ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည်

ရန်ကုန်တိုင်း မထသ မှ တာဝန်ရှိသူတစ်ဦးမှ  ၂၇.၅.၂၀၁၂ နေ့ ညနေပိုင်းတွင်
 NNDP ပါတီ မှ သင်္ဃန်းကျွန်း တိုင်းဒေသကြီး အမှတ် (၁) ကိုယ်စားလှယ် ဦးကျော် ထံ
(၃၉ ) ယဉ်လိုင်း မှ စုစုပေါင် ကား ၁၀ စီးအား မေလ၂၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ၂၃၂
ယာဉ်ပြေးဆွဲသည့် ခရီးစဉ် နေရာတွင် စတင် အစားထိုး ပြေးဆွဲပေးမည်ဖြစ်ကြောင်း
ဖုန်းဖြင့် အကြောင်းကြားလာကြောင်း သိရပါတယ်။

မကြာသေးခင်က ပါရမီယာဉ်လိုင်း ၂၃၂ ယာဉ်လိုင်း မှကြားကား
ပြေဆွဲသည့် ယဉ်မောင်းအား ဓါးဖြင့်ခုတ်သတ်ခဲ့သည့်ကိစ္စနှင့်ပါတ်သက်ပြီး
၂၃၂ ယာဉ်လိုင်း အားပိတ်သိမ်းလိုက်ပါတယ်။

အဆိုပါကိစ္စပါတ်သတ်ပြီး  ဒဂုံဆိပ်ကမ်းမြို့ နေ ဒေသခံများမှ  NNDP သို့တင်ပြ
လာရာ NNDP မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးဝင်းရွှေတို့သည်
ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီး 
ဒေသခံများ၏ ခံစားချက်များကို မေးမြန်းခဲ့ပါတယ်။

၂၃၂ ယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းသည် အလုပ်သွားအလုပ်ပြန်အဆင်မပြေမှု၊
အဆိုပါကားဂိတ်အားအမှီအခိုပြုလျှက်လုပ်ကိုင်စားသောက်နေကြသည့်လုပ်ငန်း
အသေးစားများမှာလည်း ဒီယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းကြောင့်
စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ပြန်လည် ပြောကြ
တင်ပြခဲ့ပြီးနောက် အခုလို ကား  အစားထိုးပြေးဆွဲပေးမယ့် အစီအစဉ်ရှိလာ
တာဖြစ်ပါတယ်။

Myanmar News Now
လိုင်းကားနှင့် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် အားတွေ့ ရစဉ်


ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည် Reviewed by သစ်ထူးလွင် on 13:42 Rating: 5

4 comments:

myochitthu said...

ကား10စီးဆိုတာအရမ်းနည်းလွန်းပါတယ်။ဒါပေမယ့်မရှိတာထက်စာရင်တော့တော်ပါသေးတယ်။စီစဉ်ပေးတဲ့သူတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။ကားအစီးရေထပ်တိုးပေးဖို့ကိုလည်းမျှော်လင့်လျက်ပါ

konamazu said...

ပြည်သူတွေကိုယ်စားကျေးဇူးတင်ပါတယ်။အသည်းကြားကမဲတပြားရဲ့ လုက်ဆောင်ချက်အတွက်လည်းဂုဏ်ယူပါတယ်။

ထွန်းထွန်း said...

ယခုလို ပြည်သူများ အဆင်ပြေအောင် ဆောင်ရွက်ပေးသူ များ အားလုံး(အားလုံး) ကျေးဇူးတင်ပါတယ်

ထွန်းထွန်း said...

ယခုလို အဆင်ပြေအောင် ဆောင်ရွက်ပေးကြပါသော အားလုံး(အားလုံး)သော ပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါတယ်

Powered by Blogger.