အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်

မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။

'' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။

ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။

ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။

လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI  ပြောသည်။

ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။

ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။        ။
Yangon Press International
အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက် အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက် Reviewed by သစ်ထူးလွင် on 05:39 Rating: 5

42 comments:

nancherry said...

ရဲတပ်ရင်းကရဲတွေကချီးထုပ်တွေပါကွာဒီကောင်တွေအရပ်သားတွေကိုပဲအဲ့လို
လုပ်ရဲတာစစ်တပ်ကကောင်တွေနဲ့ သွားငြိကြည့် ပါလားချီးတောင်ထွက်သွားလိမ့် မယ် ဟား ဟား

GuGu said...

မိုက်ရိုင်းလိုက်တာ...မခံနဲ့နော်..ငါတို့ ဘက်မှာ သမတ ကြီးရှိတယ်..
ဥပဒေ အထက်မှာဘယ်သူမှမရှိဘူး...

ပြည်ချစ် said...

ကဲ ဘယ်လိုလုပ်ကြပါ့ အရပ်ကတို့ရေ.. ဒါလား ဗျာ ပြည်သူကို ကာကွယ်ပေမယ့် ရဲတပ်ရင်း ... အခုတော့ ပြည်သူကို နှိပ်စက်ဖို့ လေ့ကျင့်ပေးသလိုဖြစ်နေပါပြီ သမတကြီး ကြည့်လုပ်ပါအုံးဗျာ ကျနော်တို့ ဘယ်သူ့ကို အဖေခေါ်ရမှာတုံး

nyimoon said...

လာပြန်ပြီ ဒီသောက်ရဲတွေ....ပြည်သူကိုကာကွယ်ဖို့ဖွဲ့ထားတာမဟုတ်ဘူးလား မင်းတို့သောက်ကျင့်တွေက သင်တန်းကပေးလိုက်တာ ပြည်သူကိုနှိပ်စက်ဖို့မဟုတ်ဘူးကွ နားလည်လား ပြည်သူကိုကာကွယ်ဖို့အတွက် မင်းတို့ကိုလခပေးထားတာ သောက်ကျင့်တွေပြင်တော့ တာဝန်ရှိလူကြီးတွေကရော ဘာတွေလုပ်နေကြပါသလဲ အမြန်ဆုံးဒီကိစ္စကိုဖြေရှင်းပေးပါ.....

yankinthar said...

လုံခြုံရေးဆိုတာ သူတို့တပ်အတွက်ပဲ ဖြစ်လိမ့်မယ် ပြည်သူ့အတွက် ဘယ်တုန်းကမှ မဟုတ်ဘူး
ကျေးဇူးပြု၍ သမ္မတ
အမှတ် (၈) တပ်ရင်တစ်ခုလုံး ဖြုတ်ပေးပါ
ခြေမမကောင်း ခြေမ မြန်မြန် ဖြတ်ပေးပါ

kyaw gyi said...

အင်းလေ ....မပြောတော့ ပါဘူး

tapaungthi said...

မှတ်လောက်သားလောက်အောင်အရေးယူသင့်ပါတယ် ဒါမှ နောက်လူတွေမလုပ်ရဲမှာ ပြည်သူတွေကိုနှိပ်စက်နေတော့ လွန်တာပေါ့
ပြည်သူတွေကလည်း တညီတညွှတ်တည်းသွားတိုင်ကြပါ..။

ဇေ said...

သိပ်မိုက်တယ်ဆိုရင် လက်နက်မဲ့ one by one စိန်ခေါ်ပြီးချကွာ အုပ်စုလိုက်ရမ်းကားသာ အုပ်စုအားကိုးပြီးမိုက်သာ ခွေးတွေရဲ့စရိုက်ကွ ..

နေမင်း said...

မင်းတို့ ခေါ်ချင်တဲ့သူသာ အဖေခေါ်ကြ ဟုတ်ပြီလား.... ၀င်ရေးနေတဲ့ကောင်တွေကကော ကိုယ့်ကိုကိုယ်ပြန်ရဲ့လားပြန်ဆန်းစစ်ကြအုံး..

kscs said...

ဟုတ်တော့ဟုတ်နေပြီ.. ဘာပြောရမှန်းမသိအောင်ကို ဒေါသဖြစ်ရတယ်.. ရဲစခန်းကလည်း သူတို့အဖေတွေပဲလေ.. အဖေရင်းဆိုရင်တော့ ကိုယ့်သားသမီးကိုကောင်းစေချင်လို့ ဆုံးမလိမ့်မယ်.. ခုဟာက ဟိုလိုအဖေတွေဆိုတော့ မြှောက်တောင်ပေးဦးမယ်..

Anonymous said...

ကဲသမ္မတကြီးရေ ကြည့်လုပ်ပါအုံး . . ရဲဝန်ကြီး ကိုခင်ရီ ဘာလုပ်နေလဲ . . ရဲတွေက ပြည်သူကို ကာကွယ်ဖို့ ခန့် ထားတာလား ဒုက္ခပေးဖို့ ခန့် ထားတာလား
ပြည်သူကျွေးတဲ့ ထမင်းစားပြီး လက်ပြန်ကိုက်တဲ့ ခွေးတွေကို ထိရောက်ပြတ်သားစွာ စီရင်ချက်ချပေးပါ . .
ပြည်သူ့ ဘ၀ မလုံခြုံရ ဖြစ်နေရပါသည် . . .
. . ကိုသစ် ဒီသတင်း follow up လုပ်ပေးပါ . .

ကောင်းကောင်း said...

အဲဒါပေါ့ မြန်မာနိုင်ငံ ငရဲကျမယ့် တပ်ဖွဲ့ဆိုတာ။ သူတို့ကသူများတွေကို တုတ်နဲ့ရိုက်၊ ခဲနဲ့ပစ်တာ သူတို့ ညီမတွေ၊ မိသားစုတွေကျမှ ခဲထည့်ပြီးတုတ်နဲ့ထိုးခံရမှာ ဘယ်ထဲလဲလို့မမေးနဲ့ ထိုးထည့်လို့ ရတဲ့နေရာတိုင်းပေါ့။ ရဲခွေးတွေ ဟောင်နေတယ်၊ လူဆိုးတွေကူညီပါအုန်း

ကောင်းကောင်း said...

သူတို့ပြောတော့ ပြည်သူ့ရဲဆို . . .
ပြည်သူတွေကိုပြန်သတ်တဲ့ရဲလား. . .
ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တာ ခွေးမဟုတ်တော့ဘူး . . .
စကားပုံပြောင်းသွားပြီ ရဲဖြစ်သွားပြီး ။ ။

ကောင်းကောင်း said...

သူတို့ပြောတော့ ပြည်သူ့ရဲဆို. . . ဘာလဲ ပြည်သူတွေကို ပြန်သတ်တဲ့ ရဲတွေလား . . .
ထမင်းကျွေးတဲ့ လက်ကိုပြန်ကိုက်တာ ခွေးမဟုတ်တော့ဘူး. . .
စကားပုံပြောင်းသွားပြီ ရဲဖြစ်သွားပြီး. . .

ဖိုးသား said...

ဒါလား ကူညီပါရစေ ဆိုတာ ????????????

sailaungkhant09@gmail.com said...

ကူညီပါရစေလေဗျာ ဟုတ်ဖူးလား အဟားဟား ပြည်သတ်ရဲတဲ့ဗျ ဘာများမှတ်နေလဲ

ဒီမိုကရေစီလိုလားသူ said...

အခုလို နေရာတိုင်းလိုလိုမှာ မင်းမဲ့စရိုက်တွေ ဖြစ်နေတာများပြီ...စဉ်းစားစရာတစ်ခုတော့ဖြစ်လာပြီထင်တယ်... ၈လေးလုံးက ပုံစံဖြစ်အောင်ပြန်လုပ်ပြီး အာဏာသိမ်းမယ့် အစီအစဉ်များရှိနေမလားဘဲ...ကြိုတင်ပြင်ဆင်ထားဖို့လိုလာပြီထင်တယ်ဗျာ

Unknown said...

ပြည်သူတွေကို ကူညီပါရစေ ဆိုတဲ့ ရဲတပ်ဖွဲ့က ပြည်သူကို အနိုင်ကျင့်စော်ကားဖို့လား...အထက်က ဘယ်လောက်ပဲပြောင်းလဲအောင် လုပ်နေတယ်ပါတယ်ပြောပြော..အောက်ခြေက လူတွေက..ကိုယ့်ရဲ့ မဖြစ်စလောက် ရာထူးဂုဏ်သိမ်လေးကို မက်မောနေသမျှ ဘယ်တော့မှ မြန်မာပြည်က တိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူး...

a said...

ဒါမျိုးပြသနာတွေတဖြည်းဖြည်းများလာပြီ၊တစ်ခုမှဖြေရှင်းပေးတာမတွေ့ရဘူး၊ဒီလိုတွေမကြာခဏလုပ်ဖို့ညွှန်ကြားထားသလား၊သိန်းစိန်အစိုးရပြည်သူအတွက်အပြောင်းအလဲဘာမှမလုပ်သေးဖူး၊မင်းတို့လုံခြုံစိတ်ချရမဲ့အပြောင်းအလဲတွေပဲလုပ်နေတယ်။စိတ်ချဘယ်သူပဲဖြစ်ဖြစ်ကိုယ်လုပ်ထားတဲ့သမိုင်းကပျောက်သွားမှာမဟုတ်ဖူး။

aungdin said...

အော်....အမျိုးဂုဏ်ဇာတိဂုဏ်တွေထိမ်းသိမ်းနေကြတာ။ ဒီလိုစိတ်ရိုင်းစိတ်ညစ်တွေနဲ့ရှေ့ဆက်ဘယ်လိုများစခန်းသွားကြဦးမှာလဲ။ ကိုးကွယ်တော့ဗုဒ္ဒဘာသာ မေတ္တာအရင်းခံတဲ့ဝါဒ ဖြစ်နေကြတာက ဒေါသ မောဟ လောဘ တွေနဲ့ပြည့်နက်လို့ ဗုဒ္ဒဘာသာတောင် ထေရဝါဒဗုဒ္ဒဘာသာစစ်စစ် တို့တစ်နိုင်ငံထဲရှိတာပါ ဘာကြောင့်များစိတ်တွေဒီလောက်ကြမ်းတမ်းနေကြတာလဲဗျာ။ ဥပဒေဆိုတာလဲရှိပါသေးတယ် ။ဒီလိုအဖြစ်မျိုးတွေမဖြစ်စေချင်တော့ပါဘူးဗျာ မင်းမဲ့ဇရိုက်စံလွန်းပါတယ်။

Unknown said...

ဒါကြောင့် ပြည်သူတွေ ပြောပြောနေကြတာ အမှု တစ်ခုခု ဖြစ်ရင် ရဲ နဲ့ ကို မပါတ်သက်ချင်တာတဲ့ ။ဒီကောင်တွေ အာဏာကို အလွဲသုံးစား လုပ်တာ များနေပြီ။

ထက်ထက်ထွန်း said...

မင်းတို့ခေတ်ကမကုန်သေးဘဲကိုးကွ

U 2 said...

ဖိုးသားရေ ကူညီပါရစေ မဟုတ်ဘူး
အကုန်ယူပါရစေ

rose said...

အားတော့နာပါတယ် ရဲဆိုရင်ကြည့်လို.ကိုမရဘူးလူတွေကိုကူညီဖို.မဟုတ်ဘူး၊
ဒုက္ခပေးဖို.ဖွဲ.ထားတဲ့တရားဝင်လူဆိုးဂုင်းကြီးပါ။ငါးလောင်းပြိုင်လူသတ်မှုမပေါ်တာဘဲကြည့်ပေါ့်။

Unknown said...

နေမင်း ဆိုတဲ့ကောင် မင်းကဘာကောင်လဲကွ "အသေမသတ်တာပဲ ကံကောင်" လို့ပြောရအောင် ရဲတွေကလူသတ်သမားလား...မင်းကကော လူမိုက်လား ရဲခွေလား online ကနေဟောင်မနေနဲ့ ပတ္တမြား ကိုလာခဲ့ပါ..
ခုအရိုက်ခံရတာက အသက် ၁၉ ၂၀ နဲ့ အာနွဲ့တဲ့မိန်းမ ရဲက ၅၀ လောက်ရှိတာ...ရိုးရိုးသာမန်လူရိုက် ရင်တောင်ခံနိုင်သေးတယ်...ရဲခွေးတွေကိုက်တာဆိုတော့...သမ္မတကြီး ကလွဲပြီး ဘယ်သူမှ မကယ်နိုင်ဘူး...

စိုင်းမြတ်ဦး said...

အပေါ်က ဒီမီုကရေစီ လိုလားသူ ပြောသလို ကျွန်တော်လဲအဲဒီလိုပဲ စဉ်းစားမိတယ်...ဒီလိုအမှူ့တွေခဏခဏဖြစ် ပြည်သူလူထုကမခံနိုင်ပြန်လုပ် အဲဒီလိုဖြစ်လာရင်တော့ သူတို့ဆင်တဲ့အကွက်ထဲ့ တန်းကနဲပဲနော်...သတိထားကြ

nay myo said...

ရဲဆိုတာရဲအကျင့်အတိုင်းဘဲပြုကျင့်တာထုံးစံလိုဖြစ်နေပါပြီ။ပြည်သူကပေါက်ဖွား
တဲ့ပြည်သူရဲတွေဟာပြည်သူကိုအနိုင်ကျင့်၊မိုက်ရိုင်းစော်ကားနေတာနှစ်ကာလအတန်ကြာပါပြီ။ဒီလိုအပြုအမှုတွေကိုလုပ်ဆောင်နေတာဟာဘယ်သူမှာတာဝန်ရှိလဲ။
ရဲတွေကိုယ်တိုင်မှာတာဝန်ရှိသလား၊ရဲဖြစ်အောင်ပြုစုပြိုးထောင်ပေးလိုက်တဲ့သူတွေမှာတာဝန်ရှိသလား၊ဘယ်သူတွေကကောဒီလိုအဖြစ်အပျက်တွေကိုတာဝန်ယူမှာလဲ။အကောင်းဆုံးကတော့ဒီကောင်တွေအကုန်လုံးကိုသတ်ပစ်လိုက်မှဘဲအေးမှာ။

nay myo said...

ရဲဆိုတာရဲအကျင့်အတိုင်းဘဲပြုကျင့်တာထုံးစံလိုဖြစ်နေပါပြီ။ပြည်သူကပေါက်ဖွား
တဲ့ပြည်သူရဲတွေဟာပြည်သူကိုအနိုင်ကျင့်၊မိုက်ရိုင်းစော်ကားနေတာနှစ်ကာလအတန်ကြာပါပြီ။ဒီလိုအပြုအမှုတွေကိုလုပ်ဆောင်နေတာဟာဘယ်သူမှာတာဝန်ရှိလဲ။
ရဲတွေကိုယ်တိုင်မှာတာဝန်ရှိသလား၊ရဲဖြစ်အောင်ပြုစုပြိုးထောင်ပေးလိုက်တဲ့သူတွေမှာတာဝန်ရှိသလား၊ဘယ်သူတွေကကောဒီလိုအဖြစ်အပျက်တွေကိုတာဝန်ယူမှာလဲ။အကောင်းဆုံးကတော့ဒီကောင်တွေအကုန်လုံးကိုသတ်ပစ်လိုက်မှဘဲအေးမှာ။

ayetaa said...

မင်းမဲ့တိုင်းပြည်ဆိုတာ ဒါမျိုးကိုခေါ်တာဘယ်သူမပြုမိမိမူ့ပါပဲ ကိုယ်တိုင်ကရောကောင်းတာဘာများလုပ်ဘူးလဲတိုင်းပြည်တပြည်တိုးတက်ဖို့ဆိုတာနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ် မိမိမလုပ်ဘဲသူတပါးကိုအပြစ်မပြောပါနှင့်

PwaG said...

ဟာ ဘယ်လိုကြီးလည်းဟ၊ပြည်သူကိုစေါင့်ရှောက်ရမယ့််အဖွဲ့အစည်း ကပြည်သူကိုပြန်ပြီးလူမိုက်ဆန်ဆန်ပြုမူနေတာလား။ ပြဿနာရှိရင်ရဲစခန်းတိုင်ရတယ်။ အခုရဲတွေကိုယ် တိုင်ကပြဿနာရှာတါဆိုတော့ ဘယ်သူ့သွားတိုင်ရမှာလည်း ဘဘဉီးသိန်းစိန် ရေ။။

linnlinnhtay said...

May I Help You ( မေလ တစ်လတော့ ငါတို့ကူညီမယ်။ နောက်လတွေကျရင် မင်းတို့ ပြန်ကူညီကြနော် ) ဆိုပြီး ခုတော့ မေလ လဲရတော့ဘူးလားဟ။ ဟားဟားဟား

ချင့်ယုံ said...

ဦးခင်ရီက ရဲဝန်ကြီးမဟုတ်ပါ။ ရပ်ကွက်ထဲကကော ရဲတွေခုလိုအုပ်စုလိုက်လာ
ရိုက်ရလောက်အောင်ဘာလုပ်လိုက်လဲ။အဲဒါတော့သေချာမဖေါ်ပြထားပါ။
အဖွဲ့အစည်းနဲ့နေသူတွေဟာကိုယ်အဖွဲ့သားထိရင်ခံလေ့မရှိကြပါ။ဒါကိုနားမလည်
ရင် ခက်ပါမယ်။

လရိပ်ချို said...

ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်း လက်မပေါ့လေ ..
အကုန်လုံး ၀ါးလုံးနဲ့သိမ်းတော့ မရမ်းကြပါနဲ့ .. ကိုယ်ချင်းစာတရား တော့ရှိဘို့လိုမယ် .. တိုင်းပြည် တကယ်တိုးတက်စေချင်လျင် .. ဘေးထိုင် ၊ ဘိုင်ကျ ၊ ဘုပြော နဲ့ ဘောက်ချီးတွေလုပ်နေမယ့်အစား အကျိုးရှိမယ့် စကားလေးတွေပြောပြီး အကျိုးရှိမယ့်အလုပ်ကလေးတွေ လုပ်ကြည့်ကြပါလား .. ကိုယ်က ဘယ်သူ့ဘက်မှမပါဘူးနော် .. အမြင်ကပ်လို့ ၀င်ပြောတာ ။ မကျေနပ်လျင် လဲသေကြ .. ဘယ်သူမဆို ကိုယ့်တရား ကိုယ်စီရင်ခံရမှာပဲ ။ အားအားယားယား ဗျာ .....

လရိပ်ချို said...

မြေမ မကောင်း .. ခြေမ ၊ လက်မ မကောင်း .. လက်မ ပေါ့ဗျာ
ဘေးထိုင် ၊ ဘိုင်ကျ ၊ ဘုပြော ၊ ဘောက်ချီးတွေ မလုပ်ကြပါနဲ့
ကိုယ်ချင်းစာစိတ် ရှိကြပါ .. ဘယ်သူ့ဘက်မှ မပါပါဘူး ..
ကိုယ့်တရား ကိုယ်စီရင်ပါလိမ့်မယ် .. ဘာကြောင့်မှမဟုတ်ဘူး
အမြင်ကပ်လို့ ၀င်ပြောတာ .. မကျေနပ်လျင် လဲသေကြ
ဘယ်နဲ့ဗျာ .. အားအားယားယား ..

Aung Soe Oo said...

ရဲဆိုတဲ့ကောင်ဘယ်ကောင်မှမကောင်းဘူး ဘာလို့လဲဆိုတော့ပေါ်ပေါက်လာတဲ့သမိုင်းမှမကောင်းတာ ပြည်သူကိုဒုက္ခပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့india ကနေပြီးနယ်ချဲ့အင်္ဂလိပ်ကနေခေါ်ဆောင်လာတဲ့နယ်ချဲ့ပုလိပ်(police)ကနေပေါ်ပေါက်လာမှတော့ဘယ်မှလာပြီးပြည်သူ့အကျိုးဆောင်ရွက်ပါ့မလဲ မြန်မာပြည်မှာ ဒီလိုသန္ဓေမကောင်းတဲ့အဖွဲ့အစည်းကိုဖျက်သိမ်းသင့်နေပါပြီဗျာ.....

Anonymous said...

မဖြစ်သင့်ပါဘူး။
ပြည်သူတွေကို စော်ကားပြီးလုပ်ချင်တိုင်းလုပ်ရမ်းကား လွန်းလှတဲ့ ဒီ ရဲ တွေကို
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို နဲ့ ရဲချုပ်ဗိုလ်မှုးချုပ်ကျော်ကျော်ထွန်းတို့ ကို ထိရောက်စွာ တိုင်စာနှင့်တကွ ပေးပို့တိုင်ကြာူသင့်ပါတယ်။

မောင်မောင်တုတ် said...

သစ္စာ၊ သမာဓိ၊ သိက္ခာ နဲ့ပြည့်စုံတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးရေ. . . ကြည့်လုပ်ပါအုံး..... အရင်တုန်းက အကျင့်ဆိုးတွေဖျောက်ဖို့တော့လိုပြီနော်....ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းမှာဆိုရင် ဒါမျိုးတွေကိုတော့ ရှောင်ရှားသင့်ပါပြီ။ ပြည်သူကလေးစားပြီး အားကိုးရတဲ့ရဲတပ်ဖွဲ့ဖြစ်အောင်တော့လုပ်ဖို့လိုနေပြီ။ အခုအဖြစ်အပျက်ကတော့ လူရမ်းကားစမ်စမ်ပါပဲကော။ လူမိုက်တောင် မိုက်ရင်တစ်ယောက်တည်းမိုက်ရဲတယ်။ ရဲတပ်ရင်းက အဲဒီလိုအုပ်စုဖွဲ့ပြီးမှရမ်းကားရဲတာလား အဲဒါကို ရဲလိုခေါ်တာလား။ ပြသနာဖြစ်ရင် ဖြစ်တဲ့နေရာမှတင် တရားမျှတစွာရှင်းလေ။ ရဲပဲ ဥပဒေတော့နားလည်မှာပေါ့။ ဥပဒေအတိုင်းရှင်းပါလား။ အခုလိုလုပ်တာကြီးက သရဲဘောကြောင်လွန်းတယ်။ ပြည်သူက ရွံရှာမုန်းတီးမည့်အလုပ်တွေမလုပ်ဖို့တော့ လိုမယ်နော်။ အထက်အရာရှိများမှလည်း ယခုကိစ္စအား တရားဥပဒေအတိုင်းဖြေရှင်းပေးပါလို့တောင်ဆိုလိုက်ပါတယ်။

U 2 said...

ဖိုးသားရေ ကူညီပါရစေ မဟုတ်ဘူး
အကုန်ယူပါရစေ

Unknown said...

တော်တော်မတရားတဲ့ကောင်တွေ ပြည်သူတွေကိုများ စော်ကားမော်ကား
ခွေတောင်အစာကျွေးတဲ့လက်ကို ပြန်မကိုက်ဘူး ပြည်သူတွေကျွေးတာကိုစားပြီး
ပြည်သူတွေကိုအနိုင်ကျင့်တာခွေးထက်မိုက်တဲ့ကောင်တွေ ဒါနဲ့များလာသေးတယ် ကူညီပါရစေတဲ့ သောက်ဆင့်မရှိတဲ့ကောင်တွေ

အမှန်ကောင် said...

အပေါ်က နေမင်းဆိုတဲ့ကောင် မင်းကိုမင်းရောလူလို့သတ်မှတ်သေးရဲ့လား....ဒီအချိန်မှာ အရိုက်ခံရတဲ့အထဲမင်းပါရင် မင်းဒီလိုစောက်စကားမျိုးထွက်နိုင်မလား ..ငါစောင့်ကြည့်ချင်တယ်...တစ်ယောက်ထဲနဲ့ နိုင်ငံကိုတိုးတက်စေဖို့ မဖြစ်နိုင်ပေမယ့် ဒီလိုတစ်ယောက်ကစပြီး စောက်ကျင့်တန်နေရင်ငါတို့ နိုင်ငံဘယ်လိုလုပ်မလဲ..မင်းမကူညီချင်နေပါ..မနှောင့်ယှက်ပါနဲ့...

kyawswar (ကဝမြေ) said...

နေမင်း ဆိုတဲ့ကောင် စောက်ရူးလား၊ ရဲနောက်လိုက်ခွေးလား၊
ဒီသတင်းအမှန်သာဆိုရင် အရိုက်ခံရတဲ့ အထဲမှာ မင်း နှမတွေမပါလို့
ဒီစကားပြောတာလား စောက်ရူး၊ ပြည့်သူရဲဆိုတာ အခုလိုအကြောင်းမျိုးဖြစ်
စရာကို အကြောင်းမရှိဘူး၊ သတင်းကိုသေချာဖတ်ပြီးမှာ ပြော
နောက်သတိထားပြီးရေးပါ။ လိုင်းပေါ်ကနေလေမကျယ်နဲ့..။

Min Khaung said...

ဝိုင်းရိုတ်လိုက်လေ

Powered by Blogger.