ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ

မိုးညှင်းခရိုင်တွင်း ကေအိုင်အိုနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့၊မှော်မုံတွင် ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များအကြား မေလ (၂၇) ရက်ညနေက စစ်ပွဲများ ဆက် တိုက်ဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည် (၅၀)ဦးခန့် မှော်မုံနှစ်ခြင်း ဘုရားကျောင်းတွင်းသို့ လာရောက် ခို လှုံ့နေကြောင်း သင်းအုပ်ဆရာတစ်ဦးက ပြောသည်။ ထို့အပြင် တံတားညီနှောင်တွင်လည်း   မေလ(၂၅)မှ (၂၆) နေ့အထိ အစိုးရပ်တပ်နှင့် ကေအိုင်အိုတို့အကြား (၁)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆားမှော်မြို့တွင် ပြီးခဲ့သည့် အပတ်အတွင်းက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်းမြို့နယ် မခေါင်ရပ်ကွက်နှင့် နှစ်ခြင်းဘုရားကျောင်းဝင်းတွင် စစ်ပြေးများဒုက္ခသည်(၃၀၀)ကျော် ဝင်ရောက်လာကြောင်း ဒုက္ခသည်များအား ကူညီတာဝန်ယူပေးသည့် သင်းအုပ်ဆရာတစ်ဦးက ဆိုသည်။

အင်းတော်ကြီးဒေသတခွင်ဖြစ်သော ညောင်ပင်၊ အောင်ဂျာ၊ လဂတ်ယန်၊ အောင်ပျော်ယန်များမှ ပြည်သူများ အနေဖြင့် မေလ (၂၆)ရက်နေ့က အင်းတော်ကြီးဒေသ၊ နန်မွန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းသို့ စစ်ပြေး ဒုက္ခသည်(၇၈)ဦး ပြောင်းရွှေ့လာကြောင်း KIO ဘက်က ပြောဆိုချက်များအရ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က တပ်သားစုဆောင်းနေခြင်းကြောင့် ဝိုင်းမော်မြို့နယ် ဆံဒုံ၊ ကန်ပိုင်တီ ကားလမ်းမ တစ်လျှောက်ရှိ ကျေးရွာများတွင် ကျောင်းသား/သူများကျောင်းတက်ရောက်ရန် အခက်အခဲဖြစ် နေကြောင်း ဒေသခံတို့က ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရအကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၎င်းနယ်မြေ ဒေသများတွင် တပ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ဖြစ်ပေါ်နေသဖြင့် အလယ်တန်း၊ အထက်ကျောင်း ကျောင်းတက်မည့် ကျောင်းသားများမှာ အခြားမြို့သို့ ကျောင်းသွားတက်ရောက်ရန် ခက်ခဲနေခြင်းဖြစ်သည်။

“သေနတ်ကိုင်လို့ရတဲ့အရွယ် ကျောင်းသားတွေက ရွာမှာ မနေရဲတော့ဘူးလေ။ မြို့မှာ ကျောင်းသွားထား ကြတယ်။ ဒီက ကျောင်းသားတွေ အရမ်းများနေတော့ မြို့ကျောင်းမှာလည်း လက်ခံဖို့ ခက်လာတယ်။” ဟု ဝါရှောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ Reviewed by သစ်ထူးလွင် on 11:50 Rating: 5

33 comments:

devil said...

တကယ့်ကို စိတ်မကောင်းစရာပါ။ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်မှု အားနဲတာရဲ့ အဓိကကျတဲ့ အချက်က ပညာရေးနိမ့်ကျတာကြောင့်ပါ။ ခင်ဗျားတို့ရဲ့ ယုံကြည်ချက် တွေ ခံယူချက်တွေ ၀ါဒရေး လူမျိုးရေးတွေကြောင့် အနာဂတ်တောက်ပစေမဲ့ ကလေးတွေရဲ့ ပညာရေးကို ရိုက်မချိုးကြပါနဲ့ဗျာ။ ဒီကလေးတွေ မတောက်ပပဲ အဲဒေသတွေမှာ အနာဂတ်ဘယ်လိုမှ မတောက်ပနိုင်ပါဘူ။ မိမိရဲ့ ကလေးတွေကော အခုလိုစစ်သားလုပ်ခိုင်းထားပါသလားဆိုတဲ့ မေးခွန်းတော့ မေးပေးကြပါ။ ငြိမ်းချမ်းရေးရဖို့ ဆုတောင်းပွဲလေးတွေ လုပ်ရင် အရမ်းကောင်းမှာပဲ။

ကြယ်ပြာ said...

ပြည်တွင်းစစ်မီး အမြန်ဆုံးငြိမ်းပါစေလို့ ဆုတောင်းပါတယ်။

မောင်လေး said...

KIA ရဲ့လူ့ အခွင့်အရေးချိုးဖောက်မှုတွေကိုဘယ်သူမှမပြောကြတော့ဘူးလား။အခုတောင်စစ်ပြေးဒုက္ခသည်တွေရဲ့ကလေးတွေကျောင်းဖွင့်ချိန်မှာပညာသင်ကြားလို့ ရအောင်အားလုံးက၀ိုင်းဝန်းကြိုးပမ်းနေကြချိန်မှာသူတို့ အတွက်စစ်တိုက်ပေးဘို့ သားသမီးချင်းကိုယ်ချင်းမစာစစ်သားလိုက်စုနေတယ်။စစ်တိုက်တာရပ်ပြီးငြိမ်းချမ်းအောင်ဆောင်ရွက်ဘို့ တော့စိတ်မကူးကြဘူး။ဒီလိုနဲ့ ဘဲပြည်နယ်ထဲမှာရှိတဲ့တိုင်းရင်းသားတွေအားလုံး KIA ရဲ့စစ်ကျွှန်တွေဖြစ်ကြရတော့မယ်။

Nay Nwaye said...

စစ်ပွဲတွေရပ်ပေးပါတော့..ဒီစစ်ပွဲတွေရပ်တန့်ဖို့ ကျွန်တော်တို့တစ်တွေ ဝိုင်းဝန်းဆဒ္ဒဖော်ထုတ်ဖို့ လိုအပ်နေပါပြီ။

အောင် said...

ဒုက္ခပဲဗျာ တိုးတက်မယ်မှကြံသေး
အခုကျောင်းသားတွေဒုက္ခေ၇ာက်ကြရပြီ
စစ်တပ်က အကြီးအကျယ်အနိုင်ရပါစေ

realism said...

KIA/KIOကိုအမြစ်ဖြတ်တိုက်သင့်ပါပြီ.......

naythuya said...

ကချင်တပ်တွေကို တရုပ်က အားပေးအားမြှောက်လုပ်နေပုံရတယ် တရုတ်ကကိုယ်ကျိုးအတွက်ဆို နည်းတာများတာ ဂရုမစိုက်ဘူး အမှီးရအမှီးစား ခေါင်းရခေါင်းစားမယ့် အမျိုးဆိုတော့ အနောက်အုပ် စုတွေဝင်လာတာ အလိုမကျဖြစ်ပြီးပြည်တွင်းမငြိမ်မသက်ဖြစ်အောင် KIAကိုမြောက်ပြီးအသုံးချနေပုံပဲဒါကိုနားမလည်ရင်တော့ ခေါင်းဆောင်တွေလုပ်မနေနဲ့...အဲဒီတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ် ဒါပေမယ့်အရှက်မရှိ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုတဲ့ အသုံးအနှုန်းတွေကိုတော့ မသုံးကြနဲ့ ..ဗုံးခွဲတယ်ဆိုရင်လည်း ပြည်သူကြားမှာမခွဲနဲ့ဓား..ဓားချင်း..တုတ်.တုတ်
ချင်းပေါ့ ဓားလည်းမကိုင်တုတ်လည်းမကိုင်တဲ့ အေးချမ်းတဲ့ ပြည်သူတွေကို
တော့ ဒုက္ခမပေးကြပါနဲ့လို့..

Unknown said...

ကာချုပ်ကတော့ကချင်အဖွဲ့ကိုတည်ကြက်လုပ်ပြီးနိုင်ငံေ၇းကျားကွက်ရွှေ့တော့မယ်နော်.မီးစတစကိုအေးချမ်းစွာနဲ့ငြိမ်းသတ်လို့ရရဲ့နဲ့ပိုမိုကြီးတဲ့မီးတောက်ကြီးဖြစ်အောင်ရှို့နေခြင်းဟာဘာ့ကြောင့်လည်းဆိုတာဦးသန်းရွှေနဲ့သမတကြီးအသိဆုံးလို့ထင်ပါတယ်

Anonymous said...

kiaရဲ့လုပ်ရပ်တွေကိုဘယ်သူမှဆန့်ကျင်ပွဲမလုပ်တာအံသြတယ်ဗျာ အစိုးရကိုဆန်ကျင်မှဒီမိုကရေင်္စလားဗျာ အမှန်တော့မြန်မာနိင်ငံသားတွေအရမ်းကြောက်တက်ကြတာဗျ ပြည်ခိုင်ဖြိုးပါဝါရှိတုန်းက မဆန့်ကျင်ရဲဘူး NLDအားကောင်းလာတော့လဲဘယ်သူမှ မကောင်းတာတွေ့လဲမသိချင်ယောင်ဆောင်နေတယ် အစိုးကောင်းတာအချို့ပြောတဲ့လူကိုမကြည်ကြဘူး ဘယ်သူမှစင်းမချောပါဘူး တိုင်းပြည်အတွက်သာအဓိကပါ မကောင်းတာတွေ့ရင်မကောင်းတာပဲ ဘယ်သူ့မှအစွဲမရှိစေချင်ပါ တကယ်ဆိုkiaကိုတရုပ်ဖြူကိုတိုက်ခဲ့သလိုတိုက်ရမှာ အစိုးရကော kiaပါ ပြည်သူ့ရန်သူဆိုအားလုံးကိုတိုက်ပြစ်ရမှာ

Chit San Maung said...

ရန်ကုန်မှာမီးပျက်တာ KIA ကြောင့်လို့ဆိုတော့ စစ်ဘေးဒဏ်က ရန်ကုန်အထိရောက်လာပြီပဲ......။
စစ်ပွဲကြောင့် ထိခိုက်သေကျေမှုတွေများလာပြီး တိုင်းရင်းသားညီအစ်ကိုချင်းချင်း ရွံမုန်းနာကြည်းမှုတွေ
ဖြစ်မလာခင် စစ်ပွဲတွေအမြန်ဆုံးရပ်ပစ်ပါ..။

Unknown said...

ငြိမ်းချမ်းကျပါစေ

Ngawde said...

သည်စစ်ကို စဖန်တီးခဲ့တာဘယ်သူတွေလဲ ? သည်မေးခွန်းကို မောင်လေး ဆိုတဲ့သူ အရင်ဖြေပေးပါအုံး နောက်ပြီး KIA ထိန်းချုပ်ရာနေရာ လိုင်ဇာ မှာ
စစ်ရှောင်တိမ်းသူပေါင်း တစ်သောင်းကျော် ရှိနေတယ်ဆိုတာကိုရောသိကြလား...စစ်ပွဲဖြစ်တာ ၁နှစ်တောင်ရောက်တော့မယ် သည်လောက်များတဲ့စစ်ရှောင်တိမ်းတဲ့သူတွေကို KIA ကဘယ်လိုကျွေးနေရတယ်ဆိုတာကိုရော...စဉ်းစားမိရဲ့လား
နောက်ပြီး စစ်တိုက်တာရပ်ပြီးငြိမ်းချမ်းအောင်ဆောင်ရွက်ဘို့စိတ်မကူးကြဘူးဆိုတဲ့ မောင်လေးဆိုတဲ့သူရဲ့စကားကိုပြန်ပြင်သင့်ပါတယ်..သမ္မတကြီးကိုယ်တိုင် သူတို့ပစ်မှ ပြန်ပစ်ပါလို့ပြောနေတာတောင် ...စစ်တပ်က ကချင်ပြည်နေကို စစ်ကြောင်းတွေသည်လောက်ပို့နေတာ..KIA ရဲ့နယ်မြေတွေကိုသည်လောက်ထိုးစစ်ဆင်နေတာ...ကိုရော...ဘာပြောအုံးမှာလဲ...မောင်လေးကိုမေးချင်ပါတယ်...ဒီလိုနဲ့ ဘဲပြည်နယ်ထဲမှာရှိတဲ့တိုင်းရင်းသားတွေအားလုံး KIA ရဲ့စစ်ကျွှန်တွေဖြစ်ကြရတော့မယ်တဲ့...ဘာကိုဆိုလိုတာလဲ..အခုအချိန်မှ ကချင်ပြည်နယ်က ပြည်သူတွေကဘယ်သူကြောင့်ဒုက္ခရောက်နေတာလဲ... အရင်ကငြိမ်းချမ်းရေး ရတုံးကမြစ်ကြီးနားကို မီး ၂၄နာရီဘယ်သူပေးခဲ့တာလဲ.....ဗန်းမော်-မြစ်ကြီးနားလမ်းကိုကောင်းအောင်ဘယ်သူတွေလုပ်ခဲ့တာလဲ.....အရမ်းပြောရင်လဲ KIA ရဲ့လူလို့ပြောအုံးမှာ.....ဗန်းမော်ဆိုတဲ့မြို့မှာကြီးခဲ့တာ....၂၀ရှိပြီ..အဲ ကြားဘူးတာပြောရအုံးမယ် ...အစိုးရစစ်တပ်စစ်ဗိုလ်တွေ ကချင်မကိုယူ ရင်ရာထူးတိုးတယ်တဲ့ဗျာ...လူကြီးတွေက လူမျိုးရေးဝါးမြိုမှုတဲ့...

realism said...

ကချင်သား...လာရွှီးမနေနဲ့...မင်းပြောမှပဲကချင်မယူ၇င်၇ာထူးတိုးတယ်လို့..ဟားဟားဟား....

Anonymous said...

ကချင်သား.......
သိပ်ပြီး လေကျယ်မနေနဲ့မိတ်ဆွေ..... မင်း ဗန်းမော်မြို့မှာပဲနေတာ နှစ် ၂၀ ဆိုတာလား.... ဗန်းမော်မြို့ပေါ်မှာပဲနေတာ မဟုတ်လား.....ငါကတော့ ၁၉၉၂ လောက်ကတည်းက KIA တပ်မဟာမှူး ပန်းအောင် လက်ထက် တပ်မဟာ(၂)နားကော... ရှေ့ကာကင်း ရင်း(၂၅၂)ကော.... သင်တန်းကျောင်းထဲကိုကော ရောက်ခဲ့ပြီးပါပြီကွာ.... ရင်း(၂၅၂) တင်းနစ်ကွင်းထဲမှာတောင် ဂျွမ်းထိုးလာခဲ့ပြီးသွားပြီ ဒီလောက်ဆို မင်းသဘောပေါက်မှာပါ... မင်းတို့ KIA ကောင်း မကောင်းသိရအောင် စစ်ကိုင်းတိုင်း ပန်ဆောင် နဲ့ နန်းယွန်းဘက်က နာဂတွေကို သွားမေးကြည့်ပါလား ... မင်းတို့ ကချင်ဆို လေသံတောင်မကြားချင်ဘူးတဲ့... မင်းတို့ KIA လက်သွက် သွက်နဲ့ သူများနယ်မြေထဲ ကျူးကျော်လူလည်ကျလို့ ၁၉၉၂ မေလလောက်မှာ နာဂရွာ ၁၀ ကျော်ပျက်စီး နာဂလူမျိုး ၃၀၀ နီးပါးလောက်လဲ ဗီယက်နမ်စစ်ပွဲလို သေခဲ့ရပြီးသွားပြီ... ငါတို့လိုချင်တဲ့ ကချင်တပ်မတော်ဆိုတာ ကချင်မတွေ့တိုင်း ခြေတော်တင်တဲ့လုပ်ရပ်မျိုး.. ကို့ပြည်နယ်သား လူမျိုးအချင်းချင်း ဘိန်းစားစစ်ခင်းတာမျိုးလဲမဖြစ်ချင်ဘူး... တောင်ပေါ်လမ်းက ပင်ပန်းလို့ တံတားခင်းထားရင်လဲ မိုင်းခွဲချိုးတာလဲ မတွေ့ချင်ဘူး... ဆက်ကြေး မပေးရင် တက်လာတဲ့ ယာဉ်တန်းကို ပစ်ခတ်မီးရှို့တာလဲ မလိုချင်ဘူး.. လက်နက်ကိုင်မတိုက်ချင်တဲ့ ပြည်နယ်သူ ပြည်နယ်သားကိုလဲ AK74 ကျည်တစ်တောင့်နဲ့ ဆုံးဖြတ်ခိုင်းတာလဲ မကြားချင်ဘူး...

Unknown said...

ကချင်သားရေ
မင်းတို့..ကချင်မ ယူ ရင် ဘာလို့ ရာထူးတက်ရမှာ လဲ ဟ..
ဘွဲ့ ရပညာ တက် ယူမှ ရာထူးတက်တော့မပေါ့
ဘာလုပ်ဖို့တုန်း ကချင်မက...
မင်းတို့ ...ကချင်တွေဘဲကျန်တော့တာဟ
ကျန်တဲ့ တိုင်းရင်းသားတွေက အကုန် အပစ်ရပ်ကုန်ပြီ

devil said...

ကိုကချင်သားပြောတဲ့ အစိုးရစစ်တပ်က စစ်ဗိုလ်တွေ ကချင်မကို ယူရင် ရာထူးတိုးတယ်ဆိုတာကိုတော့ ကျွန်တော်လက်မခံချင်ပါဘူး။ ဘာလို့လဲဆိုတော့ အခြားတိုင်းရင်းသားလူမျိုးတွေလဲ အများကြီးရှိတာပဲ။ အခု ကိုကချင်သားပြောတဲ့ပုံက အရင်က ၀ါဒဖြန့်သူတွေပြောသလို မွတ်စလင် က မြန်မာမကိုယူရင် ဘယ်လိုထောက်ပံ့ပေးမယ်။ ရားထူးရှိသူရဲ့ သမီးယူရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ ပုံစံတွေနဲ့ ပြောတာနဲ့ သွားတူနေတယ်။ လူမျိုးစုတစ်စုအနေနဲ့ အမျိုးကာကွယ်စောင့်ရှောက်ရေးအတွက် organize ဖြစ်ရမယ်ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အစွန်းတော့ မရောက်သင့်ဘူးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေသက ကလေးတွေ အနာဂတ်က အရေးကြီးတယ်ဆိုတာ လက်ခံသင့်ပါတယ်။ တကယ်ဆိုရင် ကိုကချင်သား အနေနဲ့ တကယ်ရှိခဲ့တဲ့ ဘယ်တပ်ကသူကတော့ ကချင်ကိုယူလို့ ဘယ်လိုရာထူး တန်းတက်သွားတယ်ဆိုတာမျိုး တိတိကျကျပြနိုင်ရင်တော့ ပိုကောင်းတာပေါ့။ သူ့အချိန်ကျလို့ တက်တာမျိုးမပါပေါ့ဗျာ။

cardiolysis 85 said...

(အစိုးရစစ်တပ်စစ်ဗိုလ်တွေ ကချင်မကိုယူ ရင်ရာထူးတိုးတယ်တဲ့ဗျာ)

မကြားဘူးပါဘူးဗျာ

devil said...

စစ်ရှောင်တိမ်းသူ 1 သောင်းကျော်ကို ကေအိုင်အေ ဘယ်လိုကျွေးနေတာပါလဲ .. တကယ်မသိလို့ မေးတာပါ။ ..

htwe said...

မှန်လိုက်တာ ကချင်သားရယ်။

MYO MYINT said...

ကချင်သားဆိုတဲ့သူကိုပြန်မေးချင်ပါတယ်၊ကချင်မကိုယူရင်စစ်တပ်မှာရာထူးတိုးပေးတယ်ဆိုတာအထောက်အထားရှိပါသလား၊သွားလေသူဒုချုပ်ကြီးရဲ့မူနဲ့ကချင်အမျိုးသမီးခရစ်ယာန်ဘာသာဝင်ဖြစ်နေလို့သူများတွေရာထူးတိုးတဲ့အချိန်မှာနောက်ကျကျန်ခဲ့တဲ့ကျွန်တော့်သူငယ်ချင်းကဖတ်မိရင်ဟားတိုက်ရီလိမ့်မယ်၊အဲဒီအချိန်ကဗာတီကန်စီးတီးကမြန်မာ့နိုင်ငံရေးမှာခြေ၀င်ရှုတ်နေလို့ခရစ်ယာန်ဘာသာဝင်တွေခွဲခြားဆက်ဆံခံခဲ့ရတယ်လေ၊နိုင်ငံရေးအရအယုံအကြည်ကင်းမဲ့ခံခဲ့ရတယ်၊ကေအိုင်အေ/ကေအိုင်အိုလမ်းဖေါက်တာဘယ်သူ့ငွေနဲ့လဲ၊နိုင်ငံတော်ကထောက်ပံ့ငွေ၊ပြည်သူလူထုဆီကကောက်ခံရတဲ့ငွေတွေနဲ့စီးပွားရေးလုပ်ခဲ့တာမဟုတ်လား၊နိုင်ငံတော်အပိုင်းကကေအိုင်အိုကိုစီးပွားရေးတရားဝင်ရော/တရားမ၀င်ရောလုပ်ခွင့်ပေးပြီးလိုက်လျောခဲ့တာလူတိုင်းသိနေတာဘဲ၊ကေအိုင်အိုနဲ့ပေါင်းပြီးချမ်းသာသွားတဲ့ခါတော်မှီသမားတွေမှကချင်ပြည်နယ်မှာအများကြီးဆိုတာခင်ဗျားမေ့နေပြီလား၊ကျွန်တော်ကတော့ကိုယ့်ပြည်နယ်ကိုယ်သူများတွေလိုငြိမ်းချမ်းတဲ့ပြည်နယ်ဖြစ်ဘို့အရင်လိုလားတယ်၊ချမ်းသာတာဆင်းရဲတာကနောက်တစ်ပိုင်းပေါ့၊ကျွန်တော်တို့ပြည်နယ်သားတွေကြိုးစားရင်ချမ်းသာဘို့အခွင့်အလမ်းတွေရှိပြီးသားပါ၊အိန္ဒိယနဲ့တရုပ်ကြားမှာကုန်ကူးစားရင်းတောင်ငွေရှာလို့ရတဲ့ပြည်နယ်ပါ။အဓိကနယ်မြေအေးချမ်းဘို့ပါ။ခင်ဗျားကကချင်လူမျိုးထင်ပါတယ်၊ကျွန်တော်တို့ရှမ်းလူမျိုးတွေကလည်းကိုယ့်ပြည်နယ်ကိုယ်ချစ်ပါတယ်ဆိုတာသတိထားပါ။

ayetaa said...

စစ်..အစိုးရစစ်တပ်စစ်ဗိုလ်တွေ ကချင်မကိုယူ တာနဲ့ရာထူးတိုးတာတကယ်လား .....တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေသမျစစ်ပွဲဆိုတာရှိနေမှာဘဲ

invisibleblog said...

စစ်တပ်မှာရာထူးတိုးတာ လွယ်တယ်များထင်လို.လား။မသေချာပဲနဲ့ တော. အပုပ်ချချင်တာ တစ်ခုတည်းနဲ့ မပြောပါနဲ့ ။

William Soe said...

ဟုတ်ပါတယ် KIA ကို အမြစ်ပြတ်လှန်ပြစ်ဖို့လိုနေပါပြီ။ ကချင်ပြည်သူလူထု
ကောင်းစားရေးဆိုပြီး ဗန်းပြ ပြည်သူလူထု လမ်းပန်းဆက်သွယ်ရေး ပညာရေး ကျန်းမာရေး အားလုံး ပျက်ပြားအောင် အခြေခံ အဆောက်အဦးတွေကို ဖျက်ဆီး လျှပ်စစ်မီးတိုင်တွေကို ဗုံးခွဲ ဒါကိုဘဲ ဘာတဲ့ ကချင်ပြည်နယ် လွတ်မြောက်ရေးတဲ့.... ကချင်ပြည်နယ်ခွဲထွက်ပါပြီတဲ့ ဒင်းတို့ တွေ အေးချမ်းသာယာ ပါမယ်လို့ ကျိန်းသေရဲ့ လား ကုန်းတွင်းပိတ် တရုတ် အဖေခေါ် ရမယ် နိုင်ငံပေါက်စပဲဖြစ်မှာ။ ကျောက်စိမ်းလေးအပြင် ဘာထွက်လို့တုန်း။ ကချင် ပြည်သူကောင်းစားရေးဆိုရင် အလင်းဝင် ပြည်သူတွေအားပေးရင် ပါတီထောင်ပေါ့ တရားဝင် အစိုးရဖွဲ့ ဖြစ်အောင်လုပ်ပေါ့ အခုတော့ တနိုင်ငံလုံးကို ဒုက္ခရောက်အောင် လုပ်နေတာ KIA ကို ပြန်တိုက်ပါ သမ္မတကြီး ခင်ဗျား KIA ကို ညှိလို့ ရမလား စောင့်နေတာ တကယ်တိုက်လို့ ကတော့ ချက်ချင်း ပြာချလိုက်လို့ ရတယ်

devil said...

ကချင်သာ.. ခင်ဗျားဘက်က မှန်တယ်ဆိုရင် အပေါ်ကကွန်မန့်တွေအပေါ် သက်သေနဲ့တကွ ပြန်ချေပနိုင်ရပါမယ်။ မဟုတ်ရင်တော့ ၀ါဒ ဖြန့်ရုံသက်သက် လံကြုတ်တွေနဲ့ ပြသနာကြီးအောင် လျှောက်မရေးပါနဲ့ဗျာ။ တကယ်အဖြစ်မှန်နဲ့ အပြုသဘောသာဆောင်စေချင်ပါတယ်။ အခုဆို ခင်ဗျားတို့ တစ်ဖွဲ့ပဲ ကျန်ပါတော့တယ်။ နားလည်သင့်ပါပြီ။ KNU လို အဖွဲ့တောင် နားလည်လက်ခံပြီပဲ။ ဒီအတိုင်းဆို ကချင်ပြည်သူတွေ နဲ့ ပြည်နယ်ပဲ နောက်ကျန်ခဲ့ပါလိမ့်မယ်။ စဉ်းစားနိုင်ပါစေ

မောင်လေး said...

ကိုကချင်သားရေ....
ကျနော်အကျယ်အကျယ်ဖြစ်မှာစိုးလို့ နေတာ။ကျနော်လည်း ကချင်ပြည်နယ်သားရှမ်းလူမျိုးပါ။ကချင်တစ်ဝမ်းကွဲညီအကိုတွေလည်းရှိပါတယ်။ကျနော်ကနိုင်ငံရေးသမားမဟုတ်လို့ ကိုကချင်လိုနိုင်ငံရေး စကားမပြောချင်ပါ။ပြည်နယ်အေးချမ်းငြိမ်းချမ်းဘို့  ရာ အရေးကြီးပါသည်။ တင်းလွန်းလျှင်ပြတ်တတ် ပါ သည်။ နို့ မဟုတ်က ကျနော်တို့ ပြည်နယ်ကြီးနောက်ကျ ကျန်ခဲ့ ပါမည်။ လူမျိုးရေးအကြောင်းပြပြီးဘေး သို့ မရောက်စေ လိုပါ။လူမျိုးရေးပြဿနာလည်းမဟုတ်ပါ။မေတ္တာရှေ့ ထား၍ဖြေရှင်းကြလျှင်အောင်မြင်နိုင်မည်ဟုမျှော်လင့်ကြောင်းသာပြောချင်ပါသည်။

ဇင်မင်း2010 said...

ပာုတ်တယ်ကချင်သားရေဖင်ခေါင်းသိပ်မကျယ်နေနဲ့။အလင်းထဲကလူကအမြဲတမ်းသာနေတယ်နော်သဘာဝတရားဘဲ။တိုင်း၇င်းသားအားလုံးအပစ်အခက်ရပ်စဲကုန်
ကြပြီကချင်သားရဲ့။မင်းတို့ဘဲကျန်တယ်။ဘာလဲကေအိုင်အို(ပြောတော့ကချင်အမျိုးသားလွတ်မြောက်ရေးတပ်တဲ့ခေါင်းရှိတယ်လူဆိုရင်အပစ်အခက်ရပ်ဆဲမှာဘဲဘာကြောင့်လဲဆိုတော့မင်းတို့ရှိမှာလဲမင်းတို့ညူမျိုးတွေရှိတာဘဲသူတိုတွေဒုခရောက်ကုန်တာပေါ့။ပြီးတော့ကျောင်းသာတွေကိုသေနတ်ကိုင်လို့ရတယ်အရွယ်ဆိုရင်ပေါ်တာဆွဲတယ်တဲ။မတရားတာ။ကျောင်းသာူတွေကို။မင်းတို့ကေအိုင်အိုကိုပြောလိုက်ပါမင်းတို့ကိုသနားတယ်လို့။မင်းတိုခေါင်းတေါသတိထားလိုပြောလိုက်ပါနော်။SPINPER စာမိမှာစိုးလို့နော်.............you die forever.......

Theodo said...

ဒီလောက်စစ်သွေးကြွနေတဲ့ KIA ကောင်တွေကို အပြတ်သာရှင်းလိုက်ပါတော့။
ဘယ်လိုမှ ညှိလို.လည်းမရ သူတို.လိုချင်တာကြီးပဲစွတ်ပြောနေတာကိုး။မင်းတို.ထက် သတ်တမ်းအများကြီးရင့် နိုက်ငံရေးအရပါ ဝါအများကြီး ကြီးတဲ့ KNU တောင်ငြိမ်းချမ်းရေး ကိစ္စကညှိလို.ရတဲ့အခြေအနေကိုရောက်နေဘီ။မင်းတို.ရဲဆရာကြီးတောင် အန်မတုနိုင်တာကွာ.ဆက်တိုက် ဆက်တိုက် မင်းတို. ကချင်လူငယ်တွေ အများစု သေကျကြေကျ အုန်းပေါ့ ဆင်းရဲဒုက္ခတွေခံကြအုန်းပေါ့ အငတ်ဘေး စစ်ပွဲရဲ.ဘေးအန္တရာယ်တွေကို မင်းတို.လူမျိုးတွေတင် မက စစ်ပွဲရဲ့ဒဏ်တွေကို မင်းတို.လူမျိုးတင်မက ကချင်ပြည်နယ် ရှမ်းပြည်နယ်မှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေ ပါ အကုန်စုခံကြရအုန်းမှာပေါ့ကွာ လုပ်သာလုပ် ငရဲပြည်ရောက်တဲ့အထိဆက်လုပ်ကြ ကချင်သားရေ

naythuya said...

ကချင်မတစ်ယောက်လောက်လိုချင်တယ်ဗျာ ရာထူးတိုးချင်လိုပါ..း)

naytun said...

ဟုတ်တယ် အောက်ဆုံးက အကို ပြောသွားတာကို ထောက်ခံပါတယ် တကယ်တော့ KIO/KIA အနေနဲ့က အဲလိုမျိုး ပြည်သူတွေ ဒုက္ခရောက်အောင် မလုပ်သင့်ဘူးး လက်နက်ကိုင်ရဲရင် သေရဲရမယ် ပြည်သူကို ဒုက္ခပေးတာမျိုးတော့ မဖြစ်သင့်ဘူး သူလည်း သေနတ်နဲ့ ကိုယ်လည်းသေနတ်နဲ့ပဲ ချချင်ရင် စစ်တပ်ကိုပဲချပေါ့ တစ်ခုတော့ ပြောထားရဦးမယ် သမ္မတက KIO/KIA ကို မတိုက်တာက လူမျိုးရေး မျိုးတုန်းမှု တိုက်ပွဲ ဖြစ်မှာစိုးလို့သာ ဒီအတိုင်း ငြိမ်နေတာပါ KIO/KIA တပ်လောက်ကို တကယ်တိုက်လို့ကတော့ ဘယ်နှစ်ရက်မှတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာသိထားပါ အစိုးရစစ်တပ်ဆိုရာ နှစ်ပေါင်းမြောက်များစွာ နဲ့တည်ထောင်ထားတဲ့ တပ်ပါ ခေတ်မီလက်နက်တွေလည်း သာတယ်..အပြုတ်တိုက်လို့ရတာတောင် အစိုးရက ငြိမ်းချမ်းရေးရနိုင်တယ်ထင်ယူဆပီး ဒီအတိုင်းနေနေတာကို မတိုက်နိုင်ဘူးလို့ မထင်နဲ့သိလား အခုကော KIO/KIA လုပ်နေတာရော ကချင်လူမျိုးပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေရသလဲ သူတို့သာ သူတို့ပြည်သူတွေအတွက် တကယ်စဉ်းစားရင် အဲလိုမျိုးလုံးဝမလုပ်ဘူး KIOနဲ့KIA ကိုတော့ အာဏာရှင် ရှုးနေတဲ့သူတွေလိုပဲမြင်တယ်.. မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကို လျောက်နေတဲ့အချိန်မှာ သူတို့ကဖျက်လိုဖျက်စီးလုပ်ဖို့လောက်ပဲတတ်တယ် တကယ့်ဒီမိုကရေစီစနစ်သာ မြန်မာနိုင်ငံမှာပေါ်ထွန်းလာပီဆိုရင် မြန်မာမှမဟုတ်ဘူး အရည်ချင်းရှိရင် အခြားတိုင်းရင်းသာတွေအကုန်လုံး သမ္မတ ဖြစ်နိုင်တာပဲ.. မဖြစ်နိုင်ဘူးလို့ မပြောပါနဲ့ .. ဖြစ်နိုင်ချေရှိတာကို ပြောပြတာ.. မြန်မာစစ်တပ်ကို နိုင်အောင်တိုက်မှသာ ပိုပီးမဖြစ်နိုင်ဘူးဆိုတာ ပြောလို့ရတယ်.. အခြေနေကိုကြည့်ပီး မီးစင်ကြည့်ကတတ်တယ်ဆိုတာ လူတော်တွေရဲ့လုပ်ရပ်ပါ ခေါင်းမာတယ် ဆိုတာလည်း နေရာတိုင်းမှာ မကောင်းဘူး.. သမ္မတကလည်း သူ့လက်ထက်မှာ လူမျိုးတုန်း သုတ်သင်မူလို ဖြစ်မှာ ကြောက်နေလို့သာပါ အရင်စစ်အစိုးရတုန်းက အဲလိုမျိုး လုပ်ကြည့်ပါလား အခုလောက်ဆို လိုင်ဇာဟာ ပြာဖြစ်နေလောက်ပြီ.. အခြေနေကို နားလည်ပါ ကိုယ့်လူတို့
(မှတ်ချက်) ကချင်ပြည်သူများကို ပြောတာ မဟုတ်ပါ.. KIO/KIA စစ်တပ်ကိုပဲ ပြောတာပါ.. ဒီဟာကိုတော့ နားလည်မယ်ထင်ပါတယ်

ဖိုးခွားလေး said...

စစ်တိုက်ရင်းနဲ့ ကုန်သွားတဲ့အချိန်တွေကို နှမြောဘို့ ကောင်းတယ်။
ခုအခြေအနေမှာအချိန်ဟာသိပ်တန်ဘိုးရှိတယ်နော။သူ့ ကိုကိုယ်ကအများကြီးသတ်နိုင်တော့ဘာကောင်းသွားသလဲ။ငရဲတွေသာတိုးလာမှာ။ကိုယ်ခံရတော့ရောဘာကောင်းသလဲ။ခုချိန်မှာစစ်တိုက်နေတာအဓိပ္ပါယ်ရှိတယ်လို့ ယူဆလား။စဉ်းစားကြဘို့ ကောင်းပြီနော။

ရာရာ said...

နေရာ။ ။ တောတွင်း ကေအိုင်အေစခန်းတစ်နေရာ
အချိန်။ ။ ကေအိုင်အေ စစ်ဗိုလ်မှ မိမိတပ်သားများနှင့် မနက်ခင်းတန်းစီမိန့်ခွန်းပြောချိန်
(ကေအိုင်အေစစ်ဗိုလ်ပြော)...ငါတို့ကချင်ပြည်နယ် လွပ်လပ်ရေးရရင်ဒီတောင်တန်းကြီးတွေ ဘာလိုပြောင်းလဲသွားမလဲ..ဘရန်ဘောက်ဖြေစမ်း..
(ဘရန်ဘောက်ဖြေ).....တောင်ယာတွေဖြစ်သွားပါ့မယ်ဗိုလ်ကြီး..
(ကေအိုင်အေစစ်ဗိုလ်မှဒေါသတကြီးပြန်ပြော)...ငါ့လခွီး...မီးထိန်ထိန်လင်းသွားပါ့မယ်ဗိုလ်ကြီးလို့ပြန်ဖြေစမ်း...
မှတ်ချက်။ ။ ဟုတ်ကဲ့..ထိုကဲ့သို့ နိုင်ငံရေးခံယူချက်ပြင်းထန်လှသော ကေအိုင်အေစစ်တပ်ဖြစ်ပါကြောင်း...

ရာရာ said...

ကချင်သားရေ...ငါလည်း ကချင်ပြည်နယ်သားပဲကွ..မင်းပြောမှပဲ မကြားဖူးတာတွေကြားရတော့တယ်...မြစ်ကြီးနားကို မီးနှစ်ဆယ့်လေးနာရီပေးတာ၊ ဗန်းမော်မြစ်ကြီးနားလမ်းကို ကောင်းအောင်ပြုပြင်တာ၊ အခု စစ်ပြေးဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့နေတာ ကေအိုင်အေတွေဆိုတာ..။ အမယ်..ပါလိုက်သေးတယ်..။ ကချင်မကိုယူရင် ရာထူးတက်တယ်..ဟလား..။ အင်း...မှတ်တောင်ထားရဦးမယ်ဟေ့..။ဟေ့ကောင်ရေ...မင်းကချင်ပြည်နယ်သားဆိုတာ ပုံစံတစ်ဆယ်ပြပြီးယုံအောင်ပြောရင်တောင်မှ ..ဒါ အင် ကြီးပဲလို့ငါတော့ပြောမှာပဲ...။

ko pwa said...

မှန်ပါတယ်ဗျို့ ဟုတ်ပါတယ်ဗျို့ ရခိုင်ဘက်မှာလဲ ကုလားနဲ ပြသာနာဖြစ်ချင်နေတာဗျာ တိုင်းရင်းသားချင်း မတိုက်ကြရင်ကောင်းမယ်

Powered by Blogger.