တောင်သူများ သော့ပိတ်ခံရ

မေလ၂၇ ရက်နေ့ ၂၀၁၂

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ တောင်သူများ စုပေါင်းကာ ဖွဲ့စည်းထားသော တောင်သူ
ကွန်ယက်အဖွဲ့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသော မြေယာများ ပြန်လည်
ရရှိစေရန်အတွက် ပြင်ဦးလွင် မြို့နယ်အ၀င် ကျောက်တော်ဘုရားပေါ်သို့ ယနေ့မနက် ၁၀နာရီ
ခန့်က ဆုတောင်းကာ ၀တ်ပြုခဲ့ကြသည်။

ဘုရားမှ ပြန်ထွက်စဉ် ဘုရားဝန်းတံခါးမှာ သော့ခတ်ကာ ပိတ်ထားကြောင်း အပိတ်ခံထားရသူ
တစ်ဦးက ဆက်သွယ်ပြောကြားသည်။

၎င်းတို့အနေဖြင့် “ သိမ်းဆည်းမြေယာ ပြန်ပေးပါ ” ခေါင်းစဉ်ပါဝင်သည့် တီရှပ်အင်္ကျီများဝတ်၍
ဘုရားဝတ်ပြုခြင်းဖြစ်ပြီး ဘုရားဝန်းအပြင်ဘက်တွင် အရပ်ဝတ် ရဲများစောင့်ကြပ်နေသည်ကို
တွေ့ရှိရသည်။

တောင်သူ ၄ ဦးကို လည်း ရဲများက စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း ပြောကြားသည်။
ယခုအချိန်တွင် အကြောင်းစုံကိုသိရှိရန် ပြင်ဦးလွင်မြို့နယ်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူများမှ
 ပြင်ဦးလွင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်းမရှိကြောင်းသိရသည်။
Myanmar News Now
တောင်သူများ သော့ပိတ်ခံရ တောင်သူများ သော့ပိတ်ခံရ Reviewed by သစ်ထူးလွင် on 15:19 Rating: 5

6 comments:

ပြည်ချစ်သား said...

မြန်မာပြည်က...ရဲတွေကအကျင့်မပြင်နိုင်သေးတာလားအထက်
လူကြီးတွေကမသိချင်ယောင်ဆောင်နေကြတာလားဗျာ...

001komgmg222@gmail.com said...

ပြည်သူကကျွေးတဲ့ထမင်းကိုစားပြီပြန်ကိုက်နေတဲ့ရဲတွေကိုထိရောက်စွာအရေးပေးပါ။မြန်မာနိုင်ငံရဲများအလိုမရှိ၊ပြည်သူရဲသာလိုချင်ပါတယ်။

လင်းယုန် said...

သော့ပိတ်ရန် ညွှန်ကြားသော စခန်းမှူးနှင့်
သော့ပိတ်သော ရဲတပ်သား၏အမည်ကို ဖော်ပြပေးစေလိုပါသည်

( ၀ိုင်း ကိုင်လိုက်မယ်လေ)

kiddykid said...

အထက်လူကြီးတွေမသိချင်ယောင်ဆောင်နေ တာ...

lulolu20 said...

မြန်မာပြည်ဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။ အဲဒီလိုပဲ ဆန်စပါးဟာလည်း ပြည်သူတွေရဲ့ အဓိက အားထားရာပါ.... ယာမရှိရင်စိုက်ပျိုးလို့မရနိုင်ပါဘူး ....
ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူတွေဟာလည်း နိုင်ငံသားတို့ရဲ့ အထားရာပါ ..
အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပ၀ါတွေပေါ့ ...
အဲဒီလို လူတွေကို ဖမ်းတာတော့ ရင်နာစရာအကောင်းဆုံးပေါ့ ...

lcd said...

မြန်မာပြည်ရဲတပ်ဖွဲ့ကိုကိုယ်ကျင့်တရားသုညဖြစ်အောင်လုပ်ခဲ့တာမဆလနဲ့စစ်အစိုးရဘဲ။

Powered by Blogger.