ရန်ကုန်လျှပ်စစ်မီးရရေး တတိယနေ့မြောက် ဆန္ဒထုတ်ဖော်ပွဲ

လျှပ်စစ်မီးပြတ်တောက်မှုအတွက် လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဖယောင်းတိုင်မီးထွန်း၍ငြိမ်းချမ်းစွားဆန္ဒဖော်ထုတ်မှု တတိယမြောက်နေ့ကို ယနေ့ မေလ ၂၄ ရက် ည ၇ နာရီအချိန်က ရန်ကုန်ဆူးလေဘုရားဝန်းကျင်မှာပြုလုပ်ခဲ့သည်။

ယင်း ငြိမ်းချမ်းစွာဖယောင်းတိုင်မီးထွန်းဆန္ဒဖော်ထုတ်မှုအား မနက်ဖြန် မေလ ၂၅ ရက်မှ စတင်ပြီး တစ်ပတ်တိတိ ရပ်နားစောင့်ကြည့်သွားမည်ဖြစ်ပြီး အဆိုပါရက်အတွင်းတွင်မှ လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်မရရှိလျှင်ထပ်မံ၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားဦးမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal
ရန်ကုန်လျှပ်စစ်မီးရရေး တတိယနေ့မြောက် ဆန္ဒထုတ်ဖော်ပွဲ ရန်ကုန်လျှပ်စစ်မီးရရေး တတိယနေ့မြောက် ဆန္ဒထုတ်ဖော်ပွဲ Reviewed by သစ်ထူးလွင် on 07:00 Rating: 5

8 comments:

ချစ်ဖူး said...

ပိုနေတာတွေ ရောင်းလိုက်ပြီလေ

Unknown said...

တရုတ်မီးစက်လေးတွေမှာတောင် 5KW ထွက်မယ်ဆို 3KW ဘဲသုံးလို.ရတာမို့
ဆန္ဒထုတ်ဖေါ်လိုသူများ စဉ်းစားကြပါ။ တခြားဒီ.ထက်အရေးကြီးတဲ့ လယ်ယာမြေတွေ၊ စိုက်ပျိုးထုတ်လုပ်မဲ့ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးနေတာတွေ အတွက် ပိုအားမစိုက်သင့်ဘူးလား။
အခုချိန်မှာ လမ်းကြောင်းတိမ်းစောင်းသွားခဲ့ရင် ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ .. ဖြစ်သွားနိုင်တာလေး သတိပြုဖို့ပါ။

paukkyaw said...

ရန်ကုန် လူထု အနေနဲ့ အကြပ်အတည်း ဖြစ်နေချိန် မှာ တစ်နေ့ ၆ နာရီ မီးပြတ်တာ ကို နားလည်ပေးသင့် ပါတယ် ။ တစ်ရက် ၆ နာရီတောင် မရတဲ့ နယ်တွေ ဘက် က တောင်းဆိုတယ် ဆိုတာ ထားပါတော့ ။ အုံ ဖွ လို့ မန်းလို့ ရတဲ့ ကိစ္စလည်း မဟုတ်ဘူး ။ အရင်အစိုးရ ရောင်း ထားတာ တွေ ကိုလည်း ကလေးကစားသလို ပြန်ပေးတော့ လို့ ချက်ချင်းပြန်တောင်း ဖို့လည်း မဖြစ်နိုင် ။ ဒီလောက် ဆို ပြည်သူ တွေ ရဲ့ သဘောထား ကို သိမြင်လောက် ပြီထင်လို့ နိုင်ငံရေး အမြတ်ထုတ် သူတွေ အကြိုက် မဖြစ်အောင် ဆန္ဒ ထုတ်ဖေါ်သူတွေ အနေနဲ့ စဉ်းစားဖို့ တော့ လိုမယ် ထင်တယ် ။

Unknown said...

မီးက အချိန်ပိုင်းနဲ့ဆိုလည်းတိတိကျကျလာစေချင်တယ်။

thawmyoh said...

လျှပ်စစ်ဝန်ကြီးပြောတဲ့ ပိုနေတဲ့ လျှပ်စစ်ဓါတ်အားတွေ ရောင်းပြီး လူတစ်ဦး (သို့ ) လူတစ်စု၏ ဘဏ်စာရင်းထဲသို့ ရောက်သွားပါသဖြင့် ကျွန်တော်များ ၀န်ကြီးများပင် အရိုးတောင်မကိုက်လိုက် ရပါ။

Kachin Thar said...

Comment လေးတွေ ကောင်းပါတယ် ရေရှည် မတွေးခေါ်ပဲ လုပ်ချင်တာ လုပ် ပြောချင်ရာပြောပြီး ပြည်သူကိုစော်ကား တဲ့ ဝန်ကြီး ရှက်တတ်ပြီး ထွက်သွားသင့်တာပါ တကယ် တတ်သိနားလည်ပြီး ရေရှည်စီမံကိန်းတွေနဲ့ တိုင်းပြည်အတွက် အကျိုးပြုတတ်တဲ့ ဝန်ကြီး ပေါ်ပေါက်လာမှ ဒီကိစ္စက ဖြည်းဖြည်းခြင်း ဖြေရှင်းသွားနိုင်မှာပါ....သိပ်ပြီး ဆူပူလာရင် ဦးမင်းအောင်လှိုင်က သားသားကြိုက်ကြိုက်ဖြစ်သွားရင် နောင် (ကိုချမ်းငြိမ်းပြောသလို) ငယ်ချစ်ဟောင်း နဲ့ နှစ်ပေါင်းများစွာ ဖြစ်သွားရင် ပြီးရောဗျ...ပြောင်းလဲမှု့ အတွက် သည်းခံလက်စနဲ့ သည်းခံပေးကြပါဗျာ...နိုင်ငံတကာကလည်း ကြည့်ရှုနေပါပြီ တသက်လုံး သည်းခံနေကြပဲဗျာ အချိန်လေး နဲနဲလေးပဲစောင့်လိုက်ကြရအောင်ပါဗျာ နော်...၂၀၁၅ မှာ ဇတ်သိမ်းသွားတော့မဲ့ ကြံ့ဖွတ် ကြီးကို နောင်သွေးသစ်တွေနဲ့ ကြိုဆိုနိုင်ဘို့ အခုထဲက ပညာတွေလေ့လာ ထုတ်ကုန်တွေ အတွက် ပိုပြီး အားစိုက် မလုပ်သင့်ဘူးလား..ပြည်သူ့အစိုးရ အစစ်အမှန် လာတော့မှာပါဗျာ....အနှစ် ၄၀ ကျော် သည်းခံပြီးမှ တော့ စစ်ဖိနပ်အောက် ပြန်မရောက်ကြပါစေနဲ့ဗျ...

001komgmg222@gmail.com said...

ပြောတာမှန်ပါတယ်၊စောင့်ကြည်လိုက်ကြပါစို့ခင်ဗျာ။

Anonymous said...

မင်းတို့ကိုင်ထားတဲ့စာတမ်းတွေဟာ၊စစ်တပ်အာဏာပြန်သိမ်းပါဆိုတဲ့သဘောများ
မသက်ရောက်နေဘူးလား၊ဦးနှောက်လေးနဲ့နည်းနည်းစဉ်းစားကြပါအုံး၊
မင်းတို့၊ငါတို့မြန်မာပြည်သူတွေဟာရာသက်ပန်ဒီမိုကရေစီနဲ့နည်းနည်းလေးမှ
မထိုက်တန်တော့ဘူးလား၊

Powered by Blogger.