အားကောင်းလာတဲ့ ပုသိမ်မြို့ ၂၄ နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း

 ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးရှိ  ပြည်သူအင်အား (၁၀၀၀)တစ်ထောင်ကျော်ခန့်သည်
လျှက်စစ်မီး ၂၄ နာရီ အချိန်ပြည့်ရရှိရေးအတွက်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခြင်းကို
 ၂၇-၅-၂၀၁၂ နေ့ ညနေ၇း၁၅ မိနစ်မှ ည ၈း၄၅ မိနစ်အချိန်ထိပြုလုပ်ခဲ့ကြောင်း
သိရပါတယ်။

ပုသိမ်မြို့တွင် ရပ်ကွက်နေပြည်သူများမှာ ၆ နာရီလျှပ်စစ်မီးပေး ၁၂နာရီမီးပျက် စနစ်ဖြင့်ကျင့်
သုံးသော်လည်း အစိုးရဌာနဆိုင်ရာရုံးများ ၊၀န်ကြီးများ၏နေအိမ်များ၊ အစိုးရ၀န်ထမ်းအိမ်ရာ
များ၊ ဌာနဆိုင်ရာအသီးသီးမှ လူကြီးများ ၏နေအိမ်တို့တွင် ၂၄နာရီလျှပ်စစ်မီးအပြည့်အဝ
 ရရှိနေပါသဖြင့် မြို့သူ မြို့သားများမှ လျှပ်စစ်မီး တန်းတူရရှိရေး ၊၂၄နာရီလျှပ်စစ်မီရရှိရေး
အတွက်ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတွေက Myanmar News
Now ကို သတင်းပေးပို့ ထားပါတယ်။




ပုသိမ်မြို့ 24နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း 

သတင်း-ဓါတ်ပုံ Myanmar News Now

အားကောင်းလာတဲ့ ပုသိမ်မြို့ ၂၄ နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း အားကောင်းလာတဲ့ ပုသိမ်မြို့  ၂၄ နာရီမီးအလင်းရရှိရေး  ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း Reviewed by သစ်ထူးလွင် on 13:57 Rating: 5

13 comments:

mahar maharzaw said...

မီးတွေပိုလျှံနေတာမတွေ့ ကြဘူးလားဟင်
လူကြီးတွေအိမ်တွေမှာလေ....ပြည်သူတွေကပေးတဲ့လစာကိုစား...
ပြည်သူတွေကိုပြန်မကြည့်တတ်တဲ့ သူတွေ ဒီဘ၀လူဖြစ်တာ
နောက်ဆုံးပဲဖြစ်မှာပါ။

မိုးကြိုး မုန်တိုင်း said...

ကောင်းလိုက်တာဗျာာာာာ.. ငြိမ်းချမ်းစွာနဲ့ပဲ ဆက်လက်ဆန္ဒဖော်ထုတ်ကြပါလို့ ကကြံပြုပါရစေ... ပွဲလန်တုန်းဖျာခင်းနိုင်တဲ့အခြေအနေမျိုးတော့ အရောက်မခံနိုင်လို့ပါ....

elennium131 said...

ကျွန်တော်တို့ဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်မှာလည်း(EPC)၀န်ထမ်းအိမ်များနှင့်သက်ဆိုင်ရာလူကြီးမင်းအိမ်များမှာ(၂၄)နာရီမီးအပြည့်အ၀ရရှိကြပါသည်။ပြည်သူများမှာတော့ကိုအလှည့်တောင်မီးလာချိန်မှာမှန်အောင်မရရှိပါ။ပြည်သူကျွေးသောထမင်းစားပြီးပြည်သူများကိုစော်ကားနေကြပါသည်။ထမင်းကျွေးသောလက်ပြန်ကိုက်နေကြပါပြီ။အောက်ခြေအထိဆင်းပြီထိရောက်စွာအရေးယူပေးသင့်ပါသည်။

လင်းယုန် said...

မိမိတို့လိုအပ်နေတဲ့ ဆန္ဒတွေကို ဖော်ထုတ်ဆန္ဒပြနေတဲ့
ပုသိမ်မြို့သူမြို့သားတွေရဲ့ သတ္တိကို ချီးကျူးပါတယ်
လျှပ်စစ်မီးရရှိဘို့ဆန္ဒမပြသေးတဲ့ မြို့တွေအများကြီးကျန်နေတယ်
အဲဒီမြို့တွေမှာက အခြောက်တွေနေတာလား
ထဘီထုတ်ပို့လိုက်မယ်
ကိုယ် လိုအပ်နေတဲ့ဆန္ဒကိုတောင် မဖော်ထုတ်ရဲကြဘူးလား
အခွင့်အရေးကြတော့ တန်းတူလိုချင်ကြတယ်
မြန်မာနိုင်ငံကလူတွေ ဒီလို စည်းလုံးမှု့မရှိလို့
ကျွန်သက်ရှည်နေတာ
ထလော့.....မြန်မာ
မြန်မာ........ထလော့
အချိန်တန်ပြီ

Unknown said...

အင်း..ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြတာတော့ကောင်းပါတယ်...ဒါပေမဲ့သတိထားကြပါ..အဲဒိ့အထဲမှာမသမာသူတွေထည့်ပြီဆူပူမှူဖြစ်အောင်လုပ်.ဆူပူမှူကြီးးဖြစ်လာပြီဆိုရင်ဘယ်သူ့ လက်တွေထဲပြန်ရောက်သွားမယ်ဆိုတာအားလုံးလဲသိ.ကြမှာပါအမေစုပြောတဲ့အခုမှဖူးငူံစဒီမိုကရေစီလေးရေထဲမျောသွားပါအုံးမယ်..အခုလောက်ဆိုမင်းအောင်လှိုင်ကချောင်းနေလောက်ပြီနော်.သူ့ ဆရာကသူ့ နေရာကိုစိတ်ချလက်ချထားခဲ့တယ်ဆိုကတည်းက.မင်းအောင်လှိုင်ကခေသူတစ်ယောက်တော့မဟုတ်လောက်ဘူးဆိုတာလဲသတိထားကြပါအုံး..

ကိုကိုကြီး said...

အေးဗျာ...ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ မှာလည်း..ဆန္ဒဖော်ထုတ်သင့် တယ်ဗျာ..။ ဖျာပုံမြို့ကျတော့ တစ်မျိုးဗျ..။ လျှပ်စစ်မီးရှိရဲ့သားနဲ့ဗျာ...။ မီးကိုမှန်မှန်မပေးဘူးဗျာ..။ သူတို့ လျှပ်စစ် EPC ၀န်းထဲကျတော့..အမြဲမီးလာနေတယ်ဗျာ..။ တော်တော်မတရားဘူး။ မြို့ပေါ်သူ/မြို့ပေါ်သားတွေအတွက်..အမှန်ဆို..သူတို့ဝန်းလည်း အတူတူ အနစ်နာခံပြီး အပိုင်းလိုက်မီးကိုဖြတ်ပေးသင့်တယ်..။ အခုကျတော့.. (၁၂)ရပ်ကွက်တစ်ခုလုံးက VIP ရပ်ကွက်ဆိုပြီး တော်တော်လေးကို မီးလာနေတယ်ဗျာ..။ ဒီဘက်မြို့သူ/မြို့သားတွေရှိတဲ့ မြို့ထဲပိုင်းတွေကိုကျတော့ အလှည့်လိုက် မီးပေးတယ်ဗျာ..။ EPC ၀န်းဟာ မီးအမြဲလာတဲ့ဝန်းပါ..။ အခုလျှပ်စစ် ၀န်အားတွေလျှော့နေတဲ့အချိန်မှာ သူတို့ကိုလည်း မီးဖြတ်သင့်ပါတယ်..။ အဲဒါမှ သူတို့လည်း ကိုယ်ချင်းစာစိတ်ရှိမှာပါ..။ မီးမလာရင်..ဘယ်လို ခံစားရလဲဆိုတာ..။ အခုတော့..မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ EPC ၀န်းတိုင်း ၀န်းတိုင်အမြဲတမ်း..မီးလာနေတယ်ဗျို့..။ အဲဒါကြီးကိုက မတရားဘူး..။ EPC မိသားစုတွေအကုန်လုံး မီးပြတ်တဲ့အရသာကို မခံစားရသေးဘူးဗျ..။ အဲဒါကြောင့်ကိုယ်ချင်းစာတရားကိုမရှိတာ..။ လျှပ်စစ်ဝန်ထမ်းဆိုပြီးအမြဲမီးရနေတာကို ဖျာပုံမြို့ လွှတ်တော်ကိုယ်စားလှယ်ကြီး ကိုသိမ်းဆွေ ရေ ဖျာပုံမြို့ကိုလည်း မီးလာအောင်အရေးဆိုပေးပါအုံး၊ ဘာတွေများအလုပ်ရှုပ်နေလဲဗျာ...။...ကယ်ပါအုံးဗျို့...။

pyaponthu said...

တရုတ်တွေမြှောက်ပေးလို့မန္တလေးတော့မီးရဘီး။ကျန်တဲ့ဒေသလည်းသူတို့လိုလုပ်မှပေးမှာ။ဒီလိုမျိုးတရုတ်ကလိုလားတယ်။မြန်မာပြည်မငြိမ်မှ သူတို့မြန်မာပြည်ကိုကြိုက်သလိုမွှေနိုင်တယ်။ဒါတရုတ်လှည့်ကွက်။သနားတယ်

ပုသိမ်သား...ဆင်မ said...

အင်းအဲလိုလုပ်ပါ ဆူစရာပူစရာလည်းမလိုဘူး
အဲတာမှငါတို့ပုသိမ်ကွ

kokochit said...

ကြည့်လဲလုပ်ကြအုံး ဖယောင်းတိုင်မီးနဲ့ဆန္ဒဖော်ထုတ်နေကြတာ တော်ကြာနေဖယောင်းတိုင်မီးတွေပိုလျှံနေတယ်ဆိုပြီး နိုင်ငံခြားကိုရောင်းစားနေအုံးမယ်

ဆုလာဘ် said...

လျပ်စစ်ေ၇ာင်းလို့၇တဲ့ငွေတွေ ဘယ်မှာလဲဘယ်သူတွေယူသွားတာလဲ ဘယ်မှာသုးံတာလဲ အခုသူများဆီမှာတောင်းခံနေ၇ပြီ

aung naing said...

လုပ်နိင်ရင်လုပ် မလုပ်နိင်ရင်ထွက် နောက်မှာမင်းတို့စစ်ဗိုလ်တွေထက်တော်တဲ့လူတွေအများကြီးဘဲ။

Patriot said...

ဆုလာဘ်ရေ
တစ်ဒေါ်လာ ၆ ကျပ်ခွဲ နဲ့ စာရင်းပြပြီး ပိုတဲ့ ၉၉၄ ကျပ်ကို လူကြီးအားလုံး ဝေစားခဲ့ကြ ပြီးပြီလေ။

တိုလီမိုလီ said...

ဝန်ကြီးချုပ်အိမ်ရောမီးလာလားဟင်...

Powered by Blogger.