ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင်

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်နေကြစဉ်
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်လျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ည ၁၀ နာရီ အချိန်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် ၇၃ ၊ ၂၀၆ ၊ ၂၀၇ ၊ နှင့် ၂၀၈ တို့သည် အကြမ်းဖက်  သောင်းကျန်း သူများ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်ဆီးသွား ခဲ့သဖြင့် ရွှေလီရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ထုတ်လုပ် ပို့လွှတ်နိုင်မှု မရှိခြင်းကြောင့် ဓာတ်အား စနစ်အတွင်း ၂၀၀ မဂါဝပ်လျော့နည်းပြီး ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံ အဝှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု ပိုမိုလျော့နည်း  သွားလျက်ရှိရာ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့ လျှပ်စစ် ဓာတ် အားလုပ်ငန်းမှ တာဝန်ရှိသူများက နေ့ည အပူတပြင်း ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်း(မ်)  ဂျာနယ် သို့ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ပြည်သူများတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်ခြင်း၊ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများကြောင့် အခက်ခဲများစွာ ဖြစ်ပေါ်လျက်ရှိရာ မေလ ၂၀ နှင့် ၂၁ ရက်များက မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ဗုံးဖောက်ခွဲခံရမှုကြောင့် တာဝါတိုင်အမှတ် ၇၃ သည် အောက်ခြေ ခြေထောက် ၁ ချောင်းမှာ ပြတ်ထွက်သွားပြီး ကျန်ခြေထောက် ၂ ချောင်မှာလည်း ပေါက်ထွက်သွားသည်။ တာဝါတိုင်အမှတ် ၂၀၆ နှင့် ၂၀၇ သည် အောက်ခြေ ခြေထောက် ၄ ချောင်း ပြတ်ထွက်ပြီး မြေပြင်ပေါ်သို့ ပြိုလဲပျက်ဆီးခဲ့သည်။ တာဝါတိုင် အမှတ် ၂၀၈ မှာမူ ထက်ဝက်ခန့် တိမ်းစောင်းသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင် ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင် Reviewed by သစ်ထူးလွင် on 16:27 Rating: 5

32 comments:

ု said...

ပြည်သူလူထုကိုမကျေနပ်တာလား...။ အစိုးရကိုမကျေနပ်တာလား...။ လုပ်ရဲရင်သန်းရွေအိမ်မှာသွားလုပ်ပါလား။ ပြည်သူလူထုတွေကအလကားနစ်နာတယ်။

Information Sharing said...

လျှပ်စစ်(၂)၀န်ကြီးဌာနကတော့ လုပ်စရာရိှတာကို လုပ်နေတာဘဲ မှန်ကန် သောလုပ်ဆောင်ချက်ဖြစ်တယ်။ ပြည်သူကိုလည်း မေတ္တာရပ်ခံထားတယ် အနာဂတ် အတွက်လည်း စီစဉ်နေတာတွေရှိတယ်လို့သိရတယ်။ ပြည်သူများ ခင်ဗျား ဓာတ်အား လုံလောက်ဖို့ ရေရှည်စီမံကိန်းများနဲ့ ဖြေရှင်းရမှာဖြစ်ပြီး အခုလည်း မိုးရာသီဝင်နေပြီမို့လို့ ဇွန်လကစပြီး မီးပြန်မှန်လာမှာဖြစ်ပါတယ်။ ခဏသည်းခံပြီး ရေရှည်စောင့်ကြည့်ရမယ့် ကိစ္စဖြစ်နေပါတယ်။

001komgmg222@gmail.com said...

ဗုံးဖေါက်ခွဲသူတွေဖေါ်ထုပ်ပြီသေဒဏ်ပေးပြစ်ပါ

ကိုစော said...

ဒီလို အချက်လုပ်ရပ် မျိုး လုပ်သူတွေ ကို ရွံပါတယ်

micromyo said...

မင်း တို့ရဲ လုပ် ရပ် က မင်း တို့စောက်သုံးမ ကျ ကြောင်း တိုင်းပြည် ပြ လိုက်
တာဘဲ။

Anonymous said...

ဖယောင်းတိုင်းထွန်းပြီးဆန္ဒပြနေမဲ့အစား အမြန်သွားပြင်ပေးလိုက်ကြရင် မကောင်းဘူးလား ?

Jail said...

ကျနော့် အမြင်ကိုပြောရရင်တော့ အစိုးရက ခုလို လူသိရှင်ကြား တောင်ပန်ထားသလို ဆက်လက်ဆောင်ရွက်မယ့် အစီအဉ်တွေရှိတယ်ဆိုတော့ ကျနော်တို့ နည်းနည်းလောက် စောင့်ကြည့်ပေးကြည့်ရအောင်လားဗျာ...ဆန္ဒပြပွဲတွေ များလာမယ်ဆိုရင် ခု ကျနော်တို့ ရောက်နေတဲ့ နေရာက နေနောက်ပြန်လှည့်သွား မှာကို စိုးရိမ်မိလို့ပါ...

Cinderella said...

မိုက်ရိုင်းလိုက်တာ..သတ်တိရှိရင်စစ်တပ်တို့၊ရဲစခန်းတို့ဝင်လုပ်ပါလား..
ခု‌တြော့ကားထဲကပြည်သူလူထုဘဲထိခိုက်နစ်နာ‌နေတယ်..ဇ‌ကော
‌လောက်မှ‌ဇောက်မနက်တဲ့လုပ်ရပ်‌တွေရပ်တန်းကရပ်သင်ြ့ပီ..။

Aung Soe Oo said...

ကျွန်တော်တို့တိုင်းပြည်မှာဘယ်တုန်းကမှမရှိခဲ့တဲ့အစိုးရကပြည်သူလူထုကိုတရားဝင်အသိအမှတ်ပြုတောင်းပန်နေတာတောင်ဘာလို့ဆန္ဒပြနေကြတာလဲကိုယ့်နိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်ကိုပြန်ပြီးသုံးသပ်သင့်တယ်တယ်လို့ထင်တယ်အခုလင်ယူအခုကလေးမွေးချင်လို့ဘယ်ရမလဲထိုက်သင့်တဲ့အချိန်အတိုင်းအတာကိုတော့စောင့်ရမှာပေါ့ ဆန္ဒပြနေတဲ့သူတွေဟာတိုင်းပြည်မညိမ်မသက်ဖြစ်အောင်လုပ်နေကြတယ်လို့ဘဲမြင်တယ်ဗျာအတိုင်းအတာတခုရောက်တဲ့အချိန်ထိပြောင်းလဲမှူမရှိရင်တော့ဆန္ဒပြသင့်ပြ တိုက်ပွဲဝင်သင့်ဝင်ရမယ်ဆိုတာနားလည်ပါအခုတော့ငြိမ်းချမ်းစွာလက်တွဲကူညီဖြေရှင်းသင့်ပါတယ်ပြည်သူအပေါင်းတို့ခင်ဗျာ.....

ဖိုးဖိုးကြီး said...

အဖျက်သမားတွေကြောင့်-ဗုံးဖောက်ခွဲခံရသည့်ဓါတ်အားလိုင်းတွေကို အမြန်ဆုံးပြုပြင်နေကြသည်ကို-ဓါတ်ပုံနှင့်တကွတွေ့နိုင်ပါသည်။ ဒါကြောင့် သက်ဆိုင်ရာဌာနက အပူတပြင်းပြုပြင်နေကြပါတယ်။ အပြစ်တင်ရမှာက သောင်းကျန်းသူတွေကိုဘဲအပြစ်တင်ကြပါ။ ဘယ့်နဲ့-အစိုးရကိုမကျေနပ်တိုင်း-ပြည်သူလူထုကိုဒုက္ခရောက်အောင် ဘာဖြစ်လို့
လုပ်နေရတာလဲ-ဦး သောင်းကျန်းသူ တွေရယ်။
မကျေနပ်ချက်ရှိရင်-တိုက်ရိုက်သတ္တိရှိရှိမကျေနပ်သူကိုတိုက်ရိုက်လာချပါဟ-
အလကား လူထုကို လာပြီး-ဒုက္ခမပေးပါနဲ့။

နေကြာရိုး said...

ဘာပဲပြောပြော အုပ်ချုပ်သူတွေရဲ့ တာဝန်သာဖြစ်တယ်။ အချင်းချင်းတိုက်နေကြလို့ ဒီလိုဖြစ်တာ။ ဖင်ယားပြီး လာဗုးံခွဲတာမဟုတ်နိုင်ဘူး။

Kyaukme Shan said...

soft target ကိုပဲဖောက်ခွဲရဲသောသောင်းကျန်းသူများမှာ သတ္တိမရှိသော၊ဦးနှောက်မရှိသော၊မိမိလုပ်ရပ်၏အကျိုးရလဒ်ကိုမသုံးသပ်နီုင်သောသူရဲဘောကြောင်သူများသာဖြစ်သည်။

aung chan oo said...

KIA ကတော့ ပြည်သူ. ချဉ်ဖတ်ဖြစ်လာ၏။ KIA ခေါင်းဆောင် ဟုအမည်ခံထားသူများဂါဝန်ဝတ်သင့်၏။

catman said...

အပေါ်ကနေကြရိုး ဆိုတဲ့ကောင် အဲဒီ kiaဆိုတဲ့ကောင် တွေကိုမင်း အိမ်ပေါ် ခေါ်ပြီးထမင်းကျွေးထားလိုက်..အဲနောက်ပြီး မင်းညီမနဲ့ ပေးစားလိုက်....

Shin Myochit said...

သက်ဆိုင်ရာကအရေးတယူကြိုးစားနေတာကိုလက်ခံသင့်ပါတယ်။အချိန်အတိုင်းတာတခုထိတော့သည်းခံပေးကြရအောင်။ဘာမှအရေးမစိုက်ဘူး။အကြောင်းမပြန်ဘူးဆိုရင်တော့တမျိုးပေါ့။ကိုယ့်အလွန်မဖြစ်တာပိုကောင်းတယ်။လက်ခံနိုင်လောက်တဲ့အကြောင်းပြချက်ရှိနေပြီဘဲ၊၊

အတိတ်ကိုကြည့်ပါ said...

အဲဒီ တာဝါ ဗုံးမခွဲခင်ထဲက မီးကမှန်နေလို့လားဆိုတာ ကွန်မန့်ပေးတဲ့သူတွေပြန်စဉ်းစား စေလိုပါတယ်။ အရင်ကပိုလို့တောင် ရောင်းစားနေရတယ် ဆိုတဲ့အချိန်တွေကရော မီးမှန်မှန်ရလား။ မီးစက်နှိုးပီးမီးရနေတဲ့လူတွေကို မဆိုလိုပါဘူး။

ဒီဗုံးခွဲတာဟာ သူတို့အတွက် အကြောင်းပြချက်တစ်ခုရသွားယုံပါ။ ငြိမ်းချမ်းစွာ အားလုံးအတွက်ဆန်ဒ ပြနေသူတွေကို မစော်ကားကြပါနဲ့။

saunghnin said...

နေကြာရိုး ဖင်ယားပြီးဗုံးခွဲတာမဟုတ်ရင် ဘာလို့ပြည်သူတွေဒုက္ခရောက်မဲ့
နေရာကိုခွဲလည်း။တိုင်းရင်းသားလက်နက်ကိုင်တွေကိုပြည်သူတွေကအမြဲအကောင်းမြင်ခဲ့ပါတယ်။ဒီတစ်ခါလုပ်တာတော့ KIA စောက်ရမ်းယုတ်မာသွားပြီ။မြှောက်ပေးတော့တရုတ်မသာပေါ်တော်ကချင်။

ခင်မျိုးချစ် said...

အခုဖြစ်နေတဲ့ အခြေအနေက အကြွေးပြန်ဆပ်ဖို့ ဘယ်လိုမှ မပြေလည်သေးလို့ပါ ပိုက်ဆံဘယ်လိုမှ ရှာမရသေးလို့ပါလို့ ခနလေးဆိုင်းပေးပါလို့ တောင်းပန်နေတဲ့သူကို နားမလည်ဘူးကွာ အခုပဲပေးရမယ်လို့ ဇွတ်ပဲ မဖြစ်ဖြစ်အောင်ပေးဖို့ တောင်းနေသလိုဖြစ်နေတယ်။ ဒီလိုကိစ္စမျိုးကတော့ ချက်ခြင်းဖြည့်ဆည်းပေးလို့ မရတဲ့ အရာတွေဖြစ်တာမို့ ခနလေး တော့သီးခံပြီး အစိုးရနဲ့ ပြည်သူ အပြန်အလှန်နားလည် မှုပေးကြဖို့လိုပါတယ်။ ပြည်သူကို အနိုင်ကျင့်တဲ့ အစိုးရကလည်း ကောင်းတဲ့အစိုးရမဟုတ်သလို အစိုးရကို အကြပ်ကိုင်တတ်တဲ့ ပြည်သူကလည်း မကောင်းပြန် ပါဘူး။ လမ်းလျှောက်သင်ကာစအရွယ် ဒီမိုကရေစီနိုင်ငံလေး ဟန်ဟန်ပန်ပန်လမ်းလျှောက်တတ်ဖို့ပထမအဆင့်မှာ ပြည်သူရော အစိုးရပါ အပြန်အလှန်နားလည်ကြဖို့ အပြန်အလှန်ကူညီကြဖို့ တာဝန်ကိုယ်စီရှိပါတယ်။ နားလည်ပေးကြပါ။ လူတွေဆူပူနေလို့ စက်ရုံတွေမီး လုံးဝမပေးတော့ဘူးဆိုတာလည်း မှန်ကန်တဲ့ဖြေရှင်းနည်း မဟုတ်ပါဘူး။ ကုန်ထုတ်စွမ်းအားတွေ ကျရင်လည်း အားလုံးကို အကျိုးသက်ရောက်မှုတွေက လာမှာဖြစ်ပါတယ်။

ယခုအဖြစ်အပျက်များကို သင်ခန်းစာယူပြီး နောင်ချမှတ်မယ့် မူဝါဒတွေက အရှည်မျှော်တွေးတတ်တဲ့ မူဝါဒတွေဖြစ်ဖို့ လိုပါပြီ။

kokhant said...

ပြည်သူ့အတွက်ဆိုးကျိုးဖြစ်စေသောလုပ်ရပ်ကိုမည်သည့်အကြောင်းကြောင့်ပြုလုပ်ကြသနည်း မည်သည့်လူမျိုးပင်ဖြစ်စေ နိုင်ငံသားကောင်း မှန်ပါက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကိုသာဦးစားပေးစေလိုပါသည် မိမိ၏မိသားစုအကျိုး မိမိ၏ဆွေမျိုးအကျိုးအတွက်နိုင်ငံရေးသမားယောင်ယောင်လူမျိုးစုခေါင်းဆောင်ယောင်ယောင်နှင့်ပြည်သူ့ပစ္စည်းမဖျက်စီးသင့်ပါ။

minmin said...

ကဲမြစ်ဆုံပြန်ဈခင်နေပြီ

Ko Myo said...

အင်း ဘယ်လိုပြောရမလဲ
ဗုံးကွဲတာက မေလ ၁၈-ရက်က
မီးပျက်တာက ဘယ်နေ့က စတာပလိမ့်

Ko Myo said...

အင်း ဘယ်လိုပြောရမလဲ
ဗုံးကွဲတာက မေ ၁၈-ရက်
မီးပျက်တာက ဘယ်တုန်းက စတာပါလိမ့်.့ 

ပြည်သူတွေ အယုံအကြည်မရှိတာလည်း အပြစ်ပြောဖို့ခက်ပြန်ရော

Ko Myo said...

အင်း ဘယ်လိုပြောရမလဲ
ဗုံးကွဲတာက မေလ ၁၈-ရက်က
မီးပျက်တာက ဘယ်နေ့က စတာပလိမ့်

sanaythar said...

အကြမ်းဖက်လုပ်ရပ်လုပ်သည့် မည်သည့်အဖွဲ့အစည်းမဆို လက်မခံနိုင်ပါ။ယခုလိုလုပ်ခြင်းဖြင့် မီးတွေပျက်သည်။မီးတွေပျက်တော့ ယခုလိုဆန~ဒပြပွဲတွေဖြစ်၊တိုင်းပြည်ကို မငြိမ်မသက်ဖြစ်စေသည်။လမ်းကြောင်းမှန်ပေါ်ရောက်နေသည့် ထူထောင်လာကာစ နာလန်ထတိုင်းပြည်ကို လမ်းကြောင်းပြောင်းကာ တစ်သက်လုံးနာလံမထူနိုင်အောင် လုပ်ချင်ကြသလား၊

အောင်ဆန်းနတ်မောက် said...

အမှန်တကယ်တော့ KIO ဆိုတာလဲတိုင်းရင်းသားပြည်သူတွေပါပဲ (ဒီဗုံးခွဲမှုဟာ KIO အစစ်သာဖြစ်ခဲ့ရင် တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပါပဲ) ပြည်သူတစ်ယောက်အနေနဲ့ပြည်သူ့ကိုယ်စား ရှုံ့ချပါတယ် သမ္မတကြီးရယ် ဒီလောက်ဆိုးသွမ်းနေမှတော့ ညှာတာထောက်ထားမနေပါနဲ့တော့ အမေရိကန်က အီရတ်ကိုတိုက်သလိုမျိုး လုပ်လိုက်ပါတော့ ဒါပေမဲ့ နောက်ဆက်တွဲဖြစ်လာမှာကိုလည်း ကြိုတင်တွက်ချက်ပြီး လုပ်ပေးပါဗျာ အများကောင်းစားရေးအတွက် တစ်ဦးနစ်နာတာ သဘာဝပါ ရဲရဲလုပ်လိုက်ပါ သမ္မတကြီးနောက်မှာ ကျနော်တို့ပြည်သူတွေရှိတယ်

ရာရာ said...

ကေအိုင်အေ ဆိုတဲ့နွားတွေ...မင်းတို့လိုချင်တာ မင်းတို့ပြောတဲ့ ဖက်ဒရယ်ဆိုတာလား..၊ ပြည်သူလူထု ဒုက္ခရောက်တာလား ..အရှင်းကြီးပဲ..။ သတ္တိကြောင်တဲ့ကောင်တွေ...မင်းတို့လုပ်သင့်တာက ကိုယ်ဖင်ခေါင်းထဲကိုယ်ပြန်ပြီး မိုင်းခွဲဖို့ပဲ။

REQULAR said...

နိင်ငံရေးတဲ့ စကားပုံတောင်ရှိသေးတယ် ဘာတဲ့ သိပ်တောင်မမှတ်မိတော့ဘူး မှားရင်ခွင့်လွတ်ပါ "ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်" တဲ့ နိင်ငံရေးဆိုတာတော်တော် ပရိယာယ်ကြွယ်ဝတာနော် ဒီပေါက်ကွဲမှုကလဲ ဒီအစိုးရကပဲ ဖန်တီးတာလားမှ မသိ

ကိုမြိတ်မောင် said...

KIAရဲ့လုပ်ရပ်ကိုအရမ်းရှုပ်ချတယ် လူမျိုးရေးဗန်းပြပြီးအဖျက်လုပ်ငန်းလုပ်တာက ကချင်ပြည်သူတွေကလုံးဝလက်မခံဘူး ကချင်၊မြန်မာဆိုတာ မြန်မာနိုင်ငံသားတွေပါ နိုင်ငံတော်ကြီးတိုးတက်စေချင်ရင် အဖျက်လုပ်ငန်းကိုအမြန်ဆုံးစွန်လွတ်သင့်တယ် တိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပေးရပါမယ် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွတ်သင့်ပြီ ဒီလိုပြောလို့ကြံဖွတ်လို့မထင်ပါနဲ့ မည်သည့်အဖွဲ့အစည်းမှမပါတဲ့ပြည်သူတစ်ယောက်ပါ ဒါတွေကိုပြည်သူ့ဖက်မှစဉ်းစားပြီးပြောတာပါ။

JP said...

အဓိက ပင်မ တာဝါတိုင် မို့လို့လား ဗုံးခွဲခံရတာက

Naing Oo said...

နေကြာရိုးရေ မင်းအဆင့်ကဒီလိုcommentလောက်ဘဲရေးတတ်တဲ့အဆင့်လား
ထစ်ကနဲဆိုအစိုးရကိုဘဲမကောင်းမြင်နေတာတော့မဟုတ်သေးဘူးထင်တယ်။
အမြင်တွေကိုပြောင်းပြီးအကောင်းမြင်ဝါဒလေးနဲ့ကြည့်ကြရအောင်လားဗျာ။

်ု

Anonymous said...

KIAနဲ့တရုပ်တွေကိုသက်

herry2882 said...

မြစ်ဆုံ ကို ဦးတည်နေတာပါ ။
ဗုံးခွဲတာလဲ သူတို့ပါပဲ ...

Powered by Blogger.