ပြင်ဦးလွင်မြို့ နယ်က သွေးလှူဒါန်းပွဲ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ အုပ်စု ၊ ၀ါးဘိုးရေ ကျေးရွာ ၊
အာရှအလင်းရောင် ဆရာတော် ဘဒ္ဒန္ဓ စိန္တိတ ၏ လမ်းညွန်ဦးဆောင်မှုဖြင့်
အာရှအလင်းရောင် ကျောင်းတိုက်(၀ါးဘိုးရေကျေးရွာ)တွင် ပြုလုပ်သော သတ္တမ
အကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကြီးကို 26.5.12(စနေနေ့) နံနက် ၉း၀၀ တွင်
 စတင်ခဲ့ကြောင်း သိရသည်။

ဤပွဲဖြစ်မြောက်ရေးအတွက် ပြင်ဦးလွင်မြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများ မှ
ရပ်မိရပ်ဖများ ၊ ပရဟိတ သွေးလှူအသင်းများ ၊ ၀ိုင်းဝန်းကူညီသူ စေတနာရှင်များ က
 ပံ့ပိုးအားဖြည့်ပေးခဲ့ကြသည်။

အတ္တChange လူမှုကူညီစောင့်ရှောက်ရေးလူငယ်အဖွဲ့(ပြင်ဦးလွင်) မှ လူငယ်လူရွယ်များ
ကလည်း တစ်တပ်တစ်အား ပါဝင်ကူညီလှူဒါန်းခဲ့ကြသည်။

သွေးလှူရှင်ပေါင်း (၂၀၅) ယောက်သည် ဒေါက်တာဒေါ်ခင်စိန်ဝင်း ဦးဆောင်သော
 မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ၊ နယ်လှည့်သွေးလှူဘဏ်သို့ လှူဒါန်းခဲ့ကြသည်။

အာရှအလင်းရောင် ဆရာတော် ဘဒ္ဒန္ဓ စိန္တိတမှ သွေးလှူရှင်များအား မနက်စာ၊နေ့လည်စာ
ထမင်း များ တည်ခင်းကျွေးမွေးခဲ့ကြောင်းသိရသည်။

ထူးခြားချက်မှာ နိုင်ငံခြားသားများနှင့် ပြင်ဦးလွင် မျက်မမြင်ကျောင်းမှ ကျောင်းသားလေး
များကပါ ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
Myanmar News Now







ပြင်ဦးလွင်မြို့ နယ်က သွေးလှူဒါန်းပွဲ ပြင်ဦးလွင်မြို့ နယ်က သွေးလှူဒါန်းပွဲ Reviewed by သစ်ထူးလွင် on 15:27 Rating: 5

8 comments:

rose said...

သွေးလှူရှင်များအာ:လုံးကို လေးစားပါသည်။

rose said...

သွေးလှူရှင်များအာ:လုံးကို လေးစားပါသည်။

lionking said...

သာဓု ခေါ်ပါတယ်ဗျာ လေးစားစရာပါပဲ

visuddha said...

သာဓု သာဓု သာဓု

glygo said...

တကယ်မြတ်သော အလှူပါ....

zarmyint said...

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ...

Anonymous said...

သွေးလိုအပ်နေတဲ့လူနာတွေအတွက်တော့...သတင်းကောင်းပဲဗျာ......

redlight said...

အကို အမ တို့ရေ သာဓုဗျာ ... သာဓု ..... သာဓု

Powered by Blogger.