တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ

တိုယိုတာ  ဘိုရှိုကူ (Toyota Boshoku) ၏ ကားအစိတ်အပိုင်း မြင်ကွင်းပြပုံ
ကမ္ဘာ့ထိပ်တန်းကား ကုမ္ပဏီ ကြီးဖြစ်သော တိုယိုတာကား ကုမ္ပဏီ၏ကားအစိတ်အပိုင်းများထုတ်လုပ်သည့် တိုယိုတာ  ဘိုရှိုကူ   မြန်မာနိုင်ငံတွင် တိုယိုတာ ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန် မျက်စေ့ကျနေကြောင်း just-auto မော်တော်ကား ဆိုင်ရာ အွန်လိုင်း သတင်း ဝက်(ဘ်)ဆိုဒ်တွင် မေ ၂၂ ရက်ကဖော်ပြထားသည်။

တိုယိုတာ  ဘိုရှိုကူ (Toyota Boshoku) ၏ ကုမ္ပဏီဥက္ကဌ ရှုဟေး တိုယိုဒါ  (Shuhei Toyoda) က  သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်း စက်ရုံထုတ်လုပ်ရန်စဉ်းစာနေကြောင်း တုကျိုတွင် သတင်းထောက်များအား ထုတ်ဖော် ပြောကြား ခဲ့ခြင်းဖြစ် သည်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဒီမိုကရေစီထူထောင်ရေးတွင် လျှင်မြန်စွာတိုးတက်ပြောင်းလဲ မှု ရှိနေသဖြင့် ကားဈေးကွက် အတွက် အနာဂတ် အလားလာကောင်းအနေဖြင့် စွဲဆောင် နေကြောင်း အဆိုပါ သတင်း တွင်  ရေးသားထားသည်။

တိုယိုတာ ဘိုရှိုကူသည် ကားထိုင်ခုံများ၊ အမိုးလိုင်နာများ စသည့် ကားအတွင်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ ဥက္ကဌ မစ္စတာ တိုယိုဒါက ၂၀၂၀ နောက်ဆုံးထား၍ တိုယိုတာသည် ယင်းထုတ်လုပ်သည့်ကား၏ ၆၀ ရာခိုင်နှုန်း အား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တပ်ဆင်ထုတ်လုပ်ရန် ရည်ရွယ်ကြောင်းပြောဆိုခဲ့သည်။ ယင်းက ဆက်လက်၍  တိုယိုတာ ကားတွေဟာ မြန်မာကားမောင်းသူတွေရဲ့စိတ်ကြိုက်ဖြစ်ပါတယ်၊ ပြီးတော့ တိုယိုတာ ဘိုရှိုကူ ရဲ့ ဖောက် သည် အကြီးကြီး တစ်ခုလည်း ဖြစ်ပါတယ် ဒါကြောင့် အဲဒီကိုသွား ကိုသွားရမယ် ၊ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့  စဉ်းစားနေတုန်းမှာ နိုင်ငံရေး နှင့် လုံခြုံရေးလိုနယ်ပယ်ဖြစ်ပေါ်   တိုးတက်မှုတွေကို ကျွန်တော်တို့    စောင့်ကြည်နေမှာ ဖြစ်ပါ တယ် ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရှိသော ကားအစီးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် တိုယိုတာကားများဖြစ်ပြီး ပြောင်းလဲဖော်ဆောင်လျက်ရှိသော မော်တော်ကား မူဝါဒများနှင့် စီးပွားရေုးပြုပြင်ပြောင်းလဲမှုများ အရ ဂျပန်နိုင်ငံမှ နာမည်ကြီး ကား ကုမ္ပဏီများ  သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျက်စေ့ကျလျက်ရှိကြောင်း သိရသည်။

ရေးသားသူ - ကျော်ဇေယျ-ရန်ကုန်တိုင်းမ်
တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ Reviewed by သစ်ထူးလွင် on 06:10 Rating: 5

25 comments:

minaung1149 said...

ကမ်းလင့်နေသည်တို့မြန်ပြည်

Anonymous said...

ဒီမှာက လျှပ်စစ်မီးမရှိဘူး ကမ္ဘာအလယ်မှာ တမူထူးခြားအောင်
နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုကြီးများက အမြှော်မြင်ရှိရှိလုပ်ထားတာ
ဖယောင်းတိုင်နဲ့ ထုတ်လုပ်နိုင်တယ်ဆိုရာ ဝင်သာလာခဲ့ပါဗျာ

zay said...

လုပ်မည် လာမည် ဒို့တိုင်းပြည်....

ကိုမြိတ်မောင် said...

အမြန်ဆုံးသာလာခဲ့ပါ၊

Synergy said...

တိုယိုတာ ဆိုရင်တော့ မြန်မာကိုင်ဒိုပဲ ရမယ်ထင်တယ်..

zawmyoaye said...

ဈေတော့ပေါးပလေစေနော့် အကြံအဖံတွေများလွန်းလို့ပြေားရတာပါအာဏာပိုင်တွေကသူတို့အတွက်ပဲ
ကြည့်တာ ပြည်သူတွေကိုငဲတာမဟုတ်ဘူး

tharzaw said...

ကြိုဆိုပါတယ်။
ဒါပေမယ့် ..
ကျုပ်တို့နိုင်ငံမှာ လျှပ်စစ်မီးမရှိဘူးနော့။
စစ်ဗိုလ်ချုပ်ကြီးတွေလက်ထက်ကကြက်ဆူသီးစီမံကိန်း
(မြန်မာနိုင်ငံ၏အကြီးဆုံးလောင်စာဆီစီမံကိန်း-အဟီး)
ကလည်းပျက်သွားတော့ လောင်စာစီကလည်းအင်မတန်
ရှားတော့တာပေါ့။(ခြင်ပေါတာပဲအဖတ်တင်တယ်)
ဒီတော့ လောင်စာဆီနဲ့လျှပ်စစ်မပေးနိုင်ဘူးပေါ့ဗျာ။
သြော် - ရေအားလျှပ်စစ်လား.... သဘာဝဓာတ်ငွေ့လား ...
ကျုပ်တို့ပြည်သူတွေမှာက ဖယောင်းတိုင်တို့၊ သဘောဝအလင်းရောင်တို့ရှိတော့
(ပိုလျှံနေလို့ဆိုလား)တရုတ်တို့ ထိုင်းတို့ကို ထုတ်ရောင်းထားတယ်လေ။
ဒါမှ ကျုပ်တို့ပြည်သူတွေ ၀၀လင်လင်စားသောက်ရတော့မပေါ့။(ဆန်ပြုတ်)

kyaw kyaw said...

သတင်းကောင်းပါခင်ဗျာ ဖြစ်သင့်တယ်လို့ယူုဆမိပါတယ်

Maunglusoe said...

ငါတို့ တိုင်းပြည်ကလမ်းတွေ ကြည့်ပြီး စိတ်ကူးရတာနေမှာ

Ko Albert said...

တိုယိုတာရေ... လာခဲ့..လာခဲ့... ဒါပေမဲ့ ကိုယ့်မီစက်လေးကိုယ် ပိုက်ပြီးလာခဲ့ပေါ့ကွာ...

U Chit said...

မီး မတည်ငြိမ် ဒီမိုကေ၇စီ စနစ်ကလည်း မတည်ငြိမ်သေးတဲ့ တိုင်းပြည်ကို လာပြီး၇င်းနှီးမြှပ်နှံမယ့် ဂျန်ပန်တွေေ၇ မင်းတို့ သတင်း ထောက်ေ၇ွှဝါေ၇ာင်တော်လှန်ေ၇းတုန်းကဘယ်လို သေ သွားလဲ ဆိုတဲ့ ဖြစ်၇ပ်ကို မေ့  သွားကြတာလား

shutman252 said...

သိပ်ကောင်းတဲ့အစီစဉ်ပါပဲဗျာ
မြန်မြန်လေးသာဖြစ်စေချင်ပါတယ်
ဒါပေမဲ့ လမ်းတွေလဲကောင်း
လမ်းသစ်တွေလဲထပ်ချဲ့မှပါ
ဒါမှမဟုတ်ရင်ယာဉ်လမ်းကြောင်းပိတ်တဲ့
ဖြစ်ရပ်ကတော့အဆင်ပြေမယ်လို့တော့မထင်ပါဘူးဗျာ

Ma Ma Hnin ze said...

ကမ်းလင့် နေသည်မဟုတ်ဘူး။ငတ်နေပါသည်တိုမြန်ပြည်ပါဆရာရဲ့
အမှန်တရားပဲမဟုတ်လား...အရပ်ကတို့ရဲ

ရာရာ said...

စိတ်မ၀င်စားပါ..။ ယ္ခုလက်ရှိပစ္စခ အချိန်မှာ စီးတဲ့ကား၊ စားတဲ့ဆန်ထက်ပို၍ သုံးတဲ့မီတာလေး မပြတ်လည်တာကိုပိုပြီးစိတ်ဝင်စားပါသည်။

ကိုကို(မန္တလေး) said...

လျှပ်စစ်မီးပေါတာကို

kyaw tun naing said...

မြန်မာပြည်ရဲ့လျှပ်စစ်မီး အကြောင်းမသိသေးလို့ပါ....
အဲဒါတွေက ဖယောင်တိုင်မီးနဲ့ထုပ်လို့မှမရတာ..... ဟင်း..........................................................................
စိတ်လေတယ် ပြည်မြန်မာရယ်..............

minsoeaung said...

ကြိုဆိုပါသည်။
ပညာလည်းရ ။အလပ်ုလည်းပေါ ။ပိုက်ဆံလည်းရ
နိုင်ငံလည်းခေတ်မီတိုးတက်မဲ့အရာဆိုရင်လုပ်ကြပါ
အားပေးထောက်ခံပါသည်။

Zane said...

မီးမှန်မှန်လာမှဘဲ သူ ကိုက်မှာ နော်...ဒါမျိုး အခွင့်ကောင်းတွေကိုလက်မလွတ်သင့်ဘူး... အစိုးရကလဲ Impression ကောင်းအောင် စက်ရုံတွေအတွက်မီးပုံမှန်ရအောင်တော့လုပ်ပေးဖို့လိုမယ်

ဇီးရိုး said...

လာမဲ့ ၂၀၁၅ ကနေစပြီး တို့မြန်မာပြည်သားတွေ အလုပ်အကိုင် အခွင့်အလန်းတွေ ပွင့်လာမှာ သေချာသလောက်ပါပဲ ။ ဒါပေမဲ့ အစိုးရဘက်က အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ခိုင်မာအောင် ပြန်လည်ပြင်ဆင်ရေးဆွဲပြီး တာဝန်ယူမှသာ ယခုလက်ရှိလှိုင်သာယာစက်ရုံတွေမှာဖြစ်ပေါ်နေတဲ့ အလုပ်ရှင်ဘက်က ခေါင်းပုံဖြတ်ခြင်းမျိုးတွေ ကင်းဝေးမှာပါ။

hlaingsoe said...

စဉ်းစားမနေဘဲ ချက်ခြင်းသာလာခဲ့ကြပါ။

hlaingsoe said...

လာခဲ့..လာခဲ့..များများလာခဲ့

hlaingsoe said...

လာခဲ့..လာခဲ့..များများလာခဲ့

ူlay said...

Oမ်းသာစရာပါ...ဖရောင်းတိုင်ထွန်းပြီး ကားအစိပ်အပိုင်းတပ်ဆင်နှိုင်ပါသလား
ဥပဒေခဏ ခဏ ပြောင်းမှာကိုရောလက်ခံနှိုင်ပါသလား လို့ ဂျပန် ကို မေးပါ အုံး....

Unknown said...

တပြည်လုံးမီးရ အောင်လုပ်နိုင်သူကိုဆုနွေ သန်း။။။။။။။။။။။။ပေးမယ် ပြီမှာ့ကား စက်ရုံဆောက်ပါရှင်

linn said...

ဂျပန်မှာလည်း မီပျက်နေတယ်ဗျ။ ကျွန်တော်တို့လိုတော့ မဆိုးသေးဘူးပေါ့။ နူကလီးယား စက်ရုံတွေပိတ်ရတယ်လေဗျာ။ ပြီးတော့ ဂျပန်ယန်းငွေတန်ဘိုးမြင့်လို့ ပစ္စည်းတွေကို ဂျပန်မှာထုတ်ရတာမကိုက်လို့ လုပ်သားဈေးပေါတဲ့ မြန်မာပြည်ကို မျက်စိကျတာဖြစ်နိုင်တယ်။ မြန်မာပြည်မှာလုပ်တယ်ဆိုပေမဲ့ နိုင်ငံခြားလည်းပို့မှာပေါ့။ စစချင်း တစီးလုံးမထုတ်ပဲ အစိတ်အပိုင်းနဲ့စတယ်ဆိုတာ စမ်းသပ်တာပါ။ ဖြစ်နိုင်ရင် ဂျပန်က စက်ရုံ အလုံးလိုက်ရွေ့ချင်တာပါ။ တိုင်းပြည် ငြိမ်းချမ်းမယ်၊ မူဝါဒတွေ ပွင့်လင်းမှုရှိမယ်ဆို အဆင်ပြေနိုင်ပါတယ်။ ပြည်သူတွေ စိတ်နဲနဲရှည်ကြပါ။ ၂ နှစ်လောက် သည်းခံပြီး မစောင့်နိုင်ကြတော့ဘူးလား။ အနှစ် ၂၀ကျော် စောင့်ပြီးမှ သည်နှစ်နှစ်လောက်ကို ဘာလို့ ကတ်သတ်နေတာလဲ။ ပြီး ၂၀၁၅ မှာ အမေစုကိုလည် အေးဆေးသက်သာ ဖြစ်စေချင်ပါတယ်။

Powered by Blogger.