ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည်

ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့တော်စည်ပင်က ပထမဆုံးအကြိမ် စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး  ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။

အဆိုပါတန်ဖိုးနည်း  အိမ်ရာများ ကိုအမှတ်၄၄ရပ်ကွက်၌ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ပိုင်မြေကွက်တွင် ဆောက်လုပ် သွားမည်ဖြစ်ကာမြေဧကပေါင်း၉ ဒဿမ၂၅ဧကအကျယ်အဝန်းရှိ ပြီးယင်းစီမံကိန်းကို  မကြာမီ အကောင် အထည် ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။

''လတ်တလောအဲဒီ မြို့နယ်မှာ မြေကွက်ရဖို့ဆောင်ရွက်နေပါ တယ်။မြေကွက်ရတာနဲ့တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်သွားမှာပါ။ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဦးကျော်စိုး ကပြောသည်။ယင်း တန်ဖိုး နည်း အိမ်ရာ တည်ဆောက်မည့်  စီမံကိန်းတွင် အခန်းပေါင်း  ၆၄၈ခန်း  ပါဝင် သည့်အဆောက်အဦး ၂၇ လုံး၊ စတုရန်းပေ  တစ်ထောင်ရှိသည့် အိပ်ခန်း၃ခန်းပါဝင်မည့်အခန်း ရခန်း နှင့်စတုရန်း ပေ၅၃ဝရှိသည့်အခန်း ပါအဆောက် အဦး အလုံး ၂ဝခန့် ပါဝင် တည်ဆောက်သွား  မည်ဖြစ် ကြောင်း သိရသည်။

''နောက်ပိုင်းမြေကွက်တွေ ပေါ်လာရင်လည်းတန်ဖိုး နည်းအိမ် ရာတွေတိုးချဲ့ပြီးတော့ ဖော်ဆောင် ပေးသွားဖို့  အစီအစဉ်ရှိပါတယ်။'' ဟု ယင်းကထပ်မံပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှအဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ   ဖွဲ့စည်းကာလစဉ် အစည်းအဝေးများ ပြုလုပ်၍ရန်ကုန် မြို့တွင်းအဆင့်မြှင့်တင်ရေး လုပ်ငန်း များ ဆောင်ရွက်လျှက် ရှိကြောင်း  သိ ရသည်။

ရေးသားသူ - ဖူးပွင့်သော်-ရန်ကုန်တိုင်းမ်


ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည် ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည် Reviewed by သစ်ထူးလွင် on 06:03 Rating: 5

28 comments:

ဇာမဏီ said...

မြင်ယောင်သေးတယ် ဟိုလူကနည်းနည်းခိုး၊ဒီလူကနည်းနည်းခိုး ၊ပီးရင်
ရေမလာမီးမလာနဲ့ စုတ်ပြတ်သတ်နေမှာ ။

ko yeဲ said...

ရည်ရွယ်ချက်က အလွန်ကောင်းပါတယ် တကယ်လိုအပ်နေတဲ့ ပြည်သူတွေသန်းပေါင်းများစွားရှပါတယ် ဒါကြောင့်အားပေးပါတယ်
ဒါပေမဲ့
အကောင်အထည်ဖေါ်တဲ့နေရာမှားဆောက်လုပ်ခွင် ကန်ထရိုက်လိုချင်လို့ လဒ်ပေး လဒ်ယူ ကိုရှောင်နိုင်ပါ့မလား
ဆောက်လုပ်ခွင့် ရတော့လည်း အထက်က ချမှတ်ထားတဲ့ အရည်အသွေးအတိုင်း တိတိကျကျ စံချိန်မှီ ဆောက်မှာလား
ဆောက်ချင်သလိုဆောက်ပီး လူကြီးဖဲကြိုးဖြတ် မိုးပျံစီပေါင်းတွေလွတ် တီဗီရိုက် ပီး ကိုယ်လက်ကလွတ်ပီးရော ဆိုပီးလုပ်ရင် နှစ်ပေါင်း ၆၀ ခန်မဲ့ တိုက်က ၁၀ နှစ် ၁၅နှစ်အတွင်းမှာ ပြသနာ တစ်ပုံကြီးနဲပ မရှုနိုင်မကယ်နိုင် ဖြစ်နေမှာတော့စိုးတယ်
အဒီအချိန်မှာ ဘယ်သူ့ကို သွားတိုင်မှာလဲ ဘယ်သူကို သွားတရားစွဲမှာလဲ
ဘယ်သူက ဘယ်လိုအရေးယူပေးမှာလဲ၊ ဒီလိုလုပ်ငန်းမျိုးကို သားစဉ်မြေးဆက် တာဝန်ယူ အာမခံ နိုင်မှ လုပ်တာကောင်မယ်
ဆောက်လုပ်ရေးဝန်ကြီးဌာနကဆောက်မှာဆိုလဲ ပိုတောင်စိတ်အေးရဦးမယ်
ဒါပေမဲ ဝန်ထမ်း တစ်ယောက် က တစ်ခါမှမရဘူးတဲ့အခွင့်အရေးရမယ်ဆိုရင် နောက်ပြသနာနောက်ရှင်း လောလောဆယ် မိသားစုအစဉ်ပြေဖို့ဆိုပီး ဘုန်းကြဦးမှာပဲ ဒါတွေကို တာဝန်ယူ ကာကွယ်နိုင်ဖို့ တိုင်ပြည်နဲ့လူမျိုးချစ်စိတ် အမှန်ရှိတယ်သူတွေ ကိုအဓိက တာဝန်ပေးဖို့လိုတယ်၊ စင်္ကာပူနိုင်ငံ၊ ကိုရီးယား ဂျပန် အဲဒီနိုင်ငံတွေကို နမူနာယူလေ့လာပါ ဘယ်လိုလုပ်သလဲဆိုတာ၊ ရည်ရွယ်ချက်ကောင်းလို့အကြံပေးတာပါ

swe said...

ဈေးနှုံးလေးပြောပေးလို့ရမလား။

mimi said...

ရေ၊မီး၊သန်.ရှင်းရေးကိုပြည်.စုံအောင်လုပ်ပေးနိုင်ပါတယ်လို.အာမမခံနိုင်မှဘဲဒီလုပ်ငန်းကိုလုပ်သင်.ပါတယ်။

Maung said...

ကောင်းတော့ကောင်းပါတယ်။ ဒါတွေကို အိုးအိမ်ဖွံ့ဖြိုးရေး ဥိးစိးဌာနက အကောင်အထည်ဖေါရမှာ မဟုတ်ဘူးလား။
စည်ပင်ကတခြားလုပ်စရာအလုပ် မရှိတော့ဘူးလား။ ရန်ကုန်မှာရှိတဲ့ရေမြောင်းတွေ အရပ်ရှစ်မျက်နှာမှာရှိတဲ့အမှိုက်တွေ
လူသွားလမ်းတွေ ............ဒါတွေဘယ်သူကလုပ်မှာလဲ။ အစိုးရဌာနတွေမှာဘာplanမှရေရေရာရာမရှိ။ မရောင်ရာဆိလူး။
ဦးရာလူကထလုပ်။ ပြောရင်းဒေါသထွက်လာပြိ ငါ...................

ohnmar swe said...

ကောင်းပါတယ်....ဒါပေမဲ့ခိုင်မာမှုရှိတဲ့အဆောက်အဦးတော့ဖြစ်ဘို့လိုတယ်.....မိမိကိုယ်ကျိုးစီးပွားအတွက်မကြည့်ဘဲ ပြည်သူတွေရဲ့အကျိုးစီးပွားကို ကြည့်တတ်တဲ့သူ ဆိုရင်တော့သိပ်ပီးရှည်ရှည်ဝေးဝေးပြောစရာလိုမယ်မထင်ပါဘူး.....

Zaw Latt said...

အရမ်းကောင်းမွန်တဲ့ စီမံကိန်းပါ။ဝင်ငွေနည်း လူတန်းစား တွေစီ အဓိက ဦးတည်သင့်ပါတယ်။အမှန်တကယ် ဝယ်သူကိုတိုင် နေထိုင်မှ ရောင်းချမှူ့မျိုးဖြစ်သင့်တယ်။

U Chit said...

သူများနိုင် ငံတွေ မှာ တန်ဖိုးနည်းအိမ်၇ာဆိုတာ ပြည် သူ ပြည်သား နိုင် ငံသားတွေံ ဦးစားပေးတာပါ ဒီမှာ က တန်ဖိုးနည်းတွေ ဆောက်ပေးနေတာ တ၇ုပ်တွေ ကုလားတွေ အတွက်ပါပဲ တိုက် အသစ်တွေ ဆောက်ပြီးလို့  တက်နေတဲ့ လူအများစုက တ၇ုတနဲ့်ကုလာ့းတွေပါ ဗမာနဲ့ တိုင်း၇င်းသားတွေ အတွက် က တန်ဖိုးနည်း သချိုင်းကုန်းလေးတွေ ပဲ တွေ့နေ၇တယ် ဒါတောင် ကိုကျော်သူကူညီပေးနေတာကြောင့် ၇တာပါ

Aung San said...

တန်ဖိုးနည်းအိမ်ယာဆိုတာ သိန်း ၇၀၀ ၊ ၈၀၀ လား ကြည့်လဲလုပ်ပါအုန်းဗျာ။ မီးမမှန်ရတဲ့အထဲ တန်ဖိုးနည်းအိမ်ယာနေတဲ့သူတွေ ရေပြတ် မီးပြတ်နဲ့ဒုက္ခရောက်နေပါအုန်းမယ်

ရာရာ said...

မှတ်ချက်။ ။ တန်ဖိုးနည်းအိမ်ယာဖြစ်သည့်အတွက် တန်ဖိုးကြီးသော မီတာဘောက်စ် တတ်ဆင်ပေးမည်မဟုတ်ပါ။

ဇီးရိုး said...

ကြိုဆိုပါတယ် ၊ အိမ်ရှင်တယောက် ကားပါကင်တခုစီစာ အတွက် ထည့်သွင်းစဉ်းစား ဆောက်ပေးမှသာ အဆင်ပြေမှာပါ ။

hlaingsoe said...

ပြည်သူတွေအားလုံးအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ လောက်ငှအောင်ဆောက် ပေးနိုင်ဖို့လိုပါတယ်။

Unknown said...

ပြိုကျမယ်နော် ကြည့်လုပ်ဦး

soe thu said...

ဒို့မြန်မာနိုင်ငံမှာ တန်းဖိုးနည်းပစ္စည်းဆိုတာ ရှိလို့လား အရာရာဈေးကြီးနေတဲ့အချိန်မှာ ဆက်သွယ်ရေးဝန်ကြီးပြောတဲ့တန်ဖိုးနည်းGSM ဖုန်းဆိုတာမျိုးဖြစ်နေမှာ ကြောက်မိပါတယ်ဗျာ....သတင်းတွေထဲမှာတော့ ကုန်သွယ်ခွန်တွေ အမြတ်ခွန်တွေလျှော့ပေးတာတွေ့တယ် ခက်တာက လျှော့ပေးလဲအလကားပဲ ကုန်ပစ္စည်းဈေးတွေတတ်သွားတာပဲအဖတ်တင်တယ်............ဒါကြောင့်တန်ဖိုးနည်းလို့မသုံးစေချင်ဘူး ခေတ်မှီအိမ်ရာလို့ပဲခေါင်းစဉ်တပ်ပါ.....

pretty said...

ဒီလို အိမ်ရာတွေ ဒီထပ်ပိုပြီး အများကြီး ဆောက်နိုင် ပါစေ...

ကိုဇေ said...

တန်ဖိုးနည်းအိမ်ရာဆိုပေမယ့် တကယ့်တကယ် အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေ နေရမယ်လို့ မထင်ပါ။ ဗိုလ်ချုပ်၊ ဗိုလ်ကြီး၊ ဗိုလ်၊ ဘာဆိုလား၊ ဟိုလူကြီး၊ ဟိုကောင်၊ ဟိုဘဲကြီး၊ ဟို၊ အထက်ကဆိုလား၊ ဘာဆိုလား၊ အမီးရှည်ရှည်ကောင်၊ အို စုံနေတာပဲ၊ သူတို့တွေပဲ အမြတ်ထုတ်နေကြဦးမှာပါ။ တကယ် နေချင်တဲ့၊ တကယ် လိုအပ်ချက်ရှိနေတဲ့၊ ပြည်သူတွေ လက်ထဲရောက်ဖို့ဆိုတာကတော့ မျှော်လင့်မနေပါနဲ့

Unknown said...

ပြိုကျမယ်နော် ကြည့်လည်းလုပ်ဦးဗျ

ကိုဇေ said...

တန်ဖိုးနည်းအိမ်ရာဆိုပေမယ့် တကယ့်တကယ် အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေ နေရမယ်လို့ မထင်ပါ။ ဗိုလ်ချုပ်၊ ဗိုလ်ကြီး၊ ဗိုလ်၊ ဘာဆိုလား၊ ဟိုလူကြီး၊ ဟိုကောင်၊ ဟိုဘဲကြီး၊ ဟို၊ အထက်ကဆိုလား၊ ဘာဆိုလား၊ အမီးရှည်ရှည်ကောင်၊ အို စုံနေတာပဲ၊ သူတို့တွေပဲ အမြတ်ထုတ်နေကြဦးမှာပါ။ တကယ် နေချင်တဲ့၊ တကယ် လိုအပ်ချက်ရှိနေတဲ့၊ ပြည်သူတွေ လက်ထဲရောက်ဖို့ဆိုတာကတော့ မျှော်လင့်မနေပါနဲ့

ကိုဇေ said...

တန်ဖိုးနည်းအိမ်ရာဆိုပေမယ့် တကယ့်တကယ် အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေ နေရမယ်လို့ မထင်ပါ။ ဗိုလ်ချုပ်၊ ဗိုလ်ကြီး၊ ဗိုလ်၊ ဘာဆိုလား၊ ဟိုလူကြီး၊ ဟိုကောင်၊ ဟိုဘဲကြီး၊ ဟို၊ အထက်ကဆိုလား၊ ဘာဆိုလား၊ အမီးရှည်ရှည်ကောင်၊ အို စုံနေတာပဲ၊ သူတို့တွေပဲ အမြတ်ထုတ်နေကြဦးမှာပါ။ တကယ် နေချင်တဲ့၊ တကယ် လိုအပ်ချက်ရှိနေတဲ့၊ ပြည်သူတွေ လက်ထဲရောက်ဖို့ဆိုတာကတော့ မျှော်လင့်မနေပါနဲ့

သစ္စာ said...

မပူပါနဲ့ (၁) ဘိလပ်မြေ အချိုးအစား အပြည့်အ၀မထည့်ခြင်း၊
(၂) ကြမ်းခင်းလောင်းခြင်း/ ကော်လံတိုင်ထောင်ခြင်းတို့တွင်
ထည့်ရမည့်သံချောင်းများ ပမာဏလျှော့ထည့်ခြင်း၊တို့ကို သေချာပေါက် တွေ့ကြရပါမည် ။အိုးအိမ်ဌာနနှင့် စည်ပင်ဌာနတို့
မှတာဝန်ယူဆောင်ရွက်ကြမည့်သူများပေါင်းစားလျှင်အရိုးပါစားရ၏
ဆိုသည့်မူအတိုင်းဆောင်ရွက်ကြပါလိမ့်မည်။

maung yin said...

သူများလုပ်တာကိုအကောင်းမြင်တဲ့စိတ်နဲ့ကြည့်ကြပါ....မလုပ်ပေးရင်ဘာမှဖြစ်လာမှာမဟုတ်ဘူ...လုပ်ပေးရင်ပြည်သူတွေအတွက်အမြတ်ပဲ...ဘယ်သူတွေပဲတက်နေနေ..ကိုယ့်နိုင်ငံမှာရှိတဲ့သူတွေတက်နေတာပဲ...သူတို့လိုတက်နေချင်ရင်တက်နေနိုင်အောင်ာကိုးစား

honey said...

တန်ဖိုးနည်းအိမ်ယာကိုအိမ်ပိုင်ဆိုင်မှုမရှိသေးသော
ပြည်သူတွေအတွက်အဓိကထားလုပ်ဆောင်ပေးသင့်တယ်။
စီးပွါးရေးသမားငွေနိုင်သူတွေကအခန်းတွေကိုဈေးပေါပေါနဲ့အကုန်
ဝယ်ပြီးပြန်ငှားစားဝယ်ရောင်းပြန်လုပ်နေမယ်ဆိုရင်
ဆင်းရဲတဲ့ပြည်သူတွေအတွက်ဖြစ်မလာမှာစိုးတယ်။
တကယ်လုပ်ဖြစ်ရင်တကယ်နေထိုင်မည့်သူများကိုသာစီစစ်ပြီး
အကြွေးစနစ်ဖြင့်ရောင်းချပေးစေချင်ပါတယ်။
လစဉ်အကြွေးဆပ်မည့်မိသားစုဝင်များသာနေထိုင်ခွင့်ကို
လစဉ်ဝင်ရောက်စစ်ဆေးခြင်းဖြင့်ပြည်သူတွေရဲ့ဒုက္ခကို
ကယ်တင်ရာရောက်နိုင်မည်။အဆောက်အဦးကိုလည်း
ဈေးသက်သက်သာသာဖြင့်ရောင်းချနိုင်အောင်
အစိုးရကချပေးမည့်ပါမစ်ကြေးများမရှိရင်ပိုပြီးဈေးသက်သာမည်။
အဆောက်အဦးကိုလည်းခိုင်ခံ့ပြီးသေချာစနစ်တကျ
အာမခံချက်ဖြင့်ဆောက်လုပ်ပေးမှသာ
ပြည်သူတွေအတွက်အကျိုးဖြစ်မည်။

jflower said...

အငယ်လေးတို့ရွာလိုမဖြစ်ဖို့အရေးကြီးတယ်၊
ဓါတ်လှေခါးရောပါရဲ့လား၊ သိပ်မြင့်ရင်မောလို့

Aung Soe Oo said...

ဆောက်လဲပြီးရောစည်ပင်လူကြီးတွေခွဲဝေယူပြီးပိုလျှံမှသူတို့နဲ့ပတ်သက်တဲ့သူတွေကိုဦးစားပေးရောင်းမှာပါဗျာ............

ရွှေအ said...

အရည်အသွေးကသာအဓီကပါ စီစစ်မှူ့မရှိရင်တော့ တဲကမှသာမယ်ထင် အရည်အသွေးကို တန်ဖိုးမထားတဲ့အိမ်ရာတွေ အများကြီးပါ အဲဒီအိမ်သူတွေအတွက် စိတ်မကောင်းပါ

pyaponthu said...

တန်ဘိုးနည်းအိမ်ယာဆိုသော်လည်းပြည်သူကိုစေတနာထားပြီးအရည်အသွေးမှီသော အိမ်ယာများဖြစ်စေချင်သည်။တကယ်အိမ်ယာမရှိသောမြန်မာနိုင်ငံသားစစ်စစ်များဖြစ်ပြီးဆင်းရဲသောသူများဦးစားပေးစေချင်တယ်။ပိုက်ဆံရှိသူများဝယ်ပြီးမြန်ရောင်းစားတာမျိုးမဖြစ်စေချင်ပါ။

Topsidon21 said...

တန်ဘိုးနည်းအိမ်ယာထက် National Housing Plan (ပြည်တော်သာအိမ်ယာစီမံကိန်းမျိုး) ရှိခဲ့ဘူးပါတယ်။ စင်္ကာပူ ကတောင်အတုခိုးယူခဲ့ရပါတယ်။ တစ်က ပြန်စကြပါစို့.။
ပြည်တော်သာအိမ်ယာစီမံကိန်းမျိုးကိုစံနစ်တကျဥပဒေတွေနဲ့အကောင်အထည်ဖေါ်သင့်ပါတယ်။တဲပေါ်ကလူတိုက်ပေါ်ရောက်အောင်၊ဒါမှ ပိုလျှံတဲ့မြေကွက်တွေကိုတခြားရင်နှီးမြုတ်နှံမှုအတွက်သုံးလို့ရမှာ။

ရွှေထူး said...

တန်ဘိုးနည်းအိမ်ယာကိုအသာထားပါအုံး အခုလောလောလတ်လတ်ဖြစ်နေတဲ မီး ပြသာနာကိုအရင်လုပ်ပါအုံး

Powered by Blogger.