ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန်
စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်ရုံတည်ဆောက်မည့်နေရာမှာ
ကလေးမြို့နယ် အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိ
ထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီ
း ကုမ္ပဏီမှ တာဝန်ရှိသူများ၊
ခရိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊
ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက် ဧရိယာ
(၂၀၀၀)ခန့်ရှိကြောင်း သိရသည်။

၎င်းစက်ရုံနယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ
ဧက (၁၀၀၀)ခန့် ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှ
တောင်သူ (၄၀)ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

( ဒီထုံးကျောက်တောင်ကို အမှီပြုပြီး ဒီဒေသခံတွေက
ထုံးလုပ်ငန်းတွေလုပ်ကိုင်နေတာရှ
ိတယ်။ ကုမ္ပဏီက
ဝင်ပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်တွေ
ပျောက်သွားနိုင်တာပေါ့။) ဟု အင်ဒိုင်းကြီးရွာသားတစ်ဦးမှ ပြောခဲ့သည်။

မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ( အစ်ကိုတို့ဌာနက သူတို့
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ။
မလုပ်နဲ့လို့တားပိုင်ခွင့်မရှိ
ပါဘူး။ သူတို့ရဲ့ လုပ်ကွက် ဧရိယာထဲမှာတော့
စီးပွားဖြစ် အပင်ကြီးတွေ မရှိပါဘူး။ အပင်ငယ်တွေပဲ ရှိပါတယ်) ဟု
ပြောခဲ့သည်။

( စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။ အနီးအနားက ကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။
ကာကွယ်နိုင်စွမ်းအားနည်းသွားမယ်
။) ဟု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလု
ပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက
ပြောပြခဲ့သည်။

တောင်သူများ၏ စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေများ ပေးသွားမည်ဟု
သိရပြီး တရားဝင်သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများ မရှိသေးကြောင်းလည်း
သိရသည်။ နိုင်ငံအ၀ှမ်း ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကို
င်ခွင့်ရရှိထားသော
ကုမ္ပဏီများမှာ ထွန်းသွင်ကုမ္ပဏီအပါအ၀င်
 ( ၂၁ ) ခုခန့်ရှိပြီး လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်းမျာ
(၁၄)ရုံရှိသည်ဟု သိရသည်။

မောင်မောင်(ကလေး)

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည် ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည် Reviewed by သစ်ထူးလွင် on 15:33 Rating: 5

4 comments:

မရဏမင်း said...

( စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။ အနီးအနားက ကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။
ကာကွယ်နိုင်စွမ်းအားနည်းသွားမယ်။)အဲ့လိုပြောတဲ့သူကရောသဘာဝပတ်ဝန်းကျင်ကောင်းဖို့ဘာများလုပ်ဖူးလဲ..သစ်ပင်တစ်ပင်စိုက်ပေးဖူးလား..နေရာတစ်ကာဆန့်ကျင်ဖက်အတွေး၊အမြင်တွေဘဲရှိနေတာရယ်စရာပြောရင်ကိုမျိုးကြီးသီချင်းရေးသူတွေလား..တောင်သူများကလည်းယခုကတည်းကကျေနပ်တဲ့လျော်ကြေး/ရပိုင်ခွင့်တွေတခါတည်းဆွေးနွေးတောင်းဆိုပါ..
ရတော့ငြိမ်နေပြီးသုံးလို့ကုန်မှဘာညာအော်အုန်းမယ်...အဲ့ဒါဒီမိုကရေစီလား..အေးအေးချမ်းချမ်းနေဖို့မစဉ်းစားတော့ဘူးလား...

toke kyi said...

အော်.... သူတို့ ဆန္ဒအတိုင်း လုပ်ပေးရတာဆိုပါလား... ဥပဒေ ဘယ်ရောက်သွားပြီလဲ.... အဖိုးတန်တန် မတန်တန် သစ်ပင်ကြီးရှိမှ တန်ဖိုးရှိတာမဟုတ်ဘူး.. သူနေရာနဲ့သူ သူ့ဂေဟစနစ်ဆိုတာရှိတယ်.... ကြိုးဝိုင်းမြေကို ဒီလိုပေးလို့ရလား.. ခွံလိုက်မှတော့ ပါးစပ်တွေ ဘာမှထွက်မရတော့ဘူးပေါ့... ပိုက်ဆံရှိရင် ဥပဒေပေါ်တက်ထိုင်လို့လဲ ရတာပေါ့နော်...

ကဝေမင်းသား said...

သွားပါပြီ ပျက်ပါပြီ ပျက်ပါပြီ .. နဂိုထဲကမှ မကောင်းပါဘူးဆို မီးမမှန်တဲ့မြို့မှာလာလုပ်တော့ တောလဲ ပျက်စက်တွေကြောင့် အဲရွာကလူတွေလဲ လေထုညစ်ညမ်းမှုဖြစ် ... ဟူးးးးးးးးးးးးးးးးးး မလွံယ်ပါလား .. ဘာတဲ့ *( အစ်ကိုတို့ဌာနက သူတို့
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ* လို့ပြောတယ်နော် .. သူတို့ဆန္ဒက ဘာလဲ ဘာလို့ သူတို့ဆန္ဒကို ဦးစားပေးရတာလဲ အဲတောင်ကို အမှီပြု ပြီး ထုံးလုပ်ငန်းလုပ်နေတဲ့ သူတွေတော့ ဒုက္ခပဲနော်

Unknown said...

အရာရာတိုင်းမှာ အကောင်းနှင့်အဆိုးဒွန်တွဲနေကြတာပါ
အဆိုးဖြစ်မှာစိုးလို့ အကောင်းကိုစွန့်ကြရမယ်ဆိုရင် ဘယ်လိုများ တိုးတက်ပါတော့မလဲ
အဆိုးနဲနိုင်သမျှနဲနိုင်မယ့် နည်းတွေရှာပြီး ခွင့်ပြုတယ်ဆိုတာမျိုးဖြစ်သင့်ပါတယ်။

Powered by Blogger.