လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ်

ထိုင်း​အစိုး​ရက မူး​ယစ်ရာဇာအဖြစ် ​ကြေညာထား​တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်မှု မရှိတဲ့​အ​ကြောင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​စာဆရာ​တွေကို ဒီ​နေ့​မနက် ရှင်း​လင်း​ ​ပြောဆိုလိုက်ပါတယ်။


မြဝတီမြို့​နယ် အင်း​ကြင်း​မြိုင်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဗိုလ်နူတ်ခမ်း​မွေး​က ​ပြောကြား​လိုက်တာပါ။


ထိုင်း​ဘက်က ဗိုလ်နှုတ်ခမ်း​မွေး​ကို မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ဆု​ငွေထုတ်ထား​တဲ့​အ​ပေါ်ကို ရှင်း​လင်း​ဖို့​အတွက် ပြည်တွင်း​ပြည်က သတင်း​ထောက်ကို ဖိတ်ကြား​ပြီး​ပြုလုပ်တာပါ။


သတင်း​ထောက်​တွေက နယ်စပ်ဂိတ်​တွေပိတ်ရတဲ့​ ​မေး​မြန်း​မှုအ​ပေါ်ကို ဗိုလ်နှုတ်ခမ်း​မွေး​က ​ဖြေကြား​သွား​တာလို့​ အဲဒီသတင်း​စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုဖိုး​စီက ပြန်ပါတယ်။


“ကျ​နော်တို့​ အခုလိုမျိုး​ ရင်ဆိုင်ရတဲ့​ ပြဿနာ​တွေမှာ ဂိတ်​တွေပိတ်တယ်။ အခန့်​မသင့်​ရင် ချစ်ကြည်​ရေး​တံတား​ကို ပိတ်မယ်။ ဘာ​ကြောင့်​ ချစ်ကြည်​ရေး​တံတား​ကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့​ ကရင်ပြည်နယ်မှာ ရှိတဲ့​အတွက် ကျ​နော်တို့​က ကရင်လူမျိုး​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ အကယ်၍ ပြဿနာ အကြီး​အကျယ်ဖြစ်ရင် ဒီချစ်ကြည်​ရေး​တံတား​ကို နှုတ်ခမ်း​မွေး​ကိုယ်တိုင် ဦး​ဆောင်ပြီး​ ပိတ်မယ်။”


အခုလို ထိုင်း​အစိုး​ရက​နေ မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ထုတ်ထား​တဲ့​အ​ပေါ်ကို ပြန်လည်​ဖြေရှင်း​နေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့​ တုံ့​ပြန်​ပြောဆိုပြီး​ ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​သက်ဆင်ကို ခုချိန်ထိ ဘာ​ကြောင့်​တရား​ရုံမတင် နိုင်ရတာလဲဆိုပြီး​ ​မေး​ခွန်း​ထုတ်တယ်လို့​ ဆိုပါတယ်။


“ဒီလို လုပ်ခြင်း​အား​ဖြင့်​ ကျ​နော့်​မှာ အချိန်ကုန်တယ်။ ကျ​နော် ထိန်း​သိမ်း​ထား​တဲ့​ နယ်​မြေမှာ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​တွေ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ကျ​နော်လုပ်ရဦး​မယ်။ ​နောက် ၂ အချက်က​တော့​ သက်ဆင်ဟာ ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေ​ရှေ့​မှောက်မှာ ဆုံး​ဖြတ်ချက်အရ ​ထောင်ဒဏ်ကျတဲ့​အ​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ သူ့​ကိုကျ​တော့​ နိုင်ငံခြား​မှာ ထွက်​ပြေး​တိမ်း​ရှောင်​နေတာကို ဘာလို့​ အမိ မဖမ်း​သေး​ဘဲ ထိုင်း​နိုင်ငံမှာ ဥပ​ဒေရင်ဆိုင်မှု မလုပ်သလဲ​ပေါ့​နော်။ ဘာ​ကြောင့်​ ကျ​နော့်​ကို ဒီလိုလုပ်ရသလဲ​ပေါ့​။”


သစ်ထုတ်လုပ်​ရေး​၊​ စိုက်ပျိုး​ရေး​အခွန်၊​ သတ္တူတူး​ဖော်​ရေး​နဲ့​ ​မော်​တော်ယာဉ်​တွေဆီက​နေ အခွန်အခနဲ့​ ​ဒေသဖွံဖြိုး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေရတာပါလို့​ ဗိုလ်နှုတ်ခမ်း​မွေး​က သတင်း​ထောက်​တွေရဲ့​ အ​မေး​ကို ​ဖြေကြား​တယ်လို့​ ဆိုပါတယ်။


ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ဟာ သူတို့​ မူး​ယစ်​ဆေး​ဝါး​လုပ်​ဆောင်တာ အချိန်မ​ရွေး​ လာ​ရောက်စစ်​ဆေး​ဖို့​ အ​မေရိကန်၊​ မြန်မာနဲ့​ထိုင်း​အစိုး​ရက တာဝန်ရှိသူ​တွေကို ဖိတ်ကြား​ထား​တယ်လို့​လည်း​ ​ပြောဆိုပါတယ်။


ဒီ​နေ့​ ပြုလုပ်တဲ့​ ဒုတိယအကြိမ် သတင်း​စာရှင်း​လင်း​ပွဲကို ပြည်တွင်း​ သတင်း​ထောက် ၄၂ ဦး​နှင့်​ ထိုင်း​နိုင်ငံမှ သတင်း​ထောက် ၁၀ ဦး​ တက်​ရောက်ခဲ့​တယ်လို့​ သိရှိရပါတယ်။
မင်းလွင် (ဒီဗွီဘီ)
လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ် လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ် Reviewed by သစ်ထူးလွင် on 16:42 Rating: 5

21 comments:

komyo said...

တို့ကတော့ မြန်မာလူမျိုးပါ ဒါပေမဲ့ ကရင်တိုင်းရင်းသားဆိုတာ မြန်မာလူမျိုးတွေရဲ့ ရွှေညီအစ်ကိုတွေဖြစ်တယ်မြန်မာပြည်မှာရှိတဲ့ မည်သည့်
တိုင်းရင်းသားမဆို ရွှေညီအစ်ကိုတော်တွေဖြစ်တဲ့အတွက် တိုင်းတပါးရဲ့လက်
ထဲကိုလုံးဝမအပ်နိုင်ပါ မင်းတို့ထိုင်းရဲတွေကိုယ်တိုင်မူးရစ်ဆေး ရောင်းဝယ်
နေကြတာကိုအရင်ရှင်းကြပါ နှစ်နိုင်ငံ စစ်မဖြစ်ချင်ကြပါနဲ့ မင်းတို့ရဲ့တောင်း
ဆိုချက်ကို လုံးဝကန့်ကွက်တယ်။

တရားရှင် said...

ဒိုတိုင်းရင်းသားတွေကိုထိရင်မခံဘူးဟေ မတရားတောမလုပ်နဲ သက်သေအထောက်အထားခိုင်ခိုင်လုံလုံပြပါ။

Unknown said...

ဗိုလ်နှုတ်ခမ်းမွှေးရေ ပိတ်စရာရှိပိတ်လိုက်ဗျာ၊ သူတို့ဆီက၀င်တာတွေကတ
ကယ့်တကယ်မရှိမဖြစ်တွေမပါဘူး၊ သူတို့ယိုးဒယားကုန်သည်တွေပဲဆုံးရှုံးမှာ
မြန်မာပြည်ငြိမ်းချမ်းတာမမြင်ချင်တဲ့ကောင်တွေကို သင်ခန်းစာတစ်ခုခုပေးမှ
ရမယ်။

ဖိုးသား said...

ဒီကိစ္စက မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ သင့်မြတ်ပြီးမြန်မာပြည်တိုးတတ်မှာကို မလိုလားလို့ တမင်လုပ်ဇာတ်ခင်းတယ်လို့ထင်ပါတယ် ဒီပြဿနာခုမှပေါ်လာတာကိုက ထိုင်းနိုင်ငံရဲ့မရိုးသားမှုပါပဲ မြန်မာပြည်ဖွင့်ဖြိုးတိုးတတ်လာတာနဲ့အမျှ ထိုင်းနိုင်ငံစီးပွားရေးက ငုတ်သွားမှာသေချာပါတယ် ဒါ့ကြောင့် ထိုင်းတွေ မြန်မာပြည်မတည်ငြိမ်အောင်လုပ်နေတယ်လို့ပဲထင်ပါတယ်

gawleee said...

ီDKBA တွေဟာ ကရင်လူမျိုးစုတွေရဲ့ သစ္စာဖောက်တွေပါ.လူမျိုးအပေါ်ကိုဂုတ် သွေးစုပ်နေတဲ့လူတွေပါ. ဒုစရိုက်သမားတွေပါ. နှုတ်ခမ်းမွှေး နဲ့ မုတ်သုံ ဆိုတဲ့သူကိုပါ ဖမ်းပြီးကြိုးစင်တင်နိုင်ပါစေ ဗျာ..ပြည်တွင်းကသယံဇာတတွေက ဒင်းတို့လုပ်လို့ ကုန်နေတာပါ...

gawleee said...

ယိုးဒယားက မဟုတ်ရင် မပိုင်ရင် ဘယ်ပြောမလဲ.သွားဖြေရှင်လေ. တရားတောင်ပြန်စွဲလို့ရပါတယ်. တံတားကိုပိတ်ရအောင်..မင်းအဖေ ဆောက်ထားလို့လား.ဘိန်းဖြူနဲ့ထမင်းစားနေရတဲ့ ကောင်းတွေကများ အသံကောင်းလွှင့်နေတယ်.

ကျော်ထူး (စောဌက်) said...

ဂေါလီး ဆိုတဲ့ကောင် ဝါဒဖြန့်မှိုင်းတိုက်ဖို့ ဝင်ပြောတာ အသိသာကြီး။

ကရင်လူမျိုးစုတွေရဲ့ သစ္စာဖောက်ဆိုတာ ဘာကိုထောက်ပြီး ပြောတာလဲ။
ဘယ်လို ဂုတ်သွေးစုပ်တာလဲ၊ အိပ်မက်မက်လို့ လာပြောတာလား။
ဒုစရိုက်သမားဆိုတာ ဘာကိုမှီပြီး စွပ်စွဲတာလဲ။
ပြည်တွင်း သယံဇာတတွေကုန်အောင် သူတို့က ဘာတွေတူးနေလို့လဲ။
ယိုးဒယားက တကယ်ပိုင်ရင် သက်သေတွေကို ထုတ်ပြပြီး အင်တာပိုနဲ့ ဝရမ်းဘာလို့ မထုတ်ရဲလဲ။ ကိုယ့်အိမ်ရှေ့ လာအော်နေတဲ့ အရက်သမားကိုတောင် ပြန်ပြောလို့ အကျိုးမရှိတာ၊ သူများအိမ်ထဲ သူ့ဘာသာ ဖင်ပိတ်အော်နေတာကို သွားဖြေရှင်းရမယ် ဟုတ်လား။

ချစ်ကြည်ရေးတံတားကို ပိတ်တဲ့အလေ့က မြန်မာဖက်ကနေ ဟိုးဖက်ကမ်းက အီးပေါက်လို့ နံရင်တောင်မှ အကြောင်းရမယ်ရှာပြီး ပိတ်လာခဲ့တာ အခေါက် တစ်ထောင်လောက် ရှိပြီးသွားပြီ၊ အဲဒါသိလား။

ဘိန်းဖြူနဲ့ ထမင်းစားရအောင် ကယား ကရင် မွန် တနင်္သာရီမှာ ဘိန်းပင်လည်း မရှိဘူး၊ ဓာတုပစ္စည်းလည်း မဝင်ဘူး၊ ချက်လည်း မတတ်ကြဘူး၊ သုံးတဲ့လူလည်း မရှိသလောက်ပဲ။

ဒီတော့ မင်းဟာ -
- နားကန်း တစ်လုံးမှနားမလည်ပဲ ဝင်ရေးတဲ့သူ ဖြစ်ရင်ဖြစ်
- မဟုတ်ရင်တော့ ထောက်လှမ်းရေး စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာ နေ့စားနဲ့ ကွန်မန့်လိုက်တက်နေတဲ့သူပဲ ဖြစ်ရမယ်။

thwinmgtoe12 said...

ကရင်ကိုကိုယ်စားပြုတပ်DKBA ဆော်ကား တာကရင်ကိုဆော်ကား တာဘဲ ကရင် ကိုဆော်ကား တာ မြန်မာကို ဆော်ကား တာ နဲ့အတူတူ ဘဲ။

thwinmgtoe12 said...

ကိုကျော်ထူးကို ထောက်ခံတယ် gaweleee ဆိုတဲ့ကောင်က စောက်ရူး။

သားသား said...

ကိုကျော်ထူး..ကိုထောက်ခံတယ်..ကရင်လည်းငါတို့ညီအစ်ကိုပဲ..ဂေါ်လီလား..လောက်စလုံးလားဆိုတဲ့ကောင်..ဘယ်တော့မှတိုင်းရင်းသားတွေနဲ့ငါတို့လူမျိုးတွေကိုသွေးခွဲတဲ့စကားနောက်ထပ်မပြောပါနဲ့..

အောင်အောင် said...

အေးဗျာ...ကိုကျော်ထူးပြောတာ သဘာဝကျတယ်ဗျာ..။

ချစ်ဖူး said...

ဂေါလီးရေ မင်းထိုင်းမှာပဲ သွားနေလိုက်တော့

mad dog said...

ဘာပဲဖြစ်ဖြစ် ဒီအချိန်ဟာသွေးစည်း၇မယ့် အချိန်ပါ။ ဗိုလ်နှုတ်ခမ်းမွှေးပြော ပြီးပြီပဲ လာစစ်ပါလို့။ သွားပြီးစစ် ဟုတ်၇င် မြန်မာအစိုး၇ကပဲ အေ၇းယူမယ်။ဒီထိုင်းကောင်တွေနဲ့မဆိုင်ဘူး။
ကြာတယ် ထိုင်းကိုချကွာ။ ဘန်ကောက်ကေ၇ွှ တို့ေ၇ အဲဒီ အခြောက်မြို့ကို သိမ်းကွာ

007747 said...

ဂီေ လှာ်

ယိုးဒယားကို အ‌ေ ဖ‌ေ တာ္ခ်င္လို့လား
သစ္စာ‌ေ ဖာက္တာဘျဲဖစ္၊ ဂုတ္‌ေ သြးစုတ္တာဘျဲဖစ္
မင်းထက်ေ တာ့တိုင်းပြည်ေ ကာင်းကျိုးလုပ်တယ်လို့ထင်တယ်
တိုင်းပြည်ဒီအေ ခြအေ န‌ေ ရာက္လာတာသူတို့‌ေ တွရဲ့အားလည်းပါတယ်ဆိုတာလက်ခံရမယ်
မူးယစ်‌ဆေးဝါးေ ရာင်းဝယ်ရင်ေ တာင်မှခုမှလုပ်တာမဟုတ်ဘူး
ဘာလို့လုပ်တဲ့အချိန်တုန်းကမေ ပြာတာလဲ
မင်းဦးေ နှာက်ကစဉ်းစားသင့်တယ်

သခင်မြန်မာ said...

ကိုကျော်ထူး ရေးသားချက်တွေအလွန်ကောင်းလို့  ကျနော်ထောက်ခံလိုက်ပါတယ်..အားပေးလျှက်ပါ

annonimous said...

ဘာတွေလဲမသိဘူးကွာ

pyaponthu said...

ထိုင်းတွေဟာ မြန်မာပြည်အပေါ်ဘယ်တုံးကမှမကောင်းခဲ့ပါ။ရှေးလျှောက်လဲမကောင်းနိုင်ပါ။ဒါဟာသူတို့သမိုင်းကြောင်းအရမြန်မာကိုအလိုလိုမုန်းတီးနေသူတွေပါ။ဗိုလ်နုတ်ခမ်းမွှေးကို ထိုင်လက်အပ်စရာအေုကာင်းလုံးဝ လုံးဝမလိုပါ။ မြန်မာပြည်ကြီးစည်းလုံးညီညွတ်မှာထိုင်းကမလိုလားပါ။မြန်မာပြည်သားအရေးမြန်မာအစိုးရကသာစီမံနိုင်ပါစေ။တိုင်းတပါးစိုးမိုးမှု့မခံရပါစေနဲ့

aungsantagun said...

ူထိုင်းမြေပေါ်မှာနေပေမဲ့စိတ်ဓါတ်ကတော့ပြည်ထောင်စုစိတ်ဓါတ်ပါ.....ဘယ်သူမှားမှားမှန်မှန်....ဒီလိုတော့လက်မခံပါ၊နုတ်ခမ်းမွေးရေဆက်လုပ်..

Aung Naing said...

ကျွန်တော် မြန်မာစစ်စစ်ပါ... အခု ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေရပါတယ်... ဒါပေမယ့် KNU, DKBA တို့ ရဲ့ စီးပွါးရေးလုပ်ငန်းထဲမှာ မူးယစ်ဆေးဝါး လုံးဝမလုပ်ဖူးဆိုတာ အခုမှ မဟုတ်ဘူး.. ဗိုလ်မြလက်ထက်ကတည်းက သိခဲ့ပါတယ်... မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ ဖြိုးသွားမှာ ထိုင်းအရမ်းစိုးရိမ်နေပါတယ်... ဘာဖြစ်လို့ လဲဆိုတော့... ထိုင်းနဲ့ မြန်မာဟာ အရာရာမှာ ပြောင်းပြန်အချိုးကျနေလို့ ပါပဲ... နောက်ပြီး အရှေ့ တောင်အာရှမှာ ထိုင်းလူမျိုးဟာ ဣဿာမစ္ဆိရိယစိတ် အကြီးမားဆုံးပဲဆိုတာ အနှစ် ၂၀ ကျော်နေပြီးနေပြီဆိုတဲ့ ကျွန်တော့အတွေ့ အကြုံတွေက သက်သေပြနိုင်ပါတယ်...

nine nine said...

ခေါင်းဆောင်ပိုင်းကမူယစ်ဆေးဝါးအရောင်းဝယ်လုပ်တယ်/ မလုပ်ဘူးဆိုတာတော့မပြောချင်ဘူး။ မွန်/ကရင် ပြည်နယ်မှာ သူတို့တပ်သားတွေ အရောင်းအ၀ယ်ပေါ်ပေါ်တင်တင်ပဲလုပ်နေတယ်။ အရင်အခြေအနေထက် လွယ်လွယ်ကူကူလဲဝယ်ယူလို့ရနေပါတယ်။ နယ်ခြားစောင့်တပ်ပုံစံပြောင်းလဲမှု၊ ငြိမ်းချမ်းရေးလဲလှယ်မှုလုပ်လိုက်တာက ထိုရောင်းဝယ်ဖောက်ကားနေသူတွေအတွက် တရားဝင်ရောင်းဝယ်သယ်ဆောင်မှုခွင့်ပြုလိုက်သလိုဖြစ်သွားတယ်။ သူတို့ရောင်းနေတယ်ဆိုတာကိုသိတဲ့ရဲတွေကလဲ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ပြသာနာကိုဝင်မရှင်းကြဘူး။ အချို့၇ွာတွေမှာ သတင်းအရမ်းထွက်လို့ လာဖမ်းသွားတာလောက်ပဲရှိတယ်။ ဒါတွေကို ကျနော်တို့နယ်တွေဘက်မှာ ယခုထိခံနေရတာပါ။ သူတို့ရောင်းဝယ်နေတယ်ဆိုတာကို နယ်ကလူတွေမှာစုံစမ်းမေးနိုင်ပါတယ်။ ယခုမွန်/ကရင် လူငယ်ထုတွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်တက်လာနေပါတယ်။ ဒါကိုလဲစစ်တမ်းလာလုပ်နိုင်ပါတယ်။ ဒီနယ်တွေမှာသုံးနေတဲ့မူးယစ်ဆေးဝါဆိုတာ ဘိန်ဖြူတို့၊ ဘိန်းမဲတို့မဟုတ်ပါဘူး။ ဓါတုဗေဒဆေးနဲ့ထုတ်တဲ့ ဒေသအခေါ် မြင်းဆေးပါ။ ဘိန်းပင်စိုက်စရာမလိုပဲနဲ့ အများကြီးထုတ်လုပ်နိုင်ပါတယ်။ ၂၀၁၁ နှစ် ဒီဇင်ဘာလအထိ မိမိအသိတစ်ဦးမှအရောင်းအ၀ယ်ပြုလုပ်ခဲ့မိပါတယ်။ သူရောင်းဝယ်ရန်ပစ္စည်းကို ထုတ်ပေးနေသူသည် နယ်ခြားစောင့်တပ်မှဖြစ်ပါတယ်။ ထိုအဖွဲ့များ ရောင်းဝယ်ဖောက်ကားနေမှုသက်သေပြရန် အကြောင်းအရောများစွာရှိပါတယ်။ ထို့ကြောင့် အနာဂတ်လူငယ်များ၏မျှော်လင့်ချက်မဲ့သောဘ၀များမဖြစ်သွားစေရန် အာဏာအလွဲသုံးစားပြုလုပ်ပြီး တရာဝင်ရောင်းဝယ်ဖောက်မှုကိုရပ်တန့်သင့်ပါပြီး

Anonymous said...

ပြည်ထောင်စု မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်... နိုင်ငံခြားရေး မူဝါဒတွင် အမြဲတမ်းရန်သူဆိုတာမရှိသလို....အမြဲတမ်း မိတ်ဆွေဆိုသည်လည်းမရှိ.....အမြဲတမ်းကိုယ်ကျိုးသာ ရှိသည်တဲ့.... အဖိုးကပြောခဲ့ဖူးတယ်.... အရိုးသားဆုံးသော ခြံချင်းကပ် အိမ်နီးနားချင်း တောင်မှ မြေခိုးပြီး ခြံခိုးခတ်တတ်တယ်တဲ့... ဗိုလ်နှုတ်ခမ်းမွှေး မူးယစ်ဆေး ထုတ်မထုတ် လုပ်မလုပ်ဆိုတာက ဒါကပြည်တွင်းရေး... အဖေကိုကျော် ပထွေးသွား မတော်လိုက်မိဖို့ကတော့....ယိုးဒယားပဲ.....

Powered by Blogger.