ငါးသောင်းရှိမှ ကျောင်းအပ်ကြ

ငါးသောင်းရှိမှ ကျောင်းအပ်ရတဲ့ အမက (၄)
စစ်ကိုင်တိုင်းဒေသကြီး မုံရွာမြို့ ဆူးလေကုန်းရပ် အမက (၄) ကျောင်းကတော့ အလှူငွေ
ကောက်ပါတယ်။ ဒီကျောင်းကတော့ သူငယ်တန်းကျောင်းသားသစ်အပ်လျှင် အနည်းဆုံး
 ငါးသောင်းကျပ် တိတိ အလှူငွေ အဖြစ်(အလှူရှင် ၏ ဆန္ဒရှိ ရှိ
မရှိရှိ)ကောက်ခံနေပါတယ်။

ကျောင်းသားသစ်လျှောက်လွာများကို ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး ကော်မတီ
လူကြီးများ ဟုဆိုသူများကကောက်ခံလျှက်ရှိနေပါတယ်။

ထိုသို့ကောက်ခံရာတွင် ငါးထောင် တစ်သောင်းနဲ့တော့မလာခဲ့နဲ့ဟု ခေတ်ဟောင်းက
ဥက္ကဌ လုပ်ခဲ့ဖူးသူ ဦးချိုတူး မှ အများကြားအောင်ပြောပါတယ်။ ကျောင်းအကျိုးတော်
ဆောင် ဆိုသူ ဒေါ်မီမီတိုး မှလည်း တစ်သိန်းအောက် တော့ မလာခဲ့နဲ့ဟု ရင်း နှီးသူများ
ကို ပြောဆိုကောက်ခံပါတယ်။

အလှူငွေကောက်သည်ဆိုသည်မှာ ပေးလှူမည်သူ၏ စေတနာ အလျှောက် ကြည်ဖြူစွာ
လှူဒါန်းသည်ကိုသာ လက်ခံရမည်ဖြစ်သည်။ ယခုလို ငါးသောင်းအနည်ဆုံးဟု ဖိအားပေး
အလှူခံခြင်းမှာမဖြစ်သင့် ကြောင်း မုံရွာမြို့ ဆူးလေကုန်ရပ်ကွက်က ကျောင်းသားမိဘ များ
က Myanmar News Now ကို ပြောပြပါတယ်။
ငါးသောင်းရှိမှ ကျောင်းအပ်ကြ ငါးသောင်းရှိမှ ကျောင်းအပ်ကြ Reviewed by သစ်ထူးလွင် on 13:19 Rating: 5

20 comments:

Nay Nwaye said...

သူတို့ကို နားခိုင်းလိုက်တော့..

tharyarchan said...

ဟုတ်တယ် တရားသိပ်ကိုလွန်တာပဲ။ တိုင်ကြဗျာ။ နောက်မလုပ်ရဲအောင်။ ၀န်ကြီးပြောထားတာပဲ။ အတိအကျနဲ့တိုင်။ ရောက်အောင်တိုင်စေချင်ပါတယ်။

Unknown said...

ဟယ်..........ငွေကြေးမတတ်နိုင်တဲ့ကျောင်းသူကျောင်းသားတွေဆိုဘယ်လိုလုပ်မလဲတော်...!

anawmar said...

ဒီလိုပြောနေမယ့်အစား အသံ/ဗွီဒီယို တစ်ခုခုနဲ့တွဲတင်/တိုင် တာပိုကောင်းမှာပါ။ အနည်းဆုံး အသံဖိုင်လောက်တော့ မသိအောင် ဖမ်းထားလို့ရပါတယ်။ ကြည့်ရတာတော့ ဝိနည်း လွတ်လုပ်တဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကခိုင်လုံဖို့ပဲအရေး ကြီးတာပါ။ မဟုတ်ရင် ကိုယ်က တရားခံပြန်ဖြစ်သွားမယ်။

koye said...

ကြည့်လဲး လုပ်ကြပါအုံး ကျောင်းသား သူ မိဘတွေရဲ့ ဝင်ငွေနဲ့ ပေးရတဲ့ ကောက်ခံနေတဲ့ အလှူငွေ မျှတရဲ့လာ စဉ်းစားကြပါအုံးနော်

mahar maharzaw said...

အဲဒီလို အေးဓားမြ တိုက်နေကြတာ နေရာတကာမှာပါပဲ
နောက်ခံကောင်းနေကြတော့  လုပ်ရဲကိုင်ရဲ ရှိကြတာပေါ့
ဒီလူတွေနဲ့ နောက်ကွယ်ကလူတွေ စာမတတ်တာတော့ သေချာတယ်
(အလှူငွေ) ဆိုတဲ့ စာလုံးတောင် သေချာမသိတဲ့ လူတွေပဲ။

မိုးမခ said...

ဒီသတင်း အမှန်ဆို အထောက်အထားပြည့်ပြည့်စုံစုံနဲ့ သေသေချာချာ ခိုင်ခိုင်လုံလုံ ရေးပြီးဝန်ကြီးဆီကို တိုင်ပါ။

Aung Soe Oo said...

ကျောင်းအုပ်ဆရာကြီးအပါအ၀င်တဖွဲ့လုံးထောင်ချပြီးဖြုတ်လိုက်သင့်တယ်တယ် အရးယူပါမယ်အကြိမ်ကြိမ်ပြောနေတာတောင်ဂရုမစိုက်ဘဲလူပါးဝနေကြတာသေဒဏ်တောင်ပေးသင့်တယ်..

A Dr. of MOST said...

တကယ်ကောက်တာလား စုံစမ်းကြည့်ရဦးမယ် ဒီလောက်အပို မကောက်ခံအောင် ပြောနေကြတာ ဖြစ်နိုင်ပါ့မလား သူ့အကြောင်းနဲ့သူတော့ ရှိမှာပေါ့ စုံစမ်းလို့မဟုတ်ရင် လျှောက်ပြောတဲ့သူ တာဝန်ရှိတယ်နော်

Wozzi said...

ယခုဆရာဆရာမတွေကဘယ်သူ့အားကိုးနဲ့လုပ်နေပါလိမ့်

satuyinga said...

သေချာလဲစုံးစမ်းပါဦးဗျာ တကယ်ကျောင်းဆောက်ဖို့လားမှမသိတာ ကျွန်တော်တို့နယ်မှာဆိုလဲ အစိုးရက ဆောက်မပေး ဒီလိုပဲ အလှူငွေကောက်ပြီး ကိုယ်ဟာကိုဆောက်ရတာပဲဗျ ကျောင်းသားမရှိတဲ့ မိဘတွေကတော့မကြည်တာ ထုံးစံလိုတောင်ဖြစ်နေတာဗျ

mgaung said...

ဒါဟာပညာရေးဝန်ကြီးကို စိမ်ခေါ်လိုက်တာပါ။

minaung1149 said...

သမ္မတကြီးနျင့်ပညာရေးဝန်ကြီးတို့အားစောက်ဂရုစိုက်စရာမလိုဘူး၊သူတို့ဘာပြောပြောငါတို့လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့သဘော၊ပြီးတော့ခလေးတွေကိုစိတ်ထဲမဟုတ်တာသွင်းပေးသင်ပေးတဲ့နေရာဖြစ်နေပြီး၊အရေးယူပေးပါ၊ထင်ရှားလျှင်ထောင်ချပါ၊ဒါမှပညာရေးလောက ကလူတွေသင်ခန်းစာရကြမယ်။

အဝေးရောက် ဇင်ယော် said...

တိုင်ပြည်ကို ချစ်လျှင် မျိုးဆက်သစ်ကလေးတွေကို ချစ်ကြရမယ်
ငွေသည်ပညာရည်းမဟုတ် ပညာရည်းသည်ငွေမဟုတ်
ဗန်းကလေးတင်သော ဈေးသည့်ကလေးရဲ့ ဦးခေါင်သည်
အနာဂါတ်မှာ တိုင်းပြည်ရဲ့ တာဝန်ကို သူ့ရဲ့ဦခေါင်းမှာ ဗန်းကလေးအစား
နေရာယူလိမ့်မည်။

aunghtet said...

မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည်.........

ယခုနှစ်ကျောင်းဖွင့်ချိန်တွင် တရားမ၀င်ငွေကြေးကောက်ခံခြင်း၊ ကျောင်းဝင်ကြေးများပိုမိုကောက်ခံခြင်း အစရှိသည်တို့ကိုပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ထိရောက်စွာအရေးယူသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောသည်။
မေလ(၂၇)ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သော အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအပြီးတွင်စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်းပြောထားပြီးသား။ နယ်အဝေးကိုပို့မယ်၊ ဖြုတ်သင့်ရင်ဖြုတ်မယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်နေတဲ့အချိန်မှာ ဒါမျိုးယူရင် အရေးယူမယ်။ ညွှန်ချုပ်တွေကိုလဲပြောပြီးသား။ တိုင်းပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေကိုလဲပြောပြီးသား။ ဒါမျိုးလုပ်တာတွေကို ကျွန်တော့်ဆီကို တိုက်ရိုက်တိုင်နိုင်တယ်။ တိတိကျကျသိရင်တိုင်ပါ"ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ko soe htet said...

အဟောင်းကြီးနဲ.တော.မစိုင်တော.ဘူးလို.ထင်တယ်။
ဒါမဲ.အသစ်နဲ.အဟောင်းပေါင်းရိုက်နေရင်တော.မသိဘူးဗျာ။

mgyupa said...

မေလ(၂၇)ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်တဲ့
အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနဲ့တွေ့ဆုံပွဲအပြီးမှာ
စာနယ်ဇင်းတွေရဲ့ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပြန်လည်ဖြေကြားခဲ့ရာမှာ..
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်းပြောထားပြီးသား။ နယ်အဝေးကိုပို့မယ်၊ ဖြုတ်သင့်ရင်ဖြုတ်မယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်နေတဲ့အချိန်မှာ ဒါမျိုးယူရင် အရေးယူမယ်။ ညွှန်ချုပ်တွေကိုလဲပြောပြီးသား။ တိုင်းပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေကိုလဲပြောပြီးသား။ ဒါမျိုးလုပ်တာတွေကို ကျွန်တော့်ဆီကို တိုက်ရိုက်တိုင်နိုင်တယ်။ တိတိကျကျသိရင်တိုင်ပါ"……လို့ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ပြောခဲ့တာပဲ..။
ဒုတိယ၀န်ကြီး ဦးအေးကြူကလဲ "တားမြစ်ထားတဲ့ကြားကကျူးလွန်ရင် ကိုယ့်လမ်းကိုယ်ရွေးသလိုဖြစ်သွားမှာပေါ့"
လို့လူသိထင်ရှားပြောခဲ့တာပဲ..။ အပြောနဲ့အလုပ် ညီမှာပါ..လူကြီးစကား..ပြီးပြီးပျောက်ပျောက်တော့ မဖြစ်လောက်ဖူးလို့…ထင်တာပါဘဲ ။ ။

Amy said...

အေးဗျာ တိုင်ကြပါ ဒါမှတစ်ခြားကျောင်းတွေလဲမလုပ်ရဲမှာ

pyisoe said...

ဝန်ကြီးကသူပြောတဲ့အတိုင်းတကယ်လုပ်မလုပ်စောင့်ကြည့်ကြပါ။ အပြောလား လက်တွေ့လား၊ ဝန်ကြီးကပဲ နောက်ကွယ်က တောင်းခိုင်းနေသလား။ ဥပဒေအတိုင်းမလုပ်ရင် ဥပဒေပြဋ္ဌာန်းတာ ဘာအဓိပ္ပယ်ရှိမှာလဲ၊ အလှူခံချင်ရင်လည်း ကျောင်းဆရာ မလုပ်ပဲ သီလရှင်တို့ ဘုန်းကြီးတို့ဝတ်ခိုင်းလိုက်ရင် ကောင်းမယ်။ မြန်မာပြည်ဥပဒေက ငွေညှစ်စားဘို့ ဖြစ်ဖြစ်နေတာ ဘယ်တော့မှ ပျောက်မလဲ။

စိုင်းမြတ်ဦး said...

သက်ဆိုင်က ၀န်ကြီးများတို့ရေ ခင်ဗျားတို့ ပါးစပ်ကကြီးပြောနေမှာလား...လက်တွေ့မလုပ်ကြတော့ဘူးလား...ပြောပဲပြောနေတာ အခုထိ လက်စားနေတဲ့ဘယ်ဝန်ထမ်းမှ အရေးယူလိုက်တဲ့ သတင်းမတွေသေးဘူး...ခင်ဗျားတိုက သက်ြန်အမြောက်တွေလား...ပြောင်းလဲနေပါပြီဆို ဘာတွေလဲဗျပြောပါအုံး သိချင်လိုပါ.....

Powered by Blogger.