နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေး(နေပြည်တော် ​- မေ ၂၂)
နေပြည်တော်  မေ  ၂၂

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ၊ Interpol ရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် အဖွဲ့များက လာရောက် ဂါရဝပြုတွေ့ဆုံရာ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ကျော်ကျော် ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ အဖွဲ့တို့ တက်ရောက်ကြသည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာမှာဖော်ပြထားပါသည်။

(သတင်းစဉ်)
နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေး နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေး Reviewed by သစ်ထူးလွင် on 06:20 Rating: 5

6 comments:

thawmyoh said...

ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဖယောင်းတိုင်ဖြင့်သွားကြစို့ ။

U Chit said...

ဦးသိန်းစိန်က မြန်မာပြည်က ၇ဲတွေ ၇ဲ့  အကျင်းကောင်းလေးတွေ အာဆီယံ က ၇ဲများလာေ၇ာက် သင်ယူလေ့ လာဖို့  မဖိတ်လိုက် ဘူးလား

minsoeaung said...

သမ္မတကြီးကိုမြင်လိုက်တော့့မှအားရှိသွားပါသည်။
ကျန်းမာရေးကိုဂရုစိုက်ပါခင်ဗျား။
မန်ြမာနိုင်ငံအတွက်သမ္မတကြီးကျန်းမာနေရန်လိုအပ်ပါ
သည်ခင်ဗျား။

Unknown said...

သမ္မတကြီး ကျန်းမာပါစေ........

Unknown said...

သမ္မတကြီး ကျန်းမာပါစေ....

zaw hlaing oo said...

အထဲမှာလည်းလုပ် အပြင်လည်းနည်းနည်းထွက်ကြည့်ကြအုံးး(အကြံပေးဆိုတဲ့ခေါင်းစဉ်အောက်ကလူတွေအပါအဝင်) တိုင်ပြည်ကလူတော်တော်များများလမ်ပေါ်မှာ တောင်းဆိုမှုတွေများနေပြီ။ အမေစုဒဂုံအရှေ့ပိုင်းမှာပြောသွားသလိုပေါ့
နိုင်ငံ့တာဝန် ပြည်သူ့တာဝန်မယူနိုင်ရင် အစိုးရဆက်မလုင်ရုံပဲရှိတယ်တဲ့ အဲ့ဒီမိန့်ခွန်းနားထောင်ပြီးရင်ခင်ဗျားတို့ကိုယ့်ကိုကိုယ် သက်သေလို့ရတယ် သိလား အရှက်အကြောက်တရားရှိတဲ့လူတွေဆိုရင်ပေါ့

Powered by Blogger.