သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း

ဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိသော WeeklyExpress Times ဂျာနယ် သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က  မြစ်မခသို့ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို   မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်”ဟု ကိုကျော်စိုးနိုင်ကပြောသည်။

သတင်းထောက် ဟိန်းကိုစိုးအား ကိုကျော်စိုးနိုင်က ကိုယ်ထိ လက်ရောက်မစော်ကားခဲ့ခြင်းမရှိကြောင်း သူ့ထံ တွင်သက်သေများရှိပါကြောင်းဦးကျော်စိုးနိုင်က ဆက်ပြောသည်။

Weekly Express Times ဂျာနယ်က မိမိတို့အနေဖြင့်ပြသာနာတစုံတရာတက်လိုခြင်းမရှိကြောင်း နောင်တွင် ထိုကဲ့သို့
ပြသာနာမျိုးမတက်လို၍ အဖွဲ့ချုပ်ရုံးသို့ စာပို့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊ ကျွန်တော်ပြောချင်တာကတော့ ဖရီးပွဲဆိုတော့ရိုက်မှာပဲလေ ဒီလိုမဖြစ်စေချင်ရင် သတင်းထောက် တွေအတွက်
နေရာ တစ်နေရာသတ်မှတ်ပေးစေချင်ပါတယ်” ဟု Weekly Express Times ဂျာနယ်က အယ်ဒီတာ ကိုကျော်ဇေယျာဝင်း က ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ကတာဝန်ရှိသူများက မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ကို သိရှိလို၍ ဆက်သွယ် မေးမြန်း ရာ၌ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခုကဲ့သို့ဆိုသည်။

 “ဒီကိစ္စကို ခြံထဲကလူတွေ လုပ်ပါလိမ့်မယ် ကျွန်တော်မသိပါဘူး ခြံထဲကတာဝန်ရှိတဲ့ သူတွေဆောင်ရွက် ပါလိမ့်မယ်”ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်းကပြောသည်။

နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာသမားများသည် ရှောင်ကွင်း၍ ရသူများမဟုတ်သည့်အတွက် ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းဝါရင့်သတင်းစာဆရာ ဆရာမောင်ဝံသက ဆိုသည်။

“ သတင်းသမားဘက်ကလဲ တားမြစ်ထားတဲ့နေရာကို အခွင့်ထူးခံပြီးမသွားသင့်ဘူး၊နောက်တစ်ချက်က သတင်းသမားတွေကို
ဆက်ဆံတဲ့နေရာမှာဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးကို  လက်တွဲလုပ်နေတဲ့သူ တွေလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်” ဟု ၀ါရင့်သတင်းဆရာ၊ပြည်သူ့ခေတ်ဂျာနယ် အတိုင် ပင်ခံအယ်ဒီတာဆရာမောင်ဝံသကပြောသည်။

သတင်းထောက်နှင့် လုံခြုံရေးသမားများမှာ တခါတလေထိုကဲ့သို့ အဆင်မပြေမှုများဖြစ်တတ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါကိစ္စနှင့်ပက်သက်၍ လူမှုရေးဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိ ကြောင်းကိုလည်း သိရှိရသည်။
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup

သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း Reviewed by သစ်ထူးလွင် on 18:28 Rating: 5

44 comments:

nandar said...

သတင်းထောက်ကြီးနဲ့ အယ်ဒီတာကြီးမရှက်ဘူးလား။ ဒါကြပုံကြီးချဲ့တယ် ။ဟိုဟာကြီးတွေမဟုတ်လုပ်တာတော့ယောင်လို့တောင်မဟောင်ရဲဘူး။ ဒါသတင်းထောက်ကို ပါး၁၀၀၀နဲ့ရိုက်တာမလွန်ဘူး။ NLD ကိုအပုပ်ချပြီးနာမည်ကြီးဖို့မကြိုးစားနဲ့။ အဒါပိုနာမည်ကျလိမ့်မယ်။ NLD ကိုပြောလိုက်တာနဲ့လူတွေက ပိုပြီးစူစမ်းလာတာကိုသတိထား လိုက်ဦး။ အခုက နအဖ ခေတ်မဟုတ်တော့ဘူး။ ဘောပေါက်။

Anonymous said...

နေရာတနေရာတောင်တောင်းနေသေး...ဟုတ်ပါ့ကွာ..သူတို့တောင် ပသ ထားရဦးတော့မလိုဖြစ်ကုန်ပြီ။ အခုမှပိုသိသာလာတယ်...စစ်တပ်ပြီးရင်ကြောက်စရာ ရွံစရာက မီဒီယာလူရမ်းကားတွေပဲ။

Toe Toe said...

ဘာဘဲဖြစ်ဖြစ် ကိုကျော်စိုးနိုင် မှန်တယ်လို့ထင်ပါတယ်။မီဒီယာသမားတချို့ကလဲ လွန်ပါတယ်။သတင်းဓါတ်ပုံကပုံကောင်း ၃ပုံလောက်ဆိုထည့်ပါလေ့။ဘာလို့အ တင်းလွန်လွန်မင်းမင်းတိုးရိုက်နေတာလဲ။ ဒီလိုတွေဖြစ်မှာစိုးလို့အရင်ကတားမြစ် ထားတာပါ။ဖွင့်လိုက်တော့လဲနိုင်ငံခြားရုပ်ရှင်ထဲကအတိုင်းအတုခိုးပြီးလိုက်ရိုက်ရင် ခုလိုဖြစ်မှာဘဲ။ပြီးတော့တံတောင်နဲ့တွက်သေးတယ်။သူကစမိုက်ပြီး။သူတို့ကစတိုင် တယ်။ငါတို့အော်ရင်မခံနိုင်ဘူးဆိုပြီးမယောင်ရာဆီလူးချင်တဲ့စိတ်တော့မရှိတာဘဲ ကောင်းပါတယ်။

Ukyawkyaw said...

စည်းကမ်းကျနသော၊နိုင်ငံတကာနှင့်တန်းတူဖြစ်အောင်ဆောင်ရွက်ပေးမည့်ပြည်သူ့ခေါင်းဆောင်ကြီးအနေဖြင့်ခြံထဲကလူ၊အပြင်ကလူဟုမသတ်မှတ်ဘဲစနစ်တကျအဖွဲ့ငယ်များဖွဲ့ပြီးအမြန်ဆောင်ရွက်စေလိုပါသည်။ကျွန်တော်တို့ဘ၀ကိုကယ်တင်မည့်ကယ်တင်ရှင်ခေါင်းဆောင်ကြီး၏လုံခြုံရေးကိုစည်းကမ်းတကျဖြစ်
အောင်အကောင်အထည်ဖော်ပေးကြပါ၊စည်းကမ်းကျနသော၊လူလူချင်းတန်းတူရည်တူဆက်ဆံကြမည်ဖြစ်သောနိုင်ငံတော်သစ်ကိုတည်ဆောက်မည့်ပြည်သူပါတီမှလူကြီးမင်းများကလဲဝိုင်းဝန်းကူညီပြီးခြံထဲကလူ၊အပြင်လူမခွဲဘဲ၊စည်းကမ်းရှိခြင်း၏အကျိုး
ကျေးဇူးကိုမေ့နေသော၊မသိတော့သောပြည်သူများအားနေ
တတ်၊လုပ်တတ်၊ကိုင်တတ်အောင်သင်ပြစေလိုပါသည်။

hlaingthuya said...

ကိုယ်မှားခဲ့ရင် မှားခဲ့တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ၀န်ခံတောင်းပန်လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ၊ အဖွဲ့  အစည်း အားကိုးနဲ့ အမှားတွေ အမှန်ဖြစ်ကုန်မှာ စိုးရိမ်ပါတယ် ၊ လူဆိုတာ မှားတတ်တဲ့အမျိုး ဆိုပေမယ့် ဒီလိုအမှားမျိုး ဒီလိုအပြောအဆိုမျိုး နောက်ထပ်လုံးဝမကြားပါရစေနဲ့ ၊ ထောင်လောက် ကျခံခဲ့ ရတာကို သိပ်ဂုဏ်ထူးဆောင်သလို ပြောနေရင် အခုရှေ့ တန်းမှာ ဘယ်အချိန်သေမယ်မှန်း မသိပဲ အသက်နဲ့ ရင်းပြီးတိုက်နေရတဲ့ အညတရစစ်သည်တွေက ပေးဆပ်မှု ပိုမကြီးမားဘူးလားဗျ။ သူလည်း သူ့ နည်းသူ့ ဟန်နဲ့  တိုင်းပြည်အတွက် ပေးဆပ်နေတာပဲ၊ ကိုယ့်အလုပ်မှ တကယ့် အလုပ်ကြီး ၊ ကယ်တင်ရှင်ကြီးလို ထင်မနေကြပါနဲ့ ။ အားလုံးဟာ ကိုယ့်တာဝန်ကိုယ်ထမ်းနေကြတာပါ။

ကိုစော said...

“ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်

တတောင် နဲ့ ၂ချက် တွတ် မှတော့ ဟိုကလည်း လက်ပါတော့ မှာပေါ့ မစ္စတာသတင်းထောက် ကြီးရယ်။ နဲနဲ အောက်ချေ လွတ်သွားတယ် ထင်တယ်။

“ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊
ဒါကရော ဘာမှား လို့လည်း ပြောလို့ ထိန်းလို့ မရရင် လုံခြုံရေး တယောက် ကတော့ ပြောမှာဘဲ။
ကလောင်တချောင်း ရှိတယ် ဆိုတိုင်း ကျယ်နေတာကိုး

hoh said...

တော်ကြပါတော့ဗျာ။ ရေးကြီးခွင်ကျယ်လုပ်ရမယ့်ကိစ္စတွေအများကြီးရှိနေတာကို ဒီ ဘာမှမဟုတ်တဲ့ကိစ္စနဲ့ လူတွေကို စိတ်ဝင်စားအောင်မလုပ်ပါနဲ့။ ဖြစ်တဲ့သူနှစ်ယောက်ပဲ ဘယ်သူမှားတယ် မှန်တယ် ဆိုတာ သူတို့အသိပါ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် လုပ်မနေပါနဲ့တော့ဗျာ။ ဂျာနယ်တွေမှာလည်း ဒီသတင်းမထည့်ပါနဲ့ဗျာ။ စာမျက်နှာ အလကားပုတ်မှာစိုးလို့ပါ။

easy said...

မီဒီရာ လွတ်လပ်ရေး ၁၀ ပြားဖိုး ကို ချင့်ခြိမ်ပီး အသုံး ဖြု စေ ချင်ပါတယ်။။။။.

swin swin said...

EXPRESS TIMES ရဲ့ owner U Khin shwe ခင်ဗျား၊ ပြသနာ မလုပ်ခြင်ပါနဲ့၊ အန်တီစု နဲ့ ခင်ဗျား ဟာ ဆီ နဲ့ ရေ လီု ပါဘဲ။ဘားလမ်းက ဘ၀ ကို မမေ့ပါနဲ့။ မြရိပ်ညို project အောင်မြင်ရဲ့လား?MINGALADONE PROJECT အောင်မြင်ရဲ့လား?သမီးပေး သမက်ယူ project အောင်မြင်ရဲ့လား?နိုင်ငံတော်အကြွှေးဆပ်ပြီးပြီလား?အဆင့်မရှီ တဲ့အကောင်တွှေ။ .......

scopio said...

သတင်းထောက်ဆိုတာတိုင်းပြည်အတွက်လက်တွဲအလုပ်လုပ်နေတယ်ဆိုတဲ့ အမြင်မျိုးရချင်တယ်ဆိုရင်၊ ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်တယ်ဆိုရင်စည်းကမ်းရှိတဲ့၊အဆင့်အတန်းရှိတဲ့  သတင်းထောက်ကောင်းတယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။သတင်းထောက်ဆိုပြီးဒီလိုတွေလုပ်နေမယ်ဆိုရင်တော့ဒီလိုရလာဒ်တွေကဖြစ်လာမှာပါပဲ။ငါကမီဒီယာသမားပဲဆိုပြီးသူတပါးကိုကျိုးကြောင်းမခိုင်လုံပဲနဲ့ ဓာတ်ပုံတွေ၊ နာမည်တွေထည့်ဖော်ပြတာကတော့ရောမီဒီယာကောင်းဖြစ်ပါသလား။ သတင်းထောက်တွေဖက်ကပဲတဖက်သက်ရပ်တည်လွန်းတဲ့ မောင်ဝံသလို့ မြင်မိပါတယ်။

super hero said...

အမှန်အကန် ရိုက်ပစ်ရမှာ သတင်းထောက်ဆိုတဲ့ကောင်ကို မီဒီယာတွေ လွတ်လပ်ခွင့်ရမယ်ဆိုရင်တောင်မှ ဒီလိုကောင်စားတွေနဲ မတန်သေးဘူး အမေစုအတွက်လုံခြုံရေးတာဝန်ယူတဲ့ စေတနာဝန်ထမ်းတွေ ဘယ်သူမှ ရိုင်းတဲသူမပါဘူး ကိုကျော်စိုးနိုင်က ထောင်ကျခံပြီးလုပ်နေတယ် လို တကယ်ေူပာခဲရင်တောင်မှ မလွန်ပါဘူး ဟိန်းကိုစိုးသူများအတင်း ရေူးပီးတော သာကူးလုပ်နေတာ အဲလို သတင်ထောက်မျိုး ကိုကျော်စိုးနိုင်မို သည်းခံတာ ငါသာဆိုရင် တစ်ထောင်ပေူးပီတော ပါး ရိုက်လိုက်မှာ

lwannaymie said...

သူများပုံတော့တင်ပြပြီး၊ အဲဒီ Express Times ဂျာနယ်သတင်းထောက်ရဲ့ စောက်ခွက်ကိုလဲတင်ပြမှပေါ့၊အယ်ဒီတာချုပ်ရဲ့။ (အမှား၊အမှန်သေခြာမသိ ဘဲ၊စောက်ရမ်းတိုင်လို့ရလား၊ နာမည်ကြီးခြင်ရင်လဲ တစ်ခြားနည်းသွားရှာ၊) နောက်ဆုံးမင်းတို့မှန်ခဲ့ရင်တောင်၊ မင်းတို့အတင်းလုပ်ပုံနဲ့၊ မသမာသူက ဒီနည်းနဲ့ အမေစုကိုလုပ်ကြံသွားရင်၊ မင်းတို့ဘာနဲ့လျှော်မှာလဲ၊ ပြည်သူ မျှော်လင့်ချက်ဆုံးပြီ။ (ဗိုလ်ချုပ်ကြီးတွေရဲ့ကိုယ်ရံတော်ဆို၊ မင်းတို့ဒီလို စောဒကတက်ရဲလား၊ နောက်နေ့ နေမမြင်ရဘဲဖြစ်သွားမယ်။) အမေစုက တန်ဖိုးဖြတ်လို့မရတဲ့မြန်မာပြည်သူရဲ့ဘဝပါ။ (အမေစုကိုယ်ရံတော်များ အားမနာနေနဲ့၊မင်းတို့ကိုအပြည့်ဝစိတ်ချတယ်။ အမေစုတစ်ခုခုဖြစ်ရင် မင်းတို့ပေါ့လိုဘဲ မှတ်တယ်။)

minsoeaung said...

နှစ်ယောက်လုံးမှားတယ်ကွာ။
သက်ေ်စောင့်လည်းအနားပေး။
သတင်ထောက်လည်းအနားပေးလိုက်ကြပါ။ တြစ
သက်တော်စောင့်တွေကမိုက်ရိုင်းတာကျွန်တော်တွေ့ဘူး
ပါသည်။ကင်မရာနဲ့အမှတ်တရလိုချင်လို့တစ်ခါကရိုက်ဘူး
ပါသည်။ဒါကိုသက်တော်စောင့်ဆိုစူက သခင်ဗျားနားမ
လည်ဘူးလား ။ဒေါ် စုအစာစားနေရင် ဓါတ်ပုံမရိုက်ပါနဲ့ဆို
တာ ဘာညာနဲ့ပေါ့။ ဒီခလေးတွေရိုင်းတာပါမှာပါ။

naughty boy said...

အဲဒီ ဦးဥာဏ်ဝင်း သူ့စကားက ဘယ်ရောက်လို့ ရောက်မှန်း နားမလည်ဘူး။ ခွဲခြားပြီး တာဝန်စိတ် မရှိသလို ဖြစ်နေတယ်။ သူ့ကို သတင်းထုတ်ပြန်တဲ့ နေရာ မထားရင် ကောင်းမယ်။ ခဏခဏ ဖေါင်းဖြစ်လွန်းတယ်။

ပုဂံစစ်သည် said...

ဘာမဟုတ်တဲ့ပြသနာလေးကို ဦးဥာဏ်ဝင်းက ဖြေရှင်းပေးနေရအုံးမှာလား၊ စဉ်းစဉ်းစားစားလဲပြောပါအုံး အပေါ်ကအစ်ကိုရဲ့၊ သတင်းထောက်တွေကလဲလွန်ပါတယ်၊ အသိတရားလေးလဲရှိအုံးမှပေါ့၊ ဒေါ်စုလိုပုဂ္ဂိုတစ်ယောက်ကို စောင့်ရှောက်ရတာဟာ လွယ်တဲ့အလုပ်မှမဟုတ်တာ၊ ဒါကိုနားလည်ပေးရမှာပေါ့၊ ကိုယ့်ဂျာနယ်နာမည်ကြီးဖို့အတွက်နဲ့ NLD ရဲ့သိက္ခာကိုမချချင်ပါနဲ့၊ အခုလုပ်ရပ်က လူသိရှင်ကြား ဖြစ်အောင်လုပ်တာဟာ ဂျာနယ်နာမည်ကြီးအောင်လုပ်တာနဲ့ အတူတူပဲလေ၊ Weekly Express Times ကပြသနာတစ်စုံတစ်ရာ တက်လိုချင်းမရှိဘူးလို့သာပြောတယ် အခုတော့ဟိုရေး ဒီရေးနဲ့ လူသိရှင်ကြားဖြစ်အောင် တမင်ဖန်တီးနေတာနဲ့ အတူတူပဲ၊ ဂျာနယ်နာမည်မပျက်ချင်ရင် ဘာမဟုတ်တဲ့ပြသနာလေးကို ပညာရှိနည်းနဲ့ရှောင်စေချင်ပါတယ်။

ပုဂံစစ်သည် said...

ဘာမဟုတ်တဲ့ပြသနာလေးကို ဦးဥာဏ်ဝင်းက ဖြေရှင်းပေးနေရအုံးမှာလား၊ စဉ်းစဉ်းစားစားလဲပြောပါအုံး အပေါ်ကအစ်ကိုရဲ့၊ သတင်းထောက်တွေကလဲလွန်ပါတယ်၊ အသိတရားလေးလဲရှိအုံးမှပေါ့၊ ဒေါ်စုလိုပုဂ္ဂိုတစ်ယောက်ကို စောင့်ရှောက်ရတာဟာ လွယ်တဲ့အလုပ်မှမဟုတ်တာ၊ ဒါကိုနားလည်ပေးရမှာပေါ့၊ ကိုယ့်ဂျာနယ်နာမည်ကြီးဖို့အတွက်နဲ့ NLD ရဲ့သိက္ခာကိုမချချင်ပါနဲ့၊ အခုလုပ်ရပ်က လူသိရှင်ကြား ဖြစ်အောင်လုပ်တာဟာ ဂျာနယ်နာမည်ကြီးအောင်လုပ်တာနဲ့ အတူတူပဲလေ၊ Weekly Express Times ကပြသနာတစ်စုံတစ်ရာ တက်လိုချင်းမရှိဘူးလို့သာပြောတယ် အခုတော့ဟိုရေး ဒီရေးနဲ့ လူသိရှင်ကြားဖြစ်အောင် တမင်ဖန်တီးနေတာနဲ့ အတူတူပဲ၊ ဂျာနယ်နာမည်မပျက်ချင်ရင် ဘာမဟုတ်တဲ့ပြသနာလေးကို ပညာရှိနည်းနဲ့ရှောင်စေချင်ပါတယ်။

tkm said...

ပြသနာရှာနေကြတာလား..
အရေးထဲ စစ်သားကကတမှောက်ပါသေးတယ်
ဘာတွေလဲမသိဘူး....အသေးအဖွဲလေးကို
ပြသနာကြီးအောင်လုပ်နေကြတာလား

Bo Ag Din said...

ဟီးဟီး ဘယ်သူမှ မမှားဘူး။ ဖတ်မိတဲ့ ငါမှားတာ။တိန်။။။။

Anonymous said...

အမှန်က ကိုဟိန်းစိုးက ပါးကိုတစ်သောင်းဖိုးလောက်ရိုက်ပြစ်ရမှာ.
သတင်းထောက်ကိုပါးရိုက်ရင်.တစ်ချက်မှတစ်ထောင်ပဲကျတာဗျာ
ဈေးသက်သာပါတယ်.တစ်သောင်းဖိုးဆို ၁၀ချက်ရိုက်လို့ရတယ်..

တရားရှင် said...

ထက်ထက်မိုးဉီး ငွေတစ်ထောင်ပေးပြီးပါးရိုက်တာမှန်နေပါလား

bluegyi said...

တကယ်တော့ ခင်ရွှေ ဆိုတဲ့လူ က အမေစုလွှတ်တော်ဝင်လာတာကိုမကြိုက်ပါဘူး... ငွေရှိတော့ Media ထောင်ပြီး Media နဲု့ပြန်တိုက်ပီး စိတ်ဝမ်းကွဲအောင်လုပ်နေတာပါ... အားလုံးသတိထားရင်ပိုကောင်းပါတယ်

David Henry said...

ဟုတ်ပါ့ကွာ.....စစ်တပ်ပြီးရင်ကြောက်စရာ ရွံစရာက မီဒီယာလူရမ်းကားတွေပဲ။ ကျွန်တော်လည်း တစ်ထောင်ပေးပြီး
ပါး ရိုက်လိုက်ချင်တယ်။
အမေစုရဲ့ လုံခြုံရေးက အားလုံးသောကိစ္စထက် ပိုအရေးကြီးပါတယ်။ အခုကိစ္စမှာလည်း ကိုကျော်စိုးနိုင် ရဲ့တာဝန်ဖြစ်၍ သူရဲ့လုပ်ရပ်က မှန်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ သတင်းမီဒီယာ ပုဂ္ဂိုလ် အဖွဲ့အစည်းများက မိမိရဲ့ လုပ်ရပ်အတွက် မိမိမှာတာဝန်ရှိကြောင်း NLD ကိုဝန်ခံ တောင်းပန်ကြပါ။
"အမေစု ရဲ့ အသက်ထက် တန်ဖိုးရှိသောအရာ မြန်မာပြည်မှာ မရှိ"

Cinderella said...

EXPRESS TIMES ပိုင်ရှင်ကဆိတ်လစိခင်‌ရွှေလား...ဒါဆိုရင်‌တော့
ဒီသတင်း‌ထောက်နဲ့ အယ်ဒီတာရဲ့လုပ်ရပ်ဟာရိုးသားမှုရှိ၊မရှိအားလုံးသ‌ဘော
‌ပေါက်‌လောက်ပါပြီ..။

Toe Toe said...

ဂျာနယ်ပိုင်ရှင်ကိုသိလိုက်ကထဲကဒီကိစ္စဖွချင်လို့လူလွှတ်ပြီးလုပ်တယ်ဆိုတာရိပ်မိ ပ်ါပြီ၊အဲဒီဂျာနယ်ကတကယ်မီဒီယာမဟုတ်ပါ။ ကြံ့ဖွံ့အမတ်ထောင်ထားတဲ့တန်ပြန် ဂျာနယ်(Propagenda)သဘောလုပ်နေလို့ဒီလိုပြသနာဖြစ်အောင်ဖန်တီးပြီးသတင်းရေးထုတ်တာထင်ရှားနေပါတယ်။ဒါသတင်းမဟုတ်ပါ "အတင်း" သာဖြစ်ပါတယ်၊ဒီထက်ပြည်သူ့အတွက်အကျိုးရှိမဲ့သတင်းတွေအများကြီးရှိပါတယ်။အဟုတ်တာကို အနာလုပ်မနေပါနဲ့သတင်းထောက်ကလူတိုင်းလုပ်ချင်လုပ်လို့ရတယ်။ကျော်စိုးနိုင် နေရာကရင်ထဲကခံယူချက်ရှိမှာလုပ်လို့ရတာ၊တန်ဘိုးခြင်းမတူးပါဘူး။မီဒီယာတွေကို ပြောချင်ပါတယ်။သတ္ထုတွင်းအမှုကိုဝိုင်းအာကြပါ။ဒါမျိုးတွေကိုဝိုင်းရေးကြပါ။ထက်ထက်မိုးဦးအမှုနဲ့ကျော်စိုးနိုင်အမှုမျိုးမှာဖွပြီးကျီးမျိုးမလုပ်ကြပါနဲ့။Voice ကိုဝန်းရံ ကြပါ။အဲဒီလိုသတင်းမျိုးတွေဖော်ထုတ်ဘို့ကြိုးစားပါ။ခိုင်လုံအောင်လိုက်ပါ။အဲဒီသတင်းမျိုးရဘို့ကိုတစ်တောင်တွက်တာမကဘူးလိုအပ်ရင်တိုက်ကွက်စုံထုတ်သုံးကြ ဘို့တိုက်တွန်းလိုက်ပါတယ်။

mad dog said...

သတိထားကြပါ။ ခင်ေ၇ွှ နဲ့ ဇင်ယော်မောင်မောင် တို့ ဂျာနယ် ထောင်ပြီး မီဒီယာကို ပေါင်းသတ်ဖို့ ကြိုးစား နေတယ်။ ဒီကိစ္စဟာ ကြိုတင်စီစဉ်ပြီး လုပ်တာတောင် ဖြစ်နိုင်တယ်။ မြတ်ခိုင်ဆိုတဲ့ကောင်ကိုလည်း သတိထားကြပါ။

Shwe Mg said...

တော်....ကြပါတော့.........၂ ဦး ၂ဖက်စလုံး...နိုင်ငံတော်ဘယ်လိုတိုးတက်မလဲ...မစဉ်းစားဘူး..

Shwe Mg said...

EXPRESS TIMES လိမ်နေသည်.......
EXPRESS TIMES ညာနေသည်.......
EXPRESS TIMES မကောင်းကြံနေသည်.......

Marzuka said...

သတင်းသမား..သတင်းသမားဆိုပြီး။ ဖင်ခေါင်းကျယ်နေတဲ့သူတွေ တော်တော်များများတွေ့နေရတယ်...
ိကိုယ့်အလုပ်တောင်ဘာမှန်းသေချာမသိပဲ.ရမ်းကားနေတဲ့မီဒီယာသမားတွေကြောင့် အစစ်အမှန် ပြည်သူ့အကျိုးဆောင်ရွက်နေတဲ့မီဒီယာသမားတွေ
သိက္ခာကျ တယ်..

kooo said...

အခု comment ရေးတဲ့သူတိုင်း ကိုယ့် comment တွေကို မှတ်တမ်းတင်ထားကြစေလိုပါတယ်။ နောင်တစ်ချိန်မှာ သတင်းထောက်နဲ့ပြသနာဖြစ်တဲ့အဖွဲ့အစည်းဟာ nld ပါတီနဲ့မဟုတ်ပဲ တစ်ခြားအဖွဲ့အစည်းတစ်ခုခုဆိုရင် ကိုယ်ဘယ်လိုရပ်တည်သဘောထားခဲ့သလဲဆိုတာကို
ပြန်လည်ဆင်ခြင်နိုင်စေဖို့ပါ။
ကျွန်တော်ကတော့ စတုထ္တမဏ္ဍိုင်ဆိုတဲ့အဖွဲ့အစည်းကို ယုံကြည်မှုမရှိပါဘူး။

kooo said...

အခုပြသနာမှာ comment ရေးခဲ့တဲ့သူတိုင်း မိမိတို့ရေးသားခဲ့တဲ့ comment တွေကို print screen ဖမ်းပြီး မှတ်သားထားကြစေလိုပါတယ်။
နောင်တစ်ချိန်မှာ အခုလိုအလားတူပြသနာမျိုးဟာ nld party နဲ့မဟုတ်ပဲ
တစ်ခြားလူပုဂ္ဂိုလ်၊အဖွဲ့အစည်းတစ်ခုခုနဲ့ဖြစ်ခဲ့ရင် ကိုယ်ဘယ်လိုရပ်တည်သဘောထားမလဲဆိုတာ ပြန်လည်နှိုင်းယှဉ်နိုင်စေရန်
အတွက်ပါ။
ကျွန်တော်ကတော့ စတုတ္တမဏ္ဍိုင်ဆိုတာ ဘက်မလိုက်ရဘူး၊ အမှန်တရားပေါ်မှာပဲ ရပ်တည်ရမယ်ဆိုတာ ဘယ်လိုပဲ ပြောနေ၊ရေးနေကြပေမဲ့ မီဒီယာတွေကို ယုံကြည်မှုမရှိပါဘူး။
အစိုးရကိုတောင် ပေါ်ပေါ်ထင်ထင်ဝေဖန်ရဲတဲ့ ဒေါက်တာသန်ထွဋ်အောင်နဲ့လူထုဦးစိန်ဝင်းရဲ့သဘောထားတွေကို ဖတ်ကြည်ချင်မိပါသေးတယ်။

a said...

သတင်းသမားနဲ့လုံခြုံေ၇းကဖြစ်တတ်တယ်ဆိုပေမဲ့အခုသတင်းသမားကလုံခြုံရေးမပြောတဲ့စကားတွေပါလိမ်ပြောတဲ့သတင်းသမားဖြစ်လို့သတင်းသမားလို့ခေါ်လို့မရပါဘူး။သတင်းသမားဆိုတာအမှန်ကိုပဲပြော၊ရေးရမှာပါ၊ဒီလိုသတင်းသမားမျိုးတွေကိုဝင်ခွင့်မပေးသင့်ပါဘူး၊သတင်းသမားဆိုတိုင်းဝင်ခွင့်ပေးနေရင်နောက်ပိုကြီးတဲ့ပြသနာမျိုးဖြစ်လာမှာပါ။

Anonymous said...

NLD အဖွဲ့အစည်းက သေးသေးလေးမှမဟုတ်တာ၊ သူ့အပိုင်းနဲ့သူခွဲခြားထားတော့ ....နားလည်ပေးစေချင်ပါတယ် ။

aye mya said...

သောက်ကောင်တွေ၊ တမင်လုပ်တာ၊ သိသာလိုက်တာ... ရှင်တို့လိုကောင်တွေရှိလို့ ပြည်သူတွေ ဒုက္ခရောက်နေရတာ၊ "သခင်အားရ၊ ကျွန်ပါးဝတွေ"။ ဘယ်သူသေသေ၊ ငတေမာတွေ.. NLD ရှင့် နောက် ဒီလို အယောင်ဆောင် သတင်းထောက်တွေကို လုံးဝပေးမ၀င်ပါနဲ့။ Security ကို သေချာ တင်းကြပ်ပေးစေချင်ပါတယ်။ ဒင်းတို့ဘာပြောပြော သောက်ကရုကို မစိုက်ပါနဲ့။ ဒီလို စွပ်စွဲမှုတွေကြောင့် NLD ရဲ့ Security လျော့သွားမှာ စိုးရိမ်မိပါတယ်...

kotunaung164@gmail.com said...

ဒီမီဒီယာသတင်းထောက်ကပါဖြစ်ချင်တာလဲ၊ပြည်သူခေါင်းဆောင်ကိုလုံခြုံေ၇းလုပ်နေတဲ့သူကွ၊မင်းလိုခရိုနီလက်ကိုင်ဒုတ်မဟုတ်ဘူးကွ၊မီဒီယာလုပ်ပိုင်ခွင့်နဲမခြိမ်းခြောက်ပါနဲ၊ပြည်သူခေါင်ဆောင်ရဲ့လုံခြုံရေးကွထိလာတို့ကတော့ပြည်သူ/ပြည်သားတွေကနေမှာမဟုတ်ဘူးဆိုတာသိထားပါ။

နွေမင်းလွင် said...

၅၀၀၀ လောက်ပေးပြီး ၅ချက်လောက်ရိုက်ပစ်လိုက်ချင်တယ်
သူဒီလိုလုပ်တာ ကျန်တဲ့ သတင်းသမားတွေ ကိုပါ ထိခိုက်တယ်။

Anonymous said...

သောက်ရူးသတင်းထောက်။ နေဦး..ငါ လစာထုတ်မှ ဈေးသုံးလေးဖယ်ပြီး ကျန်တဲ့ငွေနဲ့တွက်ပြီး ပါးရိုက်ပစ်ဦးမယ်။ တစ်ထောင်တန်လေးတွေ..ပြောမယ့်သာပြောရတယ်..ဟီးဟီး..

wynnaung said...

NLD ကလူနဲ့ ဖြစ်လို့မဟုတ်ပဲ တခြားသူနဲ့ ဖြစ်လည်း အခုလို media အားကိုး နဲ့ တစ်ဖက်သတ် ခံရ ရင် Facebook သုံးနေတဲ့ လူတွေရဲ့ အာနည်းတဲ့ ဖက်က ဝိုင်းပါ ပြီး ရန်ထောင်ခံရမှာ မလွဲပါ
ဂျာနယ်တွေ နဲ့ သတင်းထောက် တွေ အထုးသဖြင့် ပွကြီး messenger ပုံကို ဆက်မဖွ ကြပါနဲ့တော့ ခင်ဗျားတို့ ရဲ့ media လက်နက်ကို တစ်လွဲ ဆံပင် မကောင်းကြပါနဲ့ တော့ တန်ဘိုးရှိအောင် သုံးကြပါ

nandar said...

စစ်သားတွေရှေးတန်းသွားတိုက်ရတာ ပြည်သူ့အတွက်တဲ့လား။ သေခြာလား။ ဘဘတို့အတွက်ဟုတ်ဘူးလား။ ပြည်သူတွေကို ကိုကိုစစ်သားတို့သတ်ခဲ့တာ ဘယ်လိုမေ့ရမှာလဲ။ ပြည်သူအတွက် မသတ်နိုင်ဘူးပြည်သူကိုလို့ဘယ်စစ်သားစစ်ဗိုလ်တွေက ငြင်းပြီးထောင်ထဲဝင်ပြီးပြည်သူကိုကာကွယ်ပေးခဲ့တဲ့ သူရှိရင်သိချလို့။၈၈- ၂၀၀၇ အရေးအခင်းတွေမှာလေ။

aung naing said...

သတင်းထောက်တွေကအစိုးရသတင်းပေးတွေလဲရှိတယ်၊သူတို့ကသတင်းထောက်တွေဆိုပြီးအစိုးရထောက်လှမ်းရေးပုံစံဖမ်းနေကြတယ်၊သတင်းထောက်တွေလိုက်နာရမဲ့ကျင့်ဝတ်လဲမသိကြဘူး။ကြုံသလိုလုပ်စားနေကြတာများတယ်။

aung naing said...

သတင်းထောက်တွေကအစိုးရသတင်းပေးတွေလဲရှိတယ်၊သူတို့ကသတင်းထောက်တွေဆိုပြီးအစိုးရထောက်လှမ်းရေးပုံစံဖမ်းနေကြတယ်၊သတင်းထောက်တွေလိုက်နာရမဲ့ကျင့်ဝတ်လဲမသိကြဘူး။ကြုံသလိုလုပ်စားနေကြတာများတယ်။

la woon said...

အဲ့ဒီ nandar စိုတဲ့ဟာမက စစ်သားမုန်းပြီး တွေရာ title အောက်မှာစစ်တပ်မကောင်းကြောင်းဝင်ရေးနေတော့တာပဲ
ဒါ media နဲ့ NLD နဲ့အကြောင်းပြောနေကြတာဟဲ့
နင်ဒီလောက်မုန်းနေလဲ နင်အဖေတွေအိမ်ရှေ မှာသွားအော်ဆဲနေပါလား
ဧကန်န ဘယ်စစ်သားကသူကိုဘာလုပ်ခဲ့လိုလဲမသိဘူး

meerket said...

အိုဘားမား အင်္ဂလန် နန်းတော်ကို သွားတာ ဘုရင်မကြီးသောက်တဲ့ ရေတာင် မသောက်ဘူး သူ့သက်တော်စောင့်တွေ ယူလာတဲ့ ရေဘဲ သောက်တယ် မီဒီယာ သမားတွေ အဝေးကနေ ကြိုက်သလောက်သတင်းယူ အနားကပ်ဖို့တော့ ပြောမနေနဲ့ လေသံတောင် ကျယ်ကျယ်ဟလို့ မရဘူး ဒီက အမေစု ကတော့ ပြည်သူလူထုကို ယုံကြည့်ပီး ဖရီး သွားလာနေတာ အင်မတန် သတိထားနိုင်ပါမှ တန်ကာကျတယ် အမေစုက ဒို့ပြည်သူတွေ အတွက် အိုဘားမားထက် ပိုပီး တန်ဖိုးကြီးတယ် နားလည်ပါ အသိစိတ်လေးတွေ ရှိကြပါ အသပြာ ၄ ပြား လည်ပင်းဆွဲပီး မာန်တက်တဲ့ ပုတ်သင်ညို လိုတွေ မလုပ်ကြပါနဲ့ စိတ်ဓါတ်လေးတွေကို အဆင့်အတန်း မြင့်မြင့်လေးတွေ ထားကြပါ။ ဘာမဟုတ်တာလေးနဲ့ ကိုက်မနေကြပါနဲ့။ ဘ၀ပျက်သွားကြတဲ့ ကိစ္စတွေ မို့လို့လား။ အနာမခံနိုင်ကြရင်တော့ အသာစံနိုင်ကြမှာ မဟုတ်ဘူး။ အခုက ပြုပြင်ပြောင်းလဲရမယ့် အချိန်ကို ရောက်နေပါပြီ။ အပင် စိုက်ရမယ့် အချိန်ကို ရောက်နေပါပြီ။ ကိုယ့်မျိုးဆက်တွေ အသီးအပွင့်တွေကို အဆင်သင့် စားသုံးနိုင်ဖို့ ခု အပင် စိုက်ချိန်ရောက်နေပါပြီ။ အားစိုက်ရမယ့် နေရာမှာ အလကား အားတွေ မဖြုန်းပါနဲ့။ ကြွက်ချီးကတော့ ဆွမ်းဆန်ထဲတင် မကဘူး နေရာ တကာ ရှိပါတယ်။ သတိလေး ထားပီး ကြွက်ချီးမှန်းသိရင် အသာလေး ဖယ်ပစ်ပြီးကိုယ့်တာဝန် ကိုယ် ထမ်းဆောင်ကြပါ။ ကျေးဇူးတင်ပါသည်။

tapaungthi said...

bluegyi said...

တကယ်တော့ ခင်ရွှေ ဆိုတဲ့လူ က အမေစုလွှတ်တော်ဝင်လာတာကိုမကြိုက်ပါဘူး... ငွေရှိတော့ Media ထောင်ပြီး Media နဲု့ပြန်တိုက်ပီး စိတ်ဝမ်းကွဲအောင်လုပ်နေတာပါ... အားလုံးသတိထားရင်ပိုကောင်းပါတယ်
ဟုတ်ပါတယ် သတိထားကြပါ ဒါသက်သက် NLD ကို မနာလိုလို့လုပ်နေတာပါ...ခင်ရွှေအဖွဲ့ဆိုမှတော့ ကောင်းပါ့တော့မလား ထွီ..။

kay kay said...

အမှန်တော့ သက်သက်အပုပ်ချချင်တာ အသိသာကြီးပါ သတင်းသမားလုပ်နေပြီး စည်းကမ်းဆိုတာနားမလည်ဘူး
သူတို့ အဖေတွေတုန်းက မဟုတ်တာတွေလုပ်နေတာတွေကျတော့ တခုမှ မဟရဲကြဘူး
အခုမှ ဘာထစော်ကားတာလဲ အမေ့ ပါတီ ကိုစော်ကားရင် ပြည်သူကို စော်ကားတာနဲ့ အတူတူပဲ
အဲဒိဂျာနယ်ကို လုံးဝ ( လုံးဝ) မဖတ်ကြပါနဲ့

Powered by Blogger.