မြောင်မြို့နယ် ကုန်းတွင်းပိုင်းဒေသများတွင် သောက်ရေရှားပါးမှုနှင်ရင်ဆိုင်နေရ

မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းကျရောက်သည့်ဒေသများတွင် မိုးခေါင်၍ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေနေရကြောင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်က နယ်မြေခံ ဦးဝင်းနိုင်က ပြောသည်။

မြောင်မြို့နယ်၏ ကုန်းတွင်းပိုင်းဒေသများ  သောက်သုံးရေပြတ်လပ်မှုအတွက်   မြောင်မြို့နယ် လူမှုရေး အသင်းအဖွဲ့များ     နှင့် အစိုးရအဖွဲ့များပူးပေါင်း၍ ရေပေးဝေရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။

'ရွာမှာသောက်ရေလုံးလုံးကို ပြတ်သွားတယ် အရင်နှစ်က ရွာအနောက်ဖက်သောက်ရေကန်ထဲမှာရေမရှိ ပေမယ့် လက်ယက်တွင်းတွေကနေယူလို့ရသေးတယ်၊ဒီနှစ်တော့မိုးကလည်းခေါင်တော့လက်ယက်တွင်း တွေကလည်း ရေမထွက်တော့ဘူး။ရွာကလူတွေအကုန် သောက်ရေကို နှစ်မိုင်လောက်ဝေးတဲ့ ဖွားစောရွာ သွားခပ်ရတယ်။ရေစည်လှည်းရှိတဲသူတွေက ရေစည်လှည်းနဲ့ မရှိတဲ့သူတွေကတော့ စက်ဘီးတွေ မှာ      ရေပုံးချိတ်ပြီးသွားခပ်ရတယ်။ ကျုပ်တို့ရွာမှာတော့    ရေခပ်ရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပြီ' ဟုလက်ယက်မကျေးရွာ က ဒေါ်လှဝင်းဋ္ဌေးကပြောသည်။

မြောင်မြို့နယ်အတွင်းမှ ကျေးရွာတွေဖြစ်သည့် လက်ယက်မ၊ကြာပင်လှ၊ဇရပ်ကုန်း စသည့် ကုန်းတွင်းပိုင်း ကျေးရွာတွေမှာ   သောက်သုံးရေ အဓိကပြတ်လပ်နေကြောင်း သိရသည်။

'ကြည်းတောတွေအကုန်လုံး လိုလို သောက်ရေရှားကြတယ်။ဒီနှစ်မိုးခေါင်တော့ပိုဆိုးတာပေါ့ သူတိုခမျာသုံးရေတောင်အနိုင်နိုင်။   အရင်တစ်ခါအခုလို သောက်ရေတွေရှားတုန်းက မြောင်ကလူမှုရေးအသင်းတွေ အစိုးရအဖွဲ့ တွေနဲ့   ပေါင်းပြီးသောက်ရေ သွားသွားလှူရတယ်။ ဒီနှစ်တော့သောက်ရေ အဓိကအခက်ခဲဖြစ်နေတဲ့ ကျေးရွာတွေကို အရင်ဆုံးသွားလှူဖို့အစီစဉ်ရှိတယ်' ဟု မြောင်မြို့နယ်လူမှုကူညီရေးအသင်းမှ အတွင်းရေးမှုးဦးအောင်ပွကြီးကပြောပါသည်။

မောင်ယဉ်ကျော် မန္တလေး-(မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

မြောင်မြို့နယ် ကုန်းတွင်းပိုင်းဒေသများတွင် သောက်ရေရှားပါးမှုနှင်ရင်ဆိုင်နေရ မြောင်မြို့နယ် ကုန်းတွင်းပိုင်းဒေသများတွင် သောက်ရေရှားပါးမှုနှင်ရင်ဆိုင်နေရ Reviewed by သစ်ထူးလွင် on 11:46 Rating: 5

1 comment:

wi wi said...

ရေတော်တော်ရှားနေတယ်ဆိုတာတကယ်ပါပဲ တချို.ရွာတွေဆိုယင် ရေချိုအရမ်းရှားပါတယ် ကျွန်တော်ရောက်ခဲ.တဲ.အုပ်နှဲဘုတ်ရွာဆိုယင်ရေချိုမရှိလို. သောက်ရေတော်တော်အခက်ခဲကြုံ့.တွေခဲ.ရပါတယ်

Powered by Blogger.