ပေါင်းတည်မြို့ မှာ လုံခြုံရေးတင်ကြပ်ထား

မေလ ၂၄ ရက်နေ့ ညက ပေါင်းတည်မြို့ မှာ လုံခြုံရေးတင်ကြပ်ထားစဉ်

မေလ ၂၄ ရက်နေ့ ညက ပေါင်းတည်မြို့ မှာ လုံခြုံရေးတင်ကြပ်ထားစဉ်
၂၄.၅.၂၀၁၂ ပဲခူးတိုင်း၊ပေါင်းတည်မြို့  ၊ဘုရားကြီးလမ်းထိပ် ညနေ
(၆း၄၇)တွင် ပေါင်းတည်ပြည်သူလူထု မှ ဒုတိယမြောက် နေ့ အဖြစ်(၂၄)နာရီ
မီးရရှိရေး ဖယောင်းတိုင် ထွန်း ဆန္ဒဖော်ထုတ်မည် စိုးသဖြင့် လုံခြုံရေးများ
အပြည့်ချထားခဲ့ပါသည်။

ဘုရားကြီးလမ်းထိပ် နှင့် ရထားလမ်းအနီးအစရှိသည်ဖြင့်နေရာခွဲပြီးချထား
သဖြင့် ဘုရားကြီး အတွင်းဘုရားဖူးလုပ်သားပြည်သူများလည်း ဘုရားဆီမီး
ပူဇော်ခွင့် မရရှိသဖြင့် စိတ်အနှောင့်အယှက်များစွာဖြစ်ပေါ်နေရကြောင်း
ပေါင်းတည်မြို့ ခံတဦးက ပြောပြပါသည်။
Myanmar News Now
ပေါင်းတည်မြို့ မှာ လုံခြုံရေးတင်ကြပ်ထား ပေါင်းတည်မြို့ မှာ လုံခြုံရေးတင်ကြပ်ထား Reviewed by သစ်ထူးလွင် on 08:12 Rating: 5

10 comments:

Unknown said...

ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ကာလတစ်ခု ကံကောင်းထောက်မ စွာရထား ပါတယ်။ ဒီ ကိစ္စ နဲ့ ဒီလိုလုပ်သင့် သလားစဉ်းစားဘို.တော့လိုလိမ်.မယ်။ ဆူပူမှု အသွင်ပြောင်းသွားအောင် တစ်စုံတစ်ခု ကဖန်တီးခဲ့ရင် ..... ၁၉၈၈ သို.ပြန်ရောက်သွားနိုင်တယ်။

bango said...

မိမိရဲ့လိုအင်ကို တိုင်းပြည်သိအောင်ဖေါ်ပြပေးပြီးရင် အစိုးရ ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်ကြဖို့သင့်ပါတယ်၊ အချိန်အတိုင်းအတာ တခုတော့ စောင့်ပေးကြရမှာဘဲ၊ အစိုး၇လဲတောင်းပန်ထားတာဘဲ၊ အခုပုံစံက တနေရာပြီး တနေရာပြန်နှံ့အောင် တိုင်းပြည်ပြန်ဆူအောင် ဆွပေးသလို ဖြစ်နေပါတယ်။ တခြားဒီမိုကရေစီနိုင်ငံတွေမှာလဲ ပြည်သူတွေက လိုအပ်ချက်ကို ထုတ်ဖေါ်ရင် (၁)ရက်ပဲလုပ်ကြတာပါ။ တိုင်းပြည်စီးပွားရေး နိုင်ငံရေးထိခိုက်အောင်မလုပ်ကြပါဘူး၊ လက်ထဲကဖယောင်းတိုင်ဟာ ယမ်းပုံပေါ်ကျမသွားဖို့ သတိထားကြရပါမယ်။

Justice lover said...

ချမ်းငြိမ်းနဲ့ bango တို့ သိပ်မဆိုးရိမ်ကြပါနဲ့။ ဒါဟာ ဒီမိုကရေစီပါ။ ဆန္ဒပြတိုင်းတိုင်းပြည်ပျက်မယ်ဆိုတာ မဟုတ်ပါဘူး။ မစိုးရိမ်ပါနှင့်။

zarmyint said...

အော် ခက်ပါလား ပြန်လာတော့မယ်ဆိုမှ စွယ်တော်ရက် မီး၇ပါ့မလား တွေးပူမိတယ်ကွာ .....

mamamay said...

ကျမတိုတွေဟာအမှောင်ထဲနေခဲ.တာ
ကြာပါပြီ..ခုချိန်မှာရတောင့်ရခဲ.ရောင်နီလေး
ပျို.ချိန်မှာနေမင်းကြီးထွက်အလာကိုခဏလေးတော.
စောင့်ရပါလိမ်.မည်။စိတ်လောကြီးစွာပြုမိပါကရည်မှန်း
ချက်ပန်းတိုင်သွေဖယ်သွားနိုင်ပါသဖြင့်.စိတ်ရှည်သီးခံ
ဇွဲသန်သန်ဖြင့်ခဏလောက်တော.စောင်.ကြပါလို....

Yee Yint Aung said...

ဘာလို့ဖယောင်းတိုင်ထွန်းတောင်းဆိုတာလဲ.....
ဘာလို့လုံခြုံရေးတင်ကြတ်ပြီး တိုက်ဖြက်ရတာလဲ...
ပြည်သူတွေအတွက် လို လို့ဖယောင်းတိုင်ထွန်းတာဆိုရင်...
အဲဒီ လုံခြုံရေးတွေကရော ပြည်သူတွေမဟုတ်လား................
အများအကျိုးမို့လုပ်ဆောင်ကြတယ်ဆိုရင်သွးစည်းစချင်တယ်ဗျာ..
ငါ စားဖို့ အတွက်/စားဖား /စားရလို့ ဖားတဲ့ ရှက်စရာအလုပ်တွေ.
ရပ်သင့်ပြီ တော်သင့်ပြီ ဒီမျက်နှာတွေ ရှက်သင့်ပြီ

မျိုးချစ်မြန်မာလူငယ် said...

နိုင်ငံကိုဗွက်ထဲကနေ မြောင်းပုတ်ထဲရောက်အောင်... ၁။အဲ့ဒီလိုအူကြောင်ကြားတွေနဲ့၊ လက်နက်ကိုင် (သူတို့ပြောတာတော့ တိုင်းပြည် ကာကွယ်တယ်တဲ့)လုပ်ချင်တာတွေကိုဇွတ်လုပ်တတ်တဲ့ သူတွေ ငါတို့ခေတ်မှာ ပျောက်ပျက်စေချင်ပြီ။
၂။ ငါတို့ခေတ်မှာ တိုးတက်စေချင်နေပြီ။
၃။ ငါတို့ခေတ်မှာ တိုင်းတပါးထွက် အလုပ်လုပ်ရတဲ့ ကိုယ့်လူမျိုးတွေ ရပ်တန့်စေချင်ပြီ။
၎။ ငါတို့ခေတ်မှာ တိုင်းပြည်ကာကွယ်တယ်ဆိုတဲ့အယူအဆနဲ့ လက်နက်ကိုင် ဓါးပြတိုက်ခိုးစားနေတဲ့ အစိုးရ၊ ဘယ်နိုင်ငံမှ မဆက်ဆံချင်လောက်အောင် ရွံမုန်းစရာကောင်းတဲ့ နိုင်ငံခေါင်းဆောင် တွေ မလိုချင်ပြီ။
၅။ ငါတို့ခေတ်မှာ လူမျိုးအချင်းချင်း သတ်ဖြတ်တဲ့ စစ်ပွဲတွေ၊ ပျောက်ပျက်စေချင်နေပြီ။
၆။ ငါတို့ခေတ်မှာ အမေစုလို တိုင်းပြည်ကို အနစ်နာခံပြီး နွံထဲက ရုန်းခဲ့ဖူးတဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်နေပြီ။
၇။ ငါတို့ခေတ်မှာ လူမျိုးခြားတွေရဲ့ နိုင်ငံကို အထင်သေးမှု ပျောက်ပျက်စေချင်ပြီ။
၈။ ငါတို့ခေတ်မှာ ဒီမိုကရေစီ လမ်းကြောင်းကို သွေဖီစေနိုင်သော အကြောင်းအရာများ ဘာတခုမှ မကြားချင်ပြီ။
၉။ ငါတို့ခေတ်မှာ တရားဥပဒေပေါ် မည်သူမျှ မရှိစေချင်ပြီ။
၁၀။ ငါတို့ခေတ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်စေချင်ပြီ။

သတင်းချစ်သူ said...

အမေရိကန်သမ္မတနဲ့ ကျနော် စကားနည်းနည်းပြောချင်ပါတယ်။
မြန်မာနိုင်ငံ အကြောင်းကို ကိုယ်တွေ မြန်မာနိုင်ငံသားထက် ဘယ်သူက ပိုသိနိုင်ပါ့မလဲ။ မမေး မစမ်းပဲ စီးပွါးရေး ဖွင့်ပေးခဲ့တာ အမေရိကန်အမှားပါ။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့၊ကြံ့ဖွတ်၊ရဲ တွေ တလှည့်စီ နံမည်ခံပြီး နိုင်ငံကို လှည့်စား၊ ကမ္ဘာကို လှည့်စားနေတာ ကျနော်တို့ မြန်မာနိုင်ငံသားလောက် သူတို့သိနိုင်ပါ့မလားဗျာ။ (မှတ်ချက်၊။ လူရိုး၊လူကောင်းတွေက ကိုယ်အကျင့်နဲ့ပဲ တွေးတတ်မြင်တတ်ပါတယ်။)
ဒါကြောင့်မြန်မာပြည်လာသော မည်သူမည်ဝါမဆို အထက်အရာရှိများထက် ပြည်သူတွေရဲ့ ဆန္ဒကို သူတို့ ဒီမိုကရေစီနည်းကျကျ ပေးရဲ့လားလို့ စုံစမ်းပြီးမှ အရာအားလုံးကို ဆုံးဖြတ်စေချင်ပါတယ်။ အကြမ်းဖက်ပြီး နိုင်ငံအတွင်းမှာ စစ်တပ်နဲ့၊ကြံ့ဖွတ်၊ရဲ တွေ တလှည့်စီ နှိမ်နှင်းတာ အမှန်အကန်ဒီမိုကရေစီမဟုတ်ပါ။
မြန်မာပြည်ထုတစ်ရပ်လုံး လူလိမ်လူကြစ်တွေ ဘေးမှ လွတ်မြောက်ပါစေဗျာ။
(ကျနော် မသေခင် good govement (or) clean govement ကို မြင်သွားချင်ပါတယ်။)

angry ppl said...

ရဲတန်းလျားမှာလည်းမီးမလာတာတောင်ဘာဖြစ်လို့ပြည်သူဘက်ကမရပ်တာလဲ ရဲကြီးတို့ရယ်။

Unknown said...

မြန်မာပြည်တစ်ပြည်လုံး၂၄နာရီလျှပ်စစ်မီးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Powered by Blogger.