ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း
သို့
ပြည်ထောင်စု ဝန်ကြီး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
နေပြည်တော်                                
အကြေင်းအရာ။               ။ ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း ကိစ္စ
          နည်းပညာ တက္ကသိုလ်(မန္တလေး)တွင် ပါမောက္ခချုပ် ရာထူးဖြင့် အုပ်ချုပ်လျှက်ရှိသော ဒေါက်တာအေးမြင့်၏ ငွေကြေး အလွဲသုံးစား လုပ်နေခြင်းများ အား ဝန်ကြီးသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
၁။       ဒေါက်တာအေးမြင့်သည် ၂၀၁၀-၂၀၁၁ ဘဏ္ဌာရေးနှစ် တွင် ကျောင်းတွင်းရှိ လမ်းများအား ကျောက်ချောလမ်းအသစ် ခင်းရန် ဝန်ကြီးဌာန သို့ ခန့်မှန်းကုန်ကျစရိတ် တင်ပြ၍ ရန်ပုံငွေ တောင်းခံခဲ့ပါသည်။ ခွင့်ပြု ရန်ပုံငွေ သိန်း(၄၂၀) ခန့် ရရှိခဲ့ပါသည်။
          ဒေါက်တာအေးမြင့်သည်အဆိုပါ ရန်ပုံငွေများဖြင့် အမှန်တကယ် ကျောက်ချောလမ်း မခင်းဘဲ ရှိပြီးသား ကျောက်ကြမ်းလမ်းပေါ်၌ ကျောက်မှုန့် ၆ လက္မ ခန့်သာ ခင်းခြင်း၊ ကျောင်းတွင်းရှိ မြေကြီးများအား တူး၍ လမ်းပခုံးသား ဖို့ခြင်း ၊ အဆိုပါ မြေကြီးများအား အဝယ်စာရင်းပြခြင်း၊ လူကြီးများ အဝင်အထွက် ရှိသော ကျောင်းရုံးခန်းရှေ့ လမ်းပိုင်းအားသာလျှင် ရေဖြန်း၍ လမ်းကြိတ်စက်ဖြင့် အကြိတ်ပြခြင်း ၊ အစရှိသော လုပ်ငန်းမျှသာ (ဓာတ်ပုံရိုက် ၍ လုပ်ငန်းပြီးစီးကြောင်း ပြသရန် ၊ စက်များအသုံးပြုကြောင်း ပြသ၍ စက်ဆီအကုန်ပြရန် ) ပြုလုပ်၍ သိန်း (၄၂၀) ခန့် ကုန်ကျပါသည်ဟု မမှန် စာရင်းပြ အလွဲသုံးစားပြု ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ ၄င်း၏ တပည့်ရင်း ဦးအောင်တင်ဖြိုးထွန်းအား ကိုယ်စား ခိုင်းစေခဲ့ပါသည်။ အဆိုပါ လမ်းနှင့်ပက်သက်၍ မြို့ပြအင်ဂျင်နီယာ ဌာနအား စစ်ဆေးခွင့် ၊ ပါဝင်ပတ်သတ်ပြောဆိုခွင့် မပြုခဲ့ပါ။
          အဆိုပါ လမ်းအား လာရောက်စစ်ဆေးသော တိုင်းစာရင်းစစ်အဖွဲ့မှာ လမ်း၏ အခြေအနေအား ရိပ်မိ၍ Estimate ပါအတိုင်း ၆”x ၉”ကျောက်ကြီးချ စီခြင်း ရှိမရှိ ၊ ၄” x၂”ကျောက်ညှပ်စီခြင်း ရှိမရှိ လမ်အား ဖွင့်ဖောက်စစ်ဆေးရာ မမှန်မကန် ပြုလုပ်ထားသည်ကို တွေ့ရှိပါသည်။ စာရင်းစစ်ဖြင့် အခြေအတင်ဖြစ်သည့် ကိစ္စအား ၄င်းကိုယ်တိုင် တိုင်းစာရင်းစစ်မှူးထံ သွားရောက်တွေ့ဆုံ ဖုံးအုပ်ခဲ့ပါသည်။ အပြင် ကန်ထရိုက်ပေး၍ ဆောက်သည့်လမ်းဆိုပါက အဆိုပါ ကိစ္စမှာ ကန်ထရိုက် မှ တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စ ဖြစ်သော်လည်း ၄င်းကိုယ်တိုင် သွားရောက်ဖြေရှင်းသည်ကို ကြည့်ခြင်းအားဖြင့် ပါမောက္ခချုပ် ကိုယ်တိုင် ကန်ထရိုက်ယူသည့် လမ်းဖြစ်ကြောင်းထင်ရှားနေပါသည်။
          အဆိုပါ လမ်းသည် ကျောက်မှုန့်များဖြင့်သာ ခင်းထားသည့် လမ်းဖြစ်သည်ကို ကျောင်းတွင်းရှိ ဝန်ထမ်းအိမ်ယာနေ ဆရာ ဆရာမများ သိရှိကြသော်လည်း မပြောရဲကြပါ။ ဝေဖန်ခဲ့မိသည့် သူများအား ပါမောက္ခချုပ် အဆင့်အတန်းဖြင့် မလိုက်ဖက်စွာ ရန်တွေ့ခြင်း ၊ ကြိမ်းမောင်းခြိမ်းခြောက်ခြင်း ၊ အငြိုးထား၍ Transfer စာရင်းထဲထည့်ခြင်း ၊ ဦးတင်မျိုးခိုင် ၊ ဦးအောင်တင်ဖြိုးထွန်း အစရှိသော ၄င်း၏ လက်ရင်းတပည့် များမှတဆင့် ဖိအားပေး ညစ်ပတ်စေခြင်းတို့ကို စနစ်တကျ ပြုလုပ် တတ်ပါသည်။ သို့ဖြစ်သောကြောင့် တတ်သိနားလည်သော Civil ဌာနမှ ဆရာများမှာ အဆိုပါလမ်းအား မျက်စောင်းမျှပင် ထိုးရဲသည့်လူ မရှိပါ။
          လမ်းအရှည် (၁၀) မိုင် ၊ လမ်းအကျယ် (၁၀)ပေ တွင် ကျောက်စရစ် ၆” ခင်းလျှင်ပင် သိန်း(၁၀၀) မကုန်ပါ။ ဤ လမ်းမျိုးဆိုပါက သိန်း(၅၀)ခန့်ပင် ကုန်မည်မထင်ပါ။
၂။       ၄င်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဌာရေး နှစ် တွင် ပြင်/ထိန်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ သိန်း(၄၀)ခန့် တောင်းခံ၍ မည်သည့်အလုပ်မျှ မည်မည်ရရ မလုပ်ဘဲ အရည်အသွေးနိမ့် ပစ္စည်းများသုံး၍ အရည်အသွေးမြင့် ပစ္စည်းဈေးနှုန်းဖြင့် စာရင်းတင်ပြခြင်း ၊ မှန်မပါ ဆေးမသုတ်ထားသော ပြတင်းတံခါးများသာ ပြုလုပ်တပ်ဆင်၍ ဆေးသုတ် မှန်တပ် ဈေးနှုန်းဖြင့် စာရင်းလိမ်ပြခြင်းများကို ဦးအောင်တင်ဖြိုးထွန်း အကူအညီဖြင့် စနစ်တကျ ပြုလုပ်နေကြပါသည်။
၃။       ကျောင်းစစ်ဆေးရေး အဖွဲ့များ လာရောက်စစ်ဆေးသောအခါ၌လည်း ၄င်းသြဇာမကင်းသော သူများသာဖြစ် ဖြစ်နေသဖြင့် ဒေါက်တာအေးမြင့် လုပ်ကိုင်သမျှ မပေါ်ပေါက်ခြင်းဖြစ်ပါသည်။
၎။       သို့ဖြစ်ပါ၍ ဒေါက်တာအေးမြင့်၏ သြဇာလွတ်ကင်းသော သူများဖြင့် နည်းပညာတက္ကသိုလ်(မန္တလေး)တွင် တရားလက်လွတ် ဖြစ်ပျက်နေသည်များကို စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။   
လေးစားစွာဖြင့်
ဦးအောင်မော်
မန္တလေးမြို့။
ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း Reviewed by သစ်ထူးလွင် on 17:03 Rating: 5
22 comments:
Ukyawkyaw said...
နေရာတိုင်းမှာပညာတတ်သည်ဖြစ်စေ၊မတတ်သည်ဖြစ်စေအရှက်မရှိခိုးစား၊လိမ်စား၊နှိုက်စား၊၀ိုက်စားနေကြတာပါ၊ဒါကြောင့်အဲဒီအ ရှက်မရှိသူများကိုဖော်ထုတ်ပြီး နမူနာအဖြစ်မိသားစုလိုက် နံမည်ပျက်ကြေငြာပြီးအပြစ်ပေးရပါမယ်၊ဒါမှလုပ်တဲ့သူက လုပ်ခဲ့ရင်သူ့မိသားစု(ပိုက်ဆံဝိုင်းသုံးမည့်သူများ)၀င်များက၀ိုင်း ၀န်းကန့်ကွက်ကြပါလိမ့်မယ်၊လူတွေကိုကောင်းမွန်သောအသက်မွေးဝမ်းကျောင်းဖြင့်ပိုက်ဆံမရှာရင်ရှက်စရာကောင်းကြောင်းအသိပြန်လည်ရရှိအောင်ပညာပေးရင်သော်လည်းကောင်း၊ပြစ်
ဒဏ်ပေးရင်သော်လည်းကောင်းပြုလုပ်ရပါမယ်၊
အရင်အာဏာရှင်စံနစ်ဆိုးတွေကြောင့်ဖြစ်ရတာပါ။
LINNSAYTHAW said...
နည်းပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာအေးမြင့်လက်ထက်တွင် တက္ကသိုလ်သည် တက္ကသိုလ်နှင့်တူလာခြင်း။ကျောင်းသားကျောင်းသူ ဆရာဆရာမများ၏ ချစ်ခင်မှူကိုခံရခြင်း။အဖက်ဖက်မှ ကျောင်းကိုတိုးတက်အောင်လုပ်ဆောင်ခြင်း။ကျောင်း၏ဂုဏ်သိက္ခာ တိုးတက်လာခြင်းများ သာရှိသည်။ နည်းပညာတက္ကသိုလ် ၄ နှစ်(B-Tech 2 year)ကာလထိ ခေတ္တကျောင်းအုပ်ကြီးများ ၃ယောက်(ဒေါက်တာအောင်ဆန်းလင်း။ဒေါက်တာ ဇာနည်အောင်။ဒေါက်တာ ဒေါ်ခင်ထိုက်ထိုက်လွင်)တို့ မှ အုပ်ချုပ်ရာစီမံခန့် ခွဲမှူအမျိုးမျိုးကြုံ၇ပါသည်။သို့ သော် ကျောင်း၏အခြေအနေတိုးတက်မှူမရှိပဲ ကျောင်းသား။သူ ဆရာ။မ များသာဒုက္ခေ၇ာက်ကြရပါသည်။ယခင်က ညွန်ချုပ်တောင်မလာသောကျောင်းကို ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လာရောက်ကြည့်ရှူခဲ့ ရာ ကျောင်း၏တိုးတက်မှူမှတ်တမ်းကောင်းများကို ဆက်လက်ထိန်းသိမ်းသွားရန်ပင် တိုက်တွန်းခဲ့ သည်ဟု သိရသည်။
အာပလာ said...
ကိုသစ်ထူးလွင် ခင်ဗျား
ကျွန်တော်သည် နည်းပညာတက္ကသိုလ်(မန္တလေး) တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။ ယခင်က ကျွန်တော် တို့၏ ၀န်ကြီးဌာနတွင် အခြေအမြစ်မရှိသော တိုင်စာ ပစ်စာများကြောင့် ၀န်ထမ်း များဒုက္ခရောက်ခဲ့သည့် အဖြစ်အပျက်များရှိခဲ့ပါသည်။ ယခုတိုင်စာ မှာလည်း ပါမောက္ခချုပ် အား အထင်အမြင် လွဲမှား၍ သိက္ခာချရန် အညှိုးထား လုပ်ကြံခြင်းဖြစ်ပါသည်။ တိုင်စာ ရေးသားသူမှာ ပြစ်မှုဖြင့် အခြားမြို့သို့ ပြောင်းရွှေ့ခံရသော ၀န်ထမ်းတစ်ဦးဖြစ်သည်ကို ကျောင်းရှိ ဆရာ ဆရာမ များ အားလုံး သိရှိ ကြပါသည်။ ထို ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက လူကိုယ်တိုင် ဤကျောင်းသို့လာ၍ စုံစမ်းနိုင်ပါသည်။ ပါမောက္ခချုပ် တာဝန်မထမ်းဆောင်မီ ဤကျောင်းရှိလမ်းများ မှာ ဆိုင်ကယ်များစီး၍ မရနိုင်လောက်အောင် ကြမ်းတမ်းခဲ့ပါသည်။ ဆရာကြီး၏ စွမ်းဆောင်မှုကြောင့်သာ ကျောင်းတွင်းလမ်းများ ဤမျှကောင်းမွန်ခဲ့သည် ကို ဤကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ဆရာ/ဆရာမများ ၀န်ထမ်းများ သိရှိနားလည်ပြီးဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး အမြင်မကြည်မှု အရ ယခုလို အင်တာနက်အား အသုံးချ၍ တိုက်ခိုက်နေခြင်းကို လုံးဝ လက်မခံပါ။ အောက်တန်းကျသောလုပ်ရပ်ဖြစ်၍ ဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်းသူ များမှ ၀ိုင်းဝန်းရှုံ့ချပါသည်။ ဥပဒေကြောင်း အရ အရေးယူနိုင်ရန်လည်း ကျောင်းသား/သူများက ဆရာကြီးအား တိုက်တွန်းနေကြောင်းလည်း သိရပါသည်။ ယခင်ကလည်း Facebook တွင် ယခုကဲ့သို့ သိက္ခာချခဲ့ခြင်းကို ကျောင်းသား/သူ များ က ၀ိုင်း၍ နှိပ်ကွပ်ခဲ့သဖြင့် post ကို ပြန်ဖျက်ခဲ့ရပါသည်။ ထို့ကြောင့် ကိုသစ်ထူးလွင် အနေဖြင့် ယခုတိုင်စာသည် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု သက်သက်သာ ဖြစ်ပြီး ဤ post ကို ပြန်လည်ဖျက်သိမ်းပေးရန် တောင်းဆိုအပ်ပါသည်။ ကျေးဇူးတင်ပါသည်
U Aung Tin Phyo Tun said...
ယခုရေးသားတိုင်ကြားထားသောစာမှာ မှားယွင်းနေပါသည်။
နည်းပညာတက္ကသိုလ်(မန္က္တလေး)မှ ပြစ်ဒဏ်ကြောင့် ပြောင်းရွှေ့ခြင်းခံရသော ၀န်ထမ်းတစ်ဦးမှ ပါမောက္ခချုပ်အား ရန်ငြိုးထား၍ ဂုဏ်သိက္ခာနှင့် ရာထူး ထိခိုက်စေရန် ရေးသားထားခြင်းဖြစ်ပါသည်။ အဆိုပါကိစ္ခ္စအား ကျောင်းရှိ ဆရာ၊ဆရာမများနှင့် ၀န်ထမ်းများထံတွင် မည်သူမဆို မေးမြန်းစုံ စမ်းနိုင်ပါသည်။
shwe whit phon said...
Technical University(Mandalay) မှ ထုတ်ပယ်ခံရသော ကိုကျော်သူရသည် ပါချုပ်အား အငြိုးအတေးဖြင့် အင်တာနက်ပေါ်တွင် မဟုတ်မမှန်ရေးသားမှုများ ပြုလုပ်နေကြောင်း၊ ကိုကျော်သူရသည် လူမှုရေး Problem ဖြင့် MOST မှ ထုတ်ပယ်ခံရသူဖြစ်သည်။
ဆရာကြီးပါချုပ် ကိုယ်ကျင့်တရားအား ကျွန်တော်တို့ ကျောင်းသူ/ကျောင်းသား များက အာမခံပါသည်။
U 2 said...
မန္တလေးလမ်းခင်းဈေးနုံး(စည်ပင်)ခန်.မှန်း တပြ(ပေ၅၀၀)ကျပ်သိန်း၁၂၀
♥အချစ်ပါတီ...♥ said...
ကဲဗျာ. ဘာလိုလုပ် ဖြေ၇ှင်း ပေးမလဲဗျာ... (ယုန်သူငယ်နှာစေး နေတယ်လိုတော့ လုပ်လိုရမှာ မဟတု ဘူးနော်...)
ko linn said...
တိုင်လဲ.အဲဒီဝန်ကြီးဌာန.ဝန်ကြီးတွေကိုယ်တိုင်ကိုက.သူခိုးတွေချည်းဘဲ..။
...ဒီထက်ထိရောက်အောင်ကျန်တဲ့ သတင်းဌာနတွေ.ကိုပါ..
..တိုင်ကြားဖို့ အကြံပေးချင်ပါတယ်..။
Thurein said...
ဒီကိစ္စသာအမှန်ဆိုရင်တော့ ဒီလူကြီးက ကိုယ့်ရာထူးနဲ့ဂုဏ်သိက္ခာကိုမှမထောက်။ ပညာတတ်နေပေမယ့်လည်း စိတ်ဓါတ်ကိုမပြုပြင်ရင်တော့ အလကားပဲပေါ့။ တစ်ဖက်တည်းကြည့်ပြီး ဝေဖန်ရတာသိပ်တော့မကောင်းပါဘူး။ သေသေချာချာစုံစမ်းပြီး အရေးယူသင့်ပါတယ်။
ဆေးပညာနှင့်ပတ်သက်ပြီး မေးမြန်းဆွေးနွေးလိုပါက
www.academicmedicines.blogspot.com
Shin Myochit said...
ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာကာယကံရှင်တွေကအသိဆုံးဖြစ်
မှာပါ၊ဒါပေမဲ့ဒီမိုကရေစီကိုဦးတည်နေတဲ့အချိန်မှာပျက်စီးယိုယွင်နေတဲ့အကျင့်
စရိုက်ကိုပြင်ဘို့အတွက်တော့ပြည်သူတွေအားလုံးကဝိုင်းဝန်းဖေါ်ထုတ်ကြပါမှ
ဒီအကျင့်ပျက်တွေဟာမှေးမှိန်ပြီးပျောက်ကွယ်သွားမှာပါ၊တိုးတက်ပြီးဒီမိုကရေစီ
ကိုကျင့်သုံးနေတဲ့နိုင်ငံတခုအကြောင်းပြောရရင်လမ်းပေါ်မှာခွေးကိုစည်းကမ်း
မဲ့တိုက်သွားတဲ့ကားကိုတောင်မှပြည်သူတွေရဲ.အကူအညီနဲ့ဖေါ်ထုတ်ပေးကြတယ်။ငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးမသိ ချင်ဟန်ဆောင်-မနေကြဘူး၊
အတုယူစရာသိပ်ကောင်းပါတယ်။စနစ်ကျတဲ့စည်းကမ်းတွေကိုပြည်သူတွေက
လိုက်နာတယ်။ပြည်သူတွေကမဟုတ်မမှန်တာကိုရဲရဲဝံ့ဝံ့ဖေါ်ထုတ်တယ်၊သက်
ဆိုင်ရာတာဝန်ရှိသူများကလဲထိေ၇ာက်တဲ့အရေးယူမှုတွေနဲ့ချက်ချင်းဆောင်ရွက်တယ်၊လဒ်ပေးလဒ်ယူစနစ်ကိုအားမပေးပါ၊မြန်မာနိုင်ငံမှာ
တော့လဒ်ပေးလဒ်ယူစနစ်ကိုထမင်းစားရေသောက်သဖွယ်...ပြောင်တင်းတင်း
ရော၊လေသံတိုးတိုးလေးနဲ့ရော၊ကြားပွဲစားနဲ့ေ၇ာနည်းအမျိုးမျိုးနဲ့လဒ်ပေးလဒ်ယူစနစ်ကျင့်သုံးကြပါလို့ဥပဒေပြဋ္ဌန်းထားသကဲ့သို့ရဲရဲဝံ့ဝံ့ကျင်သုံးနေကြသည်မှာလူတန်းစားအကြီးအကျယ်ကွာဟမှုကိုပိုပြီးကွာဟသွားအောင်လုပ်နေသလိုပင်ဖြစ်နေပါသည်။ဒါကြောင့်ပြည်သူများ၏ပံ့ပိုးအားပေးမှုမှန်ကန်ကြစေရန်ဆုတောင်းပါသည်။မြန်မာနိုင်ငံသားအပေါင်းရန်သူမျိုးငါးပါးရန်ပြုခြင်းမှကင်းဝေးကြပါစေ။
GuGu said...
ဒီလိုဖြစ်တာတွေကို သေခြာဖော်ထုတ်သင့်တယ်...ဒီမိုကရေစီနိုင်ငံသွာမယ်ဆိုရင်...
tt said...
ကျော်သူရ ဆိုတာ ဟိုတလောက attendance ခိုးပြီးထိုးတာကနေ ပြသနာ ဖြစ်တဲ့ လူလား။ ဒီလူက ရောက်လေရာမှာ ပြသနာရှာတဲ့လူလို့ ပြောကြတယ်။ ဝေးဝေးရှောင်တာ အကောင်းဆုံးပဲ။ ဒီလူ မဟုတ်တမ်း ရေးတာနဲ့တင် ဆရာက သိက္ခာကျနေရပြီ။
a said...
အရေးယူမည်မဟုတ်ပါ၊လက်ရှိအာဏာရှင်များသည်သူ့ထက်ပင်ခိုးတတ်၊လိမ်တတ်ပါသေးသည်။
mayhtat said...
မြန်မာပြည်မှာခန့်ထားတဲ့ဝန်ထမ်းဟောင်းအကုန်ဖြုတ်ပီးအသစ်ပြန်လဲဘို့သင့်ပီ
နေရာတိုင်းဌာနတိုင်းဝန်းထမ်းအကျင့်ပျက်ကြီးဘဲ...
Maunglusoe said...
ဝန်ကြိးက ကိုယ်နှိုက် က တရားဝန်ခိုးဖို့ ကုမဏိထောင်ထားတာ
တိုင်လဲ မထူးပါဘူး
ကျောင်းတိုင်းမှာဒိလိုကိစ္စတွေ ရှိနေကြတာဘဲ ခိုးနည်းတော့မတူကြပါဘူး
ကန်တရိုက်ဆိကနေ ကျောင်းရံပုံငွေဆို ပြိတောင်းယူကြတတ်တယ် ပြသနာ ဖြစ်ပြိးဆိုရင်ကျောင်းရံပုံငွေအတွက်ဆိုပြိးဖြေရှင်းကြတာပါ
မတိုင်ကြလို့ မသိကြတာပါ
အဲတော့ဒိလိုကိစ္စတွေ နည်းနိုင်သမျှနည်းသွားအောင် သိသမျှကိုဖော်ထုတ်သင့်ပါတယ်
တကယ်မလုပ်ခဲ့ ဘူးဆိုရ
ကိုဖြိုး said...
" လမ်းအရှည် (၁၀) မိုင် ၊ လမ်းအကျယ် (၁၀)ပေ တွင် ကျောက်စရစ် ၆” ခင်းလျှင်ပင် သိန်း(၁၀၀) မကုန်ပါ။ ဤ လမ်းမျိုးဆိုပါက သိန်း(၅၀)ခန့်ပင် ကုန်မည်မထင်ပါ။" ကျွန်တော့်ကို အဲ့ဈေးနဲ့ခင်းပေးမလား? ဒလမြို့က မိုးတွင်း သွားရလာရ ခက်တဲ့လမ်းတွေမှာ ခင်းပေးချင်လို့.... လုပ်ကြံတယ်ဆိုတာ တော်ယုံပဲကောင်းပါတယ်ဗျာ။
moepyar said...
ကျောင်းဝင်းအတွင်း လမ်းသွားလမ်းလာ ကောင်းမွန်ဖို့အတွက် ဆရာကြီးလက်ထက် မှာ ကြိုးစာလုပ်ပေးနေတယ်ဆိုတာ တစ်ကျောင်းလုံးအသိပါ။ အခုသင်္ကြန်ကျောင်းပိတ်ရက်နဲ့ ကိုယ်ပိုင်စာကြည့်ချိန်ပေး ရက်မှာလည်း ကျောင်းအဝင်ကျောက်လမ်းမကို ကျောင်းဖွင့်အမီ ပြုပြင်ပေးနေတာကို တွေ့ရပါတယ်။ ဆရာကြီးကို ဒီလိုတိုင်ကြားခံရတာ အံ့သြမိပါတယ်။ဆရာကြီးက ကျောင်းကောင်းကျိုး ကျောင်းသားကျောင်းသူတွေရဲ့ ကောင်းကျိုးအတွက် တက်အားသ၍ကြိုးပမ်းတာဝန် ထမ်းဆောင်နေတာ တစ်ကျောင်းလုံးက မြင်နိုင်ပါတယ်။ ဆရာကြီးရဲ့ ကျောင်းသားကျောင်းသူတွေအပေါ် ထားတဲ့စေတနာ တွေ ဂရုစိုက်မှုကို လည်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ကျောင်းသားများအနေဖြင့်လည်း ဆရာကြီးကိ ကျောင်းအကျိုး ကျောင်းသားအကျိုးအတွက် စေတနာ မေတ္တာ ဂရုဏာ တွေနဲ့ ကြိုးပမ်းတာဝန်ထမ်းဆောင်နေ သည်ဟုယုံကြည်ပါတယ်။ လိုအပ်ချက်များစွာရှိနေသေး လည်း ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ဆရာကြီးလို လူမျိုးတွေ နိုင်ငံအတွက်များစွာလိုအပ်ပါတယ်။ ဒါ့ကြောင့် ဆရာကြီးအပေါ် ကျောင်းသားတွေရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဒီတိုင်ကြားမှု မှန်မမှန် ဖော်ထုတ်ပေးလိုပါတယ်။
moepyar said...
ကျောင်းဝင်းအတွင်း လမ်းသွားလမ်းလာ ကောင်းမွန်ဖို့အတွက် ဆရာကြီးလက်ထက် မှာ ကြိုးစာလုပ်ပေးနေတယ်ဆိုတာ တစ်ကျောင်းလုံးအသိပါ။ အခုသင်္ကြန်ကျောင်းပိတ်ရက်နဲ့ ကိုယ်ပိုင်စာကြည့်ချိန်ပေး ရက်မှာလည်း ကျောင်းအဝင်ကျောက်လမ်းမကို ကျောင်းဖွင့်အမီ ပြုပြင်ပေးနေတာကို တွေ့ရပါတယ်။ ဆရာကြီးကို ဒီလိုတိုင်ကြားခံရတာ အံ့သြမိပါတယ်။ဆရာကြီးက ကျောင်းကောင်းကျိုး ကျောင်းသားကျောင်းသူတွေရဲ့ ကောင်းကျိုးအတွက် တက်အားသ၍ကြိုးပမ်းတာဝန် ထမ်းဆောင်နေတာ တစ်ကျောင်းလုံးက မြင်နိုင်ပါတယ်။ ဆရာကြီးရဲ့ ကျောင်းသားကျောင်းသူတွေအပေါ် ထားတဲ့စေတနာ တွေ ဂရုစိုက်မှုကို လည်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ကျောင်းသားများအနေဖြင့်လည်း ဆရာကြီးကိ ကျောင်းအကျိုး ကျောင်းသားအကျိုးအတွက် စေတနာ မေတ္တာ ဂရုဏာ တွေနဲ့ ကြိုးပမ်းတာဝန်ထမ်းဆောင်နေ သည်ဟုယုံကြည်ပါတယ်။ လိုအပ်ချက်များစွာရှိနေသေး လည်း ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ဆရာကြီးလို လူမျိုးတွေ နိုင်ငံအတွက်များစွာလိုအပ်ပါတယ်။ ဒါ့ကြောင့် ဆရာကြီးအပေါ် ကျောင်းသားတွေရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဒီတိုင်ကြားမှု မှန်မမှန် ဖော်ထုတ်ပေးလိုပါတယ်။
moepyar said...
ကျောင်းဝင်းအတွင်း လမ်းသွားလမ်းလာ ကောင်းမွန်ဖို့အတွက် ဆရာကြီးလက်ထက် မှာ ကြိုးစာလုပ်ပေးနေတယ်ဆိုတာ တစ်ကျောင်းလုံးအသိပါ။ အခုသင်္ကြန်ကျောင်းပိတ်ရက်နဲ့ ကိုယ်ပိုင်စာကြည့်ချိန်ပေး ရက်မှာလည်း ကျောင်းအဝင်ကျောက်လမ်းမကို ကျောင်းဖွင့်အမီ ပြုပြင်ပေးနေတာကို တွေ့ရပါတယ်။ ဆရာကြီးကို ဒီလိုတိုင်ကြားခံရတာ အံ့သြမိပါတယ်။ဆရာကြီးက ကျောင်းကောင်းကျိုး ကျောင်းသားကျောင်းသူတွေရဲ့ ကောင်းကျိုးအတွက် တက်အားသ၍ကြိုးပမ်းတာဝန် ထမ်းဆောင်နေတာ တစ်ကျောင်းလုံးက မြင်နိုင်ပါတယ်။ ဆရာကြီးရဲ့ ကျောင်းသားကျောင်းသူတွေအပေါ် ထားတဲ့စေတနာ တွေ ဂရုစိုက်မှုကို လည်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ကျောင်းသားများအနေဖြင့်လည်း ဆရာကြီးကိ ကျောင်းအကျိုး ကျောင်းသားအကျိုးအတွက် စေတနာ မေတ္တာ ဂရုဏာ တွေနဲ့ ကြိုးပမ်းတာဝန်ထမ်းဆောင်နေ သည်ဟုယုံကြည်ပါတယ်။ လိုအပ်ချက်များစွာရှိနေသေး လည်း ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ဆရာကြီးလို လူမျိုးတွေ နိုင်ငံအတွက်များစွာလိုအပ်ပါတယ်။ ဒါ့ကြောင့် ဆရာကြီးအပေါ် ကျောင်းသားတွေရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဒီတိုင်ကြားမှု မှန်မမှန် ဖော်ထုတ်ပေးလိုပါတယ်။
Unknown said...
မိုးမခ said...
ကိုသစ်ထူးလွင်
မန္တလေးနည်းပညာတက္ကသိုလ်သည် အမတန်စုံစမ်းရလွယ်သော အနေအထားမှာရှိပါသည်။ ဒေသခံ ဆရာ/မ ကျောင်းသူ/သား ၂၀ လောက် နဲ့ စုံစမ်းလိုက်ရင် အဖြေမှန်ထွက်ပါလိမ့်မယ်။ အမှန်တရားဆို ဆက်ထားပါ။ မဟုတ်ဘူးဆိုရင် ပြန်ဖြုတ်ချပေးစေလိုပါတယ်။ သပနမှာ အပြစ်ပေး/ အရေးယူတာတွေရှိတော့ ပြဿနာဖြစ်သွားတဲ့လူတွေက မကျေနပ်တာတွေလဲရှိတတ်ပါတယ်။ ဘဲလိုဘဲဖြစ်ဖြစ် ဒီ post ကိုဖြုတ်/တင်ပိုင်ခွင့် right ကတော့ ကိုသစ်ထူးလွင်မှာဘဲ ရှိတော့ သေချာ စုံစမ်းပြီး လုပ်ပေးစေချင်ပါတယ်။
mon jal said...
ဆရာကြီးဟာ အဲလိုလူစားမျိုးမဟုတ်ဘူးလို.နာမည်ကြီးသူတစ်ယောက်ပါ.
ဒီပို.စ်ကို ဖတ်လိုက်ရတာအရမ်းအံ.သြမိပါတယ်
ကျွန်မလည်း ဆရာကြီးနဲ.တစ်ခါဆုံဖူးသူပါ ဆရာကြီးက တရုတ်က ပါရဂူဘွဲ.ရလာတဲ.အတွက် ကျွန်မလည်းပါရဂူဘွဲ.အတွက် တရုတ်ကို သွားရမှာဖြစ်လို. လမ်းခရီးအကျိုးအကြောင်းမေးချင်လို. ဆရာကြီးကို သွားတွေ.ခဲ.တာပါ... ဆရာကြီးကို သွားတွေ.တဲ.အခါမှာ လက်ချည်းဗလာသွားမတွေ.ချင်လို. ဘာဝယ်သွားရမှန်းလဲမသိလို. မုန်.တစ်ချို.၀ယ်သွားခဲ.ပါတယ်.. ဆရာကြီးကို ၀င်မတွေ.ခင်မှာ အဲဒီကျောင်းက ကျွန်မသူငယ်ချင်းက ကျွန်မအဲဒီမုန်.၀ယ်လာတာမြင်တော.သူက ကျွန်မကို ပြောပါတယ် ..နင်အဲဒီလိုတစ်ခုခုဝယ်လာတာမြင်ရင် နင်.ကို အော်ထုတ်လိမ်.မယ်တဲ. သူ.ဆီလာတွေ.တဲ.သူကို အဲလိုတစ်ခုခုဝယ်လာတာ ဆရာကြီးလုံးဝမကြိုက်ဘူးတဲ...တန်ဘိုးကြီးတာမှ မဟုတ်တာဟာ ငါဒီတိုင်းချည်းမသွားချင်လို.ဆိုတော. ..ဆရာကြီးအကြောင်းတစ်ကျောင်းလုံးသိတယ် နင်အဲဒါယူသွားရင် မှားလိမ်.မယ်တဲ. ဒါနဲ.ကျွန်မလည်း အဲဒါလေးကို ယူမသွားရဲခဲ.ပါဘူး လူချည်းသက်သက်ပဲဝင်တွေ.ခဲ.ပါတယ် ..အဲဒီကျမှ စမြင်ဖူးပေမယ်. အရမ်းကို သဘောထားပြည်.၀တဲ.လူတစ်ယောက်ဆိုတာ သိသာပါတယ်.. သိသင်.သမျှအားလုံးကို လည်း သမီးတစ်ယောက်လိုသဘောထားပြီးပြောပြပါတယ်.. အချိန်မရွေးလိုအပ်ရင် အကူညီတောင်းနိုင်အောင် သူ.ရုံးဖုန်း လက်ကိုင်ဖုန်းနံပါတ်က စပြီးပေးလိုက်ပါတယ်... ဒါကြောင်.လေယာဉ်လက်မှတ်ရပြီးမှတောင်ကျွန်မဆရာကြီးကို
ခရီးစဉ်အသေးစိတ်ကို တိုင်ပင်ဖို.ဖုန်းဆက်လိုက်ပါသေးတယ်.. မအားတဲ.ကြားကနေကို သေချာရှင်းပြပေးခဲ.တာပါ အဲလိုလူမျိုးတစ်ယောက်ကို ဒီလိုမျိုးသိက္ခာချတာကို အရမ်းကို အံ.သြမိပါတယ်..ဆရာကြီးအကြောင်းကို အပြင်ကသူတွေထက် သူ.ကျောင်းက သူ.၀န်ထမ်းတွေအသိဆုံးပါ....
ဆရာကြီးအပေါ်အထင်မြင်လွဲမှားနေသူတွေအားလုံး အမြင်မှန်ရနိုင်ကြပါစေ...
Maw Maw Htay
Whun University of Technology
China.
Powered by Blogger.