ကုမ္မဏီများ၏ ပြိုင်ဆိုင်မှု ပရို မိုးရှင်းအပေါ်မှုတည်ပြီးSIMကပ် အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင်

     မြန်မာနိုင်ငံတွင်မိုဘိုင်းဖုန်းတန်ဖိုးတစ်ဖြေးဖြေး လျှော့ချရာတွင်“နိုင်ငံတကာမှ
လာရောက်ရင်းနှီးမည့်ကုမ္မဏီများ၏ပြိုင်ဆိုင်မှုပရိုမိုးရှင်းအပေါ်မှုတည်ပြီးSIMကပ်အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင်တယ်”
ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမို
ဘိုင်းဌာနမှအင်ဂျင်နီယာချုပ်ဦးသိန်းဝင်းက
သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
 
   မြန်မာမိုဘိုင်းဖုန်းများလက်ရှိ
ဈေးထက်လျှော့ချ ရောင်းနိုင်ရန်ဆက်သွယ်ရေးအခြေခံအဆောက်အအုံတည်ဆောက်ပြီးတစ်ဖြည်းဖြည်းခြင်းတန်ဖိုးလျှော့ချသွာမည် ဖြစ်ကြောင်းဆက်သွယ်ရေးနည်းပညာသင်တန်းကျောင်းအုပ်ဦးကျော်စိုးက
ဆက်သွယ်ရေးဒုဝန်ကြီး၏လွှတ်တော်အတွင်းပြောကြာချက်ကိုကိုးကားပြောကြား
သည်။
“မြန်မာ့ဆက်သွယ်ရေးအတွက်ဥပဒေမှုကြမ်းတင်ပြီးပြီ လွှတ်တော်ဥပဒေပြုရေးအဖွဲ့က
ဆက်ပြီးပြုလုပ်ဖို့ပဲကျန်တော့တယ်”ကျောင်းအုပ်ကြီးကပြောသည်။
 
     ၂သိန်းတန်ဖုန်းကို မြန်မာ့ဆက်သွယ်ရေးအပါအ၀င် ကုမ္မဏီ၂၃ခုကဖုန်းအလုံးရေ 

၁သန်းခွဲ ကိုဆက်တိုက်ဝယ်လိုအားရှိသလောက်ရောင်းချလျှက်ရှိကြောင်း၊မြန်မာ့ဆက်သွယ်ရေးနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နေ
၏ သည့် ကုမ္မဏီများကို ၂သိန်းထက်ပိုမရောင်းရန်ခေါ်ယူအသိ
ပေးထား
ပြီးဖြစ်ကြောင်း၊အင်တာနတ်ကော်နရှင်ကြံ့ကြာမှုမရှိစေရန် သုံးစွဲသည့်ဝန်နှင့်ကိုက်
ညီမှုရှိအောင်ပြုလုပ်နေကြောင်း မိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ်ဦးသိန်းဝင်းက
ဆက်လက်ပြောကြာခဲ့သည်။

Myanmar News Now
ကုမ္မဏီများ၏ ပြိုင်ဆိုင်မှု ပရို မိုးရှင်းအပေါ်မှုတည်ပြီးSIMကပ် အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင် ကုမ္မဏီများ၏ ပြိုင်ဆိုင်မှု ပရို မိုးရှင်းအပေါ်မှုတည်ပြီးSIMကပ်    အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင် Reviewed by သစ်ထူးလွင် on 19:07 Rating: 5

35 comments:

Anonymous said...

အဲဒီလို နောက်၃နှစ်အတွင်း ဖြစ်ရင်ဖြစ်.. မဖြစ်ရင် မောင်ရင်တို့ရဲ့ အနာဂတ် မသေချာတော့ဘူး...
အမတ်ကြီး ဦးပေါ်ဦးရဲ့ နောင်အနှစ်၆၀လောက်ဆို ဒီဆင်မဲကြီးက ဆင်ဖြူသေချာပေါက် ဖြစ်မှာပါဆိုတဲ့ ဆင်ခြေမျိုး မဖြစ်ဖို့လည်း လိုပါတယ်...

shwebochokyi said...

မြန်မြန်ကျကောင်းလေပေါ့ဗျာ...ဒီထက်တန်ဖိုးနည်းတဲ့ ဖုန်းကိုစောင့် နေဗျို့ 
၂ သိန်းတန်တောင်မ၀ယ်သေးဘူး

မောင်ဇော် said...

sim card အလကားနီးပါး၇တဲ့ထိစောင့်နေမှာ ဒါပေမဲ့ အချိန်ကတော့ဘယ်တော့လဲမသိဘူး ဘိုးဖွား၇ိပ်သာကျမှလားတော့မသိဘူး

sakarlet said...

အရမ်းကိုပိုလွန်းသွားပြီ....အလကားကတော့ လုံးဝမဖြစ်နိုင်ပါ...တခြားနိုင်ငံတွေမှာ ..လည်းအလကားတော့..မရပါ..ထို့ကြောင့်ချင့်ယုံ ရန်...
ဖုန်းလိုချင်းသောသူများဝမ်းသာစေလိုသောသတင်း
တခုမျှသာဖြစ်နိုင်ကြောင်း

သားငယ်လေး said...

connection လေးလည်း ကောင်းအောင် လုပ်ပေးပါဦးဗျာ... ညဘက် ၁၁ နာရီကျော်ရင် ဖုန်းက ဆက်သွယ်မှု ပြင်ပ။မအားသေးပါရှင် နဲ့ ဖုန်းပိတ်ထားတယ်ပဲ ဖြေနေတာ
ကိုယ့်မျက်စိရှေ့ မှာ ဖုန်းက အကောင်းအတိုင်းရှိနေပြီးတော့... မိသားစု အထင်လွဲခံ၇တာလဲ တဖြည်းဖြည်းနဲ့ များလာပြီ... မျက်စိရှေ့ မှာ ဆက်ပြမှပဲ ယုံတော့တာ...

မောင်ဆင်ကြီး said...

အင်တာနက်ကော်နက်ရှင် ကြန့်ကြာ မှုမရှိစေရန် ဟုတ်လား ...........ပြောတတ်လိုက်တာ နော် ဘယ်တုန်း ကများ အင်တာနက် လိုင်း က ကောင်းခဲ့လို့တုန်း အင်ချုပ်ကြီးရယ် ဟုတ်မှလဲ လုပ်ပါနော် ...

Ko Nyo Khant ( Mdy university.) said...

ခေါ်ယူသတိပေးတာကလည်းသူတို့လူတွေဖြစ်ပါတယ်။ဒါပေမဲ့အဲဒါပြသနာမဟုတ်ပါဘူးဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မှာမူတည်ပါတယ်၊၀ယ်လိုအားကိုအပြည့်အ၀ရောင်းချမပေးဘဲထိန်းချုပ်ရောင်းဝယ်တာကစီးပွာရေးသမားတွေရဲ့လုပ်ရပ်ပါဘဲ။ရန်ကုန်လိုနေရာမျိုးမှာနေရာအနည်းငယ်ဘဲရောင်းချပေးနေတာသဘာဝမကြပါဘူးဘဲအုပ်ကတစ်ရာနှစ်ရာဖြစ်နေပါတယ်။ကာဒ်ရောင်းတဲ့မဗေဒါကလူများလေသဘောကျလေပါဘဲ။တစ်ချို့ကုမ္ပဏီဆိုတောမကြမြို့မကြတဲ့နေရာဒေသတိုင်းမြီု့နယ်တွေမှာခွဲတမ်းရတော့ထိုက်သင့်သလောက်ဘဲရောင်းရပါတယ်။ကိုယ့်ဒေသနဲ့ကိုရောင်းရမှာဆိုတော့ရောင်းမကုန်မှာတောင်စိုးရိမ်ရပါတယ်။

a said...

ဘာအခြေခံအဆောက်အအုံမှမလိုပါဘူး၊ဘာတွေလိမ်နေကြတာလဲ၊မင်းတို့လုပ်ပိုင်ခွင့်လက်ဝါးကြီးအုပ်မထားရင်နိုင်ငံတကာမှာလုပ်သလိုအားလုံးလုပ်သွားကြမှာပဲ၊တကဲ့လူလိမ်တွေပဲ၊အားလုံးပေါင်းစားထားတဲ့၂သိန်းတန်ဖုန်းတွေရသလောက်ရောင်းပြီးမှလုပ်ပေးနိုင်မယ်လို့ရှင်းရှင်းပြောပါ၊၂သိန်းတန်နဲ့အလကားနီးပါးရမဲ့ဟာနဲ့ကို၊(၀ယ်လိုအားရှိသလောက်ရောင်းပေးမယ်)ဆိုတာဘာကိုပြောတာလဲမင်းတို့ပြောသမျှစကားတွေကမင်းတို့အကျင့်မင်းတို့တန်ဖိုးကိုပြနေသလိုပဲ၊။(ဒီဖုန်းပြသနာကနာမည်ကျော်သိန်းစိန်ကစပြီးအစိုးရတဖွဲ့လုံးကလိမ်ကကျစ်မတရားလုပ်ထားတာတွေထဲမှာသိသာမြင်သာဆုံးအကြောင်းအရာပဲ)သူခိုးတွေလိမ်လို့ကိုမပြီးနိုင်ဘူး။

Anonymous said...

နဂိုကတည်းက လက်ဝါးရိုက်အမြတ်ကြီးစားနေတဲ့ကောင်တွေ
အသံကောင်းဟစ်ပြီး ကလေးကွက်တွေ ထလုပ်နေတာ
ဖုန်းဈေးချမပေးတာ ဥပဒေကိုအကြောင်းပြတယ်
ဆက်သွယ်ရေးရဲ့အဓိကရည်ရွယ်ချက်ကဘာလဲ
ပြည်သူလူထု အဆင်ပြေသက်သာချောင်ချိဖို့ဆိုရင်
ပြင်ဆင်ချက်တွေ ချက်ချင်းလုပ်ပေးနိုင်ရမယ်
ယောင်ဝါးဝါး ဝှေ့လည်ကြောင်ပတ်လုပ်နေတာ
တိုက်ပုံဝတ်ပြီး လူကြီးတဲ့
တစ်ကောင်မှ ကျက်သရေမရှိဘူး

ကောင်းစေချင်သူ said...

ခု မလေးမှာဆိုSIM cardက..RM8.50....အထဲမှာက...RM5 က
free ပါသေးတယ် အင်တာနက် ကတော့ ကိုယ့်ဘာသာsetting
လုပ်ရုံပဲ..register လုပ်တာကတော့...မီးနစ်နဲနဲလေးပဲ..10မီးနစ်
လောက်ရှိမယ်ထင်တာပဲ လိုင်းက activate ဖြစ်သွားရော..အဲဒီ
SIM cardကို..broadband stickထဲထည့်လိုက်ရင်..ကွန်ပြူတာနဲ့
အင်တာနက်ကြည့်လို့ရပြီ...

Anonymous said...

အစ်ကိုရေ ဘာလို့ဖုန်းတွေအားလုံးဖွင့်မပေးသေးတာလဲဆိုတာကိုမေးပေးပါဦး
ဗျာ။သီတင်းစာထဲမှာတော့မှာတော့ ဖွင့်ပေးလိုက်ပြီပြောပေမယ့်တစ်ကယ့်လက်တွေ့မှာတော့ ဖွင့်မပေးသေးဘူးဖြစ်နတယ်ဗျာ။ဖုန်းဝယ်ပြီးမှ စိတ်ညစ်နေရတယ်ဗျို့။သူများဖုန်းတွေက ပွင့် ကိုယ့်ဖုန်းက မပွင့်သေးဘူးဖြစ်နေတယ်ဗျာ။

Soe Lwin said...

"SIMကပ်အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင်တယ်”
ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ်ဦးသိန်းဝင်းက
သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

မရှက်ဘူးလား MPT
အာဖရိက ဆင်းရဲပါတယ်ဆိုတဲ့ အီသီယိုးပီးယားမှာ Sim card တစ်ကဒ် ၁ ဒေါ်လာ၊ လာအို၊ ကမ္ဘောဒီးယား ၁ ဒေါ်လာဝန်းကျင်။
မြန်မာနိုင်ငံမှာသံယံဇာတ ထွက်သမျှရောင်းစားကျ၊ မကျေနပ်ကျသေး၊ ဆင်းရဲဆုံးနိုင်ငံတွေကလူတွေရတဲ့ အခွင့်အရေးတောင် ငါတို့ကိုမပေးချင်၊ ငါတို့ခံစားခွင့်ကို ဓါးပြတိုက်တာ။ လူထုရဲ့ မျှော်လင့်ချက်ကို နဲနဲမှမစဉ်းစား၊
MPT ရေ ကျေးဇူးတင်ကခံချင်သေး၊ ရှက်ဖို့ကောင်းလိုက်တာ

eieinaing said...

မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနဟာ မရှိသင့်တဲ့ဋ္ဌာနပါ။ တခြားနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိသိကြီးနဲ့ လိမ်နေကြတာ ရှက်သင့်ပါတယ်။
ဘန်ကောက်၊ စင်္ကာပူ ဆိုတာ ရန်ကုန်နဲ့ ဥဒဟို သွားလာနေကြပါပြီ။ ပြည်သူတွေအကုန်သိပါတယ်။ လိမ်နေတာလဲသိပါတယ်။ 2015 အတွက်ကြိုတင်ပြီး ဘုရားများများရှိခိုးထားကြပါ။ ကြံဖွတ် ဆက်သွယ်ရေး ၀န်ကြီးနဲ့ ဆက်သွယ်ရေးလူကြီးမင်းများ ခင်ဗျာ ......

Anonymous said...

စကားလက် ပြောသလို.... စင်မ်ကဒ်ကို အလကားပေးတာတော့ မဟုတ်ပါ။ ဒါပေမယ့် ကုမဏီတွေက အပြိုင်အဆိုင် ပရိုမိုးရှင်းလုပ်ကြတော့ သူတို့ရဲ့ စင်မ်ကို သုံးရင် တံဆိပ်တူတဲ့ စင်မ်အချင်းချင်း ဖုန်း၁၀လုံးထိ အလကားပြောလို့ရတယ်။ ပြည်ပကို အချိန်ဘယ်လောက် အခမဲ့ပေးတယ်။ ပြည်တွင်းကို ဘယ်လောက်ပေးတယ်.. စသဖြင့် အပြိုင်အဆိုင်ဖရီးတွေ ပေးပြီး ပရိုမိုးရှင်းပေးကြတော့ ၀ယ်ရင်းဈေးကို ပြန်တွက်ကြည့်ရင် ဖုန်းခေါ်ဆိုခအပေါ်မှာပဲ ပရီပိတ်ဒ် အနေနဲ့ ကျသင့်ငွေယူပြီးတော့ စင်မ်ကဒ်ကို အလကားရသလို ဖြစ်သွားတာပါ။ ဥပမာ စင်ကာပူမှာ .. စင်ကာပူ၁၈ဒေါ်လာ ကျသင့်တဲ့စင်မ်ကဒ်တစ်ခုမှာ ကဒ်အတွက် ၈ဒေါ်လာ၊ ဖုန်းခေါ်ဆိုမှုအတွက် ကြိုတင်ကောက်ခံငွေ ၁၀ဒေါ်လာလို့ သတ်မှတ်တယ်။ ဒါပေမယ့် သူတို့မှာ အပြိုင်အဆိုင်လုပ်ကြတဲ့ ကုမဏီကြီး ၃ခုက နည်းအမျိုးမျိုးနဲ့ ပရိုမိုးရှင်းတွေ လုပ်ကြတော့ အလကားရတဲ့ ခေါ်ဆိုမှုတွေကို ငွေတန်ဖိုးနဲ့တွက်လိုက်ရင် စင်မ်ကဒ်က အလကားရသလို ဖြစ်သွားတာမျိုးပါ..

minsoeaung said...

ဆင်းကဒ်အလကားမလိုချင်ဘူး။၅၀၀၀ ကျပ်တော့ပေး
ဝယ်နိုင်ပါတယ်ဗျာ။ အလကား ကောင်တွေများမှတ်နေ
လား။မသိဘူး။
ပိုက်ဆံပေးဝယ်နိုင်တယ်နော်။မတန်သေးလို့စောင့်နေ
တာဗျ။ ဟဲ ဟဲ မြန်မြန်လုပ်ကြပါ။ဟမ်းဖုန်းနဲ့
မှတ်ချက်တွေပေးချင်လှဘီ။ လက်ယားလိုက်တာ ။

linn said...

England မှာတော့ sim card အလကားပေးရုံမက ဖုန်းအခွံ(handset)ကိုတောင် သူ့လိုင်းကလွဲပြီး တစ်ခြားကုမ္ပဏီက ကဒ်နဲ့ တွဲသုံးလို့မရအောင် locked လုပ်ထားတဲ့ဖုန်းဆို heavy discount ချပေးသေးတာပါ။အရမ်းတန်ပါတယ်။ သူ့ဖုန်းကဒ်ကိုသုံးစေချင်လို့ပါ။ ပြီးတော့ ကုမ္ပဏီတစ်ခုထဲ လိုင်းတူတူဆို fee unlimited call ပေးတတ်ပါသေးတယ်။ သူ့ လိုင်းကိုလူသုံးများအောင် ဆွဲဆောင်တာပါ။ ခေါ်ခက ဈေးကြီးပါတယ်။ ကျွန်တော်သုံးတဲ့ O2 pay as you go က တစ်မိနစ် ၂၅ pence (မြန်မာငွေ ၃၀၀)လောက်)ကျပါတယ်။ တစ်နေ့ကို သုံးမိနစ်ကျော် (၇၅ pence ကျော်ရင်အောင်သုံးပြီးရင်) တစ်မိနစ်ကို ၄ pence (မြန်မာငွေ ၅၀)လောက်ဖြစ်သွားပါတယ်ပါတယ်။ လိုင်းကိုအလကားပေးပြီး ခေါ်ခမှာစားတာပါ။ အရှုံးခံတာတော့ မဟုတ်ဘူးပေါ့။ သေနတ်အလကားပေးပြီး ကျည်ဆံရောင်းစားသလိုပေါ့ဗျာ။ မြန်မာပြည်ဖြစ်နေတဲ့ ပြဿနာက မြန်မာ့ဆက်သွယ်ရေးက monopoly ဖြစ်နေပြီး အပြိုင်မရှိတော့ သူ့ကြိုက်ဈေးပေးဝယ်နေရတာပေါ့။ ( ရောင်းသူ့ဈေးကွက်)အခု နှစ်သိန်းဖုန်းတောင်လုဝယ်နေကြလို့ အပြင်မှာဈေးတက်သွားတယ်ဆိုပဲ။ နောက်ကို ပွင့်လာရင် လွှတ်တော်မှာ ဆက်သွယ်ရေးနဲ့ပက်သက်လို့ ဥပဒေပြင်ပြီး နိုင်ငံခြားကုမ္ပဏီတွေကို (မြန်မာ့ဆက်သွယ်ရေးနဲ့ တွဲပြီးဖြစ်ဖြစ်) အပြိုင်အဆိုင် လုပ်ခွင့်ပေးလိုက်ရင် အပြိုင်လုပ်တာနဲ့ (၀ယ်သူ့ဈေးကွက်ဖြစ်ပြီး )ဈေးကျလာမယ်။ နောက်ဆုံး အလကားပေးရတာမျိုးဖြစ်လာမှာပါ။ ဗေဒင်ဟောတာမဟုတ်ပါ။ သူများနိုင်ငံတွေမှာ အဲလိုဖြစ်ခဲ့တာကြောင့် ( နောက်ကလိုက်နေတဲ့) မြန်မာပြည်မှာလည်းအဲသည်အတိုင်းဖြစ်လာမယ်လို့ ပြောတာပါ။ လွှတ်တော်သာကောင်းရင် အလုပ်ဖြစ်ရင် နောက် ၂ နှစ်လောက်မှာ ဖုန်းကဒ်တွေ ၂ သောင်းလောက်နဲ့ ရနိုင်ပါတယ်။ အလျင်မလိုရင် စောင့်ကြည့်ကြပါလား။ :)

Anonymous said...

သမ္မတကြီးကိုယ်တိုင်တောင် အိတ်ဖေါင်းမယ်.ကိစ္စ ဆို စိတ်ပြောင်းပြီး သိန်းချီ ဆင်းကဒ်တွေ ပေးေ၇ာင်းတယ် ၊ သိက္ခာမထိန်းနှိုင်တော. ၊ ရိုးသားပြီး တိုင်းပြည်တကယ်ချစ်တဲ. သမ္မတ အစားထိုးဖို.လိုလာပြီ ။

super said...

ယခင် ၁၅ သိန်းဖုန်းတွေကို ကျေနပ် မျှတအောင်ပြန် လုပ် ပေးသင်.တယ် နာမည်ပေါက် မဟုတ်တဲ့သူဆို 2005 က 28သိန်းတောင်ပေးကိုင်၇တယ်MPT လုပ်ကွက်ကသိသာပါတယ်ပြည်သူကိုပြန်ကြည်.ပေးသင်.ပါတယ်နစ်နာမှု.များပါတယ်

Myo Thaw said...

ထိုင်းနိုင်ငံမှာဆို ဆင်းကဒ်တစ်ခုမှ ၅၀ဘတ် ကဒ်ထဲတွင် ငွေ ၃၀ဘတ်ပါသေးတယ် ... တကယ်လို့ ဖုန်းဆိုင်တွေမှာ ဖုန်းဝယ်ရင် အလကာပေးသလို .. နေ့ကြီးရက်မြတ်တွေမှာလည်း ပရိုမိုးရှင်ဆိုပြီး အလကားပေးဝေတယ် .. ကျနော်တို့နိုင်ငံမှာလည်း အဲလိုမှာဖြစ်လာခဲ့ရင် အရမ်းကောင်းမှာဘဲ ....

Anonymous said...

7-4-2012 နေ့ က Malaysian Airline နဲ့ KL ကနေ
ဘန်ကောက်ကိုရောက်တော့၊ လေယာဉ်ပေါ်ကဆင်းဆင်းချင်း၊ခရီးသည်တိုင်း
ကို၊GSM SIM CARD တစ်ခုစီအလကားဝေပေးတယ်၊ SIM CARD ထဲမှာ၊
7-BAHT CREDIT ပါသေးတယ်။လေဆိပ်အပြင်ရောက်တော့၊ 90-BAHT
ဖိုး TOP UP လုပ်လိုက်တာ၊ ဘန်ကောက်မှာနေခဲ့တဲ့၊ ၇=ရက်လုံးသုံးရောပဲ။
SIM CARD တန်ဖိုးက၊ စာဖွဲ့ လောက်အောင်တန်ဖိုးမရှိပါဘူး၊ MOBILE
NETWORK အတွက်၊ရင်းနှီးမြှပ်နှံထားတဲ့ငွေတွေအတွက် SIM CARD ကို သိန်းချီတဲ့ဈေးနဲ့ ရောင်းပြီးချက်ချင်းပြန်ယူတာနဲ့ ၊CALL CHARGE တွေနဲ့
ရေရှည်ပြန်ယူတာပဲကွာတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံပြီး၊အမြတ်နည်းနည်းနဲ့ ရေရှည်စီးပွားရှာတာမျိုးမဟုတ်ကြဘူး။ ဒီလိုလုပ်ကိုင်နည်းတွေနဲ့ နိုင်ငံခြား
ကုမ္မဏီတွေဝင်လာရင်၊ တိုင်းရင်းသားလုပ်ငန်းရှင်ဆိုတဲ့ CRONY တွေကို စကားထဲထည့်မပြောနဲ့ ဦး၊ အစိုးရအနေနဲ့ တောင်ယှဉ်ပြီးလုပ်နိုင်မှာ မဟုတ်ဘူး၊အဲဒိအခါကျတော့နိုင်ငံတော်ဆိုတဲ့သူတွေက၊FDI တွေအလုပ်လုပ်လို့ မရအောင် ညစ်နည်းမျိုးစုံနဲ့ ညစ်ပတ်ကြဦးမယ်။ INTERNATIONAL MARKET TREND တွေလဲ၊လေ့လာကြပါဦး၊ ဒီကိစ္စမျိုးမှာ MPT ရဲ့
BUSINESS DEVELOPMENT DIRECTOR ဆိုတဲ့သူမျိုးကပြောဆို လုပ်ကိုင်ရမှာပါ၊ CE ဆိုတာ၊ TECHNICIAN သာဖြစ်ပြီး၊ BUSINESS
STRATEGY ကို အထူးပြုသင်ကြားတတ်မြောက်ထားသူမျိုးမဟုတ်ပါ။
နိုင်ငံပိုင်စီးပွာရေးအဖွဲ့ အစည်းတွေမှာ ရာထူးတစ်နေရာရပြီးရင်၊အကုန်တတ်
တယ်ဆိုတဲ့အယူအဆမျိုးတွေမရှိသင့်တော့ပါဘူး။
JACK OF ALL TRADES BUT MASTER OF NONE ဆိုတဲ့လူမျိုးတွေ
နဲ့ တော့ဘာမှဖြစ်လာမှာမဟုတ်ပါ။ ဒုံရင်းအတိုင်းသွားနေဦးမှာပဲ။

သူ၇ိယ said...

MPT + Co;၂၃ခု ကလူတွေက 5000kS နဲ့လုပ်ပေးမယ်ဆိုတဲ့လူတွေကို“ကဲ..ဘယ်နဲ့၇ှိစ”တဲ့..
၂သိန်းဆိုလဲ..အလုအယက်ဘဲ...တဲ့..
2L X 1.5M = 300000,000000...သန်းပေါင်းသုံးသိန်း
ဒီတချီ...ဒီလောက်လေးပါဘဲ..တဲ့..

hoh said...

အရူးချီးပန်းတွေ လျှောက်လျှောက်ပြောကြ၊ ပြီးရင်တောင်းပန်ကြ၊ ပလိပ်မှာဆို နှစ်သိန်းဖုန်းတွေ ၀ယ်ပြီးပြောမရဖြစ်နေတာ၊ အားလဲနာကြပါအုန်း၊ ငွေနှစ်သိန်းရှာရတာ သမာအာဇီဝနဲ့ မနဲရှာရတာ

အမေချစ် said...

ဆက်သွယ်ရေးကကောင်တွေ အကုန်သူခိုးတွေ။ သူတို့ရဖို့ ခိုးဖို့ပဲကြည့်တာ။ ဘာပြောပြောမယုံကြပါနဲ့။ အရင်၁၅သိန်းနဲ့ ရောင်းထားတဲ့ဖုန်းတွေ prepaid လုပ်ပေးဖို့ကို ဟိုဟာအကြောင်းပြ။ဒီဟာအကြောင်းပြ နဲ့ အချိန်ဆွဲပြီး ခိုးလို့ရသလောက်ခိုးနေကြတာ။ ပြီးတော့ ၁စက်ကန့်လွန်တာနဲ့ ၅၀ယူတယ်။ prepaid လုပ်ပေးဖို့ကို yes ပို့ရမယ်တဲ့။ yes မပို့တော့ prepaid လုပ်လို့မရတော့ဘူးလား။ လုံးဝ လုံးဝ meaningless ပါပဲ။ပြည်သူ့ငွေ ခိုးတဲ့ ဆက်သွယ်ရေးကကောင်တွေ သွေးပွက်ပွက်အံပြီးသေပါစေ။

aung said...

ငတေ နဲ့  ငဇော် မရှိရင်အားလုံးအဆင်ပြေသွားမှာပါ။။။။။။။

aung11 said...

လာသေးတယ်။

minkhanthtay said...

စစ်ဖြစ်နေတဲ့ နုင်ငံတွေ အဆင်ရဲဆိုတဲ့ နိုင်ငံတွေ အဲဒိနိုင်ငံတွေတောင် ကိုယ့်ထက် အများကြီးသာတယ် ဥပမာ ဘင်္ဂလာဒေ့လို့နိင်ငံတောင် ကိုယ်ထက်အများကြီးသာတယ် ကျွန်တော်တို့ မလေးရှာကနေ မြန်မာပြည်ကို ဖုန်းဆက်ရင် ဘယ်လိုင်းကဆက်ဆက် သူများထက် 50 ရာခိုင်နှုန်းပိုပေရတယ် အဲဒါဘယ်လို အကြောင်းကြောင့် ဖြစ်ရတယ်ဆိုတာ အကျိုးကြောင်း ခိုင်လုံစွာနဲ့ ဆက်သွယ်ရးဝန်းကြီးဌာနက ပြောပြပေးပါလား နားထောင်ချင်လို့ပါ။ ဘယ်နိင်ငံမှ မခံစားနေရတဲ့အခြေနေကို ကျွန်တော်တို့ နိုင်ငံသားတွေ ဘာကြောင့်ခံစားနေရပါသလဲနော်

shingyi said...

commentအားလုံးဖတ်ပြီးတော်တော်သုတနဲ့ပြည့်လို့ကျေနပ်
မိပါသည်။MTE ပတ်သက်သူသိ၇မှာနောင်တခေတ်၇ဲ့သား
ကောင်းသမီးကောင်းတွေကိုလိမ်လို့မ၇ဘူးခုသဘောပေါက်၇မှာ
ကအာဏာနဲ့လက်ဝါးကြီးအုပ်ထားတာကိုပြင်တော့မယ်ပေါ့
ကိုယ်သမိုင်ကိုယ်ကောင်းအောင်ေ၇းခဲ့ကြပေတော့။

098655924 said...

ဘယ်လိုပဲ တောင့်ခံထားပါစေ ဈေးကွက်ရဲ့တောင်းဆိုမှု ခေတ်စနစ်ရဲ့တောင်းဆိုမှုကြောင့် အခု ၂သိန်းနဲ့ကုန်အောင်ရောင်းရင်ရောင်းမရောင်ရင်တော့ မင်းတို့ ငတ်ပြီ ဒီမိုကရေစီနဲ့အတူပါလာမယ့် ဆက်သွယ်ရေးစနစ်ဟာ မင်းတို့လိုအမြတ်ကြီးစားတဲ့သူတွေအတွက် သေမင်းတမန်ဖြစ်လာလိမ့်မယ်

ဒီမိုခရေဇီ said...

တကယ်က ဒီသတင်းဖတ်ရင် စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမှုကို ခံစားရမယ့်ကိစ္စပါ ...။ ဒါပေမယ့် မပျော်ပါဘူး ...။ ဘာလို့လဲဆိုတော့ ကဒ်တန်ဖိုးတွေကို တဖြည်းဖြည်းချင်းလျှော့ချသွားမယ်ဆိုတာကြီးက ခုနေလို့ပဲ။ အချိန်ကန့်သတ်ချက် အတိအကျမပါဘူး ...။ သူတို့ရဲ့ သန်း ၃၀ စီမံကိန်းအကောင်အထည်ပေါ်ပြီးတဲ့အထိများသာဆိုရင် ကျွန်တော်တို့ရဲ့ သားသမီးတွေခေတ်မှာတောင် ၅၀၀၀ တန် SIM Card တွေ သုံးရဦးမယ် မထင် ...။ ဘယ်အချိန်လောက်ဆိုရင် ၅၀၀၀ တန်ဖုန်းတွေကို သုံးနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်ဆိုတဲ့ သတင်းလေးများရရင် အမြန်ကြားချင်လိုက်ပါဘိ ...။

sainyi said...

မြန်မာ့ဆက်သွယ်ေ၇းအပါအ၀င် ကုမ်ပဏီ ၂၃ ခုက ဖုန်းအလုံးေ၇းတစ်သန်းခွဲကျော်ေ၇ာင်းချနေတယ်လို့ ပြောပါတယ် အဲကုမ်ပဏီတွေဟာဘယ်သူတွေလဲသိချင်ပါတယ် ကြံခိုင်းေ၇းပါတီအဖွဲ့ ဝင်တွေထဲကစစ်အေ၇ာင်ပြောင်းထားတဲ့ ခွေးတွေမို့ လားကွ မြန်မာပြည်သူတွေကို မျိုးမျိုးဒုက္ခပေးနေတဲ့ ကောင်တွေ ငါးထောင်နဲ့ ချပေးမယ့်သူရှိတာတောင်လက်မခံနိုင်တဲ့ ကောင်းတွေ ပြည်သူတွေကောင်းစားေ၇းလို့ ပါးစပ်ကတဖွဖွပြောနေတယ်ဘာလုပ်ပေးလို လဲခွေးမျိုးတွေ

Anonymous said...

မြန်မာလူမျိုးက လိုအပ်လို့ဝယ်တာထက် ကြွားခြင်လို့ဝယ်တာ၊ စတိုင်လုပ်ခြင်လိုဝယ်တာ စတာတွေကပိုများတယ်ဗျ။ ဘူဖေးကျွေးရင်တောင် လုစား တဲ့လူမျိုးလေ။ ပြည်သူတွေဆီက သိန်း သုံးဆယ်ကျော်လောက်ကစပြီး တဆင့်ခြင်းစားလာတာ အခုဆို နှစ်သိန်းရောက်ပြီ။ အလကားရမှ ယူကြပါဗျာ။

net said...

ပြည်သူကို အရှုးမ လုပ်ပါတော့နဲ့နော်

Anonymous said...

ရတော့မှာပါ

cherish said...

ဒီအသက်ဒီအရွယ်ရောက်နေပြီ စကားကို ပေါက်လွတ်ပဲစား လျှောက်ပြောတုန်း။ ဒီရာထူးနဲ့ဆို SIM card အလကားရနိုင်တယ်ဆိုလဲ ကာလအကန့်အသတ်လေးတော့ ထည့်ပြောအုံးမှပေါ့။

p@!Thu said...

SIMကပ်အလာကားရနိုင်တယ်မပြေားနဲကျွန်တော်တို့နယ်ကထောင်ထားတဲ့ဖုန်းတိုင်ကိုသာမြန်မြန်သုံးနိုင်အောင်လုပ်ပေးပါဗျား........

Powered by Blogger.