လျှပ်စစ်မီး ရရှိရေး မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေ

၂၀-၅-၂၀၁၂ ၂၆လမ်း မန္တလေး စွမ်းဟော်တယ်ရှေ့တွင် လျှပ်စစ်မီး ပုံမှန် ရရှိရေး ဆန္ဒပြု ဆုတောင်းခြင်းအားတွေ့ရစဉ်

ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ ၄၅ နာရီကျော်ခန့်ကစတင်၍ လူအင်အား ငါးဆယ်ကျော်ရှိသော မန္တလေးပြည်သူပြည်သားများက စွမ်းဟိုတယ်ရှေတွင်လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ပြသကြစဉ်

ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ ၄၅ နာရီကျော်ခန့်ကစတင်၍ လူအင်အား ငါးဆယ်ကျော်ရှိသော မန္တလေးပြည်သူပြည်သားများက စွမ်းဟိုတယ်ရှေတွင်လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် လက်မှတ်ရေးထိုးပြီး ဆန္ဒထုတ်ဖော်ပြသကြစဉ်
လျှပ်စစ်မိးရရှိရေးမန္တလေးတွင်ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် (ဓါတ်ပုံ-CJMyanmar)
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေကြပါသည်။

မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရကြောင်း CJmyanmar
- Facebook မှာ ဖော်ပြထားသည်။

မန္တလေးမြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းနှင့် ဓာတ်အား ဖြန့်ဝေရာတွင် အလှည့်ကျစနစ် မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် မန္တလေးမြို့ခံ စာပေပညာရှင်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် မြို့ခံလူထုတို့က မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အနီးတွင် ယနေ့ည ၇ နာရီ တိတိမှ စတင်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြလျက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

“လေးယောက်တစ်တွဲ စီတန်းလှည့်လည်နေတာပါ။ အင်အား ၂၀၀ ကျော်လောက် ရှိတယ်။ အနောက်ကနေ ကားတွေ ဆိုင်ကယ်တွေနဲ့ လိုက်နေတဲ့ လူထုက အဲဒီနှစ်ဆကျော်လောက် ရှိပါတယ်” ဟု ၎င်းက တယ်လီဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့သည်ဟု The Voice Weekly-Facebook မှာလည်း
ဖော်ပြထားပါသည်။
လျှပ်စစ်မီး ရရှိရေး မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေ လျှပ်စစ်မီး ရရှိရေး မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေ Reviewed by သစ်ထူးလွင် on 20:04 Rating: 5

100 comments:

nike said...

ကောင်းတယ် ဆတ်လုပ်

chogyi said...

ကောာင်းပါတယ် ပြည်သူတွေရဲ့ သဘောထားကို ပြသတာပါ ကျွန်တော် တို့ မန်းလေး မှာ မီးမလာတဲ့ ပြသနာ က အခုမှ မဟုတ်ပါဘူး ဆယ်စုနှစ်ကျော်နေပါပြီ ဒါကို လူကြီးတွေ က အမြန်ဆုံး အဖြေရှာသင့်ပါတယ် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးသင့်တာ ကြာပါပြီ

နားမလည် ပါးမလည် said...

ဒါဟာ အမှန်တရား ပဲ တနိုင်ငံလုံးမီးအလင်းရောင်ရရှိရေး အတွက်ဆက်လက်ပြီး ဆန္ဒပြကြရလိမ့်မယ် ငြိမ်းချမ်းစွာပေါ့

nandar said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုမင်းကိုနိုင် တို့ရဲ့ ကျေးဇူးကြောင့် ပြည်သူများအကြောက်တရားတွေ ကင်းဝေးလာကြပါပြီ။ ဆန်ဒထုတ်ဖော်ခွင့် အကြောင်းကြားပြီးပြီလား။ ဆက်လုပ်ကြပါ။အားပေးနေမယ်။

said said...

ဟုတ်တယ်ဗျို့။ အလှည့်ကျမီးလာဖို့မပြောနဲ့ ဘယ်အချိန်လာမှန်းတောင်မသိရတဲ့မန်းတလေးလျှပ်စစ်မီးပါ။အခုလဲ ကွန့်မန့်ပေးချင်လွန်းလို့ကိုမီးစက်နှိုး၊အင်တာနက်ကိုဖုန်းနဲ့ချိတ်ပီးမရရအောင်ရေးပေးလိုက်တာ။ဟိုတစ်လောကသိပ်မကြာသေးဘူးဖုန်းလိုင်းတွေပျက်သွားသေးတယ်။၂ရက်လောက်ရှိတယ်။မီးမပေးနိုင်တော့ တာဝါတိုင်ကျိုးတယ်ဆိုပီးအကြောင်းပြနေတာပါ။မန်းတလေးမှာရန်ကုန်မြို့လောက်ကိုမလာတာပါ။သက်ဆိုင်သူများအရေးယူပီးစစ်ဆေးပေးကြပါခင်ဗျာ။

booboom said...

အသုံးမဝင် တဲ့ လျှပ်စစ်ဝန်ကြီး အမြန် ဖြုတ်ပေးပါ
အပြော တစ်မျိုး အလုပ်တစ်မျိုး နဲ့ 

booboom said...

အသုံးမဝင် တဲ့ လျှပ်စစ်ဝန်ကြီး အမြန် ဖြုတ်ပေးပါ
အပြော တစ်မျိုး အလုပ်တစ်မျိုး နဲ့ 

Thurein said...

မိုးတွေလည်းပြန်ရွာနေပြီ။ လျှပ်စစ်မီးကတော့ ဖြတ်မယ်ဆိုတုန်းပဲ။ တိုးတက်ဦးမယ်။

www.academicmedicines.blogspot.com

booboom said...

အသုံး မကျတဲ့ လျှပ်စစ် ဝန်ကြီး အမြန်ဆုံး ဖြုတ်ပေးပါ
အပြော တစ်မျိုး အလုပ် တစ်မျိုးနဲ့  ပြည်သူပြည်သား
တွေ ကို မလိမ် ပါနဲ့ တော့ ခင်ဗျား တစ်ယောက် ကြောင့် 
မြန်မာ ပြည်တစ်ပြည်လုံး မီးမှောင်နေပြီ

san said...

လုပ်လေ....လုပ်ကြ..လူများလေ ကောင်းလေ ပဲ... မြစ်ဆုံစီမံ ကိန်း ပြန် စ မယ်...အဲ့အခါကျမှ...ဘာသံတွေ ထွက်မလဲ ကြည့်ချင်သေးတယ်..

winkhine said...

လျှပ်စစ်မီးမလုံလောက်ရင်ကုန်ထုတ်စွမ်းအားတွေကျဆင်းမှာဘဲ နိုင်ငံဖွံဖြိုးတိုးတတ်ဖို့ဆိုတာလျှပ်စစ်မရှိရင် ၀မရှိဘဲဝိလုပ်တာနဲ့တူတူဘဲ

ဧ၇ာထွန်း said...

မြန်မာပြည်မှာ လျှပ်စစ်ပိုလျံလိုတခြားနိုင်ငံရောင်းတာပါလို့ပြောတဲ့ လူကြီးများခင်ဗျာ လူကြီမင်းတို့ရဲ့အိမ် လျှပ်စစ်လုံလောက်ရုံနဲ့ မပိုလျံပါ အနီးကိုပဲမြင်ပြီး အဝေးကိုမျှော်မတွေးတက်ရင် အမျှော်မြင်အတွေးခေါ်ရှိတဲ့သူတွေ ဦးဆောင်စေပြီး တက်ယောင်ကန်း ကောင်းလိမ့်နိုးနိုး စမ်းတ၀ါးဝါး မလုပ်စေချင်ပါ ပြည်သူတွေ နစ်နာလှပါပြီ ပြည်သူတွေဘက်ကို နည်းနည်းလေးတော့ ငဲံ့ကြည့်ကြပါအုံး

laypyaynyin said...

မီးပုံမှန် ပေးပါဗျို့။။။

shouttwr 1990 said...

ဝန်ကြီး စဉ်းစားပေးပါ ဖြည့်ဆည်းပေးပါ

Show said...

မိုက်တယ်ဗျာ
ကျွန်တော်တို့မြို့မှာလည်းအဲလိုလုပ်ရင်ကောင်းမယ်
တသက်လုံးအမှောင်ထဲမှာနေလာရတာ သည်းမခံနိုင်တော့ဘူးထင်ပါတယ်
နေပြည်တော်ကြီးကျတော့လဲသစ်ပင်တွေကအစမီးပေးထားတာ
ပြည်သူတွေအတွက်မတရားဘူးထင်တယ်နော်
ဆည်တွေမှာရေမရှိတိုင်းသာမီးမရဘူးဆိုရင် အာရပ်နိုင်ငံတွေဘယ်လိုလုပ်မလဲ
ဒီစကားကိုပဲအမြဲပြောနေတော့မှာလား

မျိုးချစ်ဗမာ said...

ဇော်မင်း ရေ တာဝန်ယူတတ်ရင် နှုတ်ထွက်သင့်တယ် ယောက်ကျားစိတ်ရှိသေးရင်တော့ ကိုယ့်ကို ကိုယ်သတ်သေလိုက်တော့ မင်းဟာက ရှက်စရာသိပ်ကောင်းနေပြီ

Thant Zin said...

အားပေးတယ်

Thant Zin said...

အရေးတကြီး ဆောင်ရွက် ရမယ့် ကိစ္စဖြစ်ပါတယ်

ကေါင်းကေါင်း said...

ပြည်သူလူထုတွေအခက်အခဲကိုရိုးရိုးသားသားဖော်ထုတ်ပြတာကို. အစိုးရကလစ်လျှူုရှု့နေရင်တော့အစိုးရကိုလူထုကဖြုတ်ချကြရမည်. လိုအပ်တာကိုလိုအပ်လို့ဆန္ဒဖော်ထုတ်ကြတာ. ကေါင်းမွန်သင့်တော်ပါတယ်. ဒါကိုမှဖမ်းရင်တော့လူထုကခံတော့မည်မဟုတ်ပါ. လူထုကို2007. နှဲံ့၈၈၈၈ကလိုလုပ်လို့မရတော့ပါဘူး. အမေရိကန်နှင့်အနောက်အုပ်စု. နိုင်ငံစုံကကြည့်နေကြမည်မဟုတ်ပါ.

Thant Zin said...

အားပေးတယ်

lawyer said...

ကောင်းပါတယ်။မန်းလေးသူ၊မန်းလေးသားတွေ။

အညာနိုင် said...

(လျှက်စစ် ဆိုတာ အခုလိုပိုလျှံ ပြီး သုံးတဲ့သူမရှိရင် ဒါ market သဘောရ ရောင်းစားရမှာဘဲလေ ..) ဒီပါးစပ် ကြီး ဆက်ပြောပါအုံး....

thet said...

ကိုသိန်းဇော်ရေဘယ်လိုလဲ

zzmyoe said...

နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် လျှပ်စစ်မီးမှန်မှန်မလာတာ ပြည် သူတွေဘယ်လောက်တောင် ရင်နာမလဲစဉ်းစားကြည့်စမ်းပါ၊ဘယ်သူမှားနေလဲ ပြည်သူတွေခါးစီးခံလာရတာ ဒါတောင်ပိုလျှံနေတယ်ဆိုတဲ့လူကရှိသေးတယ်၊တိုင်းပြည်ကိုအုပ်ချုပ်လာတာ ဘာ master plan မှမရှိဘူး၊လူကြီးလုပ်တဲ့အချိန်ရသလောက်အိတ်ထဲထည့် ပြီးဆွေမျိုးကောင်းစားရေး၊လူတစုကောင်းစားရေးတွေလောက် လုပ်နေကြတာ၊ လူထုကို အပြည့်အ၀ထောက်ခံ ပါတယ်။မြန်မြန်ဖြေရှင်းချက်ထုတ်ပေး ပါလို့တောင်းဆိုပါတယ်၊၊

ဒေးအောင်ဘို said...

ထောက်ခံခြင်ပါတယ် ........... မန်းလေးက လူတွေက ပေါ်ပင်လိုက်လွန်း ကြတယ်

sithudreams said...

ပြည်တွင်းကိုတော့လျှပ်စစ်အားပြည့်စုံအောင်မပေးနိုင်ဘူး။
တိုးတက်ပြောင်းလဲနေသည်တဲ့ဘယ်နေရာလဲတော့မသိဘူး။
ရန်ကုန်မှာပြည့်တန်ဆာခန်းတွေပိုများပြီးတိုးတက်လာတာဘဲရှိတယ်။မြန်မာနိုင်ငံဟာဘာနိုင်ငံကြီးဖြစ်နေပြီလဲ။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ဖာနိုင်ငံကြီးဘဲဖြစ်တော့မယ်နဲ့တူတယ်။

ကိုကိုညို said...

အသုံးမကျတဲ့လျှပ်စစ်ဝန်ကြီးကိုပါ နုတ်ထွက်အောင် ဆက်ပြီးတောင်းဆိုသင့်တယ် သုံးမရတဲ့ ကျန်ဝန်ကြီးတွေလဲ ထွက်သင့်ပါတယ်
ဒီနေ့ ဆန္ဒဖေါ်ထုတ်ပွဲ ကိုကြိုဆိုပါတယ် ဆက်ပြီးမန်းကျောက်မျက်ဈေးကိစ္စကိုလဲ
ဒီလိုဆက်လုပ်သင့်တယ်လို့ အကြံပြုခြင်ပါတယ် ထောက်ခံပါတယ်

minsoeaung said...

ဒို့လည်လိုက်မယ်ချန်မထားနဲ့
ဖယောင်းတိုင်လေးတွေကိုင်လို့ကွယ်
လိုက်မယ် ပြမယ်

booboom said...

အသုံးမကျ တဲ့ လျှပ်စစ်ဝန်ကြီး အမြန်ဆုံးဖြတ်ပေးပါ

မမမေ said...

သီတင်းကျွတ်မီးထွန်းပွဲတော်ကျနေတာဘဲနော်...

ivory said...

မီးလာချိန်တောင်မီးကောင်းကောင်းမပေးဘူး မိုက်ရိုင်းတယ်

Pyae Phyo said...

ဖယောင်းတိုင်ထွန်းတာအရေးမကြီးဖူး။ မတော်တဆမီးလောင်မှ ပိုဆိုးကုန်မယ်။

Anonymous said...

လျှပ်စစ်မီး အလင်းမရတော့ .. မြန်မာပြည်ကြီးက စမ်းတ၀ါးဝါး ဘဲပေါ့ ။

Thameesan said...

ပွင့်လင်းမြင်သာမှု ရှိသင့်နေပါပြီ။

minaung1149 said...

ပူလို့ေ၇နည်းလို့တစ်ခါလာလဲဒီအပြော၊GASနဲ့ကျတို့မြန်မာပြည်ကလျှပ်စစ်ထုက်မရ လို့များလားဟင့်၊တယးတားမတိလို့မေးကြည့်တာပါဂျာ၊

phozaw said...

ထောက်ခံပါသည်

phozaw said...

ထောက်ခံပါသည်

KMW said...

ပြည်သူတွေအဖိနှိပ်ခံ နေခဲ့ ရတာ ကြာပါပြီ။ မီတါထိမ်းသိမ်းစောင့်ရှောက်ခ ဆိုပြီး တလတစ်ထောင်ကျပ်ကောက်တယ် တနိုင်ငံလုံး၏မီတာအလုံးရေနဲ့တွက်ကြည့်လိုက်ပါ ဒီကြားထဲ ကိုယါထူကိုယ်ထ မီးလင်းရေးဆိုတာကပါသေးတယ် ပြည်သူတွေကတော့ကြသင့်တဲ့  အခွန်အခတွေကိုပေးဆောင်နေကြပရပါတယ် နိင်ငံတော်မှလည်း ပြည်သူလူထုကိုပြန်ကြည့်သင့်ပါတယ် တိုင်းပြည်အတွင်းမှာရှိတဲ့နိုင်ငံသားအားလုံး တူညီ မျှတတဲ့အခွင့်ရေးတော့ပေးသင့်ပါပြီ

ဖိုးဖိုးကြီး said...

ယခုတလော-ဓါတ်အားပေး စက်ရုံတွေ သောင်းကျန်းသူတွေက ဗုံးခွဲတဲ့အ
တွက် လျှပ်စစ်မီး တွေပျက်တောက်ခဲ့ရပါတယ်လို့ နိုင်ငံတော်ပိုင်သတင်းစာ
တွေမှာ တွေ့၇ပါတယ်။ ဒါကြောင့် တာဝန်ရှိနိုင်ငံ့ဝန်ထမ်းတွေပြန်လည်ပြု
ပြင်နေသည့်အတွက် သည်းခံကြပေးပါ။ယခုပျက်စီးသွားသောအပိုင်းအလိုက်
ပြန်ပြုနေတဲ့အတွက် နိုင်ငံအတွင်းရှိမြို့တော်တော်များများကိုအလှည့်ကျပေး
နေသည်ဟုတာဝန်ရှိ လျှပ်စစ်ဌာနမှဝန်ထမ်းတွေက နေ့စဉ်ထုတ်သတင်းစာ
တွေမှာ ကြော်ငြာထားတာတွေ ဖတ်လိုက်ရပါတယ်။ ကဲ့-ဘာဘဲပြောပြောအ
ချိန်တန်ရင်တော့ မီးလေးတွေ ပြန်လင်းပေးကြပါဦး---လျှပ်စစ်ဌာနက၀န်
ထမ်းတွေ-ပြည်သူတွေရဲ့မီး/ရေ ကိစ္စတွေကိုအမြန်ဆုံးရအောင်ကြိုးစားပေး
ကြပါ။

cartoon said...

ပြည်မြို့မှာလဲ လုပ်သင့်တယ်ဗျာ..မီတာခတွေတိုးပေးထားတယ်။မနိုင်ရင် ပုဂ္ဂလိက ကိုလွှဲပေးလိုက်တော့။ခုလိုခောတ်မှာ မီးမရဘူးဆိုတာ မဖြစ်သင့်တော့တဲ့ကိစ္စ တစ်ခုပါ။နေပြည်တော်နဲ့ရန်ကုန်ကလူတွေမှ လူမဟုတ်ဘူး။

booboom said...

အသုံးမကျတဲ့ လျှပ်စစ်ဝန် ကြီး အမြန်ဆုံး ဖြုတ်ပေးပါ
ပြည်သူပြည်သားတွေကို မလိမ်ပါနဲ့ တော့ 

booboom said...

အပြော တစ်မျိုး အလုပ် တစ်မျိုးနဲ့  အသုံးမကျတဲ့ လျှပ်စစ်ဝန်ကြီး
မြန်မာ ပြည်တွင် အလိုမရှိ အမြန်ဆုံး ဖြုတ်ပစ် ပါ

booboom said...

အသုံးမကျ တဲ့ လျှပ်စစ်ဝန်ကြီး အမြန်ဆုံး အလုပ်ဖြုတ်ပါ

မန်းလေးသား said...

စန်... မင်းက ဘာလူမျိုး လဲ... မင်းရေးတဲ့စာကြည့်ရတာ စစ်တပ် နဲ့ ဇော်ဖျင်းတို့ရဲ့ လက်ကိုင်တုတ်နဲ့တူတယ်....မင်းမှာ ဦးနှောက်မရှိဘူးလား အခုတို့နိုင်ငံမှာထုတ်နေတဲ့ ရေအားလျှပ်စစ် သဘာဝဓတ်ငွေ့ ကနေထုတ်တဲ့ လျှပ်စစ်က အရမ်းများနေတယ်ကွ... ဧရာတီကိုထိစရာမလိုဘူး... အဲဒီထုတ်သမျှလျှပ်စစ်အားတွေက တို့ပြည်သူတွေမသုံးရပဲ နိုင်ငံခြားကို ရောင်းစား... ရတဲ့ပိုက်ဆံက နိုင်ငံအတွက်မဟုတ် ပဲ စစ်အစိုး၇ လူကြီးတွေလက်ထဲ ကိုယ်ကျိုးရှာဝန်ကြီးတွေလက်ထဲ ရောက်လို့ဟေ့... အဲဒါကြောင့် ဆန္ဒပြပွဲတွေလုပ်နေရတာ... တပြည်လုံးတောင်စုပြီး လုပ်သင့်သေးတယ်ကွ...

မန်းလေးသား said...

ဒေးအောင်ကို ခင်ဗျားက ဘယ်မြို့မှာနေတာလဲ... ကျွန်တော်တို့မန္တလေးက ပေါ်ပင်လိုက်လွန်းတယ်ဆိုတာ ဘာကိုကြည့်ပြီးပြောတာလဲ... ရန်ကုန်ကဆီမီးနဲ့ ဆန္ဒပြလို့ လိုက်ပြတာကိုပြောချင်တာလား... ရန်ကုန်မှာရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြလို့ နောက်ကနေလိုက်ပြတာကိုပြောချင်တာလားဗျ... ရန်ကုန်မှာ အရင်ဆန္ဒပြတဲ့သူတွေကို လေးစားပါတယ်..ထောက်လဲထောက်ခံပါတယ်... အဲဒီလိုမျိုး အိုင်ဒီယာကို ကျွန်တော်တို့ မန်းလေးကလူတွေ အရင်မရလို့ မလုပ်ခဲ့တာပါ... ရန်ကုန် လုပ်မှ ငါတို့လဲလုပ်မယ်ဆိုပြီး ထလုပ်တာမဟုတ်ပါဘူး... အရင်ကတည်းက ဆန္ဒပြဖို့ စီစဉ်နေတယ်ဆိုတာ သိစေချင်ပါတယ်.. တခြားမြို့တွေလဲ နောက်မှလုပ်ရင် ခင်ဗျားက ပေါ်ပင်လုပ်လွန်းတယ်လို့ပြောမှာဘဲလား... ကွန်မန့်ကိုသေချာ ရေးစေချင်ပါတယ်... အခုချိန်မှာ ကျွန်တော်တို့တိုင်းရင်းသားတွေ အားလုံးစည်းလုံးပြီး ညီညွတ်စွာနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ခြေခံရပိုင်ခွင့်ကို ရအောင်လုပ်ကြရမယ့်အချိန်မှာ စိတ်ဝမ်းကွဲမဲ့ ကွန်မန့်တွေကို မရေးစေချင်ဘူးဗျာ...

ဇေ said...

မန်းလေး ကလူငယ်တွေကိုတော့လေးစားသွားပြီ အရေးကြီးရင် သွေးစည်းတယ်ဆိုတာ သက်သေပြတာဘဲး ... မြန်မာတစ်နိုင်ငံလုံး(နေပြည်တော်) ကလွှဲးလို့ မီတာခ ကိုတော့ လျှပ်စစ်ရုံး ပုံမုန် မီတာခမပျက်မကွက်လာကောက် တယ် ထိန်းသိမ်းခ ဆိုပြီး သူတို့ မျိုဖို့ဆို့ဖို့ ကို တစ်နိုင်ငံလုံး က မနုမြော ပုံမုန်ပေး ခဲ့တယ် ပေးနေတယ် ပေးနေရတုန်း သူတို့ဘက်ကတာဝန်ကိုတော့ ပုံမုန်မီးမပေးပါ။ ဒေါ်လာရမဲ့ တစ်ရုတ် ၀တုတ်တွေကို နုင်းကန်ထုတ်ရောင်း ..... ကဲ တိုင်းရင်းသားညီကိုမောင်နုမတို့ တစ်နိုင်ငံလုံးသွေးစည်းလိုက်ရအောင်

ကိုဦးနှောက် said...

မီတာခလဲအလွန်ကျပါတယ်။ မီးကလဲလာလိုက်ပျက်လိုက်ပါပဲ။
နေပြည်တော်တိုသူတို. ရတနာပုံမြို.တော်(cyber city) တို.ကော
မီးပျက်နေလား

khittayarmaung said...

ပြည်တွင်းမှာမီးမှောင်နေတယ်၊ ရှိတဲ့လျပ်စစ်ကို တယုတ်ကိုရောင်းတယ်၊ ထွက်တဲ့ သဘာဝဓါတ်ငွေ့ ကိုထိုင်းကိုရောင်တယ်၊ ထိုင်နိုင်ငံရဲ့ စွမ်အင် 25% ဟာမြန်မာနိုင်ငံက၀ယ်တာပါလို့ ထိုင်းကအတိအလင်းကြေငြာတယ်၊ ရောင်းရတဲ့ ပိုက်ဆံတွေ ဘယ်မှာလဲ စာရင်းမပြနိုင်ဘူး၊ တိုင်းပြည်ကို မတရားသဖြင့် အုပ်ချုပ်နေတဲ့ အစိုးရ ဖယ်ရှားပေးပါ.........

ကိုမုံရွာ အင်တာနက် said...

မုံရွာ မှာလဲ မီးတွေ အရမ်းပျက်နေပါတယ်။ မုံရွာသားတွေရော ဘယ်လိုလဲ။

သကြားလုံး said...

ခုလိုပဲ ဆန္ဒပြ တာကောင်းပါတယ်။ မန္တလေးပြည်သူပြည်သားများ က ညိမ်နေမယ်ဆိုရင် ဒီထက်ပိုပြီး မီးမပေးနိုင်ဘူး ဖြစ်သွားပါလိမ့်မယ် ။နောက်ရက်တွေမှာ လဲ ညတိုင်း ဆတိုးပြီး ဆန္ဒပြစေချင်ပါတယ် ။

သကြားလုံး said...

ခုလိုပဲ ဆန္ဒပြ တာကောင်းပါတယ်။ မန္တလေးပြည်သူပြည်သားများ က ညိမ်နေမယ်ဆိုရင် ဒီထက်ပိုပြီး မီးမပေးနိုင်ဘူး ဖြစ်သွားပါလိမ့်မယ် ။နောက်ရက်တွေမှာ လဲ ညတိုင်း ဆတိုးပြီး ဆန္ဒပြစေချင်ပါတယ် ။

ပြည်သူ said...

ကြိုက်တယ် မြင်းခြံမှာလည်း ၁၉၊ ၂၀ ထိငရဲကျတဲ့အတိုင်းခံစားရတယ် နေ့လည် မြို့ပိုင်းလာရက်ဆို မီးဖြတ်လိုက်ပြီ အပူရှိန်ကပြင်းပြင်း နေ့ရောညရော ပျက်တယ်ဗျာ ၁ရက် ၄နာရီပဲပေးတယ် သတ်မှတ်ချိန် အတိအကျကျေညာလေ လုပ်ခြင်တိုင်းလုပ်နေကြတာ လျှပ်စစ်ရုံး ဖုန်းဆက်တော့ ဗဟိုက ဖတ်စစ် ၀င်တဲ့အတိုင်း အစည်းဝေးထိုင်ပေးရတာတဲ့...

Mr.He@rt said...

ဖြစ်သင့်တာကြာပြီလေ။ ဒီလောက်ပူတာ မီးလေးတော့ပေးသင့်တာပေါ့။

moe said...

KIA ကမြန်မာဘက်ကတိုင်တွေကို မိုင်းခွဲပြီး တရုတ်ဘက်က တာဝါတွေကို မိုင်းမခွဲခြင်းကြောင့်ဖြစ်ရတာပါ ။ တရုတ်ကသူတို့ ရမယ့် လျှပ်စစ်ဓာတ်အားတွေ အပြည့်ဝလိုချင်လို့ KIA SSAစတဲ့ သောင်းကျန်သူတွေကို လာဘ်ထိုးပြီး မိုင်းခွဲခိုင်းနေတာ ပြည်သူတွေသဘောပေါက်ကြပါ

GG said...

ပြောတဲ့ဝန်ကြီးကအရှက်မရှိပြောပေမဲ့ . . ကျန်တဲ့နိုင်ငံတော်ကိုပြုပြင်ပြောင်းလဲမှုလိုလားတဲ့ခေါင်းဆောင်ပိုင်းကတော လျှပ်စစ်မီးနဲ့ပတ်သက်လို့ အရင်းအမြစ်မရှိတာဝန်ခံထားပြီးပါပြီ . . ဒီတော့ ဖြစ်မလာနိုင်တာတောင်းဆိုနေကြမဲ့အစား ဖြစ်လာနိုင်တဲ့ မီတာခအဆမတန်မြင့်တက်လာတဲ့ကိစ္စ . . ထိမ်းသိမ်းခဆိုပြီးအဆမတန်တောင်းတဲ့ကိစ္စမျိုးကို တောင်းဆိုဆန္ဒပြတာပိုကောင်းမယ်ထင်ပါတယ် . .

pheasant said...

ပိုလျှံလို့ ရောင်းရပါတယ်ဆိုတယ့် ခွေးပါးစပ်နဲ့ ၀န်ကြီး ဇော်မင်း အမြန်ဆုံးနုတ်ထွက်ပေးပါ ပြီးရင် ဒီကောင်ကို ခုံရုံးတင်စစ်ပါ ဒီကောင်တွေ ကိုယ်ကျိုးအတွက် တိုင်းပြည် ဖျက်တဲ့ကောင် တိုင်းပြည်ရောင်းစားတဲ့ကောင် အပေါ်ကွန်မင့်က ဒေးအောင်ဘို ဆိုတဲ့ကောင် ဘာကို ဆိုလိုတာလဲ မင်းက ဇော်မင်းသားလား မန်းတလေးမှာ ဖုန်းလိုင်းကလည်းချာတူးလန် မီးကလည်းချာတူးလန် ရေလည်းထိုနည်း အင်တာနက်လိုင်းလည်း ချာတူးလန် သက်ဆိုင်ရာဝန်ကြီးတွေ ဘာလုပ်နေကြတာလဲ မင်းတို့အိမ်တွေကို ဖို့ လို့ မပြီးသေးဘူးလား ဒီထက်ဖို့ ချင်ရင်တော့ မင်းတို့ကို ကျင်းထဲထည့်ပြီး မြေဖို့ပေးမယ်

နန်းမြို့သား ဆရာကို said...

တရုတ်ကနေ ၁၀% ပြန်ဝယ်ပြီး ဖြန့်နေလဲ လူဦးရေများတဲ့ မန်းလေး..မီတာပေါက်တွေများတဲ့ မန်းလေး....ဘယ်လိုလောက်မှာလဲ...မောင်သန်းရွှေလက်ထက်ကလား...မောင်သိန်းစိန် လက်ထက်မှာလား....တရုတ်ကို လျှပ်စစ်ဓာတ်အားလိုင်းတွေ ရောင်းစားတာ....ဒါကိုများ မြန်မာနိုင်ငံတစ်နိုင်ငံလုံး မီးလင်းရမယ်လို့ မရှက်တမ်း ဖင်ပိတ်အော်နေတုန်း....မန်းလေးကိုပဲ ..မီးမှန်အောင်လုပ်ပါအုံး...
သူတို့ အစိုးရရုံးများကျတော့ ...ပပ၀တီခေါ် ပင့်ထားသလား
မောင်သိန်းစိန်ကို မ စ ထားသလား..
လျှပ်စစ်ဝန်ကြီးကိုများ.....အဖေခေါ်ထားသလား...သိပေါင်ဗျာ

ရာရာ said...

အင်း...ဖယောင်းတိုင်တွေ ဈေးထ တက်နေပါဦးမယ်။ သိတဲ့အတိုင်း..ကုန်ဈေးနှုန်းက ကျားချောင်း ချောင်းနေတာလေ..

koyinlay said...

အစ်ကိုသစ်ထူးလွင်တို့အဖွဲ့ကတော်တော့ကိုတော်ကြသားပဲ..ဘယ်လိုခဏအတွင်းကိုအခြေအရပ်ရပ်ကသတင်းတွေကိုတင်နိုင်တာပဲ..ဆိုက်လေးကိုဘယ်နှစ်ယောက်လောက်ဝိုင်းဝန်းပြင်ဆင်တင်ပေးကြတာလည်းနော်.

koyinlay said...

သုံးမရတော့တဲ့..လျှပ်စစ်ဝန်ကြီးများခင်ဗျာ..ကျွန်တော်..သစ်ထူးလွင်မှတစ်ဆင့်အကြံပေးအပ်ပါသည်.နောက်နှစ်သင်္ကြန်မှာ..မိုးကြိုးပစ်ခံရလိမ့်မယ်အပြင်မထွက်တော့နဲ့အဲ့ဒါသတိပေးတာပါ

001komgmg222@gmail.com said...

သူငယ်ချင်းတို့မင်းတို့ငါတို့အသိဥာဏ်ဖွင့်ဖြိုးတိုးတက်မှာကိုမလိုလားဘူးလေကွာဒါကြောင့်မို့လည်းတရုတ်ကြီးကိုရောင်းစားပြစ်တာပေါ့ကွာ။ပြည်သူအတွက်ဘာမှမလုပ်နိုင်ပါ၊အိတ်ထဲထည့်ရပါအုန်းမယ်။

မောင်ယဉ်ကျေး said...

ဖယောင်းတိုင်လုပ်ငန်းရှင်တွေ ၀မ်းသာကြမှာပဲ
ဖယောင်းတိုင်တွေရောင်းကောင်းကြမှာ
မီးသတိပြုကြအုံး မန္တလေးသားတို့ရေ

မောင်ယဉ်ကျေး said...

ဖယောင်းတိုင်လုပ်ငန်းရှင်တွေတော့ပျော်ကြမယ်
သူတို့ဖယောင်းတိုင်တွေဆန္ဒပြပွဲမှာသုံးပေးကြလို့
မီးဘေးလည်းသတိထားအုံး မန္တလေးသားတို့ရေ

winshein said...

ဒေါ်ကြီးပြည့် said
ရတနာပုံ တယ်လိပို့စ်တွေ နက္ခတ်မျော်စင်တွေ ပင်ဂွင်း
ငှက်ကမ္ဘာ တွေ နောက်မှလုပ်ပါ လျှပ်စစ်မီး ၂၄ နာရီရအောင်
ဦးစားပေးလုပ်ပါ ဆင်းရဲသားနဲ့ လူလတ်တန်းစားများက ကျေးဇူး
အထူးတင်ပါသည်

myintkoko said...

ငါလောက်ဘယ်သူမှမသိဘူး
ေ၇မရှိလို့ မီးမလာတာ မီးမ၇တာငါနဲ့ ဆိုင်တယ်
ေ၇မရှိတာငါနဲ့ မဆိုင်ဘူး ဒါကြောင့်လျှပ်စစ်ဝန်ကြီး နဲ့ မဆိုင်ပါ
ေ၇လုပ်ငန်းဝန်ကြီးကိုသွားပြောကြပါ

ပုံ ဇော်ဖျင်း

S.A.G said...

ကောင်းတယ်။

naung yoe said...

ဆက်လုပ်ကြပါ.
(လုံးဝ)ထောက်ခံတယ်.
မသိလိုက်လို့လက်မှတ်သွားမထိုးလိုက်ရဘူး.

minkhant said...

မြန်မာပြည်ကထွက်တဲ့ စွမ်းအင်တွေကို မြန်မာပြည်သူတွေအတွက်လုံလောက်စွာပေးစေချင်ပါတယ်
ဦးဇော်မင်းကိုယ်တိုင် မီဒီယာတွေကို ပိုလျှံလို့  တခြားနိုင်ငံကိုရောင်းစားထားပါတယ်တဲ့  ၀န်ကြီးတစ်ယောက်ဟာ ကိုယ့်စကားကိုတာဝန်ယူရပါလိမ့် မယ်
ဒီလိုအခြေအနေမှာ ပြည်သူတွေကို အဆင်ပြေအောင်မဖြေရှင်းပေးနိုင်ရင် ရာထူးဆင်းပေးပါ
အရည်ချင်းရှိတဲ့ ၀န်ကြီးစားရင်းထဲ မှာဦးဇော်မင်းမပါ ပါ။

Phaygyikyaw.hopin said...

ပြည်သူတွေ ကိုယ့်ရဲ့ ရပိုင်ခွင့်လေးကို ဒီလို ငြိမ်းချမ်းစွာနဲ့ ရဲဝံစွာ တောင်းဆိုတတ်အောင် လမ်းပြပေးခဲ့သော အမေဆုကို ရင်ထဲက ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ ကချင်ပြည်နယ်ကို လည်း ပစ်မထားပါနဲ့ ။

zarni said...

မီးမလာတော့ ဖယောင်းတိုင် ကိုင်ပြီးဆန္ဓပြကြ တယ်
connection မကောင်းရင်ကော?????????????????????

Myeik Cityzen said...

ကောင်းတယ်ဗျာ ဆက်လုပ်.......
ကျွန်တော်တို့ မြိတ်မှာ လျပ်စစ်မီး တစ်ယူနစ်ကို ၄၀၀ကျပ်ပေးရတယ် မြန်မာတစ်နိုင်ငံလုံးထဲမှာတော့ အမြင့်ဆုံးလို့တော့ထင်တယ်
ထားဝယ်က ထွက်တဲ့ သဘာဝဓါတ်ငွေ့တွေကိုလည်း ထိုင်းကိုပဲရောင်းနေတယ်
ကျွန်တော်တို့ကတော့ ဈေးကြီးပေးပြီးသုံးနေရတယ်
ကျွန်တော့တို့ မဲပေးထားတဲ့ လွတ်တော်တွေကလည်း မျက်စိကန်း၊နားပင်း။ငအ တွေလားတော့မသိဘူးဗျာ
အဲ့ဒီလျပ်စစ်မီးအတွက်ပြောပေးနေတယ်လို့တောင် မကြားဘူး
ကိုသက်ထူးလွင် ကိုပဲအကူအညီတောင်းပါရစေ
မြိတ်ကလျပ်စစ်မီးဈေးကြီးတဲ့အကြောင်း ဝေေ၀ဆာဆာရေးပေးပါ
ထားဝယ်က သဘာဝဓါတ်ငွေ့ အမြောက်အများထွက်နေပြီ ထိုင်းကိုရောင်းနေတယ် ဆိုတာလည်းဖေါ်ပြပေးပါ
လျပ်စစ်မီး ဈေးသက်သက်သာသာ သုံးနိုင်အောင် ကူညီပါဗျာ
နောက်ပြီး လွတ်တော်တွေကလည်း ရေငုပ်နုတ်ပိတ်နေတာကိုလည်းပြောပေးပါဗျာ

saunghnin said...

KIA ရယ်ခွဲစရာရှားလို့ လျှပ်စစ်တာဝါတိုင်ကိုခွဲရသလား။ဒီလူပါးဝတဲ့တရုတ်
မြှောက်ပေးတိုင်းပြည်သူကိုဒုက္ခပေးရလား။ကေအိုင်အေကိုပြည်သူတွေအကောင်း
ဘဲမြင်ခဲ့ပါတယ်။ဒီတစ်ခါတော့ပြည်သူကိုတိုက်ရိုက်ဒုက္ခပေးလိုက်တာဘဲ။

ဆရာမျိုး said...

မန်းရွှေမြို့တော်ကြီး မီးရောင်တွေ
ဘယ်တော့ ထိန်ထိန်ငြိးမလဲ။
အခုလောလောဆယ်တော့
မီးမလာလို့ လူတွေပဲ ခဏခဏ ငြီးနေရတယ်ဗျာ။

nl said...

တို့ပြည်မြို့ကလူတွေလဲလုပ်သင့်နေပြီ

aungaung said...

ဒေးအောင်ဘို said...

ထောက်ခံခြင်ပါတယ် ........... မန်းလေးက လူတွေက ပေါ်ပင်လိုက်လွန်း ကြတယ်
မင်းကအဲ့လိုပြောရအောင် လျှပ်စစ်ဝန်ကြီးက မင်းအမေလင်လား

ရတနာပုံ မန္တလေး (သွေးမကြောင်ကြေး) said...

နိုင်ငံတော် သမ္မတကြီးကိုတော့ လေးစားချင်ပါတယ်... သူခန့်ထားတဲ့ ပြည်ထောင်စု ဝန်ကြီးဆိုတာတွေက ဘာတွေလုပ်ပေးနေတာတုန်း ကျွန်တော်တို့ မိဘပြည်သူတွေအတွက် ပြောတာပါ (သူတို့မိသားစု ဆွေမျိုးတွေအတွက်မပါဘူး) ဘာတွေပြောနေတုန်း (လမ်းဘေးက အခြေအနေမဲ့ဆိုတဲ့သူတွေတောင် သူတို့လို ပေါက်လွှတ်ပဲစား အောက်တန်းကျတဲ့ မျက်နှာပြောင်တိုက်စကား မပြောရဲဘူး) သမ္မတကြီးက ပြင်မယ်တဲ့ သူအောက်ကပ်နေတဲ့ ပြည်ထောင်စု ဝန်ကြီး ဆိုတဲ့ အခွင့်ထူးခံ လူတန်းစားတွေကို အရင်ပြင်ပေးပါ ခင်ဗျာလို့ပဲ...
Comment တွေဖတ်ရတဲ့ အထဲမှာ မန္တလေးသားတွေကို ပေါ်ပင်လုပ်တယ် ဆိုတာ တစ်ခုတွေ့လိုက်ပါတယ် (မကောင်းဘူးလို့ထင်ပါထယ်) ခင်ဗျားလိုပြောရမယ်ဆိုရင် ကျွန်တော်တို့ မန္တလေးက ပေါ်ပင်လုပ်တယ်ပဲထားပါတော့ ခင်ဗျားကအဲဒီပေါ်ပင်လုပ်တဲ့ အဆင့်မှာတောင်ရှိလို့လားဆိုတာ နည်းနည်းလောက်တော့ စဉ်းစားကြည့်ပေါ့ဗျာ သူများကို လက်ညှိုးမထိုးခင် ခင်ဗျားကိုယ်တိုင် မှန်အရင်ကြည့်ပါဦး... (ခင်ဗျားက ကိုမင်းကိုနိုင် ဆိုရင်...ဒေါ်အောင်ဆန်းစုကြည် ဆိုရင်တော့ တောင်းပန်ပါတယ်)
နောက်တစ်ခု တွေ့ရတာ မြစ်ဆုံ ပြန်စရင် ဘာပြောမလဲဆိုတာပါ (သေချာတယ် မင်းက တရုတ်လမ်းနီးတဲ့ကောင်ဖြစ်ရင်ဖြစ် မဟုတ်ရင် သန်းရွှေလမ်းနီးတဲ့ ကောင်ပဲ ဖြစ်ရမယ်)ဧရာဝတီ နဲ့ မြစ်ဆုံဆိုတာကို ခံစားတတ်ရင် အရူးတစ်ကောင်လို လျှောက်မရေးသင့်ဘူး (တစ်နာရီ ငွေ 400 နဲ့ မင်းကြိုက်တာမင်းရေးချင်ရင် တခြားနေရာမှာ သွားရေးပါကွာ...) မင်းကိုတော့ -ီးပဲ

su said...

ဖယောင်းတိုင်လုပ်ငန်းရှင်တွေနဲ့ လျှပ်စစ်ဝန်ကြီးဋ္ဌာန တို့ ပေါင်းပြီး ဂွင်ရိုက်နေတယ်လို့ပဲ ထင်တယ်။ သမ္မတ အနေနဲ့ လျှပ်စစ်ဝန်ကြီးကို ရာထူးမှ ထုတ်သင့်တယ်။ လျှပ်စစ်တွေ ပိုနေပါတယ်ဆိုတဲ့ ဇော်မင်း၊ မင်း ဘယ်လို ထ ဟောင်မလဲဆိုတာ စောင့်ကြည့်ချင်သေးတယ်။

အောင်မြတ် said...

ကောင်းတယ်ဗျို့ လုပ်ကြ ဒီမိုကရေစီ ရပြီးပြီဆိုတော့ လွတ်လပ်စွာ လုပ်ပိုင့်ခွင့်ရှိတယ် ကျွန်တော်တောင် မသိလို့ သိရင်လိုက်တယ် နောက်တစ်ခါဆိုရင် လိုက်ခဲ့မယ် ဘယ်ဗျာ သူတို့ပြောနေတာနဲ့ လုပ်နေတာနဲ့ တခြားစီပဲ

AungSanKo said...

ပြည်သူတွေ အကြောက်တရားကင်းတာရယ်
ဆန္ဒဖော်ထုတ်ရဲလာတာရယ် အားရှိစရာဘဲ
အစိုရဆိုတာ ပြည်သူကထိန်းညှိပေးရမှာ
နောက်ပြီး အရည်အချင်းရှိသူ စီမံခန်ခွဲနိုင်သူ ပြည်သူတွေအဆင်ပြေအောင် လုပ်ပေးနိုင်ဆုံးသူသာ နိုင်ငံတော်တာဝန်တွေယူသင့်တယ်

မိုးမိုးgb said...

ရေလည်းမလာ မီးလည်းမလာ မီးမလာတော့ ပိုဆိုးပေါ့

AungSanKo said...

တို့ပြည်သူတွေ ဆက်လက်ချီတက်ရမယ်ဟေ့

AungSanKo said...

ဆက်၍ဆက်၍ လုပ် ပေါက်လေး တွေကြောင့် ကျေက်ဆောင်တွေတောင်ပြိုတာဘဲ ဒို့ပြည်သူတွေ...........

unknown said...

ဒီအစိုးရကတော့ ပြောမပြနိုင်လောက်အောင်ကို ဆောက်ကျင့်ယုတ်တယ်။ ဒီလိုဘဲ နှစ်ပေါင်းများစွာလိမ်လာတာ၊ ငရဲပြည်ရောက်နေသလိုပြည်သူတွေ ခံစားနေရပါတယ်။

ဇာမဏီ said...

နှစ်ရှည်လများ အောင့်အီးခဲ့ရသမျှ ယခုလိုအချိန်မှာ ဆန္ဒတွေကို အမှန်အကန်ဖော်ထုတ်ကျပါ့လား....အခုလို ဆန္ဒတွေဖော်ထုတ်ပြတာကို အသိအမှတ်ပြုပြီး လက်ခံဆောင်ရွက်ပေးရင် ကောင်းပါတယ်...ဒါဆို အောင်မြင်မှုတစ်ခုပါပဲ....

Right sider said...

ဆန္ဒပြတာကို အားပေးပါတယ် .. ဒီမိုကရေစီနိုင်ငံဆိုတာ ပြည်သူတွေအတွက် ဦးစားပေးရမှာပါ....ပြည်သူ့ဆန္ဒကိုအတတ်နိုင်ဆုံး အဆင်ပြေအောင်လိုက်လျောဖြည့်ဆည်းပေးစေချင်ပါတယ် ... ပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းစွာဆန္ဒပြခြင်းမျိုးကိုပဲ ဆက်လက်လုပ်ဆောင်ကြပါ ..တတ်နိုင်သမျှ ကိုယ့်ဘက်ကမမှားအောင်လုပ်ကြပါ... မဟုတ်ရင် ဘာမဆိုင်ညာမဆိုင် 88 တုန်းကလို နိုင်ငံတော်တည်ငြိမ်အောင်ဆိုပြီး ဒက်ဒက်ဒက် ဒိုင်းဒိုင်းဒိုင်းတွေ ပါလာမှ အကုန်ဒုက္ခများလာမယ် .... ကျွန်တော်တို့ပြည်သူတွေ လက်နက်တွေအောက် နောက်ထပ်မရောက်ချင်တော့ပါ...... ဖွဲ့စည်းပုံအခြေခံဥပဒေ 2008 မှာ စစ်တပ်က အာဏာပြန်သိမ်းနိုင်တယ်ဆိုပဲ.... ဒီမိုကရေစီ ဆက်လက်တည်မြဲဖို့ ကြိုးစားကြရအောင်ဗျာ....

yan yan said...

နောက်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းများကို မြန်မာနိုင်ငံမှ အပြည့်အဝမရလျှင် တည်ဆောက်ခြင်းကို ကန့်ကွတ်ကြရပါမည်..။

razakummar said...

လျှပ်စစ်မီးကလည်း အခြေခံလိုအပ်ချက်ထဲကတစ်ခုပါ။ သူများနိုင်ငံတွေမှာ ရေကြီး၊ မုန်တိုင်းကျ ဖြစ်တာတောင် မီး မပျက်ပါဘူး။ အရင်တုန်းကတော့ အဂတိလိုက်စားမှူတွေအရမ်းများခဲ့ပြီး ညံ့ဖျင်းလွန်းခဲ့လို့မီးမရခဲ့တာပါ။ အခုတော့ မရရအောင်ကြိုးစားပေးစေချင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့က ဈေးသက်သက်သာသာ သုံးနိုင်အောင်လည်း ဖြစ်ရပါမယ်။ ယခုလက်ရှိနှင့် နောက်မျိုးဆက်တွေပိုကောင်းဖို့ကြိုးစားစေချင်ပါတယ်။

မြောက်ကျွန်းသူ said...

လျှပ်စစ်ဓာတ်အားမရရှိခြင်းနှင့်ပတ်သက်၍ အမှန်တကယ်ပြုလုပ်ရန်လိုအပ်သည်များကို သုံးသပ်ခြင်း
(၁) ယခုအချိန် လျှပ်စစ်ဓာတ်အားရရှိမှုနည်းပါခြင်းသည် နွေကာလမိုးခေါင်ခြင်းကြောင့် ရေအားလျှပ်စစ်သဘာဝအရရေနည်းပါးလာခြင်းကြောင့် ဓာတ်အားထုတ်လုပ်မှုလျော့နည်းသွားခြင်းဖြစ်ပါသည်။ နွေကာလကြာသည်နှင့်အမျှ ရေအားထုတ်လုပ်မှု ပိုမိုလျော့နည်းမည်ဖြစ်ရာ မိုးကျမှသာ ပြေလည်မည်ဖြစ်ပါသည်။
(၂) ယခုအခါသောင်းကြမ်းသူများမှ လျှပ်စစ်မီးတိုင်များမိုင်းထောင်၍ ဖျက်ဆီးခြင်းများပြုလုပ်ခြင်းများရှိပါသည်။
သို့ဖြစ်ပါ လူထုအပေါင်းမှ နားလည်မှုလွဲပြီး ဆန္ဒပြတောင်းဆိုမှုများလုပ်၍ ထူးလာမည်မဟုတ်ဘဲ..ဗုဒ္ဓဘာသာထုံတမ်းအစဉ်အလာအတိုင်း ပရိတ်ရွတ်ဖတ်ခြင်း၊ လွန်ဆွဲပွဲများပြုလုပ်ခြင်းကို ရပ်ကွက်၊ မြို့နယ်များအတွင်း ဆောင်ရွက်ခြင်းများပြုလုပ်လျှင်ပိုမိုသင့်လျှော်မည်ဖြစ်ပါသည်။ မဖြစ်နိုင်တာကိုသိလျှက်နှင့် အကြောင်းတစ်ခုရှာ၍ ဆောင်ရွက်မှုသည် ဆူပူမှုများဖြစ်ပေါ်အောင်လှုံဆော်သလိုဖြစ်နေပါသည်။ လူထုကိုဒုက္ခရောက်အောင်လုပ်နေသော သောင်းကြမ်းသူများကိုလည်း ရှုံချသင့်ပါသည်။
မီးမရရှိသော အခြားတိုင်းနှင့်ပြည်နယ်များကို ကိုယ်ခြင်းစာလျက်
ရခိုင်သား..

095343387 said...

မကွေးမြို့မှာလည်းမီးတွေ ပျက်တာခဏခဏဘဲ မကွေးကပြည်သူတွေလည်းအဲ့လို့ ငြိမ်းချမ်းစွာနဲ့ဆန္ဒပြတောင်းဆိုသင့်ပါတယ် .

ကောင်းကင် said...

သြော်......မြန်မာနိုင်ငံကမြို့တွေလည်းသီတင်းတောင်ကျွတ်ကုန်ကြပြီနော်

အောင် said...

ကောင်းတယ် ဆက်လုပ်
နေ့စဉ်ဆန္ဒ ပြပေးမှ မီးပြန်လာမှာ
မီးက အဓိကပဲ ရန်ကုန်မှာလည်း မီးမလာဘူး
နေပြည်တော်ကော?
တ၇ားမျှတပါစေ လျှပ်စစ်ဝန်ကြီး

democratic boy said...

မိုးရွာရင် မီးပျက်တာ ထုံးစံပဲ။ သူများနိုင်ငံ မှာ မိုးရွာရင် မီးမပျက်ဘူး။ ဒီမှာက သူတို့ နဲ့  opposite ။

democratic boy said...

ဒီမိုကရေစီရတဲ့ နိုင်ငံလည်းပြောသေးတယ်။ ဖယောင်းတိုင် မီးထွန်းတာတောင် လိုက် ပိတ်ပင်နေရင် နောက် ပြဿနာတွေ ဘယ်လို ဆန္ဒပြ ရမလဲ။ အမေစု ပြောတဲ့ စကားကို အမှတ်ရစေချင်တယ်။ ဒီလိုလေ ဒီမိုကရေစီနိုင်ငံ ဆို တာ ပြည်သူကအုပ်ချုပ်တဲ့ နိုင်ငံ လို့  ခေါ်တာ။ဒါကို အခုထိ သဘောမပေါက်ကြသေးဘူးနဲ့ တူတယ်။ အလကားနေ အပြစ်မရှိတဲ့ပြည်သူတွေ ကို ဖမ်းနေတာ။ အလကားရတဲ့ ထမင်းဟင်း ကို ဇိမ်နဲ့ မစားပဲ လိုက်ပြီး ဆရာ လုပ်နေတာ

babymilo said...

ကောင်းပါတယ်ဗျာဒီလိုလုပ်တာ မပာုတ်ရင် မီးကလာမှာမပာုတ်ဘူးဗျ ကျွန်တော်တို.ရန်ကုန်လဲ လုပ်ရမှာဗျ ဒါမှမီးက အချိန်မှန်ရမှာလေ ကောင်းတယ်ကျွန်တော်ကတော.ထောက်ခံပါတယ်ဗျာ

komyogyi said...

ဟိုဘက်ကမ်းကမီးထိန်ထိန်........ပေါက်ဖေါ်ကြီးတိုအိမ် ဒီဘက်ကမ်းကမီးမိန်မိန်...............ကျွန်နော်တိုမြန်မာပြည်ကအိမ်

Powered by Blogger.