အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ်

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)

အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက်လုပ် ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင်  သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။

"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသားတစ်ဦး ဖြစ်သူကိုတင်ထက်ကို က ပြောသည်။

အဆိုပါကန်ထရိုက်တိုက်အား ပန်းချယ်ရီဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး  ယခုလူနေထိုင်ခွင့်ရရှိရန် အတွက် အသင်းသားများအားလက်မှတ်ထိုးပေးရန် မြို့နယ်သမ၀ါယမ ဦးစီးမှုးက ခေါ်ယူရာမှ ပြေလည်မှု မရရှိဘဲ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ် သမ၀ါယမ ဦးစီးအရာရှိ ဦးအေးဝင်းက " အထက်ကလုပ်တာ၊ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှုးတို့လာမှ ရှင်းကြ၊ ကျွန်တော်တို့အဆင့်နဲ့က ရှင်းလို့မရဘူး "ဟုပြောသည်။

စမ်းချောင်းမြို့နယ် ကျွန်းတော သမ၀ါယမ အသင်းအား ၁၉၄၇ ခုနှစ်တွင် အစုရှယ်ယာတစ်စုလျှင် တစ်ကျပ်နှုန်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသားများ ၏ အစုရှယ်ယာငွေဖြင့် အဆိုပါမြေကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
 
ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို မကျေနပ်၍ ဆန္ဒဖေါ်ထုတ်သူ စမ်းချောင်းမြို့နယ် ကျွန်းတော သမအသင်းသားများ
 Yangon Press International
အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ် အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း  အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ် Reviewed by သစ်ထူးလွင် on 11:31 Rating: 5

3 comments:

Dr.Hellboy2009 said...

‌ကောင်းတယ်..ဘယ်သူမှထိုးမ‌ပေးကြနဲ့..အဲဒီ‌နေရာမှာပြသာနာတက်
‌နေတာကြာလြှပီ..ကိုယ်ပိုင်ေ မြလဲမဟုတ်ဘဲနဲ့စားဖါးလူလည်ကြီးတဦးက
အရင်မြို့နယ်မှူး၊တိုင်းမှူးတို့ကိုအချြီကီး‌ပေးပြီးအပိုင်ကြံတာ..အသင်းသား‌တွေ
ကန့်ကွက်လို့မ‌ဆောက်ဖြစ်ဘဲရပ်သွား‌သေးတယ်..ဘယ်သူ့ကို‌ပေး‌ကျွေး
ပြီး‌တော့များဆက်‌ဆောက်လိုက်ပါလိမ့်....တိုက်ကြီး‌တောင်ပြီး‌နေပါ‌ပေါ့
လား..အ‌လျှော့မ‌ပေးနဲ့အသင်းသား‌တွေ..အဲဒီစားဖါးကြီးအပါးဝလွန်းတယ်..။

Anonymous said...

အစုရှယ်ယာအထောက်အထားများနှင့်တကွတင်ပြသင့်ပါတယ်........

chitthu said...

အထက်ကလုပ်တာ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှူးတို့လာမှ ရှင်းကြဟု ပြောဆိုသော ဦးစီးအရာရှိဦးအေးဝင်းအားမေးလိုသည်မှာ အထက်က ဆိုသည့်စကားလုံးကို မည်သည့်အတွက်သုံးစွဲရသနည်း။ အထက်ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၀န်ကြီးလား၊ ၀န်ကြီးချုပ်လား၊ သမတလား။ တာဝန်ရှိဝန်ထမ်းအများစုမှာ အထက်က အထက်က ဟု ဖေါဖေါသီသီသုံးစွဲကာ ပြည်သူများအား ခြောက်လှန့်နေသည်မှာ ကြာပြီဖြစ်ပါသည်။ အဆိုပါ ပုဂိုလ်အား မေးကြည့်စေချင်ပါသည်။ အထက်က ဆိုသည်မှာ ဘယ်သူလဲ။

Powered by Blogger.