မြစ်ကြီးနားမှာ ဗုံးပေါက်ကွဲပြန်

မန္တလေး မြစ်ကြီးနား ၃၃ အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျတ်ဆီးခံရစဉ်
မြစ်ကြီးနား၊ မေလ ၅ ရက်နေ့၊ နံနက် ၉နာရီ၊၂၀၁၂၊ ဆိုင်းဆွတ်

ယနေ့နံနက် ၆နာရီခွဲနှင့် ၇နာရီက မြစ်ကြီးနားမြို့ အေဒင်အမှိုက်ပုံ လမ်းကူးတံတားအနီး ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ရာ လုံခြုံရေး ကင်းတပ်သား ၂ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ပထမပေါက်ကွဲသည့် ဗုံးတွင် ဒဏ်ရာရခြင်းမရှိသော်လည်း ပေါက်ကွဲသည့်နေရာတွင် လုံခြုံရေး ကင်းတပ်သားများက သွားရောက်ကြည့်ရှုနေစဉ် ဒုတိယမြောက် ဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသူ ၂ ဦးအနက် တဦးမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု ဆေးရုံမှ ရရှိသည့် သတင်းအရ သိရသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့် လ သင်္ကြန်ကာလတွင် မြို့အထွက် ရထားသံလမ်းအနီး ဗုံးတလုံးပေါက်ကွဲခဲ့သကဲ့သို့ ယခင်သီတင်းပတ်ကလည်း ဆေးရုံကြီးအနီးလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ဗုံးကွဲမှုများမှာ မည်သည့် အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ 
 YPI- Yangon Press International
မြစ်ကြီးနားမှာ ဗုံးပေါက်ကွဲပြန် မြစ်ကြီးနားမှာ ဗုံးပေါက်ကွဲပြန် Reviewed by သစ်ထူးလွင် on 18:34 Rating: 5

7 comments:

oaksoe said...

မကျေနပ်လို့ချကြတာရှေ့တန်းမှာဘဲချကြပါ...အပြစ်မဲ့ပြည်သူတွေမထိခိုက်စေ
ချင်ဘူးဗျာ....

လွတ်လပ်ရေးကောင်းကင် said...

သတ္တမရှိတဲ့ လုပ်ရပ်ပါ ၊ ဘယ်သူပဲ ဖေါက်ဖေါက် ပြည်သူတွေကို ပစ်မှတ်မထားသင့်ပါ ။ ဆန့်ကျင်ရှုပ်ချပါတယ် ။

Anonymous said...

စိတ်ကောင်းပါဘူးဗျာ

shingyi said...

စိတ်ယုတ်မာသူများသာဒီလိုလုပ်ကြသည်။ဘယ်သူဖြစ်မလဲ၊ဒီကောင်တွေပါဘဲ။

ရာရာ said...

တစ်လျောက်လုံး ကောင်းတာတစ်ခုမှမလုပ်ခဲ့တဲ့ ကေအိုင်အေဆိုတဲ့ လူ့အတ္တတွေကို လူမျိုးပြုတ်သုတ်သင်ရေး ဆိုတာနဲ့ပဲတန်တယ်။ ကေအိုင်အေ အမြန်ကျဆုံးပါစေ..။

greenlover said...

ဗုံးတွေမြို့ပေါ်တွေမှာလိုက်ခွဲနေတာကကြောက်ချီးပန်းနေတဲ့တပ်မတော်သားတွေ အများပြည်သူနေထိုင်တဲ့မြို့ရွာတွေမှာမိုင်းလိုက်ထောင်ပြီးလုံခြုံမှုမရှိပါဘူးဆိုမြို့ပေါ်မှာတာဝန်ချခံထားရတော့ရှေ့တန်းသွားစရာမလိုတော့ဘူးပေါ့ အများပြည်သူထင်ရောင်ထင်မှားဖြစ်အောင်လုပ်တတ်တဲ့ဗမာစစ်သားတွေရဲ့အကျင့်ဆိုးကြီးကိုမသိဘူးမှတ်နေလားအာဏာသိမ်းပြီးကသည်းကခုဆိုဘယ်နှစ်နှစ်ရှိပြီလဲအံတိုနေပြီနော မင်းတို့နေတိုင်းရှိခိုးနေတဲ့ဘုန်းတော်ကြီးတွေကိုသတ်တဲ့ဗမာစစ်သားတွေကိုကောင်းတယ်ထင်နေကြလား
KIA ကိုလူမျိုးပြုတ်သုတ်သင်ဆိုတဲ့ကောင် လေးခွတောင်ပြစ်ဖူးလားမေလိုက်အုံးမယ်

MI 35 said...

@greenlover ၁၆ နှစ်လောက် ငြိမ်းချမ်းရေးပေးထားလို့ ထောင်လာတဲ့ KIA ကများ၊ မင်းတို့လိုချင်တာကဘာလဲ? ကချင်နိုင်ငံထူထောင်ရေးလား? ဖက်ဒရယ်မူလား? နိုင်ငံရေးလိုလားချက်တွေ ကိုအစိုးရနဲ့ ဆွေးနွေး ငြိမ်းချမ်းရေးယူ၊၊ ပြည်ထောင်စုဖြိုခွဲမယ်ဆိုရင် တပ်မတော်ရဲ့ အဓိကတာဝန်ကို စိန်ခေါ်တာဖြစ်တဲ့အတွက်၊ အမျိုးပြုတ်သတ်သင့်ရင်လဲ သတ်ရမှာပဲ။
ရေရှည်စစ်မှာ တရုတ်က မင်းတို့ကို Supply လုပ်မယ်ထင်လား? စစ်အစိုးရလက်ထက်ကတည်းက Economic Shield လို့ခေါ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တရုတ်နိုင်ငံကိုသွယ်တန်းရေး လုပ်နေပြီ..တရုတ်ကပါးပါးလေးပါ၊ သူတို့အကျိုးစီးပွားထိခိုက်မဲ့ ကိတ်စ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာသိတယ်။
အစိုးရတပ်တွေက KIA တွေကိုလိုက်ရှာပြီး တိုက်စရာမလိုဘူး၊ ဖြတ် ၄ ဖြတ် ပိတ်ဆို့ထားလိုက်ရင်၊ KIA တွေသူ့အလိုအလို (စားစရာမရှိ၊ ရှုံးခါနီး) ငြိမ်းချမ်းရေးဆွေးနွေးလာလိမ့်မယ် .. ;)

Powered by Blogger.