လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ

ရန်ကုန်၊ မေ ၁၆

လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ ၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။

အဆိုပါ စက်ရုံများသည် လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

“အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။

“အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။

ယနေ့ ဆန္ဒပြသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။
The Voice Weekly
လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 07:17 Rating: 5

9 comments:

ချစ်ဖူး said...

၇ သောင်းဆိုတာလည်း သိပ်မများပါဘူး။ ဒါပေမဲ့ ရပိုင်ခွင့်အတွက် အလုပ်သမားဝန်ကြီးဌာနက ဥပဒေ ထုတ်ပေးရင်ကောင်းမယ်။ ရသင့်တာရအောင်ပါ။ ဆန္ဒမပြတဲ့သူတွေ မရမှာစိုးလို့ပါ

Naing wai ag said...

အဲလိုဖြစ်စေချင်တာကြာပါပီဗျာ
သူတို့ ခမျာအလုပ်ချိန်များပြီးရတဲ့လစာနည်းနေကြတာ
မဖြစ်သင့်တဲ့ကိစ်စတွေပါဒါတွေကိုပြောင်းလဲပေးသင့်ပါတယ်

Ko Nyo Khant ( Mdy university.) said...

အာဆီယံအသိုက်အ၀န်းတွင်...မြန်မာနိုင်ငံတစ်နိုင်ငံထည်း...လုပ်ခလစာနည်းပါးစွာရရှိနေသောနိုင်ငံဖြစ်သည်....လူသားအရင်းအမြစ်ပေါသည်မှန်သော်လည်း..လုပ်အားကိုခေါင်းပုံမဖြတ်သင့်ပေ..အလုပ်သမားတစ်ဦးနေ့တွက်စရိတ် ၃၅၀၀ကျပ်ပေးသင့်နေပါပြီ...အရာရာဒေါ်လာဈေးနှင့်နှုန်းဖြင့်တွက်ချက်နေသည့်အချိန်တွင်တစ်ဒေါ်လာ၈၂၅ကျပ်နှုန်းဖြင့်တွက်ချက်ပါမြန်မာနိုင်ငံရှိအလုပ်သမားများ၏လုပ်အားခမှာတောင်းဆိုသည့်လုပ်အားခခုနှစ်သောင်းဆိုလျှင်...ရှစ်ဆယ့်ငါးဒေါ်လာကျော်ကျော်သာရရှိမည်ဖြစ်ပါသဖြင့်..အလုပ်သမားဝန်ကြီးဌာနအနေဖြင့်ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက်အလုပ်သမားအရေးကိုအလေးထားဆောင်ရွက်ပေးသင့်ပါကြောင်း....

kaungkinn said...

မြန်မာနိုင်ငံ တစ်လ လုပ်ခ လစာက သူများနိုင်ငံ တစ်ပတ် လုပ်ခ လစာတောင် မရှိပါဘူး...မြန်မာနိုင်ငံ တိုးတက်ချင်တယ်ဆိုရင်.. လူကြီးမင်းများ အဲဒါတွေ မြန်မြန် ပြောင်းလဲသင့်ပါပြီ...

aungdin said...

အနိမ့်ဆုံး us$6 ဒေါ်လာနုန်းလောက်အနည်းဆုံးရသင်ပါတယ်။

kotunaung164@gmail.com said...

ဆင်းရဲသားပပျောက်ရေးအတွက်အခြေခံအလုပ်သမားလုပ်ခကိုတိုးမြှင့်ပေးရပမယ်(ပေးကို၊ပေးရ)ရမှာဖြစ်ပါတယ်။လူကြီးမင်းများခင်ဗျာ

Lulin said...

လှိုင်သာယာ စက်ရုံဆန္ဒပြမှုများ ယခင်ထက် များစွာဖောင်းပွလျက်ရှိသည့်အတွက် မြို့နယ် များစွာသိက္ခာကျပြီး မည်သူ့တွင် တာဝန်ရှိသလဲ ဆိုလျှင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးနှင့် မြို့နယ် အလုပ်သမားဦးစီးဌာနတွင် အဓိက တာဝန်ရှိ၍ ဥပဒေနှင့်အညီ ၀ိုင်းဝန်းထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ရန် အကြံပြုလိုက်ပါသည်။

Unknown said...

lulin ပြောတာမှန်တယ် လှိုင်သာယာမြို့နယ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်ဖြင့် ဦးထိန်စိုး စတင်တာဝန်ယူကတည်းက မြို့နယ်တွင်းအုပ်ချုပ်ရေးကိစ္စရပ်များ ဘာသာရေးသာရေးနာရေးလူမှုရေး ကိစ္စရပ်များ ပညာရေးကျန်းမာရေးအားလုံး ယခင့် ယခင်ထက် များစွာ နိမ့်ကျခဲ့ပြီး စည်းရုံးရေးကျဆင်းနေသည်ကို မြို့နယ်နေပြည်သူများအားလုံး သိရှိပြီးဖြစ်သည့်အတွက် အမှန်တကယ် တက်ကြွစည်းရုံးရေးကောင်းမွန်သည့် မြို့နယ် အုပ်ချုပ်ရေးမှူးအသစ် လဲလှည် အစားထိုး တာဝန်ပေးသင့်ပါသည်။

လှိုင်သာယာသား said...

အထက်က မိတ်ဆွေများ ပြောတာ မှန်တယ် စက်ရုံအလုပ်သမားများ ကိစ္စများကိုလည်း ပြေလည်အောင်မဖြေရှင်းနိုင် မြို့နယ်တိုးတက်ရာတိုးတက်ကြောင်းများကိုလည်း ဆောင်ရွက်ခြင်းမရှိဘဲ ဘယ်သူသေသေငတေမာပီးရော ဆိုသလို အိတ်ထဲ ထည့်ဖိုပဲ ဆောင်ရွက်နေတဲ့ ငထိန်ဆိုး စစ်တန်းလျားပဲ ပြန်ပါတော့ ပြည်သူနဲ့ သဟဇာတ ဖြစ်ပြီး မြို့အတွက် သမိုင်းကြောင်းကျန်မယ့် အုပ်ချုပ်ရေးမှူးအသစ်ကိုပဲ လှိုင်သာယာသားများ မျှော်လင့်နေမယ်

Powered by Blogger.