မန္တလေးတွင် လူဖမ်းပွဲကြီးစနေပါပြီ

ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၂ခုမေလ၂၀ရက် ၂၁ရက် မန္တလေးမြို့ပြည်သူများ၏ မီးထွန်းဆန္ဒဖော်ထုတ်ပွဲနှင့် ဆက်စပ်၍ ယနေ့၂၂ရက်မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး NLD မှ ဦးဇော်ဝင်းအောင်၊ဦးလှမိုး၊ဦးချစ်တင်၊ဒေါ်ခင်သန်းညွှန့်(မန်းတိုင်း NLD ဘဏ္ဍငွေရှာဖွေရေးအဖွဲဝင်)တို့ကို သက်ဆိုင်ရာက ၀ရမ်းမပါဘဲ မန္တလေးတောင်ခြေအနီးရှိ SBရုံးသို့ ခေါ်ယူမေးမြန်လျှက်ရှိကြောင်းသိရသည်။
ထိုသူတို့၏ နောက်ဆက်တွဲအခြေအနေ မသိရှိရသေးပါ။

မန္တလေး လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှုနောက်ဆက်တွဲအဖြစ်....

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၏ လက်ခွဲ အာရှအလင်းရောင်ဖောင်ဒေးရှင်း(မန္တလေး)တာဝန်ခံ၊ မန္တလေးတိုင်း NLD ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင် လူမှုရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းမြင့် အား ယနေ့နံနက်အစောပိုင်းက SB (သို့) ရဲများက ဖမ်းဝရမ်းမပါဘဲ ခေါ်ဆောင်ဖမ်းဆီးသွားကြောင်း သိရသည်။

မန္တလေး လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မန္တလေးမှ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော် (ကလေး ၄ ယောက်၏ ဖခင်)လည်း ၄င်းနေထိုင်ရာ မြို့သစ်နေအိမ်မှ ယနေ့ နံနက် ၅ နာရီခန့်က SB (သို့) ထောက်လှမ်းရေး (သို့) ရဲများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း သိရသည်။ ယခုအထိ ၄င်းနှင့် အဆက်အသွယ်မရရှိသေးပါ။

၂၀၁၂ ခုနှစ်၊ မေ (၂၀/၂၁) ရက်များတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီးယခုအခါ မန္တလေးမြို့ပေါ်၌ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံ (သို့မဟုတ်) ခေါ်ယူစစ်ဆေးမေးမြန်းခံနေရရာ ယခုအထိ နောက်ဆုံးကြားသိရသော သတင်းအရ လူဦးရေ အယောက် ငါးဆယ် ကျော်သွားပြီဟု CJMyanmar က သတင်းရရှိပါသည်။

ယနေ့ (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း မန္တလေးမြို့၌ လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု တတိယမြောက်ရက်အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သော အလားတူ လှုပ်ရှားမှုတွင် ဖြန့်ဝေခဲ့သော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာများအရ သိရှိခဲ့ရရာ ယနေ့အင်္ဂါနေ့ညတွင် တတိယရက်မြောက် ဖယောင်းတိုင်မီးထွန်းဆန္ဒပြုပွဲ မန္တလေးတွင် လုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးက CJMyanmar သို့ ပြောကြားလိုက်သည်။

True News ဂျာနယ်၏ မန္တလေးသတင်းထောက်၊ စိမ်းရောင်စိုလှုမှုကူညီရေးအဖွဲ့နှင့် အခြားသော လှုမှုရေးရာအဖွဲ့များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ကိုမင်းထက်ငြိမ်းချမ်းလည်း SB/ရဲများ၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း CJMyanmar က သတင်းရရှိသည်။

CJMyanmar
မန္တလေးတွင် လူဖမ်းပွဲကြီးစနေပါပြီ မန္တလေးတွင် လူဖမ်းပွဲကြီးစနေပါပြီ Reviewed by သစ်ထူးလွင် on 11:30 Rating: 5

72 comments:

minsoeaung said...

ဒါကဖမ်းစရာလားကွ။
ဆန္ဒထုတ်ဖေါ်တာကိုဘာလို့ဖမ်းရတာလဲ။ပြန်လွှတ်ပေး
လိုက်ပါ။ သက်ဆိုင်ရာဝန်ကြီးကဖြေရှင်းရမှာကွ။
နားမလည်ဘူးလား။
လူနည်းလို့လား။တစ်နိုင်ငံလုံးလာရမှာလား။
စဉ်းစားကြနော်။ဒါဘဲ။

001komgmg222@gmail.com said...

လာရောက်ခေါ်ဆောင်သူများကိုထိရောက်စွာအရေးယူပေးပါ၊လျှပ်စစ်မီးမရလို့မရဘူးပြောတာအပြစ်လားခင်ဗျာ၊ခေါ်ယူးမေးမြန်စစ်ဆေးသူများကိုထိထိရောက်ရောက်အရေးယူပေးပါခင်ဗျာ၊ပြည်သူများကိုစားတောင်းဆိုပါတယ်။

minmyozeya said...

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတာ သမတ ကြီး ကိုယ်တိုင်လည်းပြောထားပါတယ်.. အခြေခံဥပဒေမှာလည်း အတိအလင်းဖေါ်ပြထားပါတယ်.. ဒါတောင်မှ ဖမ်းနေကြတုန်းပဲလား
အဲဒီ SB (ရဲခွေး) ဆိုတဲ့ကောင်တွေ တော်တော်ကိုတရားလွန်နေပြီ နေရာတကာ သူတို့ချည်းဘဲ.. အဲနောက်ကွယ်ကအမိန့် ပေးသူကိုလည်း ရအောင်ဖေါ်ထုတ်ကြပါဦး

min min said...

ငြမ်းချမ်းစွာ ဆနွပြခွင့်ရှိတယ်လဲ ပောသေးတယ်ဗျာ...ဖမ်းသွားပြန်ပြီ

မျိုးမြန်မာ said...

လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု ငြိမ်းချမ်းစွာ ဖြစ်လှုပ်ရှားစေချင်ပါသည်။ အယောင်ဆောင်ဆန္ဒပြု သူများ နောက်ကွယ်က ပေါ်လာမည်မှာ သေချာပါသည်။ သတိထားရှောင်ရှား သင့်ပါသည်။ဆန္ဒပြုသူများကို အားနာစွာ ပြောရရင် မီးမပျက်ဘူးတဲ့ လျှပ်စစ်ဌာနက လူကြီးများ (အိမ်မှာ Standby မီးစက် ရှိနေလို့) များကတော့ အထက်ဌာနက ဖိအားမပေးရင် ဘာမှလုပ်မှာ မဟုတ်ဘူး။ နိုင်ငံတော် အဆင့်အထိတောင်း ဆိုပါ နိုင်ငံတကာ အဆင့်မီ ခေတ်မီ ဓာတ်အားပေးစက်၊ ဓာတ်အားခွဲရုံများ တည်ဆောက်ဖို့တောင်းဆိုပါ။ ဓာတ်အားလိုင်း များကို လည်း လိုင်းမိုင်နဲ့ သင့်တော်သည့် ဓာတ်အားလိုင်း ဖြစ်ဖို့ တောင်းဆို သင့်ပါတယ်။ စက်ရုံ အလုပ်ရုံများ maintenance ကောင်းကောင်း(နိုင်ငံတကာ စံချိန်စံညွှန်းနဲ့) အညီ ဆောင်ရွက်ဖို့တောင်းဆိုပါ။ နိုင်ငံအနေ အထားအရ ဓာတ်အားမလောက် သော်လည်း အိမ်နီးနားချင် နိုင်ငံများကနေ အချိန်ပိုင်း ဓာတ်အားဝယ်ယူ ပြီးဖြေရှင်းတာများလည်း လုပ်အောင်တောင်းဆိုပါ။ ဒါက လက်တလော တောင်းဆိုရမှာပါ။ နောင်နှစ်တွေမှာ မီးမှန်အောင်ဆိုရင်တော့ ပြည်သူကို အရှိကို အရှိအတိုင်းချပြပြီး ဓာတ်အားထုတ်လုပ်ဖို့ စီမံကိန်းများ တည်ဆောက်သွားရင်တော့ကောင်းမှာပါ။

လင်းသစ် said...

ဒါဟာ.. ကျွန်တော်တို့ ပြည်သူတွေအတွက်
လှေကားတစ်ခုရဲ့ ပထမ တစ် ထစ်ကို စတက်ရမဲ့ အချိန်ပါ
အာဏာရှင်နဲ့ လက်ပါးစေတို့ရဲ့
ပြည်သူ့ဝန်ထမ်းမဟုတ်သော အစိုးရ၀န်ထမ်းများသည်
ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး
မတရား ဖိနှိပ် နှိမ်နှင်းမှု ဖြစ်ပါသည်
ပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်း ညီညာစွာဖြင့်
လက်တွဲဆန့်ကျင်ရပါမည်
ဦးသိန်းစိန် နှင့် ဦးရွှေမန်း တို့ ပြောပြောနေသော
"ပြည်သူတွေ အကျိုးရှိရင် ...."
"ပြည်သူတွေ အကျိုးအတွက်ဆိုရင်..." ဆိုသောစကားများမှာ
ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် နေသောပြည်သူများအား
ဖမ်းဆီးချုပ်နှောင်နေသောဖြစ်ရပ်နှင့် မည်သို့မည်ပုံ
ဆက်စပ်ရမည်နည်း...
" ထလော့ မြန်မာ... မြန်မာ ထလော့ "

မျိုးမြန်မာ said...

လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု ဆန္ဒပြုသူများကို အားနာစွာ ပြောရရင် မီးပျက်မှာ ထပြီးတောင်းဆိုရင်တော့ မလွယ်ပါ. ရေရှည် စီမံချက်များကို ဆောင်ရွက်ဖို့တိုက်တွန်းစေချင်ပါသည်။ သို့မှသာ နောင်နှစ်များ တွင်လည်း ဓာတ်အားနှင့် ပတ်သက်ပြီး စိတ်အေးရမှာပါ။ သတိပြုစေချင်သည် မှာ လျှပ်စစ်ဌာနတွင် အင်ဂျင်နီယာမဟုတ်သောပုဂိုလ်များမှ လူကြီးနားနေပြီ ဓာတ်အားနှင့် ပတ်သက်ပြီး အင်ဂျင်နီယာကိစ္ဓများကို ဆင်ခေါင်း ခွေးချီ လုပ်နေခြင်းများကိုလည်း နိမ်းနင်းသင့်ကြောင်း တင်ပြကြပါ။

ngaba said...

ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်တာကို အပြစ်ကျူးလွန်တာလို့ မြင်နေတဲ့ အာဏာပိုင်တွေ ရှိနေသမျှ တိုင်းပြည်မတိုးတက်နိုင်ဘူး၊ ဒီမိုကရေးစီ မဖေါ်ဆောင်နိုင်ပါဘူး။
ပြည်သူတွေရဲ့ ဆန္ဒကို တတ်စွမ်းသမျှ ဖြည့်စွမ်းဖို့ကို မကြိုးစားပဲ စိတ်ပိုင်းဆိုင်ရာ ဖိအားပေး၊ အကြောက်တရား စိုးမိုးရေးကိုပဲ ဇောင်းပေးနေတာမျိုးတွေက တိုင်းပြည်တိုးတက်ရေးမှာ ဆူး၊ ငြောင့်တွေပါပဲ။

zam said...

1988 လိုအဖြစ်မျိုးတော့ ပြန်မရောက်ချင်ဘူးဗျာ...

MG HLAING said...

မှောင် နေသောမြို့များအားလုံး ဆန္ဒထုတ်ဖော်သင့်ပါတယ်။

မိုးစဲနေ said...

ဒါမျိုးအမြဲတမ်းလုပ်တယ် သောက်ကျင့်တွေကိုက ဒီမိုကရေစီပေးမယ်ပြောတဲ့ ကောင်တွေက လျှပ်စစ်မီးမလာတာ ပြောတာတောင် မခံနိုင်ဘူး..နိုင်ငံပိုင် လျှပ်စစ်တွေကြတော့ ရောင်းစားကြတယ်..

KENNETH said...

ဥပဒေရဲ့အထက်မှာဘယ်သူတွေရှိနေသလဲ....

မျိုးမြန်မာ said...

အပေါ်က ရေးသားချက်များ ကောင်းပါတယ်
အနည်းငယ်တင်ပြလိုတာက ၀န်ကြီးဌာန နှစ်ခုရဲ့ အဓိက တာဝန်ပိုင်း များကိုပါ
လျှပ်စစ်(၁)
=======
၁။ လျှပ်စစ်စက်ရုံများတည်ဆောက်ပြီး လျှပ်စစ်(၂)ကိုရောင်းခြင်း
လျှပ်စစ်(၂)
=======
၂။ လျှပ်စစ်(၁)ဆီက ရတဲ့ဓာတ်အားကို အများပြည်သူသို့ ပြန်ဖြန့်ခြင်း

သူတို့၏လုပ်ဆောင်ချက်
================
၁။ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ဖို့စိတ်မ၀င်စားသော်လည်း ဓာတ်အားပေး စက်ရုံ/ဓာတ်အားခွဲရုံ/လိုင်း စသော စီမံကိန်းများ လုပ်ဆောင်ရန်သာ စိတ်ဝင်စားသည်။ သို့သော် အရည်အသွေး ရှိသော စီမံကိန်းဖြစ်ဖို့ ပစည်း ကောင်းဖို့ ရေရှည်အသုံးခံဖြစ်ဖို့ စိတ်မ၀င်းစားပါ။ စီမံကိန်းကိုင်ရသဖြင့် ရရှိလာမည် ၀င်ငွေကိုသာ စိတ်ဝင်းစားခြင်းဖြစ်သည်။
၂။ နိုင်ငံခြားသို့ လျှပ်စစ်ကိစများ အကြိမ်ကြိမ် သွားကြသော်လည်း သွားသူတို့သာ ကြွားစရာ ဖြစ်နေပြီး ဌာနကောင်းကျိုး ၀(လုံးဝ)ဖြစ်မလားခြင်း
၃။ ငါးပွက်ရာငါးစာချ အုပ်ချုပ်မှုကိစ (လွယ်ကူသော ခေါင်းမသုံးရသော) များသာ လုပ်လိုသော အရာရှိများ များနေခြင်း (၄င်းအလုပ်များကို Administration စီမံခန့်ခွဲသည်ဟူ ထင်နေကာ သွေးနထင်ရောက်နေ စီမံ အရာရှိများက များပါသည်)
၎။ အင်ဂျင်နီယာများ ခါးဆက်ပျက်နေခြင်း (သက်ပြည့် ပင်စင်ရရှိပြီး ဖြစ်သော်လည်း ကျွမ်းကျင် ရာထူးများ ရယူကာ ဌာနအခွင့်အရေးများကို ဂုတ်သွေး စုတ်နေခြင်း) အဆိုပါ လူများ ဌာနတွင် မလိုအပ်ပါ.
၅။ အရာကြီးများ နယ်ခရီးသွားရာတွင် ဒေသခံ လျှပ်စစ်ဝန်ထမ်းများကို ကုန်ကျစရိတ်ခံခိုင်သဖြင့် နယ်ခံဝန်ထမ်းများ ၀န်ထုတ်ဝန်ပိုဖြစ်ကာ မသမာ မှုများ များလာခြင်း. ဌာနတိုးတက်ရေးများစွာ အဟန့်အတား ဖြစ်လျက်ရှိခြင်း
၆။ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများကို လိုက်ပါဆောင်ရွက်နိုင်မှု နှေးကွေးခြင်း။

အထက်ပါကိစများကို အရင်ရှင်းသင့်ပါသည်။

နားမလည် ပါးမလည် said...

ဒါလား ဟဲ့ ဒီမိုကရေစီ ခင်ဗျားတို့တတွေ လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့သဘောလား ငြိမ်းချမ်းစွာ တောင်းဆိုတာ ဒီမိုကရေစီ ကွ မင်းတို့ အာဏာဆိုတဲ့ပါဝါကို ခုထိသုံးတုံးပဲလား နောက်ကြောင်းပြန်လှည့်နိုင်တယ်ဆိုတာကို သက်သေပြတဲ့သဘောပဲ မင်းတို့ အာဏာရှင်တွေ အပြတ်ဖြုတ်မှကို ဖြစ်တော့မယ်
အားလုံးကို ပြန်လွှတ် ချက်ခြင်း ပြန်လွှတ်ပေး ပြသာမရှိ ပြသာနာရှာ တနိုင်ငံလုံး အဓိက၇ုဏ်း ဖြစ်သွားမယ်

zay mg said...

ဟေးးးးလူတွေ..ခင်ဗျာတို.သောက်ကျင့်တွေမပျောက်သေးပါလားဗျ။ငြိမ်ချမ်းစွာ စီတန်းလှည်.လည် ဆန္ဒပြနေကြတဲ့ လူတွေကို ဖမ်း
ဆီးနေကြတာ ဘယ်သူ.အမိန်.လဲ ဘယ်သူခိုင်းစေတာလဲ...
သမ္မတကြီးလား..?လက်ရှိအချိန်မှာ သမ္မတကြီးက ဘယ်လိုမျိုး မြန်မာနိုင်ငံ ကို လက်တွေအကောင်အထည်ဖော်နေကြတာလဲ ဆိုတာ ခင်ဗျားတို.တွေသိတယ်နော်....ဒါဘယ်သူ.အမိန်.လဲ သေချာ၇ှင်းလင်းပြတ်ပြတ်သားသားနဲ.ကို စုံစမ်းဖော်ထုတ်သင့်တယ်....ဖမ်းစီးသွားတဲ့လူတွေကို ခင်ဗျာတို. လွှတ်ပေးပါ။အပေါ်က ကိုမင်းစိုးအောင်ပြောသလို လူနဲလို.လားဟေ့လူတွေ။။။ပြည်သူတွေ ဆူပူအောင်တမင်လုပ်တာလား...ခင်ဗျာတို.မှာ ဘာအကြံတွေနဲ.ယုတ်မာကြအုံးမှာလဲ....ဦးဇော်မင်း....အရေကြီးဆုံးပုဂ္ဂိုလ်ပဲ..ဖမ်းခြင်းဖမ်းရင်..သူ.ဖမ်းရမှာဗျ။။။။လွှတ်ပေးးးပြည်သူတွေ..ဖမ်းစီးသွားတဲ့..ငါတို.ပြည်သူတွေကို ခုလွှတ်ပေးကြပါ။။။။

Unknown said...

နည်းနည်းလေးတော့လွဲနေတယ်။သမတကပြောတာ ပြောင်းလဲနေပြီတဲ့။အရင်အတိုင်းဘဲအရင်အတိုင်းဘဲဆိုတဲ့ ကိုထွန်းထွန်းတို့ပြက်လုံးကိုသတိရမိတယ်ဗျာ

shingyi said...

၇ဲ။စစ်တပ် ကခိုင်းတာလုပ်၇တာပါ။နိုင်ငံေ၇းကိုကိုင်တွယ်သူ၇ဲ့တာဝန်ပါ။
KIO/KIAတို့ကလည်းဖျက်ထားတာ၇ှိတယ်။၇ပ်ကွက်၊မြို့နယ်အုပ်ချုပ်ေ၇း
ကပြည်သူ့သဘောထားတင်ပြမှပေါ့။၇ဲကိုလည်းမုန်းအောင်မလုပ်ပါနဲ့ကြိုခွင့်
မတောင်းလို့ဥပဒေနဲ့မကိုက်တာမှန်ပါတယ်။ဒါပေ၇ာဂပါ။လူအမျာလည်းသတိ
မူစေချင်ပါတယ်။တဖက်ကဖျက်၊တဖက်ကအော်ဆိုတာယခင် ဗကပ လက်ကျန်
လုပ်၇ပ်မျိုးပါ။တိုင်းပြည်တိုးတက်စေလို၇င်မဆူတာကောင်းတယ်။ကောင်းတဲ့
အစိုး၇လို့လက်ခံထား၇င်၊လိုတာကိုလွှတ်တော်ကိုယ်စားလှယ်တွေတင်၇
မှာတင်မပေး၇င်နောက်မဲမပေးဘူးပေါ့။ဂျာနယ်တွေကလဲပညာပေးေ၇း
ပေးပါအုန်း။ဖြစ်စဉ်တွေမေ၇းဘဲနွားပေါင်ကျိုးတာကမ်းပါးပြိုတာနဲ့ဆိုင်
ကြောင်းေ၇းပေးဘို့တိုက်တွန်းပါတယ်။ဒို့ကတော့အားလုံးပြေလည်မယ်
ထင်ထားပါတယ်။လေးစား၇ိုသေပါသည်။

kyaw Htoo(Natogyi) said...

ဒီမိုကရေစီ ဆိုတဲ့စကားရပ်ဟာ စာရွက်ပေါ်မှာပဲရှိသလား ဒီလို လွတ်လွတ်လပ်လပ်ဆန္ဒဖော်ထုတ်တာကို ဖမ်းလားစီးလားလုပ်နေ လို့ကတော့ ၂၀၀၈ဖွဲ့စည်းပုံကဖြစ်လာ ဒီမိုကရေစီဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ သုံးခဲ့တဲ့စကားကို ငှားသုံးရင် ရွှေရည်စိမ် ဒီမိုကရေစီကြီးပါကွာ.....

winmyanmarmg said...

အထက်က လူကြီးတွေ အမိန့်မပါဘဲ အောက်ကလူတွေက မဖမ်းရဲဘူး။ အထက်ကလူကြီးတွေ တာဝန်သိချိန်တန်နေပြီ။ မီးမရလို့၊မီးမလာလို့ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ပြတာ ပြည်သူမှာ အပြစ်မရှိပါဘူး။ တာဝန်မကျေတဲ့ နိုင်ငံခေါင်းဆောင်လုပ်နေတဲ့ လူကြီးတွေကိုဘဲ ဖမ်းရမှာဗျို့ ။ ဆန္ဒမပြစေချင်ရင် တာဝန်တွေကျေအောင် ထမ်းဆောင်ကြပါဗျို့ ။

Maung FD said...

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒ ပုဒ်မ ၃၅၄ မှာ
-လက်နက်မပါပဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊စီတန်းလှည့်လည်ခွင့် များကို လွတ်လပ်စွာ ဆောက်ရွက်ခွင့်ရှိတယ်လို့ အတိအလင်းရေးထားပါတယ်..
ဘယ်လိုကောင်တွေလဲကွ..ဥပဒေကို နားမလည်ကြဘူးလား

phyo1980 said...

နေပါဦးလိုက်ဖမ်းတဲ့ရဲကကော သူတို့အိမ်မှာမီးလာလို့လား။ဦးနှောက်မရှိတဲ့
ကောင်တွေ။

Khin Lwin said...

သူတို့ဒါဘဲလုပ်တတ်တယ် တစ်ခါလာလည်းဖမ်းမယ်၊ တစ်ခါလာလည်းဖမ်းမယ်။
ပြည်သူတွေဘာလိုအပ်လဲ ဘာကြောင့်လုပ်ရတာလဲ
ဒီလိုမျိုးတွေးပြီးလုပ်ပေးတာမျိုး မရှိခဲ့လို့ တိုင်းပြည်လည်း
စုတ်ပြတ်သပ်နေပြီဆိုတာရော သတိပြုမိကြရဲ့လားဗျာ။

ဖိုးဖိုးကြီး said...

အပ်နဲ့ထွင်းကြပါ-ပေါက်ဆိန်နဲ့မပေါက်ကြပါနဲ့။ နိုင်ငံတော်တည်ငြိမ်အေး
ချမ်းမှု့ကိုလိုလားသည်။တည်ငြိမ်အေးဆေးစွာလုပ်ဆောင်နေကြသည်ကိုအေးချမ်းစွာဆောင်ရွက်ကြပါ။သက်ဆိုင်ရာတာဝန်ရှိသူများကအစဉ်ပြေအောင်ဖြေ
ရှင်းပေးလိုက်လျှင် နိုင်ငံတော်ကြီးအေးချမ်းသာယာပါလိမ့်မည်။ ဆူပူမှု့များမဖြစ်အောင်-သက်ဆိုင်ရာဝန်ကြီးဌာနကမီးလာအောင်စီမံဆောင်
ရွက်ပေးလိုက်လျှင် အားလုံးအစဉ်ပြေနိုင်ပါမယ်။
ပြည်သူ့ဆန္ဒတွေအစဉ်ပြေအောင်ကူညီပေးလိုက်ပါ။ သမ္မတကြီးလည်း
နိုင်ငံတည်ငြိမ်အေးချမ်းမှု့ကိုသာလိုလားပါသည်။ အောက်ခြေ၀န်ထမ်းတွေကအပေါ်ကလူကြီးတွေရဲ့အမိန့်ကြောင့် အခုလိုလုပ်တာလား-ကိုယ့်သဘော
နှင့်ကိုယ်လုပ်ကြတာလား။ ဒီတခါ နိုင်ငံတော်ကြီးပျက်ဆီးအောင်မလုပ်ပါနဲ့။
စက်ရုံဆူပူမှု့ကတမျိုး-မီးကိစ္စကတဖုံ-အဖျက်သမားတွေအကြိုက်ဖြစ်နေတာ
ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအနေနဲ့သိဖို့လိုပါတယ်။သေးတဲ့အမှု့
ကို-ကြီးလာအောင်မလုပ်ဘို့-၀န်ထမ်းတွေမှာတာဝန်ရှိပါတယ်။

booboom said...

မြန်မာ့ ဒီမိုကရေစီ ဆိုတာ အဲတာကိုခေါ်တာလား
စနစ်တွေ ကမပြောင်းသေး ဘူးလား

laypyaynyin said...

ပြောတော့ဒီမိုကရေစီ ပြည်သူတွေအပေါ် အခုဘာတွေလုပ်နေကြတာလဲ.....

ပုသိမ်သား...ဆင်မ said...

ကိုသိန်း...ခင်ဗျားပြောတော့  ငြိမ်းချမ်းစွာဆန္ဒပြခွင်ရှိတယ်ဆို...အော်သိပြီ ဖယောင်တိုင်းမှာမီးပါလို့ လား...အဲလိုလာ..အော်ဥပဒေ..ဥပဒေ...

Anonymous said...

တရားခံ ဘယ်သူလဲ ??? အပြစ်ရှိတာဘယ်သူလဲ ???
တာဝန်ရှိသူကတောင် နုတ်ထွက်ဖို့ပြင်နေပြီ ၊ဘာလိုလျှောက်ဖမ်းနေရတာလဲ ။

ဆန္ဒမွန် said...

ဟာ ဘာလည်းဟ!.... SB ကကောင်တွေ ရူးနေလား???.. ပြည်သူတွေကျွေးတဲ့ ထမင်းစားနေပြီးတော့၊......လိုအပ်လို့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့ ပြည်သူတွေကိုလာဖမ်းနေတယ်.... စောက်ပေါတွေ... ပြည်သူ့တွေရဲ လျှပ်စစ်အရင်းအမြစ်တွေ ခိုးပြီး ရောင်းစားတဲ့ .. ချီးဘရိန်းစောက်ပါကောင် ဇော်မင်းကို အရင် ဖမ်းရမှာ.....

waioo said...

ငါဆဲလိုက်ရ မကောင်းရှိရောမယ်
.... ရိုးမသားတွေ
ဦးသိန်းစိန်ပြောတော့ ပြည်သူကို မိဘသဖွယ်ဆက်ဆံဆိုကွ။
မင်းတို့ ပုလိပ်တို့ စုံထောက်တို့ဆိုတာ ဆန္ဒထုတ်ဖေါ်တဲ့သူတွေကို ဖမ်းဖို့လောက်ပဲအလုပ်ရှိသလား။
မီးပေးဖို့မစဉ်းစားပဲ တိုင်းပြည်ကို အနှစ်ငါးဆယ်လုံး မဒိမ်းကျင့်လာတဲ့ မင်းပထွေးတွေကျ ဒီအတိုင်းလွှတ်ထားလို့ရသလား

chochoaung said...

ဖမ်းတာမဟုတ်ပါဘူး ဖယောင်းတိုင်ကြောင့်  မီးဘေး အန္တ၇ာယ်တွေ ပေါ်ပေါက် လာမှာ ဆိုးလို့  ခေါ်ယူပြီး ဆွေးနွေးတာပါတဲ့ အများပြည် သူ လုံခြုံေ၇းအတွက် ဓာတ်မီးလေးတွေ ကိုင်ဆောင် ၇င် မကောင်းဘူးလားတဲ့ အေးချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကြား အခွင့် အေ၇း သမားအကြမ်းဖက်သမားတွေ ပါလာခဲ့ ၇င် ပြည်သူတွေ နစ်နာမြှ ဆိုးလို အထူးသဖြင့် မီးဘေး ပေါ့ တဲ့  သူတို့ ဘက်က ပြောပါတယ်

ကိုမြိတ်မောင် said...

ငြိမ်းချမ်းစွာဆန္ဒပြတာအပြစ်လား၊ ဒီမိုကရေစီဆိုတာဘာလဲ သမ္မတကြီးရေကယ်ပါဦး အခုထိအရင်လိုဘဲ့လား အခြေခံဥပဒေကို မဖတ်ကြဘူးလား ဖမ်းတဲ့လူတွေကို ထိရောက်စွာအရေးယူပေးပါ လူတစ်ဦးတစ်ယောက်ကိုဖမ်းဝရမ်းမပါဘဲ ဖမ်းလို့ရလား သမ္မတကြီးမသိသေးဘူးထင်တယ် အမြန်ဆုံးအသိပေးကြပါ ဒါမှသူ့လူတွေဘာလုပ်နေလဲသိရပြီး ထိရောက်စွာအရေးယူရမှာပါ ဖမ်းထားတဲ့လူတွေကိုအမြန်ဆုံးပြန်လွတ်ပေးပါ။

mayhtat said...

ဆန္ဒပြတာအကြောင်းမဟုတ်ပေမဲ့.ရဲအတွက်တော့ဂွင်တွေ့သွားတာအမှန်ဘဲ..
ရဲဆိုတာဒါမျိုးဘဲခြောင်းနေတာ...
တမတ်ရရ..ငါးမူးရရ..ညစ်နေအုန်းမှာဘဲ...
စောင့်ကြည့်နေစရာမလိုဘူး..လက်တွေ့ခံနေရမှာသေချာဘဲ....

Unknown said...

ဒါဟာလက်ရှိကြံ့ဖွတ်အစိုးရကနေပြီတော့. အရင် နအဖအစိုးရပါဘဲလို့ မိမိဖါသာ ပြည်သူတွေကိုချပြလိုက်တာပါ. ဒီမိုကရေစီအရေးတော်ပုံကြီးကမပြီးဆုံးသေးပါ. အရေးတော်ပုံကြီးအောင်မြင်တဲ့အထိ. တို့ပြည်သူတွေအားလုံးညီညီညွတ်ညွတ်နဲ့. ယခုလိုအရေးကြီးဆုံးအခြေအနေမှာ. နအဖ. တစ်ဖြစ်လဲ ချိတ်ထမိန်တွေပြောင်းဝတ်ထားတဲ့ကြံ့ဖွတ်အစိုးရကို ဖြုတ်ချ. အနိုင်ယူကြဖို့ရာ၂၀၁၅. အထိ. အလိမ္မာသုံးပြီး. တို့ပြည်သူတွေအောင်ပွဲခံကြပါစို့လား. လွတ်တော်ထဲကရေးထားတဲ့ဆောင်ပုဒ် ကြီးက အလကါးကြီးပါလား ကြည့်ကေါင်းအောင်ချိတ်ထားတာကြီးပါလား

aristhteinwin said...

ရဲတွေက ကိုယ့်သေတွင်း ကိုယ်တူးနေပြီ- မြန်မြန်သေချင်လို့ ထင်တယ်။

myatminmaung said...

အော် ဒီမိုကရေစီ မရသေးပါလားနော်
မကောင်းတဲ့အကျင့်တွေမဖျောက်နိုင်သေးဘူး

zawmyoaye said...

သနတကြီးကြည့်လုပ်အုံးနော်. အပြေားနဲ့အဟေားမညီဘူးဖြစ်နေတယ်

အောင်မြင် said...

မေလ ၁၁ရက်နေ့ဦးသိန်းစိန်မိန့်ခွန်းတွင်တိုးတက်တက်လိုသည့်အမြင်မရှိသည့်ရှေးရိုးစွဲများခေတ်နောက်ပြန်စွဲလိုသူများကိုချန်ထားခဲ့မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။အခုလက်တွေ့ဘဲလေ၊ဒါအရင်ပုံစံအတိုင်းဘဲဆိုတာလူတိုင်းမြင်တဲ့ကြားတဲ့အတိုင်းဘဲလေ။ဒီပြသနာကဖမ်းစရာကိုမလိုတဲ့ဟာလေ။စာရွက်မှာဘဲပြောင်းနေတာလေ။အခုတော့ခေါပြီးအစစ်ခံတယ်ဆိုတာကြည့်ကောင်းအောင်ပြောနေတာ။ပွင့်ပွင့်လင်းလင်းပြောရ၇င်ဒါဖမ်းတယ်လို့ပြောတာဘာပဲ။

zawmyoaye said...

ဥပဒေတွေမရှိတော့ဘူးလား. ကြည့်လုပ်ကြပါအုံး. ဒါတွေကခွင့်ပြုပေးတယ်ဆို
ဒီမိုကရေစီဆိုတာလွပ်လပ်တယ်ဆို.ဘာလို့ဖမ်းကြတာလဲဗျာ

DANA HLAINE HTET said...

ဒါလား ဒီမိုကရေစီ

Hawk97 said...

မြန်မာပြည်မှာ ကျွန်တော် အချစ်ဆုံး လူတန်းစားများကို ပြောပါဆိုရင် ဘောင်းဘီရှည်ဝတ် ၀န်ထမ်းများ ဖြစ်ပါကြောင်း။ အဘယ်ကြောင့်ဆိုသော် ၄င်းဝန်ထမ်းများသည်
ပြည်သူများအပေါ်တွင် များစွာ အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ၀န်ထမ်းများနှင့် တွေ့လျှင် ပြည်သူများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျ သွားသည်ကို တွေ့ရှိရပါကြောင်း။ ၄င်းဘောင်းဘီရှည်ဝတ် ၀န်ထမ်းဋ္ဌာနများမှာ မြန်မာပြည်သူချစ်သော ပြည်သူ့ရဲ(SB, BSI, CID, ရရရ(ရိုးရိုးရဲ), ယာဉ်ထိန်း၊ တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ၊ စည်ပင်ဋ္ဌာန နှင့် အခြားသော ဘောင်းဘီရှည် ၀တ်လိုက်၊ ချွတ်လိုက် ဋ္ဌာနများလည်း ရှိပါသည်။

Unknown said...

ပြောတော့ မြန်မာပြည်မှာ လျှပ်စစ်မီးပိုလျှံလိုတောင် ပြည်ပကိုရောင်းစားနေရတယ်ဆို အခုတော့ (24)နာရီ လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကိုတောင် အဲဒီ SB ဆိုတဲ့ ဘာဆိုဘာမှ မသိတဲ့ ရတိုင်းတောင်းနေတဲ့ ကောင်တွေက ဘာကြောင့် ခေါ်ယူစစ်ဆေး ဖမ်းစီးချုပ်နှောင်ရတာလဲ။ နောက်ကွယ်ကနေ အမိန့်ပေးသူ ကိုလည်း ပြည်သူများသိအောင် ဖော်ထုတ်ပေးပြီးတော့ တိရောက်စွာ တည်ဆဲဥပဒေအရ အရေးယူသင့်ပါတယ်။

Hawk97 said...

မြန်မာပြည်မှာ ကျွန်တော် အချစ်ဆုံး လူတန်းစားများကို ပြောပါဆိုရင် ဘောင်းဘီရှည်ဝတ် ၀န်ထမ်းများ ဖြစ်ပါကြောင်း။ အဘယ်ကြောင့်ဆိုသော် ၄င်းဝန်ထမ်းများသည်
ပြည်သူများအပေါ်တွင် များစွာ အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ၀န်ထမ်းများနှင့် တွေ့လျှင် ပြည်သူများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျ သွားသည်ကို တွေ့ရှိရပါကြောင်း။ ၄င်းဘောင်းဘီရှည်ဝတ် ၀န်ထမ်းဋ္ဌာနများမှာ မြန်မာပြည်သူချစ်သော ပြည်သူ့ရဲ(SB, BSI, CID, ရရရ(ရိုးရိုးရဲ), ယာဉ်ထိန်း၊ တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ၊ စည်ပင်ဋ္ဌာန နှင့် အခြားသော ဘောင်းဘီရှည် ၀တ်လိုက်၊ ချွတ်လိုက် ဋ္ဌာနများလည်း ရှိပါသည်။

အောင်မြင် said...

မေလ ၁၁၇က်နေ့က ဦးသိန်းစိန်မိန့်ခွန်းတွင်ရှေးရိုးစွဲနေသူများကျန်ခဲ့မယ်တဲ့။အခုါ်ီအဖြစ်ပျက်ကအားလုံးတွေ့တဲ့တိုင်းဘဲ။မြန်မာပြည်ကတော့စာရွက်ပေါပြောင်းတာဘဲရှိတယ်။လျှစ်စစ်မီးဆိုတာအားလုံးအတွက်မရှိမဖြစ်လိုတာလေ။အမှန်တိုင်းပြောတော့ဖမ်းတယ်လေ။နေပြည်တော်ကျတော့ဘာလို့မီးမပျက်တာလဲ။ဒီမိုကရေစီလို့ပြောရင်VIP ဆိုတာမရှိရဘူးလေ၊အခုဟာကရန်ကုန်လို့မန္တလေးဒါတွေဘဲပျက်နေတာနေပြည်တော်ပျက်တယ်ဆိုတာရှိမှမရှိတာဒါကိုအမှန်တိုင်းဆန္ဒာထုတ်ဖော်လို့ဖမ်းတာလုံးဝကိုဥပဒေပေါ်မှာအမိန့်ညွှန်ကြားချက်ရှိနေတာအထင်ရှားကြီးပါ။on paper စနစ်ကိုလည်းရပ်တင့်ပါပြီ။လျှစ်မီးကိုနိုင်ငံတကာနဲ့ရှင်ပြီးဘယ်လိုရအောင်လုပ်မလဲမစဉ်းစားဘူးမီတာခတက်ဖို့ဆိုရင်နိုင်ငံတကာဈေးနှူန်းနဲ့နှိုင်းရှင်ပြီးကောက်မယ်။ဈေးမြင့်လိုက်ပြီး၁ပတ်၂ပတ်တော့မီးမှန်မယ်ပြီးရင်ဝါးသားသားနဲ့ဒုံရင်းကဒုံရင်းဘဲ။ဒီလိုအခြေအနေမှအမြန်ဆုံးလွှတ်မြောက်ချင်ပါပြီ။

Hawk97 said...

မြန်မာပြည်မှာ ကျွန်တော် အချစ်ဆုံး လူတန်းစားများကို ပြောပါဆိုရင် ဘောင်းဘီရှည်ဝတ် ၀န်ထမ်းများ ဖြစ်ပါကြောင်း။ အဘယ်ကြောင့်ဆိုသော် ၄င်းဝန်ထမ်းများသည်
ပြည်သူများအပေါ်တွင် များစွာ အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ၀န်ထမ်းများနှင့် တွေ့လျှင် ပြည်သူများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျ သွားသည်ကို တွေ့ရှိရပါကြောင်း။ ၄င်းဘောင်းဘီရှည်ဝတ် ၀န်ထမ်းဋ္ဌာနများမှာ မြန်မာပြည်သူချစ်သော ပြည်သူ့ရဲ(SB, BSI, CID, ရရရ(ရိုးရိုးရဲ), ယာဉ်ထိန်း၊ တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ၊ စည်ပင်ဋ္ဌာန နှင့် အခြားသော ဘောင်းဘီရှည် ၀တ်လိုက်၊ ချွတ်လိုက် ဋ္ဌာနများလည်း ရှိပါသည်။

Human Right said...

ငြိမ်းချမ်းစွာ အခြေခံဥပဒေနှင့်အညီဆန္ဒပြနေသူများကို ဖမ်းဆီးသွားသူများနှင့် ဖမ်းဆီးရန်အမိန့်ထုတ်ပြန်သူတို့အား အကြီးအကျယ် ပိုးစိုးပက်စက် ပြင်းပြင်းထန်ထန် စိတ်ရင်းအတိုင်း ရှုံ့ချပါ၏ ။

Maungluaye.Arch said...

သတင်းကို သေချာလည်း စိစစ်ပြီးမှတင်ပေးပါဗျာ။ အခုဟာက ပြည်သူ့ဆန္ဒကို သိချင်တာရယ် ပြည်သူကြားမှာဖြစ်ပျက်နေတာကို သိလိုတာရယ်ကြောင့်သာ ခေါ်ယူမေးမြန်း ( တိုင်ပင် ) တာပါဗျာ။ အခု မေးမြန်းပြီး ပြန်လာတဲ့သူတွေ ရှိပါတယ် ။သူတို့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီးမှ သတင်းကို တင်ပေးပါ ။ဖတ်ရတာက အပြင်မှာဖြစ်နေတာနဲ့ ခင်ဗျားတင်ထားတာနဲ့က လွဲလွဲနေတယ် ။ခင်ဗျားရေးတာကလည်း ကြမ်းပိုးကို အမြဲ လိပ်ဖြစ်အောင်ရေးတယ် ။ ဘက်မျှအောင်ရေးပေးပါ။ သတင်းမှန်ကိုပဲဖတ်ချင်တယ်။ ခင်ဗျား သတင်းဖတ်လိုက်တာနဲ့ကို မြန်မာနိုင်ငံတွင်းမှာ ကောင်းတယ်ဆိုတာကို မတွေ့ရတော့ဘူး။ ကျွန်တော်တို့က ဘယ်သူတင်တဲ့ သတင်းပဲဖြစ်ဖြစ် အတင်းပဲဖြစ်ဖြစ်ဖတ်နေရတာဆိုတော့ မှန်ကန်တဲ့သတင်းလေးပဲဖြစ်စေချင်ပါတယ် ။ သချာစိစစ်ပေးပါခင်ဗျာ။

Avraham Noah said...

ဒီလို တွေသာဖြစ်နေမယ်ဆို...မင်းတို့အစိုးရကိုဘယ်လို သွားပြီးယုံကြည်ရတော့မလဲ.။နဂိုတည်းကမှ... ရွံ့နေပါတယ်ဆိုမှကွာ..

Unknown said...

sbကဝရမ်းမပါဘဲခေါ်ယူစစ်ဆေးတယ်ဆိုကထည်းကငါတို့မှာအာဏာနဲ့သေနတ်ရှိတယ်လုပ်ချင်ရာလုပ်လို့၇တယ်ဆိုတဲ့အာဏာရှင်စံနစ်ဟာရှိနေတုံးကျင့်သုံးနေဆဲဆိုတာလက်တွေ့ပြလိုက်တာပါ

bear said...

ပြောတော့ဖြင့် ဒီမိုကရေစီဆို ...............နောက်ဆုံးတော့လည်း လေ

thuthu said...

ဘုမသိ ဘမသိနဲ့ ဝေဖန်ရေးလေကန်ရေးတွေ လုပ်မနေကြနဲ့။ အခုဟာကလူတွေနေလို့ထိုင်လို့ မရတော့လောက်အောင် ရေရော မီးရောပျက်နေလို့ ဆန္ဒဖေါ်ထုတ်ကြတာ။ ပြီးခဲ့တဲ့ အနှစ်(၂၀)နဲ့ မနှိုင်းယှဉ်နဲ့လေ။ ခင်ဗျားတို့နှိုင်းယှဉ်ရမှာ နိုင်ငံရေးခေတ် နှစ်ခုဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ဒီအဖြစ်ကနေ တွက်ထုတ်ရမှာ။ဖမ်းရဆီးရလောက်တဲ့အခြေအနေဘာမှ မရှိဘူး။ ပြသနာကို ဖြေရှင်းပေးရမယ့်အစား မိုးနတ်မင်းကို ရှိခိုးပါ တို့ညာတို့ နတ်ကတော်ဆန်ဆန် အပြောမျိုးတွေပြောပြီး မစွမ်းဆောင်နိုင်တာထင်ရှားနေရင် ရာထူးကဆင်းပေးလိုက်ပေါ့။ မိုးနတ်မင်းက ပျဉ်းမနားမှာနေတာလားတော့မသိဘူး အဲဒီမှာမီးမပျက်ဘူး။ရေနဲ့ မီးဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို မှမဖြည့်ဆည်းပေးနိုင်ရင် ကားတစ်စီး (၁၀) သိန်းဖြစ်သွားလဲ အပိုပါပဲ။

thuthu said...

မီးမလာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့..... ဟား...ဟား

ဖမ်းနေ ဆီးနေ တားနေတဲ့ ရဲတွေအိမ်မှာလဲ မီးမလာပါဘူး... ဒီတော့တစ်ခုပဲထောက်ပြချင်တယ် ဆန္ဒပြနေတဲ့ သူတွေက သူတို့အိမ်နံပါတ်တွေနဲ့ မီးပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး..ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား ဆန္ဒပြပေးတာ ဒါကိုလိုက်ဖမ်းတဲ့ကောင်တွေက မိမိဘ၀ကို ရာထူးတစ်ခုဆီမှာ အပေါင်ထားပြီးဘ၀တူ ပြည်သူအချင်းချင်း ပြသနာ ရှာနေတာကတော့"အမိန့်" ဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းသမျှ အကုန်လိုက်လုပ်နေတာကတော့ ပညာမဲ့လွန်း အားကြီးမနေဘူးလား

thuthu said...

ဖမ်းနေ ဆီးနေ တားနေတဲ့ ရဲတွေအိမ်မှာလဲ မီးမလာပါဘူး... ဒီတော့တစ်ခုပဲထောက်ပြချင်တယ် ဆန္ဒပြနေတဲ့ သူတွေက သူတို့အိမ်နံပါတ်တွေနဲ့ မီးပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး..ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား ဆန္ဒပြပေးတာ ဒါကိုလိုက်ဖမ်းတဲ့ကောင်တွေက မိမိဘ၀ကို ရာထူးတစ်ခုဆီမှာ အပေါင်ထားပြီးဘ၀တူ ပြည်သူအချင်းချင်း ပြသနာ ရှာနေတာကတော့"အမိန့်" ဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းသမျှ အကုန်လိုက်လုပ်နေတာကတော့ ပညာမဲ့လွန်း အားကြီးမနေဘူးလား

Ministry of Hotels and Tourism, Myanmar said...

အဲဒီလို ခေါ်စစ်တယ်ဆိုတာတွေဟာ အခုအချိန်မှာတော့ လုံးဝမဖြစ်သင့်တော့ပါဘူး...ပြည်သူလူထုဆန္ဒပြတယ်ဆိုတာ မဟုတ်တာတွေကို လိမ်ညာပြီး ဆန္ဒပြနေကြတာ မဟုတ်ပါဘူး...ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာ ဖြစ်သင့် ပါတယ်..လျှပ်စစ်မီးရရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ကျောင်းနေအရွယ်ကလေးများရဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ နေပြည်တော်လိုနေရာမှာကျ
ထွန်းထားလိုက်တဲ့ လျှပ်စစ်မီးတွေ လင်းထိန်နေတာဘဲ နေ့ခင်းဘက်လား ထင်ရတယ်...ဒါပေမယ့် အခု ပြည်သူလူထုဆန္ဒပြလို့လားတော့မသိဘူး
နေပြည်တော်မှာတောင် ညဘက်ဆို လမ်းမီးတွေ တစ်လုံးမှ မလင်းတော့ဘူး မှောင်မည်းနေတာဘဲ..ကြည့်ရတာ နေပြည်တော်က လျှပ်စစ်ဓါတ်အားကို ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေကို ဖြန့်ပေးပြီး ပြည်သူလူထုကို ခဏချွေးသိပ်မလို့ထင်ပါရဲ့.. နောက်တော့လဲ ဒါက ဒါပါဘဲ..
ပြည်သူလူထုမှာသာ ဒုက္ခတွေရောက်နေကြတော့တာပါ..

ကိုခန့် said...

သမ္မတကြီး ဘာလုပ်မလည်း ကဲ အခက်တွေ့နေပြီ ဘယ်လိုလုပ်ပေးမလည်း ဖမ်းမယ်လို့ စိတ်ကူးထားလား တကယ်လို့ အခု လို ဆန္ဒထုပ်ဖော်ပြသတာကို ဖမ်းရင် သမ္မတကြီး ပြောနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းမစစ်တော့ဘူးပေါ့ .. အဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်တယ် ဆန္ဒဖော်ထုပ်ရမှာ ပြည်သူတာဝန် မသိချင်ယောင်ဆောင်နေမှာက အစိုးရတာဝန် ပဲ .. ဟုတ်ပါဘူး ဆောင်ရွက်ရမှာ ကိုပြောတာပါ .. သမ္မကြီး ကျန်းမာပါစေ

utheinthan said...

blackleopard said:
ဒါဟာ အရင်စစ်အစိုးရဘဲလို့ ဖေါ်ပြနေတာကိုလဲမမေ့စေချင်ဘူး။ ဒီမိုကရေစီဆိုတာ အခုမှ နောက်ခံကြော်ငြာကပ်ဖို့ စာလုံးရေးတာတောင်မပီပြင်သေးဘူးဆိုတာ သတိကပ်နေကြပြီး ဒီထက်ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းဖယ်ထုတ်င်္ကြရမှာဖြစ်ကြောင်း သတင်းပေါင်းအပ်ပါတယ်။

Anonymous said...

မီးကျတော့မလာဘဲနဲ့မီတာခကျတော့ယူတယ်။မီတာထိန်းသိမ်းစောင့်ရှောက်ခ၁၀၀၀ကျပ်တောင်းတယ်။ရူးနေတာလားလျှပ်စစ်ဝန်
ကြီး သတောင်းစား။

hlaingsoe said...

ဖမ်းနေဆီးနေတာတွေရပ်ပါတော့

hlaingsoe said...

ဒါလား ဒီမိုကရေစီ

Aung Hein Khant said...

ခေတ်မှီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဖယောင်းတိုင်ဖြင့်သွားကြစို့

ko linn said...

ဖမ်းကြ...မင်းတို့ ဘယ်လောက်ဖမ်းနိုင်မလဲဆိုတာ..ခုတော့ပွဲကြီးပွဲကောင်း.၊
ဖြစ်လာပြီဘဲ.လက်ရှိအစိုးရက ပြည်သူတွေကိုလိမ် ကမ္ဘာကိုလိမ် ခုတော့
မင်းတို့ ဆောက်ကျင့်ဆိုးတွေပေါ်လာပြီပေါ့ကွာ။
နေဝင်းလက်ထက်ကစပြီးသန္စေမကောင်းခဲ့ တဲ့တပ်မတော်ကနေပေါက်ဖွား လာတဲ့ စစ်တပ်စစ်ကျွန်လူတန်းစားက နိုင်ငံမှာအမြစ်တွယ်နေပြီ ဒီအာဏာရူး
တသိုက်ကို အမြစ်ဖြုတ်ဖို့ တော့ လိုနေပြီ။
ပါးစပ်ပြောဘဲအလုပ်လုပ်နေတဲ့သမတလဲ ငါတို့ နိုင်ငံမှာဘာမှသုံးစားလို့ မရဘူး
ဆိုတာ.လက်တွေ့ ပြလိုက်တာဘဲ။

TU Student(Monywa) said...

ပြည်သူတွေကိုနှိပ်စက်ချင်သေးတာလားမရတော့ ဘူးနော်ပြည်သူတွေအတွက်အသက်ကိုတောင်စတေးပေးမယ်ဒီပဲ၇င်းတုန်းကအရွယ်မေ၇ာက်သေးလို့ ကွအခုတော့ ခေတ်ပြောင်းပြီဆိုတာမမေ့ နဲ့ နော်

TU Student(Monywa) said...

ဒီမှာခေတ်သစ်ပြောင်းနေပြီဆိုမသိတာလားမသိချင်ယောင်ဆောင်နေလားအာဏာလာပြလို့ မရတော့ ဘူးနော်ဆောရီးပဲဟိုအရင်ကလိုမခြိမ်းခြောက်နဲ့ ကျောင်းသားနဲ ပြည်သူလက်တွဲလာတာခင်ဗျားတို့ အသိပဲတစ်ခုပဲပြောမယ်လောင်ချင်နေတဲံမီးခဲကိုလေလာမတိုက်နဲ့ 

Chilly Thwe said...

electronics queen‌ ‌ပြောတာထောက်ခံပါသည်။

Yan Yan said...

ဘာတွေလဲ...
မှားနေပြီနော်“တီဗီထဲမှာအ၇င်တုံးကဆောက်လုပ်ပြီးစီးသွားတဲ့ဆည်တွေ။ေ၇အားလျပ်စစ်နဲ့လျှပ်စစ်မီးတွေအလုံအလောက်ပေးနိုင်ပြီဆိုတဲ့သတင်းတွေက
ဘယ်ေ၇ာက်သွာြး့ပီလဲ။ကြွားလုံးတွေကိုး....သနားလိုက်ဒါ..ကျွတ်.ကျွတ်

myanmarcome. said...

Maungluaye.Arch ဆိုတဲ့ တစ်ယောက် ရေးထားတာ မဟုတ်သေးဘူးထင်တယ်.(ပြည်သူဆန္ဒကို သိလိုတာကြောင့် ခေါ်ယူတိုင်ပင်တာ)လို့ ပြောရင် ဘာကြောင့် ပြည်မြို့မှာ ရိုက်နှက်ပြီး အချုပ်ကားနဲ့ဖမ်းဆီးရတာလဲ..ဒါလား ခေါ်ယူတိုင်ပင်တယ်ဆိုတာ.ကြည့်လည်းလုပ်ပါအုံးဗျာ...မင်းလည်း စစ်ခွေးပဲထင်ပါတယ်.

မောင်မှန် said...

မြန်မာပြည်သည်စောက်ရူးအလွန်ပေါ၏။ ဒီမိုကရေစီစကား လည်း အလွန်ပြော၏။ သောက်တစ်လွှဲလဲအကုန်လုပ်၏။ ငါအပါအ ၀င်မြန်မာနိုင်ငံသားအားလုံးသောက်ရူးကြီးပဲဖြစ်၏။ ငါသိ ငါတတ် ငါသာပညာရှိအလွန်ပေါသောတိုင်းပြည်ဖြစ်၏။ ဂုဏ်ယူစ ရာကောင်းလေစွ။ လွှတ်တော်အစည်းအဝေးများ ကိုလည်း လမ်းဘေးလဘ္ကက်ရည်ဆိုင်များတွင်ဆွေးနွေးနိုင် သည်အထိ အချိန်များပိုနေကြ၏။ စားစရာနတ္ထိဖြစ်သော် လည်း ဖောစ ရာလေကအပြည့်ရှိ၏ ။တိုင်းပြည်ချစ်ကြသည်မှာ လည်းသူတို့ အပြင်မရှိဖြစ်ကြလေ၏။

Anonymous said...

နောက်ကြောင်းပြန်မလှည့်ဘူးဆို။
ဘယ်သူ့မှာတာဝန်ရှိလဲ။
ပြည်သူလား။
ဝန်ကြီးမှာလား။သမတလား။

Unknown said...

နေပြည်တော် မီးမှန်တာ ဝေဖန်လိုက်တာနဲ့ နေပြည်တ်ေမှာ ၀န်ထမ်းတွေ နေတဲ့ဖက်က လမ်းမီးတွေ မီးမလာတော့ဘူး...... နေပြည်တော်က ၀န်ထမ်းတွေလဲ နေချင်လို့နေ နေတာမဟုတ်ဘူး .... အခုဆိုရင် နယ်က၀န်ထမ်းတွေတောင် မပေးရတဲ့ နေစရာ အိမ်ဖိုးတောင် အခွန်ပေးရတော့ မယ် သိကြရဲ့လား........

Adonis said...

ပြည်သူတွေနဲ့  ၁ထပ်တည်းပါဆိုတဲ့သမတကြီးခင်ဗျား....လျှပ်စစ်ဝန်ကြီးဇော်မင်းကိုရာထူးကနေဘာလို့ ဖြုတ်မချရတာလဲခင်ဗျား..နိုင်ငံခြားရောင်းစားပြီးပြည်တွင်းအမှောင်ချလို့ အမေရိကန်ကရောင်းထားတာကိုပြန်ဝယ်ပေးတယ်တဲ့..လျှပ်စစ်ပေါတဲ့နိုင်ငံကြီးရယ်...ဒီလိုအရှက်တကွဲလုပ်တဲ့ဝန်ကြီးကိုဘာလို့ သေဒဏ်မပေးလဲ..ဒီထဲမှာသမတကြီးလဲပါလို့ လား..ပြီကျွန်တော်တို့ မြင်းခြံမှာမီးကလာလဲလာလိုက်ပျက်လိုက်နဲ့ ကလေးကစားနေတဲ့အတိုင်းပါပဲ..ရပ်ကွပ်၁ခုထဲမှာကိုလာတဲ့လိုင်းကလာမလာတဲ့လိုင်းကမလာနဲ့ မီးပေးချိန်ကို၁၅မိနစ်အလည့်ကျနဲ့ ..ဘာဆိုဘာမှမသုံးရပဲမီတာကြေးကျဆောင်နေရတယ်...cdmaဖုန်းတွေကလဲ၁နေကုန်ပျက်ချင်ပျက်တယ်။။။ကဲသမတကြီမန်တလေးတိုင်းမြင်းခြံမြို့ နဲ့ မြန်မာပြည်ကြီးကိုဘယ်လိုအုပ်ချုပ်မှာလဲ......စုံလုံးကန်းမျက်လုံးနဲ့ လား.....ပညာရှိပုံနဲ့ လား....ဖြေရှင်းပေးပါဦးခင်ဗျား....
လေးစားစွာဖြင့်
မြန်မာပြည်သား၁ဦးအနေဖြင့်တင်ပြပါသည်....

chitthu said...

ဆနပြတာလည်း ပြကြပေါ့ဗျာ။ သူတို့ ထုတ်မယ်ဆိုတဲ့ (၀ါ) ထုတ်ထားတဲ့ ငြိမ်းချမ်းစွာ ဆဒပြခွင့်ဆိုတာကိုလည်း ပြန်လေ့လာစေချင်ပါတယ်။ သူတို့ ပြောထားတာက ခွင့်ပြုချုက်တောင်းရမယ်ဆိုလား ပါတယ်။ မဟုတ်ရင် အားလုံးအဖမ်းခံရနိုင်တယ်။ သူတို့ကတော့ အဲဒီ ခွင့်ပြုချက်ဆိုတာနဲ့ ပြန်ချုပ်ထားတယ်။ သတိရှိနိုင်ကြပါစေ၊ အင်အား အလဟသပ် မဖြုန်းတီးမိပါစေနဲ့။

Unknown said...

အခု အပြောနဲ့ အလုပ် မညီမတော့ဘူးလား ?

အဝေးရောက် ဇင်ယော် said...

ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို နှိုင်ငံတကာမှာ ပုလိပ်တွေကတောင် ဘေးကနေပြီး လုံခြုံရေးပေးကြသေးတယ် အခုတော ဘီလူးကို မင်းသားခေါင်စွပ် ဥပဒေဟာ ဇာတိနာပြလာတာနှင့်တူပါတယ်

Powered by Blogger.