သမတ အကြံပေး ကိုကိုလှိုင့် ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ

သမတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင် အကြောင်း စပြီးပြောပြဖို့ ဖေါ်ပြဖို့ လိုပါပြီ။ ဒီ နိုင်ငံရေးအကြံ ပေးအဖွဲ့ ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့မှာပါ။ နိုင်ငံတကာ ရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတဦးဆိုတာကို။
တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာ သုတေသီ လိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေ ဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေး ၀န်ကြီး ကျော်ဆန်း လက်အောက်မှာ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ဝါဒဖြန့် ချိရေးခြေလှမ်းတခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တ ဦးပါ။ ကိုကိုလှိုင် တို့ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။
ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင် နာမည်အမျိုးမျိုးနဲ့ ဆောင်းပါးတွေရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။
သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့ နွယ်သာကီဂျာနယ်စာစောင်တွေကို ထုတ် နေချိန်မှာ တဘက်ကလည်း ကိုကိုလှိုင်တို့က ဒီ Northen Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေ အကြီး စား ကိုကိုလှိုင်တို့ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ဆောင်းပါးတွေ ကို ရေးသားခဲ့ကြတယ်။
နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့ကလောင်အမည်ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင်(မြင်းမူ) နဲ့ လှိုင် အောင် ဆိုတဲ့အမည်တွေက အများဆုံး အမည်ခံရေးသားပါတယ်။
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဝင်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခကြုံနေစဉ်အတွင်းမှာ နအဖရဲ့ဝါဒဖြန့်ချိရေးသတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတပုဒ်ကြောင့် ဖတ်ရသူ သိရ သူတိုင်း ဒေါသအမျက်မျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တခုကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ထုတ် နအဖရဲ့ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်”ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့ နာဂစ်မုန်တိုင်းကြီးကို ကျေးဇူး တင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြား စွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှ တာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ရဲ့ နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကောင်းဖို့အတွက် အလိမ် အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်း အလှူ ပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား၊ ဖားရှာစားဖို့ကို ပြောဆိုရေးသားထားတာကတော့ အလွန်ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သား မုန်တိုင်းဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန် စွာနဲ့ ပေးပို့လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာ ရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက်ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာ တရား ခေါင်းပါးစွာနဲ့ ဒီဆောင်းပါရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်း ဆောင် “ကိုကိုလှိုင်” ပဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။
ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင် အမည်ခံ လူယုတ်မာ ကိုကိုလှိုင် ရဲ့ ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
ဆောင်းပါးရှင် လှိုင်အောင် က “လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ် လေဘေးဒုက္ခသည်တွေဟာ” နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်” …. ဒါ့ အပြင်
“ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်း အိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ် နာဂစ်မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း”
ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင် ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဘူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့တုတ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေအလောင်းတွေကြားထဲ နှစ်သတ်ပြီး သူ့ကို ငါးစာ ဖားစာ လုပ်ပစ်ချင်လောက်တဲ့ထိ အများပြည်သူတွေ ဒေါသထွက်ကြရပါတယ်။
ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင် ကတော့ အာဏာရူး သန်းရွှေ တို့ရဲ့လက်ပါးစေအကြီးစား ယခု သိန်းစိန် ရဲ့ နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်နေတဲ့ ကိုကိုလှိုင် ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့ ဒီ လူယုတ်မာ ကိုကို လှိုင် ကို ငါးစာ ဖားစာကျွေးဖို့ ဆောင်ရွက်ကြဖို့ပဲ လိုပါတော့တယ်။
ယခုလည်း မြန်မာပြည်သူပြည်သားတွေ မီးမလာလို့ အမှောင်ထဲမှာ နေ့စဉ် နေထိုင်နေရတဲ့ဘ၀၊ ရေမရှိလို့ ရေငတ်ဒဏ်ကို ခံစားနေကြရတဲ့ ဘ၀တွေကို ကိုယ်ချင်းမစာသူတွေထဲမှာ ကိုကိုလှိုင် လည်း ထိပ်ဆုံးထဲက တယောက်ဖြစ်နေပြန်ပါပြီမို့ ကိုကိုလှိုင်ကို ပြည်သူ့ပေးတဲ့ အပြစ်ဒဏ်ခံစေဖို့သာ ရှိပါတော့တယ်။
ဒီ လူယုတ်မာ ကိုကိုလှိုင် က သမတ အကြံပေးတက်လုပ်နေပြီး လျှပ်စစ်မီးမလာလို့ ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြံ ပေးတဲ့ စကားတဲ့ “ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျနော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ် ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။” လို့ ပြောသွားပါတယ်။ ဒီနေ့ နိုင်ငံတော် သမတ အကြံပေးအဖွဲ့ရုံးခန်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
လျှပ်စစ်မီးထုတ်လုပ်တယ်ဆိုတာ ရေလာမှာ ဖြစ်တာလားဆိုတာနဲ့၊ အခုမှ လျှပ်စစ်မီးက မလာတာလား၊ အခုမလာတဲ့ ရေ ကြောင့် မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာလားဆိုတာတွေကို မေးမြန်းလိုပါတယ်။
ပြည်သူအပေါ်မှာ စာနာတရား လုံးဝမရှိတဲ့ ကိုကိုလှိုင် ရဲ့ ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည်သူ့မျက်နှာကို ငဲ့ ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင် ရဲ့ ပါးစပ်ကထွက်ဆိုရဲတဲ့စကားတွေကို လက်ခံကြတဲ့သူတွေ အကြံပေးတဲ့သူရော အကြံ ယူတဲ့ရော အတူတူနဲ့အနူနူကြီးပဲလို့ ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်ရပါတယ်။

နစ်နေမန်း  (နေ့ သစ်)
သမတ အကြံပေး ကိုကိုလှိုင့် ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ သမတ အကြံပေး ကိုကိုလှိုင့် ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ Reviewed by သစ်ထူးလွင် on 07:08 Rating: 5

212 comments:

«Oldest   ‹Older   201 – 212 of 212
naughty boy said...

dedicated to bobonav -
နိုင်ငံရေးသမား ဆိုတာနဲ့ အဖျက်သမားလို ပြောနေတဲ့လူတွေဟာ စစ်အစိုးရရဲ့ ရိုက်သွင်းတာကို ခံထားရတဲ့လူတွေဆိုတာ အလွန်သိသာတယ်။
ဗမာပြည် လွတ်လပ်ရေးရလာတာ နိုင်ငံရေးနည်းလမ်းနဲ့ ရလာတယ်ဆိုတာ မေ့နေဟန်တူတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးနည်းလမ်းနဲ့ လွတ်လပ်ရေးရယူခဲ့တာဖြစ်တယ်။ ဦးသန့်ဟာလည်း နိုင်ငံရေးလုပ်ပြီး ကမ္ဘာ့ခေါင်းဆောင် ဖြစ်ခဲ့တာ။
လက်ရှိသမ္မတ ဦးသိန်းစိန်လုပ်နေတာ နိုင်ငံရေးပဲ။ နိုင်ငံရေးသမားပဲ။
အဖျက်အမှောင့်တွေ ဆူပူအောင်လုပ်သူတွေ ဒါတွေဟာ နိုင်ငံရေးအနှောက်အယှက်သမားတွေလို့ခေါ်တယ်။ ပါတီနိုင်ငံရေးလည်းမဟုတ်ဘူး။ လူထု နိုင်ငံရေးလည်း မဟုတ်ဘူး။ ဒါတွေကို ရောထွေး မမြင်စေချင်ဘူး။
နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ နိုင်ငံရေးသမားတွေပဲ။
စစ်တပ်ကလူတွေက ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ သူတို့က နိုင်ငံရေးဝင်လုပ် တကယ့် နိုင်ငံရေးသမားတွေကိုတော့ အဖျက်သမား၊ ကန့်လန့်သမားတွေလို့ အမြင်ဖြစ်နေအောင်ကို လူတွေကို ရိုက်သွင်းလှုံ့ဆော်ထားခဲ့တာ၊ အခုတော်တော်များများက အထူးသဖြင့် စစ်တပ်အသိုင်းအ၀ိုင်းက နိုင်ငံရေးသမား ဆိုတာနဲ့ လူဆိုးလို့ကို အမြင်ပေါက်နေအောင် ဦးသန်းရွှေ စနစ်တကျ ရိုက်သွင်းခဲ့တာ။
အခုထိ လုပ်လာသမျှ အရှုံးဆိုတာ လုံးဝ မဟုတ်ဘူး။
အရင်လူတွေ အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့တဲ့ အကျိုးရလာဒ်ကို ဒီနေ့ အနည်းအကျဉ်း ခံစားနေရတာ။
အဖမ်းအဆီးခံ၊ အနှိပ်စက်ခံ၊ ဘ၀အပျက်ခံပြီး စစ်အာဏာရှင်ကို အံတုပြီး ဒီမိုကရေစီ အော်ခဲ့လို့ ဒီနေ့ ဒီအခြေအနေဖြစ်လာရတာ။ ကျေးဇူးမကန်းသင့်ဘူး။
အရင်လူတွေသာ သူရဲဘောကြောင်ပြီး ငြိမ်နေခဲ့ရင် မင်းအဘဦးသန်းရွှေက မြောက်ကိုရီးယားလို၊ ပဒေသရာဇ် ရှင်ဘုရင်ခေတ်လို သားစဉ်မြေးဆက် အာဏာကို သေတောင်မစွန့်ဘူးဆိုတာ နားလည်ထားပါ။ အခုလည်း သိပ်ပြီးစိတ်ကောင်းဝင်လာလို့ မဟုတ်ဘူး။ သူ့မိသားစု အနာဂတ် လုံခြုံစိတ်ချရဖို့ အကောင်းဆုံးနည်းလမ်းကို ကြံဆသွားတာပဲ။
အရှေ့က လူတွေရဲ့ကျေးဇူးကို မသိတတ်ရင်တောင် ဆော်ကားတဲ့စကားတွေ မပြောပါနဲ့။
နိုင်ငံအရေးအရာကို လုပ်နေသူတိုင်း နိုင်ငံရေးသမားတွေပဲ။
ကြံ့ဖွံ့တွေက သူုတို့ကိုသူတို့ နိုင်ငံရေးသမားဆိုတာ မေ့နေတယ်။

Sai said...

ဖားရိုက်စားပါလား ဆိုတာ ဒင်းရေးတာကိုး...ကဲ ပြည်သူတွေရေ..ဖားသားကစားဖူးတယ်..မစားဖူး
သေးတဲ့ ကိုကိုလှိုင်သာ ရိုက်စားကြ..ညီစေနော်..ဟေ့ စိန်လား..ဟေ့မြ လား..

Aung Myin said...

ဒီလိုဦးနှောက်မျိုးနဲ့များကွာ...အကြံပေးတဲ့....ထွီ....ရွာနာတယ်။

Toe Gyi said...

သမ္မတ အကြံပေးများခန့်ပါကလည်း ပြည်သူများရဲ့ဆန္ဒကို ခံယူသင့်ပါတယ်။ ပေါကြောင်ကြောင် တဘို့တည်း သမားတွေ ပရဟိတဆိုတာ ဘာမှန်းမသိတဲ့ကောင်တွေကို မထားသင့်ပါဘူး။

soelinnhtike said...

အော်..ဂရင်းနစ်စံချိန်ဝင်နိုင်တဲ့ Brain ပါလားကွာ။ အမေရီကန်ကမသိစေနဲ့နော်။ ဂရင်းနစ်ထဲမှာကဘာ့အတုံးဆုံးဦးနှောင်ပိုင်ရှင်အဖြစ်ပါသွားအုံးမယ်။

aungsan said...

ဒီကောင်လဲ ငါးမင်းဆွေ နဲ အမျိုးတွေ နေမှာပေါ့ဟ .........ငါးမင်းဆွေ သူတောင်းစားလဲ ဘယ်ရောက်သွားပြီလဲ မသိဘူးဟ ...နေရာလေးတစ်နေရာ ရလေမလားဟိုဟောင်ဒီဟောင် နဲ့ လိုက်လုပ်တဲ့ ကောင်လေ သူတောင်းစားအ့ကီးစားပေါ့...အခုတော့  ဘယ်ပြာပုံမှာအမြီးကုက်ပြီး နေလဲမသိဘူးဟ......တွေ့ ယင်ပြောလိုက်ကြပါအုံး (ငါးမင်းဆွေ ဆိုတဲ့ခွေးကိုယ် ကမ္ဘာကျေသော်မှ ဥဒါန်းမကျေဘူးလို့ ) အမေစု ကိုယ်စော်ကားမော်ကား ပြောခဲ့ တဲ့ ကောင် မင်းမွေးတဲ့ သမီးတွေ လဲ ဖါ ဖြစ်ကုန်ပြီ သေချာလဲ ပြန်ကြည့် အုံးဟ.....

Unknown said...

မှတ်သားလောက်ပါပေတယ် အကြံပေးကြီးရယ်..။

to said...

bala1973 မင်းကဆရာကြီးလား မင့် အဖေလား ကိုကိုလှိုင်က

Panyailaynge said...

ရုပ်ကြီးကို ကရွံစရာကြီး ၊ သူကိုသူ စာတတ်တယ် ပညာတတ်တယ်ဆိုပြီး မြောက်ကြွနေတာ။
တကယ်တော့ နှာဘူးကြီးပါ။
သူ မယားငယ်နဲ့ ယူချင်လို့
မယားကြီးဒေါ်ကြည်ကြည်ညွန့် ကကွာမပေးလို့ သူကိုသူတောင်သေကြောင်းကြံတာ အမျိုးမျိုးတွေ လုပ်ပြီး ထောင်ထဲဝင်ပြီး အခုပြန်ထွက်လာပြီး သူတော်ကောင်းရောင်ဆောင်ပြီး အသံကောင်းဟစ်နေတာ။
အဲတာဆို ပြည်သူလူထု ကိုမပြောခင် မှာ ကိုကိုလှိုင်ရေခင်ဗျား ပထွေးစစ်ဗိုလ်ချုပ်တွေ၊၀န်ကြီးတွေ ၊ဒုဝန်ကြီးတွေ အိမ်တွေမှာ လျှပ်စစ်မီးကို မီတာခလဲ မပေးရပဲ မီးဖို အိမ်သာခန်း ၊ခွေးအိမ်က အစ အဲယားကွန်း တပ်ခိုင်းပြီး လျှပ်စစ်တွေပေါချင်းသောချင်း အားမနာလျှာမကျိုးသုံးနေကျတာကို အရင်ဆုံး ဖယောင်းတိုင် မီးနဲ့ပြောင်းသုံးခိုင်းလိုက်လေ သတ္တိရှိရင် ။
ခင်ဗျားလဲ ဖယောင်းတိုင်နဲ့ပဲနေလေ.
ဘာလို့ ဇိမ်နဲ့ အဲကွန်းခန်းထဲနေနေလဲ
ကိုယ်ချင်းစာစမ်းပါ.
တသက်လုံးစစ်မတိုက်ဘူးပဲနဲ့ စစ်ရုံးပေါ်မှာ အဲကွန်းနဲ့ ရေခဲသေတ္တာနဲ့ ရသမျှ အခွင့်အရေးယူပြီး ဟိုယောင်ယောင် ဒိယောင်ယောင် နဲ့ ဖွတ်ဦးနှောက်နဲ့ပေါက်ကရ သန်းရွေကိုလဲအကြံပေးလို့ တိုင်းပြည်ပျက်ပြိးပြီမွဲတေပြီးပြီ
အခုလဲ သမ္မတကြီးရေ ကြည့်မနေပါနဲ့
ကျမတို့က သမ္မတကြီးကိုကြည်ညိုလေးစားနေတာ ဒီမယားတရူး
စောက်ရူးကိုကိုလှိုင်က
ပြည်သူလူထု ကို မစာမနာ စော်ကားပြောနေတာများလှပြီ။
ဒီလိုလူမျိုးကို အကြံပေးဆက်ထားရင် သမ္မတကြီးရေ မှားမယ်နော်။သတိထားပါ။
တိုင်းပြည်ကို ဒုက္ခပို့ရောက်စေမယ့် မဟုတ်ကဟုတ်က အကြံဆိုးတွေပဲပေးနေလိမ့်မယ်

Panyailaynge said...

ကိုကိုလှိုင်ဘယ်လောက် ယုတ်မာကောက်ကျစ်ခဲ့လဲဆိုရင် အခု သူ ပထမမိန်းမနဲ့ကလေး၂ယောက်မိသားစု ကို လုံးဝပြန်မကြည့်ပါဘူး။
သူကတော့ မယားငယ်လေးနဲ့ ပျော်ပါးသောက်စားစီးပွားတွေဖြစ်ပြီး ပထမမိန်းမနဲ့မိသားစုကိုပစ်ထားပါတယ်။
သူ ဇနီးကြီးပထမမိန်းမကြီးကကျောင်းဆရာမ တယောက်မို့ သားသမီး ၂ယောက်ကို ပြုစုပျိုးထောင်ပေးထားလို့ ပညာတတ် ကလေးတွေဖြစ်ကုန်ပါပြီ
သူသမီးလေးကဆို ဖောင်ကြီးသင်တန်းမှာ တက်နေတာ အပေါ်က သူအဖေကိုကိုလှိုင်လာ စကားပြောသင်တန်းပို့ချတာတောင် မတွေ့ချင်လောက်အောင်စိတ်နာနေတာပါတဲ့။
သားလေးကဆိုလဲ ကိုကိုလှိုင်ရဲ့ သူတို့မိသားစုအပေါ်ယုတ်မာပစ်ပယ်ထားလို့ တအားစိတ်နာရှာတာပါလို့ကြားပါတယ်။
မိသားစုအပေါ်တောင် ယုတ်မာကောက်ကျစ်မှတော့ ကျန်တဲ့သူတွေကိုဆိုရင် ပိုဆိုးပေါ့ဗျာ။.
ပြည်သူလူထုကို ကိုယ်ချင်းမစာ လူပါးဝ စကားပြောတာ ကျက်သရေတကယ်တုံးပါတယ်။
ဒီလိုကောင်မျိုးကြီး ကို မြင်နေ၇တာ အမင်္ဂလာပါ။.

ESSENTIALMOE said...

ကိုကိုလှိုင်လိုအတ္တသမားကတိုင်း၇င်းသူမိန်းမကိုယူထားတော.၇ာထူးလဲမတက်ေ၇ာနောက်မိန်းမလဲယူေ၇ာထောင်ကျသွားတာပဲ.

kokoaungaung2008 said...

အင်း ဘာပဲပြောပြော မီတောင် 24 နာရီမပေးနိုင်တာကတော့ ညံ့တပယ်လို့ပဲပြောရမှာပဲ။

«Oldest ‹Older   201 – 212 of 212   Newer› Newest»
Powered by Blogger.