မုတ်သုံလေ စတင် ဝင်ရောက်မည်

ရန်ကုန်၊ မေ ၁၆

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ မေလ ၁၉ ရက်နေ့ ထက် နောက်မကျဘဲ ဝင်ရောက်လာဖွယ် ရှိကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်းဒေသများ သို့လည်း မေလ စတုတ္ထပတ်တွင် မုတ်သုံလေ ဆက်လက် ဝင်ရောက်မည်ဟု ၎င်းက ဆိုသည်။

မုတ်သုံလေ ဝင်ရောက်မည့် မိုးဦး ကာလအတွင်း မေလ နှောင်းပိုင်းမှ ဇွန်လကုန်အထိ ပင်လယ်အော်တွင် မုန်တိုင်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက် ပိုမို ရွာသွန်းနိုင်ပြီး ပဲခူး၊ မကွေး၊ ရခိုင်၊ ကယား ၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် ရွာသွန်းကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ရွာသွန်းမြဲ အောက်သာ ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
The Voice Weekly
မုတ်သုံလေ စတင် ဝင်ရောက်မည် မုတ်သုံလေ စတင် ဝင်ရောက်မည် Reviewed by သစ်ထူးလွင် on 07:23 Rating: 5

5 comments:

Anonymous said...

ဟုတ်ကဲ. ... မိုးအကြီးအကျယ်ရွာပါမယ် ၊ မရွာဖြစ်ရင်နေပူနိုင်ပါတယ် ၊.... ဟုတ်ကဲ. .. ... မိုးအုံ.ရင်လည်း အုံ.ပါမယ် ၊ .....ဟုတ်ကဲ. ၊ ... ဟုတ်ကဲ. ။

ပုသိမ်သား...ဆင်မ said...

ပြောင်ချင်နှောက်ချင်ဇတ်ထည်းသွား

ngaba said...

---၂၀၁၂ ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မိုးလေ၀သ ခန့်မှန်းချက်----
ယခုလအတွင်း မုတ်သုန်လေ ၀င်ရောက်ရန် ရာခိုင်နှုန်း၅၀ ရှိပါသည်။
လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ်လာပါက ပင်လယ်အော်တွင် မုန်တိုင်းများ တစ်ကြိမ်မှ ၁၀ကြိမ်ခန့်ထိ ဖြစ်ပေါ်ရန်ရှိပြီး လေဖိအား ပုံမှန်ဖြစ်ပါက ရာသီဥတု သာယာနိုင်ပါသည်။ မုန်တိုင်းဖြစ်ပေါ်ပါက မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပြီး ပုံမှန်အချိန်တွင် လှိုင်းအတင့်အသင့် ဖြစ်ပေါ်နိုင်ပါသည်။
မြန်မာ အလယ်ပိုင်း၊ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသကြီးများတွင် ပုံမှန်ထက် မိုးပိုမိုလာနိုင်သလို မုတ်သုန်လေနှင့် မုန်တိုင်းမ၀င်ရောက်ပါက မိုးလျှော့နည်းနိုင်ပါသည်။ သို့ရာတွင် နေသာသောရက်များတွင် မိုးမရွာနိုင်သောကြောင့် အပူချိန် ပုံမှန်ထက်ပိုမိုလာနိုင်ပါသည်။
ယနေ့အတွက် မြန်မာတစ်နိုင်ငံလုံး မိုးရွာရန် ရာခိုင်နှုန်း၅၀ရှိကြောင်း မိုး/ဇလ၏ တိုင်းထွာချက်များအရ သိရှိရပါသည်။

kyaw kyaw said...

လူရွှင်တော်လုပ်ဖို့ ဇာတ်တိုက်နေကြတာလား

naughty boy said...

comments ဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တယ်။
အတည်အခန့်ရေးတာ၊ မကျေနပ်လို့ဆဲတာ၊ ထောက်ခံတာ၊ ကန့်ကွက်တာ.. အမှားအမှန် ထောက်ပြတာ... စသဖြင့် ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။
comment ပေးသူထဲမှာ ပညာတတ်၊ ကုန်သည်၊ အစိုးရ၀န်ထမ်း၊ သာမန်အလုပ်သမား စသဖြင့် လူတန်းစား အမျိုးမျိုးပါနိုင်ပါတယ်။
ရိုင်းချင်ရိုင်းမယ်၊ ယဉ်ချင်ယဉ်မယ်.. အဲဒါတွေအားလုံးဟာ ပြည်သူ့အသံ စစ်စစ်ပါ။ ပြည်သူ့ဟန် စစ်စစ်ပါ။ ပြည်သူ့ ခံစားချက်စစ်စစ်ပါ။
တိုင်းပြည်မှာ ပညာတတ်တွေ များလာရင် comments တွေဟာ ပညာတတ် လူ့အဖွဲ့အစည်းကို ကိုယ်စားပြု ညွှန်းဆိုလိမ့်မယ်၊ မကျေနပ်မှု အဖိအနှိပ်ခံတွေ များလာရင် comments တွေမှာ ပေါက်ကွဲသံစဉ်တွေ ကြားရမယ်။
ဒါကြောင့် comments ​တွေဟာ ပြည်သူရဲ့ စိတ်ခံစားနေရမှုတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေကို များစွာ ထင်ဟပ်ပေါ်လွင်စေပါတယ်။
အခု.. အထက်က ကွန်မန့်နှစ်ခုဟာလည်း အတည်အခန့်မဟုတ်ပေမယ့်... တိတိကျကျ ဘယ်တော့မှ မပြောတတ်တဲ့၊ အမှားအမှန်ပေါ်မှာ တာဝန်ယူနိုင်မှု နည်းပါးလေ့ရှိတဲ့ မြန်မာ့မိုးလေ၀သ ကြော်ငြာမှုကို ထောက်ပြထားတဲ့ satire သရော်စာဆန်တဲ့ comment မျိုးပါ။ ဒါတွေဟာ သူများကို ပုပ်ခပ်ဆော်ကားဖို့ထက် လိုအပ်နေတဲ့ ဟာကွက်လေးတွေကို ထောက်ပြ ဝေဖန်ချင်တာပါ။ အဲဒီဝေဖန်မှုဟာ မလိုအပ်ဘူးဆိုရင်လည်း ပေါ့ပေါ့ပါးပါး ရယ်စရာဖြစ်သွားစေလိုတဲ့ သဘောပါ။

ဇာတ်တိုက်နေတာလားလို့ ပြောသူတွေဟာလည်း အမိန့်အာဏာနဲ့ အရောင်ဆိုးထားတာမရှိတဲ့ သူတို့ရဲ့ ရင်ထဲက အမြင်ကို ရိုးရိုးသားသားတုံ့ပြန်တာ ဖြစ်ပါတယ်။
comment တစ်ခုဟာ..
ရယ်စရာလည်း ဖြစ်ကောင်းဖြစ်မယ်.. ဆဲချင်စရာလည်း ဖြစ်ကောင်းဖြစ်မယ်..
ဒါပေမယ့် သူတို့အမြင်ကို သူတိုနားလည်သလို ထောက်ပြတဲ့ ပြည်သူ့အသံ စစ်စစ်ပါ။

Powered by Blogger.