၅၀၀၀ ကျပ် ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်

ဈေးသူဈေးသားများ ငြိမ်းချမ်းစွာဖြင့်
တန်းစီလှည့်လည်ဆန္ဒဖော်ထုတ်
မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာဈေးအတွင်း ၅၀၀၀ ကျပ်
ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေပါတယ်။

ယနေ့  ၂၈.၅.၂၀၁၂ နံနက် ၁၀နာရီ တွင် ကျောက်မျက်ဈေးအတွင်းရောင်းဝယ်
လုပ်ကိုင်သူများနှင့်စာနယ်ဇင်းသတင်းသမားများကိုဖိတ်ခေါ် တွေ့ ဆုံသတင်း
စာရှင်းလင်းပွဲပြုလုပ်ရန်ဆောင်ရွက်နေစဉ်အတွင်း  အခမ်းအနား မပြုလုပ်မှီ
တနာရီအလိုတွင်ဈေးစည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ ခွင့်မပြုကြောင်း
လာရောက်ပြောဆိုတားမြစ်ခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။

စည်ပင်သာယာမှကျောက်မျက်ဈေးအတွင်းသို့ ဝင်ရောင်လျှင် ဝင်ကြေးအဖြစ် ၅၀၀၀
ကျပ်တန် ဝင်ခွင့်ကဒ်များပြုလုပ်ခိုင်းခြင်းအပေါ် ဈေးအတွင်းရတနာရောင်းဝယ်ပြု
လုပ်သူများမှ မကျေနပ်သဖြင့် ယနေ့ နံက် ၁၀နာရီဝန်းကျင်တွင် ငြိမ်းချမ်းစွာဖြင့်
တန်းစီလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်နေကြပါတယ်။

Myanmar News News





ဈေးသူဈေးသားများ ငြိမ်းချမ်းစွာဖြင့် တန်းစီလှည့်လည်ဆန္ဒဖော်ထုတ် သတင်း-ဓါတ်ပုံ (Myanmar News Now)
၅၀၀၀ ကျပ် ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် ၅၀၀၀ ကျပ် ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် Reviewed by သစ်ထူးလွင် on 13:08 Rating: 5

24 comments:

phyo1980 said...

အားလုံးကဆန္ဒတွေထုတ်ဖေါ်နေကျတော့ ကျွန်တော်တို့နိုင်ငံတစ်ဖြည်းဖြည်း
စိုးရိမ်လာရသလိုဘဲနော်။

Naing Lin said...

ဟုတ်တယ်ဗျ...ကိုယ်လိုတိုင်းပြောနေတော့လဲ အစိုးရလုပ်တဲ့သူလဲမလွယ်ဘူး
လေ အရင်လူလုပ်သွားတာတွေပြန်လိုက် လုပ်နေရတာဆိုတော့အချိန်က နည်း
သေးတာကို ဒီလိုအချိန်မှာ ပြည်သူနဲ့အစိုးရ နားလည်မှု့ ရှိပြီးတောင့်ခံနိုင်ဖို့
တော့လိုတယ်နော် အားလုံးသတိရှိကြပါ.....

blacklover said...

ဟုတ်တယ်စိုးရိမ်လာရပြီသေချာတယ်
အရင်လိုပဲသေချာဆွပေးနေသလိုပဲ
စစ်တပ်ကပြန်အာဏာသိမ်းနိုင်တယ် မငြိမ်းချမ်းဘူးဆိုပြီးတော့...

Anonymous said...

သိန်းပေါင်းများနဲ့အလုပ်လုပ်နေတဲ့သူတွေက. ၅၀၀၀ ကျပ် ကများနေတာလား? အလုပ်လုပ်နေတဲ့ကျောက်သမားတွေက ၅၀၀၀ ကျပ် လောက်တောင် ဝင်ငွေမရှိတာလား? တွေးကြည့်ကြပါ.........

elennium131 said...

ဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်မှစည်ပင်အကြောင်းအလျှင့်သင့်လို့ပြောလိုက်ပါမယ်၊ပတ်ဆံဘယ်လောက်မက်လည်းဆိုရင်၊မြန်မာလူမျိုးဖြစ်ပါလျှက်မွတ်ဆလင်ဘာသာရေးကျောင်းကိုမြို့လယ်ခေါင်မှာမွတ်ဆလင်တွေနှင့်ပေါင်းငွေကြေးယူပြီးဆောက်လုပ်ခွင့်ပြုခဲ့ပါတယ်။ဆောက်လုပ်ခွင့်ရအောင်ပြုလုပ်ခဲ့သည့်မွတ်ဆလင်ဘာသာရေးခေါင်းဆောင်ကလည်းငါပတ်ဆံပေးဆောက်တာဆိုပြီး(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုပန်းသခင်လက်ဖက်ရည်ဆိုင်မှာစိန်ခေါ်မှုများပြုလုပ်လာသည့်အထိစော်ကားသော်လည်းအထက်ကိုငွေပေးပြီးဖြစ်သဖြင့်မည်သူမှအရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်းတွေ့ရှိနေရပါသဖြင့်ထိရောက်သော်စစ်ဆေးမှုများနှင်ထိရောက်သော်အရေးယူမှုများလုပ်ဆောင်ပေးကြပါသက်ဆိုင်ရာလူကြီးမင်းများခင်ဗျာ။

001komgmg222@gmail.com said...

အဲဒီမြို့စည်ပင်အုပ်ချုပ်ရေးမှူးကိုလဒ်စားမှုနဲ့စစ်ဆေးပြီးထိရောက်စွာအရေးယူပေးသင့်ပါတယ်

66koaungaungtun@gmail.com said...

အဲဒီစည်ပင်အုပ်ချုပ်ရေးမှူးကမြန်မာလူမျိုးမဟုတ်ဘူးလား၊မျိုးချစ်စိတ်မရှိဘူးလားပတ်ဆံချစ်စိတ်ဘဲရှိသူတွေကိုမြို့သူ/မြို့သားပြည်သူတွေကထိရောက်စွာစည်းလုံးညီညွတ်စွာအရေးယူဆောင်ရွက်သင့်ပါတယ်။

Unknown said...

မတရားတဲ့ အမိန့်တွေနဲ့ လူထုကို မနှိပ်စက်ကြပါနဲ့တော့။ မြို့တော်ဝန်ဦးအောင်မောင်း ခင်ဗျား ကိုယ့်မြို့နယ်ကပြည်သူ ဈေးသူဈေးသား တွေရဲ့တောင်းဆိုမှု့ကိုလိုက်လျောပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာမှသုံးလို့ မရတဲ့ ဈေးအကျိုးတော်ဆောင်အဖွဲ့ ကိုဖျက်သိမ်းပြီး ဈေးသူဈေးသားရဲ့ အကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့အစည်း ဖွဲ့ခွင့်ပေးစေချင်ပါတယ်။ စနစ်တကျ နဲ့ ပွင့်လင်းမြင်သာမှု့ ရှိရင်
အားလုံးကလက်ခံပေးနိုင်ပါတယ်။ အောက်ခြေလူတစုရဲ့ ကိုယ်ကျိုးရှာ ဝင်ငွေရှာဖွေမှု့ကိုတားဆီးဖော်ထုတ် အရေးယူပေးပါ။ ဆန္ဒဖော်ထုတ်မှု့ ကိုထောက်ခံပါတယ်။

nagarashok said...

ကျွန်တော်တို့မြန်မာနိုင်ငံကငြိမ်းချမ်းရှိလာမလိုလိုနဲ့ ဆန္ဒပြမှုတွေကပိုစိုးလာသလိုဘဲ။ဒီလိုဖြစ်နေတာဘာဖြစ်လို့လဲ ဘာတွေပြုပြင်ပြောင်းလဲဖို့လိုသေးလို့လဲ။ သေချာစဉ်းစားဖို့လိုတယ်။

Aung Soe Oo said...

ိဒီလိုလုပ်ရပ်တွေကတော့တကယ့်ကိုလုပ်သင့်ပါတယ်ဗျာ ဘယ်နိုင်ငံဘယ်ဈေးမှာမှမရှိတဲ့လုပ်ရပ်.တော်တော်အောက်တန်းကျတာဘဲကောက်လို့ရတဲ့ငွေတွေဘယ်ရောက်သွားတာလဲ နိုင်ငံတော်ဘတ်ဂျက့်ထဲလား ဒီကောင်တွေအိပ်ကပ်ထဲလား.....

Unknown said...

လုပ်ကိုလုပ်ရမှာကြာရင်ပိုဆိုးလာတော့မှာစားရလေလေငတ်လေလေကောင်တွေ

Anonymous said...

မဟာအောင်မြေကျောက်မျက်ဈေးလား? မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းလား?

pyaponthu said...

မြန်မာပြည်သားတွေတော့ခက်ပြီး။တရုတ်မြှောက်ပေးတိုင်းလျှောက်လုပ်နေတယ်။အခွင့်အရေးရယူသူတို့ယူမယ်။မြန်မာပြည်မငြိမ်မသက်အောင်လုပ်နေပြီး။ထိထိရောက်ရောက်နှိမ်နင်းသင့်တယ်။မီးကိစ္စလည်းသူတို့ဘဲ။နဲနဲတော့လွန်ပြီး။အစိုးရဘဲယူရမှာပေါ့။မန္တလေးကိုထိထိရောက်ရောက်ကိုင်တွယ်စစ်ဆေးသင့်တယ်။

Leaderofmyanmar said...

ဟုတ်ပါ့ဗျာ အလကားနေ ဆန္ဒပြ မယ် ဆိုတော့ နိင်ငံတည်ငြိမ်ဖို့ ရင်လေးစရာပဲ

မင်းမောင် said...

အင်း ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီကို အရမ်းကာရောသုံးနေတယ်လို့ပဲ မြင်ပါတယ်။ အမှန်ကိုသိချင်ရင်တော့ ဆိုင်ရာတွေဆီကို သေသေချာချာမေးကြည့်ကြပါ။ တရားဝင်မေးမြန်းကြည့်ပြီးမှ လက်ခံပါလို့ပဲ ပြောချင်ပါတယ်။ အခုကိစ္စမှာ စေတနာနဲ့လုပ်ကိုင်ပေးနေတဲ့သူတွေ ထိခိုက်နေတာတွေကို တွေ့ရပါတယ်။ ကျနော်အသေအချာပြောနိုင်တာကတော့ ဈေးသူဈေးသားတွေငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာမဟုတ်ပါဘူး။ လူတစ်စုက လုပ်နေတာပါ။ ကျောက်မျက်ရတနာရောင်းဝယ်ရေးဈေးမဟုတ်ပါဘူး၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းပါ။ အဖိုးတန်းကျောက်မျက်ရတနာရောင်းဝယ်လုပ်ကိုင်တဲ့နေရာဟာ ဈေးဖြစ်သင့်လား၊ စခန်းဖြစ်သင့်လားဆိုတာ စဉ်းစားကြည့်ကြပါ။ စခန်းတစ်ခုဖြစ်တဲ့အလျောက် ရောင်းဝယ်တဲ့နေရာမှာ စည်းကမ်းရှိရှိဖြစ်ဖို့ကိုရည်ရွယ်ပြီးတော့ ပြုလုပ်ပေးတဲ့ ၀င်ခွင့်ကဒ်ပါ။ တန်ဖိုးရှိတဲ့ကျောက်မျက်ရတနာတွေရောင်းဝယ်တဲ့နေရာမှာ စည်းကမ်းရှိဖို့ လိုအပ်ပါတယ်။ လူပေါင်းစုံ ၀င်ထွက်နေလို့မရပါဘူး။ အမှန်တကယ်ရောင်းဝယ်လုပ်ကိုင်နေတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ အဲဒါတွေကိုစိစစ်ပေးဖို့ ၀င်ခွင့်ကဒ်ကို ပြုလုပ်ပေးနေတာပါ။ ယခုလောလောဆယ်မှာပင် ကျောက်မျက်ရတနာရောင်းဝယ်တဲ့နေရာမှာ ဖြစ်ပေါ်တဲ့ ပြသနာပေါင်း တရက်တရက်ကို မနည်းပါဘူး။ ကျနော်ကိုယ်တိုင် အဲဒီနေရာမှာ ရှိတဲ့အခန်းပိုင်ရှင်တိုင်းကိုမေးကြည့်ပါတယ် အခန်းပိုင်ရှင်တိုင်းကလည်း လူသန့်သွားမယ်ဆိုတော့ ၀င်ခွင့်ကဒ်ကိုလုပ်ချင်ပါတယ် သဘောတူပါတယ်လို့ ပြောကြပါတယ်။ဆန့်ကျင်ကြတဲ့လူတွေကကော ဘယ်ကလဲလို့မေးကြည့်တော့ အဲဒီလူတွေက လမ်းလျှောက်တွေပါတဲ့ ၅၀၀၀မပေးချင်လို့ လုပ်နေကြတာပါတဲ့။ ကျနော်တို့ကတော့ အဓိက ကတော့ ရောင်းဝယ်တဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ရောင်းဝယ်လုပ်ကိုင်နေရမယ်ဆိုရင် ၅၀၀၀ ဆိုရင်လည်းကျေနပ်ပါတယ်။ တစ်နှစ်စာမှ ၅၀၀၀ဆိုတော့ စဉ်းစားကြည့်ရင် တစ်ရက်မှ ၁၅ကျပ်တောင်မကျပါဘူး ပေးပျော်ပါတယ်။ သူတောင်းစားတောင်ထည့်လို့မရတဲ့ပိုက်ဆံပဲ လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှလည်း ပြောပြပါတယ်။ တကယ်တန်းဆိုရင် အခုရောင်းဝယ်လုပ်ကိုင်နေကြတဲ့ လူအများစုဟာ တရားဝင်ကျောက်မျက်ရောင်းဝယ်ခွင့်လိုင်စင်ရှိပြီလား လိုင်စင်ရှိပြီဆိုရင်တော့ ဘယ်မှာပဲဖြစ်ဖြစ် လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိပါတယ်။ လိုင်စင်မရှိတဲ့လူကတော့ ဘယ်နေရာမှာပဲရောင်းဝယ်သည်ဖြစ်စေ ဥပဒေနဲ့မလွတ်ကင်းပါဘူး။ အဲဒီတော့ စည်ပင်သာယာက ရောင်းဝယ်လို့ရအောင်စီစဉ်ပေးတဲ့နေရာမှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ ၀င်ခွင့်ကဒ်များပြုလုပ်ပေးတာဟာ ဖြစ်သင့်တယ်လို့ပြောချင်ပါတယ်။ တစ်ခါ ပွဲစားတစ်ယောက်က ပြောပြပါတယ် သူပွဲတိုက်နေတုန်း တစ်ယောက်က ၀င်တိုက်သွားလို့ အဖိုးတန်ကျောက်တစ်လုံး မြောင်းထဲကျသွားလို့ဆိုပြီး ဖြစ်သွားပါတယ်။ တိုက်တဲ့သူကိုကြည့်လိုက်တော့ နံစော်နေပြီးမူးနေတဲ့လူဖြစ်နေတယ်တဲ့။ အဲလိုမူးနေတဲ့လူတွေ၊ မသမာသူတွေ ကျောက်မျက်ရတနာရောင်းဝယ်တဲ့နေရာမှာ ရှိနေသင့်လား ဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့်သေသေချာချာစဉ်းစားပြီးတော့မှ လုပ်သင့်မလုပ်သင့်ချင့်ချိန်ပါ။ ဒီမိုကရေစီရပြီဆိုပြီးတော့ ထင်ရာမလုပ်ကြပါနဲ့။အဲဒီလိုလုပ်နေကြတဲ့သူတွေကိုယ်တိုင်ကရော ကျောက်မျက်ရတနာရောင်းဝယ်တဲ့နေရာရဲ့ကောင်းကျိုးအတွက်၊ရေရှည်တည်မြဲဖို့အတွက်ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ပြီးတော့ ကျောက်မျက်ရောင်းဝယ်ခွင့်လိုင်စင်မရှိတဲ့သူတွေ လွတ်လပ်စွာ ရောင်းဝယ်လုပ်ကိုင်ခွင့်ရနေတဲ့နေရာတစ်ခု ထိခိုက်သွားမှာ စိုးမိပါတယ်။ အမှန်တကယ် ကျောက်မျက်ရတနာရောင်းဝယ်လုပ်ကိုင်နေတဲ့နေရာရဲ့ကောင်းကျိုးကို ဆောင်ရွက်ခဲ့တဲ့၊ဆောင်ရွက်နေတဲ့ သူတွေရဲ့ ဆန္ဒကိုသေသေချာချာမေးမြန်းကြည့်ပြီးမှ ပြုလုပ်ကြပါလို့။

Unknown said...

လုပ်ရမှာဒီစားရလေလေငတ်လေလေကောင်တွေကို

Unknown said...

ဪ. စည်ပင်တွေစည်ပင်တွေစားလို့အားမရကျသေးဘူးလား

မန်းလေးသား said...

ကိုဘလခင်ဗျား.... အခုလုပ်နေတဲ့ ကျောက်မျက်ဈေးဆိုတာ ဝယ်လက်သေးတွေကစလို့ အကြီးစားတွေထိ ရှိပါတယ်.... ၂၀၀၅ လောက်ကဆိုရင် အရင်း ၅၀၀ ကျပ်လောက်နဲ့ အရောင်းဝယ်လုပ်လို့ရပါတယ်... ကျောက်စိမ်း အရိုင်းတွေကို ၂၀၀ ၃၀၀ လောက်နဲပဝယ်ပြီး ခွဲကြည့် ကံကောင်းတဲ့လူ အကျိုးပေးတဲ့လူတွေက သိန်းဂဏန်းထိ အမြတ်စွန်း ရကြတဲ့သူတွေရှိခဲ့ပါတယ်... ရှိနေဆဲပါ... ကိုရိန်းဘိုးပြောသလို စခန်းဆိုရင်လဲ သေသေချာချာ စံနစ်တကျ လုံခြုံရေးတွေထားဖို့လိုပါတယ်... အကောက်ခွန်လဲရှိရမှာပါ... အခုကောက်ခံနေတဲ့နေရာဟာ ကျွန်တော်တို့မန္တလေးမှာ ဘုန်းကြီးကျောင်းဘေးက မြေကွက်လပ်ကနေ အစပြုတယ်ဆိုရင်မမှားပါဘူး..... နောက်မှ တဖြည်းဖြည်းနဲ့ ဆိုင်ခန်းတွေ ဘာတွေဖြစ်လာတာပါ... ဆိုင်ခန်းတွေဖြစ်လာတော့ စည်ပင်က ယဉ်ရပ်နားတဲ့နေရာလုပ်ပြီး ရပ်နားခွန်ကောက်ခဲ့ပါတယ်.... အဲဒီလို ကောက်ခံတဲ့ငွေ တွေကိုဘယ်လိုအသုံးချသလဲ ဖြေရှင်းချက်မရှိပါဘူးခင်ဗျာ... အဲဒီကိုသေသေချာချာသွားကြည့်ပါ... ကျွန်တော်တို့ တိုင်းရင်းသားအစစ် အမှန်ပိုင်တဲ့ ဆိုင်ခန်းဘယ်လောက်ရှိလဲလို့ .... နောက်ပြီးရောင်းဝယ်နေကြတဲ့ သူတွေက ဘယ်သူလဲဆိုတာလေ့လာပါဦး.... အခုသဘောတူတယ်ဆိုတဲ့သူတွေက ဘယ်သူတွေလဲ တရုတ်တွေပဲဖြစ်မှာပါ... တိုင်းရင်းသားက နည်းပါလိမ့်မယ်.... ကိုရိန်းဘိုး နဲ့ ကိုဘလတို့ အကိုတို့ပဲစဉ်းစားကြည့်ပါ... ကိုယ့်အိမ်ဘေးနားမှာ မြေကွက်လပ်ရှိတယ် အဲဒီကွက်လပ်ကနေ ဈေးတစ်ခုလိုစည်ကားလာတဲ့အချိန်မှာ စတင်အသက်သွင်းခဲ့တဲ့ လူတန်းစားကိုဖယ်ထုတ် ကန့်သတ်တဲ့အချိန်မှာ ဘယ်လိုခံစားရမလဲဗျာ.... သိန်းရာချီပြီး အရောင်းဝယ်လုပ်နေတဲ့ သူတွေက ငွေ ၅၀၀၀ လောက်ကို မမြင်ပါဘူး.... ဒါပေမယ့် ကိုယ့်ရှိတဲ့ငွေလေး ၅၀၀၀ တစ်သောင်းလောက်ကနေ ချမ်းသာမလားဆိုပြီး ကံနဲ့ညာဏ်နဲ့ ပေါင်းပြီးလုပ်ချင်တဲ့ သူတွေကျတော့ ..... ၅၀၀၀ ၁၀၀၀၀ လောက် ကိုရင်းပြီး ချဲထိုးတဲ့သူနဲ့ အရောင်းဝယ်လုပ်တဲ့သူ ဘယ်သူ့ကိုဦးစားပေးမလဲ... ဈေးဝင်ခွင့်ကဒ်က ၅၀၀၀ ဆိုတာ တစ်လစာလား တစ်ခေါက်ကို ၅၀ နှုန်းနဲ့လားသေသေချာချာ စုံစမ်းကြပါဦး... တစ်ခေါက်ကို ၅၀ ဆိုရင်သေပြီ.... အရောင်းဝယ်လုပ်တဲ့ သူတွေက တစ်နေ့ကို အနည်းဆုံး ၅၀ ခေါက်ထက်မနည်း သွားလာနေကြတာနော်.... အဲဒီဈေးကိုမှီင်္ပြီး ဈေးဆိုင်လေးဖွင့် ကူလီလေးထမ်း တက်စီလေးဆွဲ နေတဲ့အခြေခံလူတန်းစားတွေ အများကြီးရှိပါတယ်.... အခုဆဒ္ဒပြနေတာကို ကျွန်တော်ကတော့ ထောက်ခံပါတယ်......

Unknown said...

အရင်တခါဝင်ခွင့်ကတ်လုပ်တုန်းကလည်းပိုက်ဆံတွေဘတ်ပြီးသွားပြီဒီတခါတော့မရတော့ဘူးကတ်လုပ်ပါပြီတဲ့ပြသနာတခုဖြစ်ရင်ကျေက်ဝိုင်းတာဝန်ရှိသူတွေကဘာဖြေရှင်းပေးမှာလဲပစ္စည်းလိမ်ခံရလို့သွားတိုင်ရင်တောင်တန်ဘိးရဲ့၁၀ရာခိုင်နှုန်းကအရင်တောင်းချင်သေးတာအဲဒီလောက်တောင်ငတ်နေရင်ကျောက်ဝိုင်းပေါက်ထိုင်ပြီးတောင်းစားကျ

M n W said...

အင်းခါးတောင်းကျိုက်တခြား ဖင်တခြားတော့ဖြစ်ကုန်ကြပြီ

ကိုမျိုး said...

ကိုနိုင် ကြီးဘယ်ပျောက်နေတာလဲ ဗျာတခြားနေရာတွေတော့ရှေ့ဆုံးကနေဦးဆောင်ပြီးတော့ကိုယ့်ဈေးကျတော့ပျောက်ချက်သားကောင်းလိုက်တာ

Unknown said...

ငွေ ၅၀၀၀ ကိုပေးရမှာ မမြင်ပါဘူး။တယောက်ကို ၅၀၀၀ ဆို လူဦးရေ တသိန်းဆိုရင် သိန်း ၅၀၀၀။ ဒီပိုက်ဆံတွေက ကျောက်ဝိုင်း အတွက် ဘာအကျိုးပြု မှာလဲ။ ရှင်းရှင်လင်းလင်း ဘာမှမသိရဘူး။ အခွန်ကောက်တာလား ဘတ်ငွေလား။ အထက်ကလူကြီးတွေကို ၂၀၁၅ မတိုင်မှီ ဝင်ငွေရှာဖွေပေးတာလား။ သံသယတွေ များလာပြီ။ အရင်တခါ လိုပဲ လူတွေဆီကနေ ဘတ်နေတာ။ တခါသေးဘူး ပျဉ်ဖိုးနားလည်သွားပြီ။ စနစ်တကျ စည်းကမ်းရှိရှိ နဲ့ နေပြည်တော် ကျောက်မျက်ပြပွဲလို လုပ်မပေးနိုင်ရင် ရပ်ဆိုင်းလိုက်ပါတော့။ ငွေ ၅၀၀၀ ကိုပေးနိုင်တယ် မတရားမှု့ကိုလက်မခံနိုင်ပါ။

cthu said...

၅၀၀၀ ပေးပြီးဝင်ကြည့်ရမယ်ဆိုတော့ ဘယ်သူက၀ငိကြည့်မလဲ . . .လူဝငိကြညိ့ မှ ပစ္စည်းတွေ့မှာ ပစ္စည်းတွေ့လို့ ကြိုက်မှ ဈေးစကားပြောဖြစ်မှာ အဲ့ဒီမှာ အရောင်းအ၀ယ်ဖြစ်မှာ . . .
ဘာကြောင့်လုပ်မှန်းမသိဘူး စီးပွားဖြစ်အုံးမယ်

Unknown said...

နောက်ဆုံး ရရှိသော သတင်းအရ ဝင်ခွင့်ကဒ်ကိစ္စ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူ တဦးထံမှ သိရှိရပါသည်။

Powered by Blogger.