မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့
ရပ်ကွက် သီရိမန္တလာ ကားကြီးကွင်းတောင်ဖက်ရှိ အရှေ့အနောက်စီးဆင်းနေသော
ရေကြည်မြောင်းအား ယနေ့ ( ၁၁.၅ ၂၀၁၂ )တွင် စည်ပင်သာယာမှ ရေကြည်
ရေမြောင်းအတွင်း အမှိုက်များကို ဆယ်ယူရာတွင် မြောင်းတောင်ဖက်ကပ်လျှက်
အပိုင်းကိုသာ တဖက်သတ် စက်များဖြင့် ဝင်ရောက်ဆယ်ယူနေသောကြောင့်
မြောင်းတောင်ဖက်အပိုင်းတွင်နေထိုင်သောလူနေအိမ်များမှအဆောက်အဦးများ
ဖယ်ရှားဖျတ်ဆီးပေးနေရပါသည်။

 ရေမြောင်း မြောက်ဖက်ခြမ်းမှအဆောက်အဦးများသည် မှုလအတိုင်းတည်ရှိနေပြီး
စည်ပင်သာယာမှအရေးယူဆောင်ရွက်ခြင်းလုံးဝမရှိနေသည့်တွေ့ မြင်နေရပါသည်၊
စည်ပင်သာယာလုပ်ဆောင်ချက်များသည် တဖက်သတ်ဆောင်ရွက်နေကြောင့်ကိုလည်း
သက်ဆိုင်ရာစည်ပင်သာယာသို့  မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြသော်လည်း
လစ်လျှုရှု နေပါကြောင်း ရပ်နေပြည်သူများက Myanmar News Now ကို
ပြောပြပါသည်။
မေလ(၁၁)ရက်နေ့  ၂၀၁၂ ယ္ခုထပ်မံလုပ်ဆောင်ချက်များကို မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြအပ်ပါသည်။
မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း Reviewed by သစ်ထူးလွင် on 17:18 Rating: 5

6 comments:

Mr Bee said...

ကျုးကျော်အိမ်တွေကို စည်ပင် က ဖျက်ခိုင်းပြီးမြောင်းဆည်တာ အပြစ်မဟုတ်ဘူးထင်ပါတယ်။ မြောင်းဘေးနှစ်ဘက်လုံးမှာ မြေနေရာ အလွတ်ရှိတာ ကျွန်တော်သိသလောက် ကျွန်တော့် အသက် ၂၀ နှစ်မက တော့ပါဘူး။ အဲဒီ မြေအလွတ်တွေပေါ်မှာ ဘေး နှစ်ဘက် က လူနေအိမ်တွေက ကျုးကျော် ပြီးဆောက်ထားလို. အဲဒီနေရာမှာ အမှိုက်ဆည်မရဖြစ်ပြီး မြောင်း က အမှိုက်တွေပိတ် ဆို. ကာ မိုးရာသီတိုင်းရေလျှံ တာတွေဖြစ်နေတာပါ။

ရသမျှမြေနေရာ အကုန်ကျုးကျော်ထားလို. လွန်ခဲ့သော ၈ နှစ်ခန်.က အဲဒီရပ်ကွက် တစ်ခုလုံး မီးထဲပါသွားဖူးပါတယ်။ မီးသတ်ကားလုံးဝ ဝင်လို.မရခဲ့တဲ့ ပြသာနာပါ။

ညာဘက်ခြမ်းမှာ တိုက်ခန်းဆောက်ထားတာကို ကြည့် ပေးပါ။ နေရာအလွတ်ချန်ထားပေးထားပါတယ်။ မြောင်းအတွက်ပါ။

စည်ပင်က အိမ်တွေကို ဖြတ်ခိုင်းပြီး မြောင်းဆည် တာ မတရားတာ မဟုတ်ဘူးလို.ထင်ပါတယ်။

ကျွန်တော် မန္တလေးသားပါ။ ကျွန်တော်တို.ရဲ. ရက်ကွက် က အဲဒီလို ပြသာနာတွေရှိပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ။

Anonymous said...

မြောင်းဘေးကားလမ်းဖောက်သွားလို့ငိုနေရမယ်နော်.........

တန`င်္လာကိုကို said...

အဲဒီပင်ပင်ထဲကဟာတွေပေါ.ကွာငါတို.မြို.လာပြီး
မျက်နှာထောက်စရာရှိလို.ကွာ။ ဟင်း...

နတ်မင်းသား said...

Mr Beenေ၇းသားချက်ကို အများသိအောင် ရှင်းလင်းရေးသားပေးလိုက်ပါတယ်
အခုစည်ပင်သာယာလုပ်ဆောင်ချက်က လွဲမှားနေတယ်ဆိုသိလား လွန်ခဲ့သော ၈ နှစ်က မီးလောင်းလို့ မီးသတ်ကားဝင်မရဘူးဆိုတာကိုဘဲ သင် သိနေတာလား အဲဒီရပ်ကွက်မှာတောင်မြောက်ပေါက်နေတဲ့ လမ်းနှစ်လမ်းရှိတယ် ကားကြီးကွင်းဖက်ထိပေါက်တယ် အဲဒီလမ်းနှစ်လမ်းစလုံးကို ပိတ်လိုက်ပြီး စည်ပင်သာယာက ရောင်းစားလိုက်တယ်ဆိုတာကိုေ၇ာသိသလား အခုချိန်ထိလမ်းပိတ်ရောင်းသည့်နေရာတွေ ထောက်ထား ခိုင်မာစွာရှိနေပါသည် စည်ပင်မှာမြေပုံတွေရှိတယ် သင်ဆက်သွယ်ရှိတယ်ဆိုရင် သိနိုင်ပါသည်
အခုဖြစ်နေတဲ့ ရေကြည်မြောင်းက 85 လမ်းကနေအနောက်ကို စီးဆင်းနေသည့် တလျှောက် ကျဉ်းမြောင်းနေသည့်နေရာတွေကိုကနဦး မလုပ်ဆောင်ဘဲ ကျယ်ဝန်းစီးဆင်းနေတဲ့နေရာကိုလုပ်ဆောင်နေတာက ပြယုဂ်လုပ်နေတာလား ငွေအားလူအားအချိန်တွေ စည်ပင်မှာ အချည်းအနှီးဖြစ်နေတာကိုရောသိအောင် ကိုယ်တိုင်လေ့လာစေလိုပါသည်
အဘယ်ကြောင့်ဆိုသော သင် အနေသည့်လူမဖြစ်စေချင်လို့ ပါ
မိုးရွာလို့ ရေလျှံတာက အားလုံးစီးဆင်းနေတဲ့ ရေမြောင်းတွေရဲ့ ထွက်ပေါက်ဖြစ်သည့် တတ်သေးအင်း ကို စည်ပင်က ပိတ်လို့ ရေလျှံတာကို မန္တလေးကဆိုရင် သိနိုင်ပါသည် မိုးရွာရင်ဖြင့် 26 လမ်းအနောက်ထိပ်နေရာမှာ မကြုံဘူးတဲ့ လမ်းမြုပ်ပြီးလှေတွေတောင်လှော်တာကိုတောင် ဖြစ်နေပါသည် တတ်သေးအင်းကိုဝင်ဖို့ ရေလမ်းတောင် ရက်ကြာကြာမဖွင့်ဘဲပိတ်ထားလို့ ရပ်ကွက်နေလူတွေတောင်ရောဂါဖြစ်ခဲ့ရတယ်

အခုမန္တလေးမှာ စည်ပင်သာယာက လုပ်ခဲ့တာတွေကို ပြောပြမယ်
26 ဘီလမ်း ဈေးချိုမှာ ယခင်မြို့ တော်ဝန်ဗိုလ်ချုပ်ရန်သိမ်းလက်ထက်မှာ ရွှေတချောင်းမြောင်းကိုပိတ် ကျော်လွှာပြီးဆောင်လုပ်သွားသည့်ဈေးရှိတယ်နော် မြောင်းတွေကိုပိတ်ပြီးလုပ်ချင်ရာကိုလုပ်လို့ ရွှေတချောင်းတလျှောက်ဘေးဝဲရာတွေမှာ အခုချိန်ထိ ပြင်လို့ မပြီးနိုင်တာ ကောင်းသည့် လုပ်ဆောင်ချက်တွေလား ပျက်အစဉ် ပြင်ခဏ ဆိုသည့်အတိုင်းဖြစ်နေတာရော သင်သိသလား

35 လမ်း နှင့် 65 လမ်း(ရှမ်းသာေ၇းနာေ၇း အသင်း)နားက ရေနီမြောင်းကိုလုံးဝပိတ်ပြီး အဆောက်အဥင်္ီး(ကုမ္မဏီ တခုက ဆောက်လုပ်နေတာကိုရော သိပါသလား
နောက်တနေရာ ပြောပါမယ် 35 လမ်း နဲ့ လမ်း 80 ကနေ 87 လမ်းထိ လမ်းမြောက်ဘက်ခြမ်း မီးရထားတိုက်ခန်းရှိတယ် သူရဲ့ မြောက်ဘက်ကပ်လျှက် ရွှေတချောင်းမြောင်းကို စီးဝင်တဲ့ ရေမြောင်းရှိတယ် အဲဒီမြောင်းကိုကျူးကျော်ထားတာတွင်မဟုတ်ဘဲ မြောင်းကိုပေါ်ကစလစ်လောင်းပြီး အဆောက်အဦးတွေခိုင်မာစွာ ဆောက်လုပ်နေတာကိုရော သိသလား အဲဒီမြောင်းကို စည်ပင်ကဖော်ဆောင်မယ်လုပ်တိုင်း နေထိုင်သူတွေက စုပေါင်းပြီး စည်ပင်ကို ငွေပေးလို့  ရင်အေးသွား ခဲ့ရတယ်နော် မြို့တော်ဝန် လေးဆက်တောင် အေးနေတယ်နော် ကောင်းလိုက်တဲ့ ငွေခဲရေ လို့ တောင် ပြောချင်ပါသည်

Anonymous said...

စည်ပင်ကလူ ကတော့ အရိုက်ခံရမှာ ကြောက်လို့ထင်တယ်။ ဟဲလ်မက်ကြီးနဲ့ပါလား။

snow chit said...

စာဖတ်ရလို့လုပ်ရက်တယ် စည်ပင်ကလူတွေ သေရင်တော့ ဂျိုးကပ်မှာသေချာတယ်

Powered by Blogger.