လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ

နေပြည်တော်လေဆိပ်
ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ
လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည်ပြည်တွင်းလေယာဉ်များ
နှင့်မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်းဖြတ်ကျော်ပျံသန်းလျက်ရှိသောလေယာဉ်
များ၏ဘေးကင်းလုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေးအတွက်လိုအပ်သောဆက်သွယ်ရေး
စက်များ၊လေကြောင်းလမ်းညွှန်စက်များနှင့်လေကြောင်းသုံးရေဒါများအားအစဉ်
ကောင်းမွန်မှုရှိနေစေရေးတာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

ယခုအခါ၎င်းဌာနခွဲ၏စက်ပစ္စည်းများပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအားပုဂ္ဂလိက ကုမ္ပဏီ
တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONALကုမ္ပဏီ၏ လက်ခွဲ
 တစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်း
သိမ်းစရိတ် အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် ရယူလုပ်ဆောင်လျက် ရှိနေပါသည်။

သို့ရာတွင်အမှန်တကယ်တာဝန်ယူဆောင်နေရသောလေကြောင်းဆက်သွယ်လမ်းညွှန်
ကွပ်ကဲရေးဌာနခွဲရှိဝန်ထမ်းအများစုမှာမည်သည့်အကျိုးကျေးဇူးမှမခံစားရဘဲလုပ်ပိုင်
ခွင့်ရကုမ္ပဏီ နှင့်အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိစံစားနေကြပါသည်။

၎င်း တို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိခဲ့သည့်၂၀၁၁ခုနှစ်နိုဝင်ဘာလမှ စတင်ပြီးယနေ့အချိန်
အထိ(၆)လခန့်ကာလအတွင်း၎င်းကုမ္ပဏီမှသုံးစွဲခဲ့သောခန့်မှန်းငွေပမာဏမှာအမေရိ
ကန်ဒေါ်လာ(၃၀၀၀၀)(သုံးသောင်း)ခန့်သာသုံးစွဲထားကြောင်းတွေ့ရှိရပါသည်။

၎င်းခန့်မှန်းကုန်ကျငွေမှာနယ်လေဆိပ်(၆)ခုခန့်ရှိလေကြောင်းဆက်သွယ်ရေးစက်များ
ခိျု့ယွင်းပျက်စီးမှုဖြစ်ပေါ်ပါကဌာနမှဝန်ထမ်းတစ်ဦးသို့မဟုတ်နှစ်ဦးမှသွားရောက်ပြုပြင်
ရာတွင်တစ်ဦးလျှင်အမေရိကန်ဒေါ်လာ(၄၀၀)ရရှိသည့်အတွက်ကုန်ကျစရိတ်ဖြစ်ပါသည်။

သို့သော်လည်း၎င်းဝန်ထမ်းမှာလည်းဝန်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး
နယ်လေဆိပ်သို့စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။၎င်းကုမ္ပဏီအနေဖြင့်တစ်နှစ်
လျှင်အနည်းဆုံးဒေါ်လာ(၁.၃)သန်းခန့်အမြတ်ရရှိပါသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့်ဌာနဆိုင်ရာလူကြီးများနှင့်ပူးပေါင်းဂွင်ရိုက်ပြီးလုပ်ပိုင်ခွင့်
သက်သက်သာရယူသွားခြင်းဖြစ်ပါသည်။အမှန်တကယ်စက်များပြုပြင်ရသည်မှာအစိုးရ
ဌာနမှ ဝန်ထမ်းများသာဖြစ်ပါသည်။
Myanmar News Now
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏   နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ Reviewed by သစ်ထူးလွင် on 18:26 Rating: 5

22 comments:

chochoaung said...

ဒါကြောင့်  AIR ပုဂံကို စီး စိတ်ချ၇တယ် ဦးတောဇက လေယဉ် အကောင်းစားတွေ ၀ယ်ထားတာ

မရဏမင်း said...

ကိုယ်တွေကမှ သီးခြားရပ်တည်/စတင်မှုမပြုနိုင်သရွေ့တော့ ခံနေရမှဘဲလေ..နောင်လာမဲ့ရင်နှီးမြုပ်နှံမှုအစရှိတဲ့လုပ်ငန်းရပ်အမျိုးမျိုးတွေမှာလည်းဒီထက်မကတွေ့ကြုံလာရမှာဘဲ..ကိုယ့်ဘက်ကအားနည်းချက်တွေကတစ်ခုမဟုတ်တစ်ခုတော့ရှိနေမှာဘဲလေ..သယံဇာတပေါကြွယ်ဝတာဘယ်သူမှလာရောက်မစွက်ဖက်နဲ့လို အောက်ခုထိုင်နြေ့ပီးအော်ဟစ်နေရင် "ကောက်ရိုးပုံစောင့်တဲ့သတ္တ၀ါ"လိုဖြစ်နေမှာပေါ့

aung myat said...

ဗမာပြည်မှာဒီလိုခိုးစားနေတဲ့လူကြီးတွေကအများကြီးဘဲ၊ဒါကြောင့်ဒီလူကြီးတွေကဒီမိုကရေစီရမှာ၊သတင်းတွေလွတ်လပ်ခွင့်ရမှာ၊လွတ်လပ်ခွင့်တွေအားလုံးကိုဒီလူကြီးတွေဘယ်တော့မှမပေးချင်ဘူး။
လက်ရှိရော၊အခုလုပ်နေတဲ့အစိုးရလူကြီးတွေမခိုးတဲ့သူမရှိသလောက်ဘဲ၊ရှက်ဖို့တော့တော်တော်ကောင်းပါတယ်၊ပြီးတော့သူတို့
ဘဲနိုင်ငံတော်ကိုချစ်တယ်၊လက်ရှိအစိုးရအရင်ခိုးခဲ့တဲ့သူခိုးအကြီး
စားတွေကိုဖေါ်ထုတ်အရေးယူလိုက်ရင်နိုင်ငံတော်အတွက်အသုံး
ပြုလို့ရမဲ့ငွေအများကြီးရလာမှာပါ၊သမ္မတကြီးဦးသိန်းစိန်ရေ၊သူခိုးကြီးတွေကိုကျောသားရင်သားမခွဲခြားဘဲ၊ဖေါ်ထုတ်ပြီးအရင်နိုင်ငံေ၇းသမားတွေကိုထောင်ချသလိုအနှစ်၁၀၀လောက်ချလိုက်ပါ
ဒါမှနောက်မျိုးဆက်တွေမလုပ်ရဲကြတော့မှာ၊အခုဟာကခိုးစားတာကိုတရားဝင်လိုလိုလုပ်နေကြတယ်။

Ko Nyo Khant ( Mdy university.) said...

စီးပွားရေးဦးတည်ချက်(၄)ရပ်မှာသူတို့(တပ်မတော်အစိုးရ)ရေးထားတာဘဲ...နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကိုဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးတဲ့..သူတို့ရဲ့ဦးတည်ချက်ကရှင်းနေတာပါပဲသူတို့ဖာသာသူတို့ဖန်တီးပြီးသူတို့နဲ့ပတ်သက်တဲ့ခရိုနီကယ်လူတစ်စုကောင်းစားရေး...သူတို့လက်ဝယ်မှာဘဲရှိနောတာ...ကျန်တဲ့ တိုင်းရင်းသားတွေကလုပ်ကိုင်မစားတတ်တော့....အော်..လုပ်ကိုင်မစားတတ်တာတော့မဟုတ်ပါဘူး..လုပ်ကိုင်ခွင့်တွေမရကြတော့..သူတို့အပေါင်းပါလက်တစ်ဖက်(လက်ငါးချောင်း)စာလောက်ဘဲ..နိုင်ငံခြားမှာပါကုမ္ပဏီတွေထောင်ပြီးကြီးပွားချမ်းသာပြီး...ပြည်သူတွေကတော့...သူတို့ချကျွေးတာလေးစားပြီးအသက်ရှင်ရပ်တည်နေရတာပါ....

ဆုလာဘ် said...

ဘာလုပ်ကြမလဲ ဒီလိုဘဲဟိုလိုလှည့်ဒီလိုလှည့်ယူနေကြတော့မှာလား နိုင်ငံငွေတွေကုန်ပါပြီ တခြားကိုပေး၇မယ့်အကြွေးတွေအများကြီး၇ှိနေပါတယ် သတိထားဆောင်၇ွက်ကြပါ

shingyi said...

မြန်မာမှာလေကြောင်းဆက်သွယ်ေ၇းRadarအပါအ၀င်ပြင်နိုင်သူတွေအမှားကြီး၇ှိတယ်။ဒါတွေကsubstitution ဘဲလုပ်တာ။စီစစ်သင့်ပါတယ်။အစစလက်ဝါးကြီးအုပ်လုပ်စားတာဖမ်းပါ။

Ko Nyo Khant ( Mdy university.) said...

ကျွန်တော်ငယ်ငယ်က...ဇာတ်မင်းသားကြီး..ရွှေမန်းတင်မောင်ဆုံးတော့...မန္တလေးတောင်နားကအုတ်စက်သင်္ချိုင်းမှာသင်္ဂြီုတာ..မန္တလေးတစ်မြီု့လုံးကလူတွေလိုက်ပါပို့ဆောင်ကြတာတွေ့ဘူးတယ်...နိုင်ငံတော်အကြီးအကဲတစ်ချို့သေဆုံးတော့သ င်္ဂြိုတော့...လူမသိသူမသိသင်္ဂြီု လိုက်တာကိုလည်းတွေ့ဘူး တယ် ဒိနေရာမှာဘာသွားတွေ့ရသလဲဆိုတော့.လူချစ်လူခင်ပေါများတဲ့..လူပုဂိုလ်တွေဆုံးတဲ့အခါမှာ..စည်ကားသိုက်မြီုက်တာကိုတွေ့ရြ့ပီး..နိုင်ငံကောင်ဆောင်လုပ်ခဲ့တဲ့ပုဂိုလ်တွေမှာဘာကြောင့်လူချစ်လူခင်မရှိဘဲနိဂုံးချုပ်သွားရသလည်းဆိုတာစဉ်းစားမိတော့...အင်း...သံဝေဂရစရာပေါ့လေ....

Anonymous said...

မသိရင်မှတ်ထား ပြုပြင်ထိန်းသိမ်းစရိတ်= ၁း ၄၉
ပြုပြင်ထိန်းသိမ်းခ = ၃၀၀၀၀ ဆိုတော.စရိတ်က ၁၄၂၀၀၀၀
အဲ တွက်ခြေသိပ်မကိုက်သေးဘူး၊ စက်တွေရဲ. warranty ပြန်ကြည်.ပါဦးဟ၊

Unknown said...

အစိုး၇အာဏာပိုင်တွေနဲ့ ပေါင်းပီးTRACTI0N TECHNOLOGIESpte.Ltdကလေကြောင်းပြုပြင်ေ၇းထိန်းသိမ်းေ၇းစ၇ိတ် တနှစ်ကန်ဒေါ်လာ၁.၅သန်းနဲ့ လုပ်ဆောင်ချက်မှာ အမှန် ပြုပြင်ကုန်ကျငွေနဲ့ မတန်တဆကွာခြားနေတာ ကမဖြစ်သင့် တာ စာ၇င်းစစ်အဖွဲ့ တွေ ၀င်စစ်ခွင့် မရှိ၇င်သေချာတယ် နေပြည်တော်က သူခိုးကြီးတွေနဲ့ ဖန်ကြပြန်ဘီ....ခ၇ီးသည်တွေအသက်အန္တ၇ာယ် ကပိုအေ၇းကြီးလို့  စက်ပိုင်းဆိုင်၇ာတော့ မပေါ့ သင့် ဘူး။

ayeminoo said...

chochoaung ယူဘယ်လောက်သိလို.လဲ
နိုင်ငံခြားကအကျတွေဝယ်ထားတာ
ဒါ.အပြင်အချိန်လဲမမှန်ဘူး
မင်းလေယာဉ်ကောစီးဖူးလို.လား
မြန်မာပြည်မှာအကောင်းဆုံးကကမ္ဘောဇ air line
ကြည်.ရတာမင်းကမင်းပြောတဲ.(ဦးတောဇ)ကုမ္ပဏီမှာလုပ်နေတာနဲ.တူတယ်

အိုးဝေ said...

chochoaung ယူဘယ်လောက်သိလို.လဲ
နိုင်ငံခြားကအကျတွေဝယ်ထားတာ
ဒါ.အပြင်အချိန်လဲမမှန်ဘူး
မင်းလေယာဉ်ကောစီးဖူးလို.လား
မြန်မာပြည်မှာအကောင်းဆုံးကကမ္ဘောဇ air line
ကြည်.ရတာမင်းကမင်းပြောတဲ.(ဦးတောဇ)ကုမ္ပဏီမှာလုပ်နေတာနဲ.တူတယ်

Anonymous said...

ပို့ ဆောင်ရေးဝန်ကြီးဌာနမှာ၊အစဉ်အလာအားဖြင့်၊
ဝန်ကြီး+ဒုဝန်ကြီး+DG+MD ရာထူးတွေအားလုံးမှာ၊
သူခိုးအကြီးစားတွေပဲရွေးပြီးတာဝန်ပေးခဲ့တာကြာပြီ။
၁၉၈၈-နောက်ပိုင်း၊ဒု-ဗိုလ်ချုပ်ကြီးတင်ထွန်း ကလွဲလို့
အကုန် သူခိုးအကြီးစားတွေချည့်ပဲ။

Myo1 said...

လူတွေက ယုတ်မာလေ အကျိုးခံစားရလေ....ပြီးတော့ ဒီဘ၀မှာပဲပြန်ပြီး ၀ဋ်လည်လေ....

minsoeaung said...

လူကြီးတွေအလုပ်ရှုတ် ကျန်းမာရေးမကောင်းဖြစ်နေချိန်
တောမီးလောင်တောကြောင်လက်ခမောင်းခတ်ဆိုတာ
ဖြစ်နေဘီ။ဘာဆက်လုပ်သင့်နေဘီလဲ။
မိမိတို့ကိုယ်ပိုင်အသိများနဲ့နိုင်ငံတော်ကြီအတွက်အကောင်း
ဆုံးဖြစ်အောင်လုပကြပါစို့လို့သာတိုက်တွန်းပါရစေဗျာ။

sean said...

၁၉၆၂ ကစပြီး ပြည်ထောင်စုဘဏ်ထဲ က ရွှေတွေ ပျောက်ပြီး အပြည်ပြည် မှာ အကြွေး ၁၁ ဘီလျှံ လောက် ဒီလိုနဲ့ တင်သွားတာ ဘဲ ဖြစ်မယ်

မန်းလေးသား said...

မချိုချိုအောင်... ဟဲဟဲ သေချာအောင်လို့ အဲပုဂံနဲ့ မလေးရှားကိုလာပါလားဗျာ... ပြီးပြန်ရင် မလေးရှားပိုင် အမ်အေအိုင် နဲ့ပြန် ပြီးရင်ဘာကွာလဲလို့ ကွန်မန့်ပေးနော်.... လေယာဉ် တွေပြင်မပြင် ဆက်သွယ်ရေး စက်တွေပြင်မပြင် တော့မသိဘူး.... လေယာဉ်တွေ ဆင်းဖို့ တက်ဖို့ ရာသီဥတုကို ( ကြည့်ပေးရတဲ့ )ခန့်မှန်းပေးရတဲ့ လေကြောင်းမိုးလေဝသ ဌာနမှာရှိတဲ့ စက်ကတော့ .... စိတ်ရောဂါဝေဒနာရှင် ဝတ်တဲ့ အကျီ နဲ့ ပုဆိုးလိုပါဘဲ.....

dawnaky said...

ချိုချိုအောင်က ကြံ့ဖွတ်ဒေါင့်တိုင်လေ။ နအဖအစိုးရက ထောက်ခံသူ မှန်သမျှကို ကပ်ဖားရင်းနဲ့ ရာထူးတက်လာသူပါ။

66koaungaungtun@gmail.com said...

ပြည်ထောင်စုဝန်ကြီးအားလုံးရဲ့စီးပွားရေးကိုပြည်သူများရှေ့မှောက်စီစစ်သင့်ပါပြီသေသေချာချာပြန်စီစစ်ရမဲ့ကိစ္စပါ၊ပြည်သူများအားလုံစည်းလုံညီညွတ်တောင်းခံကြပါခင်ဗျာ။

paukpauk said...

ပို့ဆောင်ရေးဝန်ကြီး ကောမသိဘူးလား?...။
အမျိုးကော ကင်းရဲ့လား၊ လေယာဉ်တွေဝယ်တာတွေကော ဘောက်ချာတွေ သေချာ ပြန်စစ်ကြည့်လိုက်ပါဦး။
စာရင်းစစ်တွေဆိုတာ သူခိုးအထက်က သူဝှက်တွေလိုပါ။

mg soe said...

ပြန်လည်စိစစ်သင့်ပါတယ်။အမှန်တကယ်ဟုတ်ရင်တော့လူမကောင်းရင်လူပြောင်း မှုူမကောင်းရင်မူပြောင်းလုပ်ပေါ့။ ဒီလိုပဲဖြစ်နေကြမှာပဲ။အားလုံးကိုပြောင်းလဲဖို့က
မလွယ်ဘူး။မည့်သူတွင်တာဝန်ရှိပါသနည်း။

Soe said...

သူခိုး ဓါးပြ လူသတ်သမားအုပ်စုတွေ က ပြည်သူတွေ အပေါ် လက်နက်နဲ့ မတ၇ား ဖိနှိပ် အုပ်ချုပ် ထားတဲ့ နိုင်ငံပဲ ဒီလောက်တော့ ၇ှိမှာပေါ့

မောင်မောင် said...

အော်လေယဉ်စီးဖူးတာကို ကြွားတဲ့သူက ရှိသေးတယ်...သူ.အမြင်သူပြောတာပဲ..မချိုချိုအောင် မမှားပါဘူး..မှားနေတာက ခင်ဗျားတို.ဗျ..သူများအမြင်ကို ကဲ့ရဲ့နေတာ..

Powered by Blogger.