ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ
နယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီ
လမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွား
ခဲ့သည်ဟုသတင်းရရှိသည်။
 ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလမ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာ
တိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်
ပြုတ်ကျသွားသည်ဟု သိရသည်။“ကားကျတာနှင့်တစ်ပြိုက်နက်မီးတွေထ
လောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့ သူကငယ်
ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်း
သိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။
  ည ၁၀ နာရီ ၅၅ မိနစ် မှာမီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်လိုက်
တယ်” ဟုမျက်မြင်သက်သေတစ်ဦး ကပြောပြသည်။ ထိုကဲ့သို့မော်တော်
ယာဉ်တိမ်းမှောက်မီးလောင်မှုသည် ယခင်ကဖြစ်ပွားခဲ့သော်လည်း ပြိုင်ကား
တိမ်းမှောက် မီးလောင်မှု မှာမရှိခဲ့ဘူးသေးကြောင်းသတင်းရရှိသည်။
Popular Myanmar News Journal 
တိမ်းမှောက်သွားတဲ့ ပြိုင်းကား (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:21 Rating: 5

60 comments:

ZAWAUNG said...

လူကြီးသားသမီးပဲနေမှာ..
တိုင်းပြည်က ခိုးထားတဲ့ငွေနဲ့ကားဝယ်စီး
ပျော်ပါးလွန်တော့ နာတာပေါ့..ခိုးတဲ့ကောင်တွေသတိထား.
မင်းတို့မဖြစ်ရင်တောင်မင်းတို့သားတွေသမီးတွေမြီးတွေလက်ထက်မှာဖြစ်မှာ..
လက်တွေ့ပဲ..နေ၀င်းသားသမီးတွေလည်းဒီတိုင်းပဲ..

su said...

သေဟ။ ပိုက်ဆံရှိ ဥပဒေမဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ ကောင်တွေ။

Unknown said...

အဲဒီပြိုင်ကားလေတွေကရန်ကုန်မှာလည်းသောင်းကျန်းတယ်ဗျ၊ ညတက်စီမောင်းတဲ့လူတွေလည်းသူတို့ပဲကြောက်နေရတာ၊ အခုတော့တစ်
ယောက်ဇာတ်သိမ်းသွားပြီပေါ့။

konamazu said...

မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါအားလုံး အာမခံရှိကြပါတယ်။သို့သော် ထိုနိုင်ငံအားလုံးတို့တွင် မရှိကြသော အာမခံရှိပါသည်။ထိုအရာသည် "ဖင်ယားမှုအာမမခံ"ဖြစ်ပါသည်။

kyaw tun naing said...

ဒီလိုမျိုးတန်ဖိုးကြီးကားတွေစီနိုင်မှတော့ --- အဲ့အသိုင်းထည်းကပဲနေမှာပါ...

ကောင်းကောင်း said...

ပိုက်ဆံရှိတဲ့သားသမီးတွေဘဲလုပ်ကြပေါ့

ဆုလာဘ် said...

ကားတိမ်းမှောက်သွားတော့သေဆုးံသူရဲ့နာမည် နေရပ်လိပ်စာလည်းမပါပါလား ယဉ်ထိမ်းရဲတွေအရေးမယူရဲတဲ့လူများဖြစ်နေပြီထင်တယ် ကားကတော့တော်ရုံတန်ရုံလူဝယ်မစီးနိုင်တဲ့ကားအမျီုးအစားဘဲ ငွေကိုအလကားရပြီငွေတန်ဖိုးကိုမသိတဲ့လူဘဲဖြစ်မှာပါ ကိုယ်ချင်းတော့စာပါတယ် ဒါပေမဲ့ပြည်သူ့ကိုခေါင်ပုံဖြတ်မယ့်လူတယောက်လျော့သွားတာပေါ

ဆုလာဘ် said...

ဒီလိုကားမျီုးကိုတော့သူ့ရဲလုပ်အားနဲ့တော့စီးနိုင်မယ်မထင်ဘူး ဘာလို့လဲဆိုတော့အသက်က၂၅ နှစ်ဘဲဆိုတော့ အလကားရတဲ့ငွေလို့ဘဲထင်တယ် ဥပမာ နေရာကောင်းမှာမြေကွက်ကိုသိမ်းတယ် လန၃၉ ကိုအာဏာသုးံပြီးလုပ်ခိုင်းတယ် သိန်းသောင်းနဲ့ချီရောင်းတယ် ရပြီငွေ တဖက်ခံရတဲ့လူကမျက်ရည်ကျရတာဘဲ ကိုယ်ချင်းစာပါ နားလည်ပေးပါ

crusekoole said...

တော်သေးတာပေါ့  သူများ ကို ဒုက္ခမပေးပဲ ကိုယ့် ပါကိုယ် သေသွား လို့  သူများ ကို တိုက်သွားရင် တော့  မတွေးရဲ ပါ

မီးအိမ် said...

ညပိုင်းအချိန်များတွင် ပြိုင်ကားအန္တရယ်ကိုကြောက်ရပါသည်၊ ဝူး ကနဲ့ အသံကြားလိုက်ရပြီး အရှိန်ပြင်းစွာပြေးလာခြင်းကို မြင်သည်နှင့် လမ်းဘေးပြေးဆင်းရပါသည်၊ ကြောက်လို့ပါ၊

ဇာမဏီ said...

မှုးကြီးတို့ ၊ချုပ်မှုးတို့၊ မှုးချုပ်တို့ သားသမီးတွေဘဲနေမှာပေါ့ ။
သူတို့တွေဘဲ ဒီနိုင်ငံမှာ မူးပီးရှုပ် ၊ ရှုပ်ပီးမူး လုပ်နေနိုင်တာ။

zaw hlaing oo said...

ဆန်ကုန်မြေလေးတယောက်လျှော့သွားတာပေါ့

ဦးညီသာ said...

ကားနံပါတ် ရှိ / မရှိ သိရရင် ပိုကောင်းမယ်

thatonthar said...

BMW.....ကားတွေကဒီလောက်ကိုအာမခံချက်ရှိတာဘယ်လိုဖြစ်တာလဲဗျာ
လူကြီးသာသမီတွေဘဲနေမှာပေါ့

aristhteinwin said...

ဘယ်သူလဲ သိချင်ရင် ယမမင်းဆီ မေးနိုင်ပါတယ်။ အ၀စိ ခုံးရုံးမှာ အစစ်ခံဘို့ ရောက်ရှိနေပါပြီ။ ဘာဘဲပြောပြော ယမမင်းခုံးရုံးက မြန်မာနိုင်ငံတရားရုံးကို အကျဉ်းရုံးပြီး ပြီးစလွယ် မစစ်ပါဘူး။ မျှမျှတတ စစ်ပါတယ်။

SOE TINT said...

နိုင်ငံတော်ဈာပန လုပ်ပေးလိုက်ကြပါ့

SOE TINT said...

နိုင်ငံတော်ဈာပန လုပ်ပေးလိုက်ကြပါ့

ချစ်ဖူး said...

သတင်းပိုတိကျသင့်ပါတယ်။ ကားနံပါတ် အမည် ဘာညာပေါ့

SOE TINT said...

နိုင်ငံတော်ဈာပန လုပ်ပေးလိုက်ကြပါ့

mad dog said...

နေပြည်တော်မှာ bmw ပြိုင်ကားစီး ပြီး စောက်၇မ်းမောင်းတယ် ဆိုကတည်းက ဘယ်သူ့သားဆို တာ မမေးလည်းလူတိုင်းသိတယ်။ ဟို မျောက်ကလေး ဖြစ်ပါ စေ။။

Ma Ma Hnin ze said...

သေတာပဲကောင်းတယ်။သူတို့ရှိနေရင်လဲတိုင်းပြည်အတွက် ကောင်းကျိုးပေးမှာမဟုတ်ဘူး။အချင်းချင်း ပြိုင်ဆိုင်ကြ။ဖွန်ကြောင်ကြနဲတိုင်းပြည်တိုးတက်အောင်ဘယ်လိုလုပ်မယ်ဆိုတာသူတတို့ အတွေးထဲမှာရှိတာမဟုတ်ဘူး။ပေါ့ပေါ့နေပေါ့ပေါ့ စားတွေလေ။လိုချင်တာတွေရနေတော့ သူတို့ အင်းအားနဲဘာမှအားမထုတ်တောဘူးလေ၊မိဘတွေ အလုပ်ပြုတ်ကြည့်ပါလား တစ်ခါထဲကို ဖာသည်တွေ၊သူတောင်းစားတွေ၊ပလားစတစ်ကောက်သမှားတွေဖြစစ်ကြမှာ။

Maunglusoe said...

ပေါ်ပြူလာသတင်းထောက်က ကားနာမ်ပါတ်ပါအောင် ဘာလို့ ဓာတ်ပုံမရိုက်သလဲ
သေသူဘယ်သူလဲ
ဒါတွေမပါရမယ်ဆိုတာမသိဘူးလား

cherish said...

ကားလေး နှမြောပါတယ်။

pyaponthu said...

လူကုံထံအသိုင်းအ၀ိုင်းထဲကဘဲနေမှာ။ယာဉ်ထိန်းရဲတွေ ညဘက်တာဝန်မရှိဘူးလား။သေတာနဲသေးတယ်။

Cinderella said...

အမည်၊‌နေရပ်လိပ်စာမပါဘူးဆိုမှ‌တော့..သ‌ဘော‌ပေါက်‌တော့...
‌တေဂွသားတ‌ယောက်‌ယောက်(သို့)ဟို..‌မျောက်‌လောင်းဆိုရင်‌တော့
ပြည်သူ့ဆန်ဒ‌တွေ‌တော်‌တော်ပြည့်ဝသွားမှာဘဲ..။းD

သူ၇ိယ said...

နာရေးကြော်ငြာစောင့်ကြည့်..သူတို့ထည့်ရင်တော့ဘယ်သူ့သားလဲဆိုတာသိရမယ်

pt said...

သူတို့အထဲ က သားသမီး မြေးမြစ်တွေဆိုရင်တော့....အားလုံးသတိနဲ့သာနေုကပေတော့ ဟေး......ကံတရားက ဒါဏ်စခတ်နေပြီ....အလှည့်ကျ မနွဲံကျစတမ်းပေါ့ကွာ....

မြတ်သုခ said...

အိုး ... စိတ်မကောင်းစရာပဲ ...ကားလေးရယ်...
မင်းကို သနားလိုက်တာကွာ...။ မင်းက အပေါင်းအသင်းမှ မတတ်တာကိုးကွ။

thantsin9 said...

ဟဟ ပြောတောလိုက်တာ ပြောစရာတောင်မလိုတော့ဘူး စောက်ရူးတွေကို။

sawkofan said...

သင်ပြုထားသောကမ္မသတ္တိတို့သည် အကျိုးပေးခွင့်ရသည်နှင့် ကောင်းကံဆိုးကံတို့ကို ဖန်းတီးကြတော့၏

maungmin said...

ကားနံပါတ်သိတော့ဘာလုပ်မလို့လဲ....???? ပြောပါဦး.. သိချင်လို့..

Anonymous said...

ပြိုင်ကားပါဆိုမှ ပြိုင်ကားလိုပဲ မောင်းမှပေါ့ ဒါပေမဲ့ဆင်ဆင်ခြင်ခြင်မမောင်းတာ ဆိုးတယ်

YMA said...

မောင်မင်းကြီးသားက မူးတယ်...BMW ပြိုင်ကားကို အသေမောင်းလာတယ်ဆိုတော့ ရာဇဋ္ဌာနေလမ်းပေါ် က KTV ကဆော်နဲ့ အဆင်မပြေဖြစ်လားမှမသိတာ...လဒ..အဲ့လိုဖြစ်တာနဲသေး...

♥အချစ်ပါတီ...♥ said...

aristhteinwin ထင်တာမှားလောက်ပြီထင်တယ်ဗျာ... ဘာလိုလဲ ဆို တော့ ငရဲပြည်က တရားသူကြီးတွေကလဲ လူပြည်(မြန်မာပြည်ကလိုပြောရင် ပို့မှန်မယ်ဗျာ...) ကပဲလာတာတဲ ခုဆိုရင် ငရဲပြည်မှာ (မြန်မာနိုင်ငံမှသာ ဘာမှမတိုးတက်သေးတာ...) တော်တော်လေးကို တိုးတက်ခေတ်မှီ နေပြီတဲ ဗျာ. တချိုဆိုရင် ရေခဲသေတ္တာတွေ အဲယားကွန်းတွေ တီဗွီတွေ အောက်စက်တွေ ယူလာတဲသူက ယူလာနဲ တချိုဆို အိမ်တွေပါ သယ်လာတာတဲဗျာ. ကားတွေဆိုရင် (ကျနော်တို့မြန်မာပြည်မှာ မတွေဖူး မမြင်ဖူးတဲ.) အကောင်းစားဆိုမှ တကယ်ကို အကောင်းစားကားတွေနဲ ဗျာ တော်တော်ကို စည်စည်ကားကားပဲဆိုလာ ခုဆိုရင် ငရဲပြည်ရှစ် ထပ်လုံးကို တစ်ထပ်နဲ တစ်ထပ် ဓာတ်လှေကား တွေ စက်လှေကား တွေနဲ သွားလာလိုရနေပြီပဲဗျာ...

yahoo said...

မင်းတို့ကဘာတွေလဲ? မင်းတို့ကိုသူကဘာလုပ်လို ဒီလိုတွေ လျှောက်ပြောနေတာလဲ?? ဘာမှ မသိပဲနဲ့ စောက်ပါးစပ်တွေသရမ်းနေ။ ဘာလူကြီးသားသမီးမှ မဟုတ်ဘူး။ ဘာလဲ? လူကြီးသားသမီးတွေမှ အဲဒီကားကို စီးနိုင်မှာလား?
ကိုယ်မစီးနိုင်တိုင်သူများ သားသမီးကို လျှောက်ပြီး မနာလိုဖြစ်ပြီး ဝေဖန်မနေနဲ့။ အဆင့်အတန်းကို မရှိဘူး။ သူ့ဟာသူ ပိုက်ဆံရှိလို့စီးတာ ဘာဖြစ်လဲ? အဲဒီလမ်း မှာလှိုင်းခွက် အကြီးကြီး တခုရှိတယ်။ လှိုင်းထဲ အရှိန်နဲ့ကျပြီး မှောက်သွားတာ။ မင်းတို့စောက်ရူးတွေ လျှောက်ပြောနေ။ မူးလိုမှောက်တာ မဟုတ်ဘူး။ လမ်းလုပ်တဲ့ကောင်တွေ စောက်သုံးမကျ လို့ဖြစ်တာ။

junekiller said...

သေတာတောင်နည်းသေးတယ်
အဲ့လို ကောင်မျိုးတွေသေသင့်တာကြာ့ပြီ
ဒါလုပ်ရင်းဒီလိုဖြစ်မယ်ဆိုတာကိုမသိတဲ့ကောင်တွေ............

လှတောသား said...

ကားဈေးကျ လို့ စိတ်ညစ်ပြီး တအားမောင်းလိုက်တာထင်တယ်---ဟိဟိ

လှတောသား said...

တအားလည်းမပြောကြပါနဲ့ဗျာ----လူကြီးသားသမီးမှ မဟုတ်ပါဘူး လောလောဆယ် ဆိုင်ကယ်ဈေး ကားဈေးတွေ အင်မတန် ကျတော့ အရပ်သား သားသမီးတွေလည်း ဒီလိုမဆင်မခြင် မောင်းနေတာတွေ့ရတယ်ဗျ-----
နေပြည်တော် ဘက်မှ တော်တော်ကို ဆိုးတယ် ပျဉ်းမနားထဲလည်း ဒီလိုပါပဲ
ဒီလိုတာ ဆက်သွားနေရင်တော့ လူငယ်တွေမျိုးတုံးသွားတော့မယ်ထင်တယ်
မယုံရင် ည ၈နာရီကျော်ရင် ပျဉ်းမနားထဲလာကြည့် အရပ်သား သားသမီးတွေလည်း မူးရူးပြီး မောင်နေတာပါပဲ-----သင်္ကြန်တုန်းကတောင် တစ်ရက်တည်း လေးယောက်သေတယ်----တစ်နေရာစီ သေတာနော်

လှတောသား said...

နီလာရိုးမ တဖြစ်လည်း --Power9 ဆီဆိုင်က ကောင်လေ --ဘာလူကြီးသားသမီး မဟုတ်ဘူးပြောနေတာလည်း ---မင်းက ဘယ်လောက်သိလို့ စောက်ရူးဘာညာ သွားပြောနေတာလည်း---မြန်မာပြည်လမ်းဆိုမှတော့ ချိုင့်ခွက် ချည့်ပဲ---ချိုင့်ခွက် ရှိတိုင်း သေရရင် မြန်မာတွေမျိုး ပြုတ်သွားမှာပေါ့----မင်းသာ စောက်ရူး

လှတောသား said...

ကားဈေးကျ လို့ စိတ်ညစ်ပြီး တအားမောင်းလိုက်တာထင်တယ်---ဟိဟိ

လှတောသား said...

ဘာလူကြီး သားသမီးမဟုတ်တာလည်း
နီလာရိုးမ တဖြစ်လည်း Power9 ကကောင်လေ
တစ်ထောင်ဖိုး ၃စီးနဲ့ ၀ယ်ထားတဲ့ ကားတွေ
ဆီဖိုးသွားရှင်းရင်းဖြစ်တာ
လူငယ်မိုလို မဆင်မခြင် မောင်းတာ လည်းပါတယ်--မူးတာလည်းဟုတ်တယ်
ငါတို့လည်းစီးနိုင်တယ် ရဟူး ဆို တဲ့ကောင်ရဲ့ ---ဒါပေမဲ့ ငါတို့ ကိုယ်ပိုက်ဆံနဲ့ကိုယ်စီးတာ --ဆင်ခြင်တယ်----
ဒီကောင်တွေက တန်ဖိုးကိုမသိလို့ မဆင်ခြင် တာ----သနားစရာတစ်ကွက်မရှိဘူး
မင်းက ဘယ်လောက်ချမ်းသာနေလို့ အော်ကျယ်အော်ကျယ်လုပ်နေတာလည်း
အဲ့ကောင် လူကြီးသားကွ

Anonymous said...

အပေါ်က-yahoo -ဆိုတဲ့ကောင်က ဘာတွေလာဟောင် နေတာလဲ...
မင်းလည်း လူကြီးသားသမီးမိုလို့လား။သေသွားတဲ့ကောင်ကတော့ လူကြီးသားသမီးစစ်စ်ပါ၊ဆီဆိုင်ကကောင် ဆီဖိုးသွားရှင်းရင်း ဂန့်သွားတာ။။
ကားက တစ်ထောင်ဖိုးသုံးစီးနဲ့ဝယ်ထားတာ ၊အရက်လည်း မူးနေတယ်။
ဒီကောင် သောင်းကျန်းနေတာ ကြာပြီ။တစ်မြို့လုံးက သူ့ကားကိုပဲ ကြောက်နေရတာ။ဒီကောင်ကားမောင်းသွားတိုင်း အားလုံးက မေတ္တာတွေ ပို့နေကြတာ...ခုမှ ဂန့်သွားတာ နောက်တောင်ကျနေသေးတယ်။
ဆိုင်ကယ်ကိုတောင် လိုက်ပြိုင်မောင်းနေတဲ့ကောင်လေ----

Anonymous said...
This comment has been removed by the author.
ကြင်နာတတ်သူ said...

ဒီလိုကားမျိုးကိုလူကြီးသားသမီးပဲစီရမယ်လို.ဘယ်သူကသတ်မှတ်ထားလဲ။လူတွေကဒါပဲ အားလုံးကိုဝါးလုံးရှည်နဲ.ပတ်မရမ်းနဲ.။သူကသူ.အလုပ်သူလုပ်တာပြီးဝယ်စီးတာနင်တို.မစီးနိုင်ဘူးမလား။အဲ့ဒီ့နေရာကိုရောက်ဖူးလို.လား။သူဖြစ်တဲ့နေရာကလမ်းမကောင်းဘူးလှိုင်းခွက်ကြီးဖြစ်နေတာ။ရောက်ဖူးမှပြောကြ။နင်တို.စိတ်ဓာတ်တွေပြင်ဖို.သင့်ပြီကိုယ့်အထင်နဲ.လျှောက်မရေးနဲ.။

Anonymous said...

နေပြည်တော် သာပြောတာ
ပျဉ်းမနား ပေါင်းလောင်း လမ်းက လူတွေကို မေးကြည့်လိုက်
BMW အနက်ရောင် ---ဆိုင်ကယ် ကို ပြိုင်မောင်းလိုမောင်း---
တ၀ူးဝူး--တဗြဲဗြဲ လုပ်နေတာ ကြာပြီ----အားလုံး မေတ္တာ ပို့နေတာကြာပြီ
အသက်က ၂၅ မပြည့်သေးဘူး----ငယ်သေးတယ်
လူတစ်ယောက်သေလို့ ၀မ်းသာတယ်လို့ ငါတို့ မြန်မာမှာမရှိပါဘူး---
ဒါပေမဲ့ ဒီကောင်သေတာ ၀မ်းမသာပေမဲ့ --၀မ်းမနည်းဘူး----
သေလောက်အောင်မောင်းလို့ သေတာ---
ရှိသေးတယ်---နေပြည်တော်ရော--ပျဉ်းမနားထဲမှာပါ----အ၀ါရောင် ပြိုင်ကားတွေ-----သတိထားမောင်ကြ---

win said...

လူတွေများ သူတပါးမကောင်းပြောဖို့တန်းစီစောင့်နေကြတယ်နဲ့တူတယ်
ဂဃနဏ မသိမတွေ့ရပါပဲနဲ့ ရမ်းတုတ်နေကြတယ်
ကိုလည်း သတိလွတ်ပြီးဖြစ်ကြည့် မေတ်တာပို့ဖို့စောင့်နေကြလိမ့်မယ်ဆိုတာမမေ့နဲ့နော်

ကိုဖြိုး said...

တောက်......
BMW Company ကို တရားစွဲရမယ်။ သူတို့ ကားတွေ ကြံ့ခိုင်မှုမရှိလို့...........ခမျာသေရ ရှာတယ်။
ကျွတ်..... ကျွတ်.... ကျွတ်...

YMA said...

အပေါ်က yahoo ဆိုတဲ့ကောင် သေတဲ့ကောင်ကမင်းအဖေမို့လို့လား။

d.doelone said...

နောက်ဆယ်ဘ၀စာလောက်ထိမှတ်သွားလောက်ပါပြီ..

d.doelone said...

ကောင်းတယ်... အဲ့ဒါမှနောက်ရောက်လေရာဘ၀တိုင်းအဲ့လိုမမောင်းရဲတော့မှာ...

kay kay said...

kay kay

ရန်ကုန် မှာလဲ ခဏခဏ ကြုံရတယ်
လူရမ်းကားတွေ

d.doelone said...

yahoo ကောင်ရေ...ချိုင့်ခွက်ရှိရင်ရှောင်မောင်းပါလား.. အရှိန်များလို့သေတာပေါ့..မင်းကဘာဆိုင်လို့ဝမ်းနည်းနေရတာလဲ.. အသုဘစရိတ်မင်းခံပေးနေရလို့လားကွ.. နေပြည်တော်ဆိုတဲ့ကွန်ကရစ်လမ်းမှာချိုင့်ခွက်ရှိလို့ကားမှောက်သွားတယ်ဆိုရင်တော့ တစ်နိုင်ငံလုံးကလမ်းမှာမောင်းနေတဲ့ကားတွေဘယ်လိုလုပ်ကြမလဲ.. အသက်ကိုဥာဏ်စောင့်လေ ဟုတ်တယ်မလား..

Hero said...

အပေါ်က yahoo က ဘာကောင်လဲ . ...
ကြောင်တောင်တောင်နဲ့။ သေသွားတာ မင်းအဖေမို့လား ...
လူဆိုတာ လူလိုသိရတယ် ....ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တိုင်း လူမဟုတ်ဘူးကွ .. . လူဆိုတဲ့ ကျင့်ဝတ်နဲ့ ညီရမယ် ဒါမှ လူ .. ..
လူဆိုတာ လူလိုတွေးတတ်၊ ကိုယ်ချင်းစာတတ်ရမယ် ... အဲဒီလို သူများတကာကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှတော့ မင်းရောခံနိုင်မလား . . .သူဖာသာသူ ချိင့် ရှိလိုပဲသေသေ မူးပြီးတော့ပဲသေသေ ....အဓိက ကတော့ သူလိုလူမျိုးတွေ သေသွားတာ ၀မ်းသာတယ် ....ဒါပဲ

♥အချစ်ပါတီ...♥ said...

yahoo ဆိုတဲ ကိုယ်တော်ရ (ဘာကိုတော်လဲ တော့ မသိပါဘူး...) အယူတိမ်ရင် နတ်စိမ်းဖြစ်တတ်တယ်... လမ်းမကောင်းတိုင်သာ သေရတယ်လိုဆိုရင် မြန်မာနိုင်ငံမှာ လူဆိုတာတောင်ရှိမှာ မဟုတ်တော့ဘူး ခင်ဗျာက လမ်းပေါ်က ကောင်ဆိုတော့ ဆက်ဟောင်နေလိုက်ပေါ့... ၀ု

koko said...

yahoo ဆိုတဲအကောင် လမ်းမကောင်းတိုင်းသေရရင် မြန်မာပြည်မှာတစ်ယောက်မှမကျန်ဘူး နင့်ပထွေးတွေလုပ်သွားတဲ့ ဘယ်လမ်းကကောင်းလို့လဲ

အမှန်ကောင် said...

မောင်ယဟူး နဲ့ မ ကြင်နာတတ်သူ...တို့ခင်ဗျား...
ခင်ဗျားတို့နှစ်ယောက်သာ ယူလိုက်ကြပါတော့ခင်ဗျား....
တကယ် သိတဲ့လူတွေကပြောနေကြပြီပဲ...နီလာရိုးမ တစ်ဖြစ်လဲ power9 ကကောင် ဆီဖိုးသွားရှင်းရင်းဖြစ်တာပါတဲ့ခင်ဗျား....
ခင်ဗျား တို့ကိုကျွန်တော်တို့ စာတတ်မြောက်မယ်လို့ယုဆပါတယ်ခင်ဗျား....ကျွန်တော်မေးတဲ့မေးခွန်းလေးကိုနဲနဲလောက်ဖြေပေးပါ....လမ်းစည်းကမ်းမှာ ကားမောင်းတဲ့လူတွေ မြို့တွင်းလမ်းမှာ တစ်နာရီ မိုင်ဘယ်လောက်နှုန်း မောင်းရမယ်လို့သတ်မှတ်ထားပါသလဲ ခင်ဗျား....နောက်ပြီး မောင်းရင်မမူးနဲ့မူးရင်မမောင်းနဲ့ လို့ ဘယ်သူတွေက ကိုယ့်ဖင်ကိုယ်အယားခံပြီး လိုက်ကြေညာပါသလဲခင်ဗျာ....ခင်ဗျားတို့ နှစ်ယောက်ကျွန်တော့်မေးခွန်းတွေကို သိသိကြီးနဲ့မသိဘူးလို့ဖင်ပိတ်ပြီး ငြင်းရင်လဲ ကျွန်တော်တို့ ပြည်သူတွေအကုန်လုံး က ခင်ဗျားတို့ရဲ့ ပိတ်နေတာတွေကို ဖွင့်ပေးရပါလိမ့်မယ်ခင်ဗျာ....

စိုင်းမျိုးဇော်ဦး said...

သြော်... မူးယင်မမောင်းနဲ့ မောင်းယင်မမူးနဲ့..ဆိုတာ သိကြဘူးလား...
ဒီလိုကတော့ ဘယ်သူမှ မသနားဘူး...။

စိုင်းမျိုးဇော်ဦး said...

မောင်းယင်မမူးနဲ့ မူးယင်မမော င်းနဲ့ ..တဲ့
မလိုက်နာတော့ ..သေပေါ့....ဒီလိုမျိုးကတော့ဘယ်သူမှ မသနားဘူးမှတ်..။

Julie said...

ပြောနေကြတာတော်တော်လွန်ပြီ... ပါဝါနိုင်း ဆီဆိုင်ကကောင်လေးလောက်သိတာနဲ့ တော်တော်သိနေပြီထင်နေတယ်... သူ့ကဘယ်သူ့သားလည်း သေချာသိကြတာမဟုတ်.. ဘာမှ စစ်တပ်ကမဟုတ်ဘူး.. အရပ်သား လုပ်ငန်းရှင် ထဲက... ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ပြောနေကြတာလဲ.. သားသမီး ညီအစ်ကိုမောင်နှမ ချင်းစာနာကြပါ.. ကိုယ်ချင်းစာ ကြပါ.

yoyo said...

သြော် ဒါမြန်မာပြည်လေ... ဟုတ်သည်ရှိမဟုတ်သည်ရှိကောင်းသာလေများရေးထားကြည့်ပါလား...
သာဓုဝိုင်းခေါ်ပြီမယ်...ကောင်းလိုက်တာလို့ပြောကြမယ်.... အခု BMW မှေက်သွားတဲ့နေရာ မှာ ကားမှောက်တာ ဆယ်စီးမကားရှိပြီ...တစ်ခြားအစီးတွေတုန်းကပြောကြပါလား ..ရေးကြပါလား... အခု BMW ဆိုတာနဲ့ လူကြီးသားသမီးထင်ပြီးပြောခံရတာ ရစရာကိုမရှိဘူး...သူလူကြီးသားသမီးပါလို့နင့်တို့အဖေတွေကပြောလို့လား..သူသေတာနင့်တို့လည်းဝမ်းနည်းစရာမလိုဘူး...နင့်တို့သေရင်လည်းမင်းတို့အတွက်ဝမ်းနည်းပေးမဲ့လူတောင်ရှိရင်ကံကောင်းမှတ်....

Powered by Blogger.