လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်
ဘက်ခြမ်းနှင့်လမ်းသွယ်များတွင်စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့်
အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်
များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့်
ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေကြောင်း

သိရပါသည်။

ယင်းဓာတုစွန့်ပစ်ရေ၏အငွေ့ကြောင့်နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊
အီလက်ထရွန်းနစ်ပစ္စည်းများပျက်စီးလွယ်ခြင်းတို့ကိုကြုံတွေ့နေရပါသည်။
  
ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ
၂၄နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊သီရိမြိုင်လမ်း
မကြီးနှင့်
အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိေ
ရသန့်စက်ရုံမှ စွန့်ထုတ်သောရေဆိုးများကို
ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း၊ရပ်ကွက်အတွင်း 

စနစ်ကျသောရေထုတ်ရေနှုတ်မြောင်းများမရှိခြင်း၊ကွန်ကရစ်လမ်းများခင်း
ထားသောကြောင့်ရေထွက်ပေါက်များပိတ်ဆို့သွားခြင်း၊စသည် အကြောင်း
တို့ကြောင့် စွန့်ပစ်ရေဆိုးများသည်အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ဝင်
 ရောက်ပြီး ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ
ရေလွှမ်းမိုးလျက်ရှိနေပါသည်။

  
ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏
ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့်ကျန်းမာရေး ထိခိုက်ခြင်း 

၊ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကိုသောက်သုံးနေရခြင်း၊နေအိမ်အမိုးအကာ
သြပ္မ်ား၊ဒန္အိုးဒန္ခြက္မ်ား၊ေ
ပါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများ
 မကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ
နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်
သည်။
  
ဤဖြစ်ရပ်မှန်များကိုမြို့နယ်စည်ပင်သို့၎င်း၊ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများထံသို့၎င်း၊
လှိုင်မြို့နယ်တိုင်းဒေသကြီးလွှ
တ်တော်ကိုယ်စားလှယ်သို့၎င်း၊တိုင်းဒေသကြီး
လွှတ်တော်မှတစ်ဆင့်မြို့တော်ဝန်ထံသို့၎င်း၊အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ယနေ့ထက်တိုင်
အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ယနေ့ တိုင် ရပ်ကွက်ပြည် သူများ ခံစားနေရဆဲဖြစ်ကြောင်းသိရပါသည်။

Myanmar News Now

လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုး ဓါတ်ပုံများ






Myanmar News Now

လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ Reviewed by သစ်ထူးလွင် on 18:58 Rating: 5

7 comments:

Moe said...

လှိုင်မြို.နယ်ကလွှတ်တော်အမတ်ကြီးဦး
မင်းလွင်ဘာလုပ်နေလဲ

Ko Nyo Khant ( Mdy university.) said...

သတင်အရင်းအမြစ်ကိုကိုယ်တိုင်သွားရောက်လေ့လာသင့်ပါတ်၊ Hear say နဲ့ သတင်းမယူသင့်ပါဘူး၊ဖောပြပါဓာတ်ပုံများဟာသီရိမြီုင်လမ်းမမြောက်ဖက်ချမ်းပုံ ဖြစ်ပါတယ်အောက်ဆုံးနှစ်ပုံကလယ်/ဆည်ဂိုဒေါင်ဘေးက ချဉ်မျဉ်နှင့်အထည် စက်ရုံကထွက်လာတဲ့ရေဆိုးမြောင်းဖြစ်ပါတယ်။မြင်တဲ့အတိုင်းဘဲရေဆိုးထွက်တာအနည်းငယ်ဘဲရှီပါတယ်။၁၃ရပ်ကွက်ပါတ်ဝန်းကျင်ကရေဆိုးတွေဟာ၁၃ ရပ်ကွက်မီးမလောင်ခင်ကထဲကရပ်ကွက်ထဲမှာရှိနေပါတယ်ပြောရရင်န၀တလက်ထက်ကထဲဒီရေဆိုးတွေနဲ့အဲဒီရပ်ကွက်သားတွေနေလာခဲ့တာပါ။ဒါ့ကြောင့်သတင်းရေးတဲ့အခါမှာနောက်ခံသမိုင်းကိုလည်းလေ့လာသင့်ပါတယ်၊ဒီကိစ္စကယ္ခုမှဖြစ်နေတဲ့ကိစ္စမဟုတ်ပါဘူးန၀တလက်ထက်၁၃ရပ်ကွက်မီးမလောင်ခင်ကထဲကဖြစ်ပျက်နေတဲ့ကိစ္စပါဘာ့ကြောင့်ဒီလိုပြောနိုင်သလဲဆိုတာအဲဒီရပ်ကွက်ကိုအလုပ်သွားလာလုပ်ကိုင်ဘူးလို့သိရှိရခြင်းဖြစ်ပါတယ်။ဒီပြသနာဟာခုမှဖြစ်တဲ့ပြသနာမဟုတ်လို့ဘယ်လိုအဖြေရှာကြမလဲဆိုတာကိုဝိုင်းဝန်းစဉ်းစားဖို့လိုပါတယ်။အလယ်တန်းကျောင်းရဲ့အနောက်ဖက်ကွက်လပ်ကြီးဟာလည်းအမှိုက်များလာပို့လို့ပြည့်နေပါပြီ။သီရီမြိုင်လမ်း၅လမ်းနဲ့၆လမ်းမရောက်ခင်ပဏ္ဍိတရာမဘုန်းကြီးကျောင်းအ၀င်လမ်းမြောက်ဖက်ခြမ်းတွင်သာရေ၀ပ်နေတာကိုသွားရောက်ကြည့်ရင်တွေ့မြင်နိုင်ပါတယ်။ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလည်းဆိုသည့်အဖြေကိုရအောင်ရှာရမည်ဖြစ်ပါသည်။အဖြေမှာသီရိမြီုင်ရပ်ကွက်တောင်ဖက်တွင်ရေထွက်မြောင်းရှိပါသည်။ထိုမြောင်းထဲသို့ရပ်ကွက်အတွင်းမှရေဆိုးများထွက်သွားရန်သာအရေးကြီးပါသည်။ထို့ကြောင့်ရပ်ကွက်အတွင်းမှရေဆိုးများထိုရေမြောင်းအတွင်းစီးဆင်းစေရန်မည်ကဲ့သို့လုပ်ဆောင်ကြမည်ကိုဝိုင်းဝန်းစဉ်းစားသင့်ပါကြောင်းရေးသားဖော်ပြအပ်ပါသည်။

Ko Nyo Khant ( Mdy university.) said...

မိုးရာသီမိုးများလျှင်သီရိမြိုင်လမ်းမတောင်ဘက်ခြမ်းမှာရေ၂ပေအထိဝင်ရောက် ပါသည်။ထိုရေများကိုပိတောက်ချောင်းအတွင်းစီးဆင်းသည့်ရေနုတ်မြောင်းမရှိသည့်အတွက်မည်ကဲ့သို့ဆောင်ရွက်ရမည်ကိုလှိုင်မြို့နယ်စည်ပင်သာယာရေးနှင့်ရပ်ကွက်ပြည်ခိုင်ဖြိုးတို့မှာတာဝန်ရှိပါသည်။ဘာကြောင့်ဒီလိုပြောရသနည်းဆိုသော် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာပြည်ခိုင်ဖြီုးမှတာဝန်ယူနေကြသူများဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။

စမလ said...

ဤကိစ္စအလွယ်တကူ ဖြေရှင်းရန်နည်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည် ၊ အမေစုအားတိုင်းပြည်ကို လုံးဝအပ်နှင်းခြင်းမှအပ တခြားနည်းလမ်းမရှိဟုထင်ပါသည်။ကိုတိုင်လုပ်ဆောင်ရန်မှာ နည်းပညာနှင့်စက်ကိရိယာများ ရှိနှိုင်ပါသည်။နိုင်ငံတော်အနေဖြင့် လုပ်ဆောင်ရန်တိုင်းပြည်တွင် နေရာများစွာတို့ရှိနေသည်မှာ (ရေမရှိသော ကန်တွင်းသို့ တိရစ္ဆာန်များပင် ရေသောက်ဖို့မဆင်းပါ)တိုင်းပြည်အာဏာ အဓမ္မယူထားသူများသည် လူများပင်ဖြစ်ကြပါသည်။

Anonymous said...

ကိုညိုခန့်ပြောသလို အခုမှ ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ အမှန်ပါ..
မီးမလောင်ခင်က အဲဒီရေ၀ပ်နေတဲ့ နေရာ အမှိုက်တွေပေါ်မှာ အင်းလေးကန်က ကျွန်းမြောတွေပေါ်မှာ အိမ်တွေဆောက်ပြီးနေသလို နေနေကြတာ တွေ့ဖူးတယ်။ လမ်းလျှောက်ရင်တောင် အိပဲ့အိပဲ့နဲ့.. သမိုင်း(တပ်မတော်)ချည်စက်ထဲက ထွက်တဲ့ရေမြောင်းကလည်း ဓါတ်ပုံထဲမှာ ရေနည်းနည်းလေး ဆိုပေမယ့် မိုးကလေးနဲနဲသည်းတာနဲ့ အဲဒီမြောင်း ရေလျှံပါတယ်။ အဲဒီရေတွေ မြေနိမ့်ပိုင်းမှာ ၀ပ်ပြီးကျန်နေခဲ့တာ..
သတင်းရေးတဲ့ သူကလည်း ခုမှ ဖြစ်ပါတယ်လို့ မရေးထားပါဘူး..
အရင်းစစ်ရင်..
ပြည်သူတွေကလည်း တောင်းဆိုရကောင်းမှန်း မသိခဲ့ကြရှာဘူး၊ မတောင်းဆို ရဲကြဘူး။ အရာရာ အကြောက်တရား ကြီးစိုးခဲ့တဲ့ အမှောင်ခေတ်ကြီးလေ..
အရင်လူတွေလည်း မလုပ်ခဲ့ဘူး၊ အလယ်ကလူတွေလည်း ရှောင်နေခဲ့တယ်..
နောက်လူတွေကလည်း မသိသလို လုပ်နေကြတယ်..
ဘာပဲပြောပြော အခု သိကြရင်.. စပြီး အကောင်အထည်ဖော်ကြပေါ့..
သိသူတွေက ၀ိုင်းဝန်းထောက်ပြကြပေါ့..
ဒါအပြုသဘော ဆောင်ပါတယ်။

Anonymous said...

ဒီကိစ္စအမှန်ပါ၊ ဘာဓါတုပစ္စည်းမှန်းတော.မသိ ။ .. ဖြတ်သွားရင် မျက်စိစပ် .. ပြီးမူးဝေတယ် ၊ .... မီးလောင်ပြင်ကြီးကိုလည်း ........ တခုခု စီစဉ်သင်.ပါတယ် ။

aye min said...

အဲဒီရပ်ကွက်အတွင်းတာဝန်ရှိသူများ နား မျက်စေ့ ပါးစပ် တွေမပါလို့ဖြစ်မယ်
နောက်ပီး တိုင်စာက ငွေ တံတိုင်းကြီးကို ကျော်အောင်ပစ်နိုင်မှာ လိပ်စာကိုရောက်မှာလေ

Powered by Blogger.