလုံးကိုဖမ်းပါ......

zay said...

အရေးထဲချေးထုပ်လုနေကြသေးတယ် ....

PwaG said...

ရှင်းနေတဲ့ကိစ္စကိုဖွခြင်နေကြတယ်။
ဒီလိုကောင်မျိုးတွေဘယ်နိုင်ငံကဘဲဖမ်းဖမ်း အဓိကမူးယစ်ဆေးဝါးကိစ္စ၊လူသတ်တဲ့ကစ္စတွေလျော့ကျဖို့ကအဒီလိုကောင်တွေများများရှင်းသွားဖို့ပဲ။အချိန်ကုန်အလုပ်ရှပ်ပြီးဘာလို့ မြန်မာပြည်ကိုခေါ်ခြင်နေကြတာလည်း။ဆွေမျိုးတေါ်လို့ထောင်စာသွားတွေ့ရမှာဝေးလို့လား။ဖွချင်ရင်လည်း
ရိုဟင်ဂျာ လို ကိစ္စမျိုးဖွကြပါလါး။။

တန`င်္လာကိုကို said...

PwaG ပြောတဲ.ရိုဟင်ဂျာကိစ္စကငါတို.ညီညီညွတ်ညွတ်ကာကွယ်ဖြေရှင်း
ရမည်.ကိစ္စ OK ငါကြိုက်တယ်။

Powered by Blogger.