မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ၈ျီ-၈ ခေါင်းဆောင်များချီးကျူး

President Barack Obama with the other G8 leaders in a working session focused on global and economic issues, in the dining room of Laurel Cabin at Camp David   Photograph: Pete Souza/White House
ဝါရှင်တန်၊ မေ-၂၁
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထူးခြား ပြောင်မြောက်သော ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။

ယင်းအပြုသဘောဆောင်သော မှတ်ချက်များမှာ မြန်မာနိုင်ငံတွင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားပေးထောက်ခံရန်အလို့ငှာ အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပေးခဲ့ပြီး ရက်အနည်းငယ်အကြာမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေရှည်တည်တံ့ပြီး နောက် ပြန်မလှည့်သော ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထောက်ခံပါကြောင်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးနှင့် ဒီမိုကရေစီအခြေ ခိုင်မာရေးကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဂျီ-၈ ခေါင်းဆောင်များက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်ရေး ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများ၊ အဖွဲ့အ စည်းများ ကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရေး လိုအပ်ကြောင်းကိုလည်း အ လေးအနက်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းရန် လိုအပ်ကြောင်း ဂျီ-၈ ခေါင်းဆောင်များက ထပ်လောင်းပြောကြားသည်။

ဂျီ-၈ အစည်းအဝေးများ ကျင်းပနေရာ အမေရိကန်သမ္မတ နွေရာသီအပန်းဖြေစခန်း Camp David ၌ စောစောပိုင်းတွင် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများအား ကိုယ်စားပြု စကားပြောကြားရာ တွင်လည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို အားပေးကူညီဖို့အတွက်လည်း ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှလုပ်ဆောင်ပေးသွားပါမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားသည် မေလ ၁၇ ရက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတားဆီးပိတ်ဆို့ ထားခြင်းများကို လျှော့ပေါ့ပေးခဲ့ပြီး ၂၂ နှစ်အတွင်း မြန် မာနိုင်ငံအတွက် ပထမဦးဆုံး အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်ခဲ့သည်။

ယခုအခါတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ပြီဖြစ်သော်လည်း စစ်ဘက်နှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများကိုမူ အမေရိကန်အစိုးရက ဆက်လက်ကန့်သတ်ထားသည်။
-Ref:AFP
 7Day News Journal
မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ၈ျီ-၈ ခေါင်းဆောင်များချီးကျူး မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ၈ျီ-၈ ခေါင်းဆောင်များချီးကျူး Reviewed by သစ်ထူးလွင် on 18:02 Rating: 5

9 comments:

humanhankoko said...

ကျေးဇူးတင်ပါတယ် G-8 ရယ်။ ခင်ဗျားတို့ လာရောက် ရင်းနှီးမြှတ်နှံမှ ကျနော်တို့ နိုင်ငံတိုးတက်လာမှာဗျ။ တယုတ်ကြီးကတော့ အတူလုပ်ကိုင်လာတာ ကျနော်တို့ ရေ မြေ သယံဇာတတွေတာ အကုန်ပါသွားတယ် ပြည်သူတွေအတွက် ဘာမှ အကျိုးမရှိခဲ့ပါဘူးဗျာ

မရဏမင်း said...

ဆိုင်းငံ့ထားသရွေ့ အင်အားကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုတွေက ၀င်ရောက်လာအုံးမှာမဟုတ်ပါဘူး...

lwinmin said...

မရဏမင်းကလည်းကွာ....နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ထိတော့စောင့်ပေါ့..နောက်တော့ ကြီမားတဲ့လုပ်ငန်းတွေဝင်လာမှာပေါ့

Ko Nyo Khant ( Mdy university.) said...

ကိုစောမောင်ကြီးက...တပ်မတော်ကတပ်စခန်းတွေကိုပြန်သွားမယ်..ရွေးကောက်ပွဲနိုင်တဲ့သူတွေကိုအာဏာလွဲပေးမယ်...promist ပေးသွားတာတီဗွီမှာ မြင်တွေ့ကြားသိလိုက်ကြတာဘဲ..ဒါကိုမပေးလိုတဲ့ကိုခင်ညွန့်ကကိုသန်းရွှေကြီးကိုအာဏာထိုးပေးလိုက်ပြီးကျားကွက်ရွေ့တာ..ကိုယ့်လူကိုယ်မနိုင်တော့သူပါပြုတ်သွားရှာတာဘဲ...ဒီအချိန်မှာဒီလိုမှမလုပ်ရင်..တိုင်းပြည်ရေစုန်မြောတော့မှာကိုသူတို့ကောင်းကောင်းသဘောပေါက်ပါတယ်..တိုးတက်မှုဆိုတာ..စာရွက်စာတမ်းမှာဘဲရှိနေတာ...အကောင်အထည်ဖော်ဆောင်ရွက်တဲ့လုပ်ငန်းတိုင်းမှာ..international standart မှလုံးဝမရှိဘဲ...အကုန်ခိုးစားကြတော့..အရည်အသွေးမမှီတဲ့..တည်ဆောက်ရေးတွေဘဲပြီးဆုံတယ်...အဲဒီကိစ္စက..နောက်လူတွေခါးစည်းခံရမဲ့..လုပ်ရပ်တွေဘဲဖြစ်တယ်..ဆည်တမံတွေတည်ဆောက်တယ်..သတ်မှတ်အရည်အချင်းပြည့်မှီတဲ့တမံဘယ်နှစ်ခုရှိသလည်း...ဒါ..အကောင်အထည်ဖော်ဆောင်ရွက်တဲ့သူတွေကောင်းကောင်းသိပါတယ်..လမ်းတံတားတွေလည်းစံချိန်မမှီတော့..တန်ပိုတင်တဲ့ကားတွေကိုဘဲအပြစ်ပုံချကြတာ..အများအသိပါ..လမ်းတွေမှာ..သတ်မှတ် densityမရှိဘဲတစ်နှစ်ခံနှစ်ခံလောက်လုပ်ထားကြတာ...နှစ်တိုင်းပြင်နေရတာပါ..ဒါတွေကိုလူကြီးတွေသင်္ခန်းစာယူပြီးပြုပြင်သွားကြမယ်ဆိုရင်တော့...

Anonymous said...

သိပ့်လည်းအပြောတွေမစောကြနဲ့အုံး အထက်ကသာပြောင်းတယ်လုပ်တာ အောက်ခြေကကောင်တွေက မထူးခြားတဲ့အပြင် အရင်ကထက်ပိုဆိုးလာတယ် ကျုပ်တို့ဘဝတွေ
ဘာမှဖြစ်မလာသေးတဲ့အပြင် အရင်ကထက်တောင် အနိုင်ကျင့်ဗိုလ်ကျ မတရားလုပ်တာတွေခံနေရတယ် အခွန်အခတွေတိုးလို့ အသက်ရှုပိုကြပ်နေတယ်

shine said...

humanhankoko ပြောတာမှန်တယ်။ တယုတ်ရဲ့ တကောင်းတောင် နီကယ်
စက်ရုံစီမံကိန်း၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းတွေကို သေချာပြန်စစ်
သင့်တယ်။ တယုတ်တွေ အများကြီးရောက်နေပြီ။ ၂၀၁၄ သန်းခေါင်စာရင်းမှာ
ဗမာနာမည်နဲ့ တယုတ်တွေကို သေချာစီစစ်စေချင်ပါတယ်။

Myo1 said...

တယုတ် ( သတ်ပုံပြင်ထားသည်) ၊ ရုရှားနဲ့  ကုလားမှ လွဲပြီးကျန်သူတွေလာပြီးရင်းနှီးမြုတ်နှံ ရင် အကုန်ကောင်း၏ ။

မန်းလေးသား said...

ရင်းနှီးမြှုပ်နှံတဲ့ သူတွေက လာပြီးကြည့်ရုံကြည့်ကြသေးတာဗျ... တကယ် အလုပ်လုပ်ဖို့ကျတော့ မလုပ်ရဲကြသေးဘူး.... ဘာလို့လဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှူပ်နှံဖို့အတွက် နိုင်ငံတော်သမ္မတ နဲ့ ဝန်ကြီးတွေက ရင်းနှီးမြုပ်နှံမှူ့အတွက် ဥပဒေကို တိတိကျကျ သေသေ ချာချာ ခိုင်မာတဲ့ စဉ်းမျဉ်း ဥပဒေကိုမပြနိုင်သေးလို့တဲ့....

001komgmg222@gmail.com said...

ဟုတ်ပါတယ်တရုတ်ကြီးကြောင့်မြန်မာတယံဇာတတွေကုန်သလောက်ဖြစ်နေပါပြီ
ပြည်ထောင်စုဝန်ကြီးတွေနဲ့ပေါင်းစားသွားတာပါပြန်စီစစ်ပြီးပြည်သူဘဏ္ဍနာပြန်သိမ်းသင့်ပါတယ်။

Powered by Blogger.