မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည်

ယခုနှစ်ကျောင်းဖွင့်ချိန်တွင် တရားမ၀င်ငွေကြေးကောက်ခံခြင်း၊ ကျောင်းဝင်ကြေးများပိုမိုကောက်ခံခြင်း အစရှိသည်တို့ကိုပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ထိရောက်စွာအရေးယူသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောသည်။

မေလ(၂၇)ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သော အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအပြီးတွင်စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်းပြောထားပြီးသား။ နယ်အဝေးကိုပို့မယ်၊ ဖြုတ်သင့်ရင်ဖြုတ်မယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်နေတဲ့အချိန်မှာ ဒါမျိုးယူရင် အရေးယူမယ်။ ညွှန်ချုပ်တွေကိုလဲပြောပြီးသား။ တိုင်းပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေကိုလဲပြောပြီးသား။ ဒါမျိုးလုပ်တာတွေကို ကျွန်တော့်ဆီကို တိုက်ရိုက်တိုင်နိုင်တယ်။ တိတိကျကျသိရင်တိုင်ပါ"ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ဝန်ကြီးထံသို့ တိုင်စာများရောက်ရှိသည့်အနက် အချက်အလက်မမှန်ကန်သည့် ပစ်စာများလည်းပါဝင်နေကြောင်း၊ ထိုသို့သော ပစ်စာများမှာမူ ပုဂ္ဂိုလ်ရေးဆိုင်ရာမကြေနပ်မှုများကြောင့်ဖြစ်နိုင်ပြီး ခိုင်လုံတိကျသည့် အချက်အလက်များပါဝင်မှုမရှိသဖြင့် အရေးယူရန်မဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကထပ်လောင်းပြောကြားသည်။
"အထောက်အထားခိုင်လုံရင် စာနဲ့သာတိုင်ပါ။ စာတွေက ကျွန်တော့်ဆီရောက်ပါတယ်။ လက်ရှိကို အရေးယူနေတာတွေလဲရှိပါတယ်။ ဟုတ်တာဆိုရင်၊ စစ်ဆေးလို့ပေါ်ရင်တော့ ကျွန်တော်တို့က အရေးယူမှာပဲ။ ကျွန်တော်တို့ အချိန်မဆိုင်းအရေးယူမယ်။ ကျူးလွန်တဲ့အပြစ်ပေါ်မူတည်ပြီးတော့ လိုအပ်သလိုအရေးယူမယ်"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောပါသည်။

Popular Myanmar News Journal
မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည် မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည် Reviewed by သစ်ထူးလွင် on 15:39 Rating: 5

42 comments:

lionking said...

ငယ်ငယ်တုန်းက ဆရာဆရာမတွေကို သတိရလိုက်တာလေ ခုတော့ အားလုံးပျက်စီးကုန်ပြီကော ခုမယူပဲနေရင်တောင် အတိုင်ခံရမှာကြောက်လို့ မယူရဲသလိုဖြစ်ပြီပေါ့ စားမလောက်လို့တောင်းရာကနေ စီးပွါးဖြစ်ကြံတဲ့ အဆင့် မသိမသာ ရောက်လာကြတာနဲ့တူတယ် အရင်ကလို စေတနာရှင် ဆရာဆရာမတွေ ပြန်ထွန်းကားလာမှ ကလေးတွေ နောင်ရေးကောင်းမယ် အကုန်လုံးလဲ အဖတ်ဆည်မရအောင် လုပ်လဲလုပ် တတ်လဲတတ်နိုင်ပါပေတယ် သွားလေသူ ကျေးဇူးရှင်တို့ရေ..

001komgmg222@gmail.com said...

အော်ပညာရေးဝန်ကြီးကိုယ်တိုင်ကပြောနေကြပြီနော်၊ကျောင်းအုပ်ကြီးများကြားပါလေစခင်ဗျာ။

ကိုကို(မန္တလေး) said...

အတိအကျဆိုရင် ကျနော်တို့ကလေးတွေက ဒီဆရာ/မတွေနဲ့ တလျှောက်လုံး သင်ရမှာလေ ဘယ်သူတိုင်ရဲမှာလည်း မြင်းခြံမှာ A ခန်းတက်ခြင်ရင် စာမတော်လည်း သူတို့တောင်းတဲ့ငွေပေးရင်ရတယ် တစ်ကယ် ဘယ်သူပြောရဲမှာလည်း ပြစ်စာပဲပို့နိုင်မှာပေါ့ ဒါတော့အမှန်ပဲလေ
မြင်းခြံသား

Pho Phwa said...

ဟုတ်လိုက်လေ...၊ ဟိုးယခင်ကလို တပည့်များရဲ့ ရင်ထဲက လှိုက်လှဲစွာ ချစ်ခင်ကြည်ညို အားကိုးစရာဆရာဆရာမများဘဝ ပြန်လည်ရယူနိုင်ကြပါစေ.....။ ပြင်ရင်ခဏပါ၊

မောင်သစ္စာ said...

ကျောင်းတွေရဲ့ ပညာသင်နှစ် အစမှာ မဖြစ်မနေ ပြုပြင် ဖြည့်ဆည်းရတာမျိုးတွေ ရှိနေပါသည်။ ဥပမာ-စာသင်ခုံ၊ သောက်ရေသန့် စသည်။
ဒါတွေကို ဖြည့်တင်းပေးဖို့အတွက် နိုင်ငံတော်က ဖြည့်တင်းပေးဖို့ လိုပါမည်။ ကျောင်းတိုင်း ကျောင်းတိုင်းမှာ လိုအပ်ချက်တွေကတော့ အထိုက်အလျောက် ရှိနေပါမည်။ ထိုလိုအပ်ချက်များကို နိုင်ငံတော်ကသော်လည်းကောင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့များကသော်လည်းကောင်း ဖြည့်ဆည်းပေးကြဖို့တော့ လိုပါမည်။
ဆရာ ဆရာမများကို ပညာသင်ကြားရေးနှင့် အုပ်ချုပ်ရေးအပိုင်းကိုပဲ ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ပညာရေးနှင့် မပတ်သက်သည့် ဟိုကိစ္စ ဒီကိစ္စ ဟိုအစည်းအဝေး ဒီအစည်းအဝေး ဆိုတာမျိုးတွေနဲ့ မကြာခဏ ခေါ်ပြီး အချိန်ဖြုန်းတာမျိုးတွေလဲ မလုပ်သင့်ပါ။
ဆရာ ဆရာမများကလဲ ကျောင်းရဲ့ လိုအပ်ချက်တွေကို ကျောင်းအကျိုးဆောင်အဖွဲ့တွေကို လုံးဝ လွှဲအပ်ထားသင့်ပါသည်။ အချို့သော ကျောင်းများ၌ ကျောင်းအကျိုးဆောင်အဖွဲ့က စီမံဆောင်ရွက်ပေးလိုသော်လည်း ကျောင်းအုပ်ကြီးများက သူတို့ကိုယ်တိုင် ငွေကိုင်ပြီး စားပေါက်ထွင်လိုကြသဖြင့် ကျောင်းအကျိုးဆောင်အဖွဲ့က နောက်ဆုတ်ပေးလိုက်ရတာမျိုး ရှိပါသည်။
ု တချို့သော ကျောင်းများမှာမူ ကျောင်းအကျိုးဆောင်အဖွဲ့ တွင် ပါဝင်နေသူများက မရိုးမသား အကြံအဖန်သမား အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား သမားတွေ ဖြစ်နေတာမျိုးလဲ ရှိနေပါသည်။
တစ်ကျောင်းနှင့်တစ်ကျောင်း တစ်နေရာ ဖြစ်နေကြပုံချင်းတော့ မတူပါ။ ရိုးသားသော စိတ်အခြေခံ ရှိကြမှသာလျှင် လက်ရှိအနေအထားကို ကျော်လွှားလွန်မြောက်နိုင်ပါမည်။

a said...

ဝန်ကြီးဌာနတိုင်းမင်းလိုပဲပြောထားပြီးသားပဲ၊ဒါပေမဲ့ခိုးတုံး၊လိမ်တုံး၊ညစ်ပတ်တုံးပဲ။မင်းကိုယ်မင်းပဲပြန်တွေးကြည့်အုံးဘာလဲဆိုတာ။

လင်းယုန် said...

ကျုရှင်သင် မေးခွန်းပေးပြီး
ကလေးတွေကို ဖျက်ဆီးနေတဲ့
အကျင့်ပျက်ဝန်ထမ်း ဆရာမတွေကိုကော
အရေးယူတော့ဘူးလား

မေးခွန်းပေးပြီး ကျုရှင်သင်နေတာက
ကလေးတွေကို ရေသာခို အချောင်သမားဖြစ်အောင်
လုပ်နေတာပါ
ထိရောက်စွာ အရေးယူမယ်ဆိုရင်တော့
တိုင်ကြားရမဲ့ နေရာဌာနနဲ့ ဖုန်းနံပါတ်များကို
အွန်လိုင်းပေါ်မှာ တင်ပြပေးစေချင်ပါတယ်

အမှန်အကန် အရေးယူမယ်ဆိုရင်တော့ ဓါတ်ပုံနှင့်တကွ
တင်ပြတိုင်ကြားကြပါမည်
အကျင့်ပျက်နေသော သူခိုးဂျပိုး အကျင့်ပျက် ပညာရေးဝန်ထမ်းများကို
အမြန်ဆုံးအရေးယူပေးစေလိုပါသည်။

Anonymous said...

မြန်မာပြည်မှာ တခုခုဆိုဖမ်းမယ် အရေးယူမယ် ဆိုတာချည်းပဲ ကြားရတော့ စိတ်မကောင်းစရာပဲ.. ဒီလိုဖြစ်မလာအောင် ဘယ်လိုဖြေရှင်းမယ် ဆိုတာ နဲနဲ တော့ Seminar ဖြစ်ဖြစ်လုပ်ရင်ကောင်းပါတယ်... အပစ်ပေးတဲ့ပုံစံကလဲ နယ်ပို့မယ်ဆိုတော့ နယ်မှာလုပ်နေတဲ့ ဆရာ၊ဆရာမ တွေက အပစ်ပေးခံရတဲ့သူတွေချည်းလား... မြို့မှာလုပ်ရင်ပိုကိုက်တယ် ဆိုတဲ့သဘောလား၊ တာကြောင့်မြို့မှာတာဝန်ကျအောင် အထက်လူကြီးတွေကို ပေးရကန်းရ တာလဲ ဘယ်လိုအရေးယူမှာလဲ... စေတနာနဲ့ အများအကျိုးအတွက်အလုပ်လုပ်ပေးနေတဲ့ ဆရာ၊ဆရာမများကို အားနာနေမိတယ်... စစ်ဗိုလ်များကဆဲလိုက်.. ၀န်ကြီးဆိုသူများ.. ညွန်ချုပ်ဆိုသူများကို ကြောက်လိုက်နဲ့... မြန်မာပြည်ကြီး ဘာဖြစ်သွားပြီလဲ...

Anonymous said...

ကျောင်းတွေအတွက်အသုံးစရိတ်ကိုလဲ ဝန်ကြီးဌာနကလုံလောက်အောင်ချထားပေးဖို့လိုပါသည်

youthmedia said...

ဝန်ကြီးဌါန အနေ နဲ့  ထိေ၇ာက်စွာအေ၇းယူမယ် ဆိုတာ နှစ်တိုင်း ကျောင်းဖွင့် ချိန်ေေ၇ာက်တိုင်း အမိန့် တွေ ထုတ်ပါတယ် ဒါပေမယ့်  ထိေ၇ာက်စွာ ဆ၇ာ ဆ၇ာမ တွေ ကျောင်းတွေ ၇ဲ့ လိုအပ်ချက် ကျောင်းသားတွေ ၇ဲ့ လိုအပ်ချက်တွေကို ထောက် ပံ့ ပေးမယ်ဆိုတာ နှစ်တိုင်း မကြား၇သလောက်ပါပဲ ဒီမိုကေ၇စီ ခေတ်ကို တက်လှမ်းနေတဲ့အချိန်မှာ တဖက် ဇောင်းနင်း ပြောဆို ခြင်း လုပ်ဆောင်ခြင်းတွေ မလုပ်ဆောင် သင့် တော့ ပါဘူး အနာသိဆေး၇ှိ ဆိုသလို ကျောင်းတွေ အလှုငွေ မကောက်၇ဘူး ဆိုတာတွေ ဆ၇ာ ဆ၇ာမတွေ ကျူ၇ှင် မသင်၇ဆိုတဲ့ ကိစ္စတွေ ဖြေရှင်း ဖို့  နည်းလမ်းလည်း၇ှာကြည့် ၇င် ၇ှိနိုင်ပါတယ် နေ၇ာတကာမှာ တော့  အမိန့် တွေ နဲ့ ဖြေရှင်းလို့  ၇မဲ့  ခေတ် မဟုတ်တော့ ပါဘူး အမိန့် တွေ ကို ၀န်းကြီးဌါနတွေ ကြိုက်သလောက် ထုတ် ၀န်ထမ်းတွေ ကတော့  ကြိုက်သလို လုပ်နေကြဦးမှာပါပဲ ထိေ၇ာက်စွာ အေ၇းမယူမီ ထိေ၇ာက်စွာကြိုတင် ဖြေရှင်းပေး၇မယ့် အ၇ာများလုပ်ဆောင် ပေးစေချင်ပါတယ်

Anonymous said...

လူ့ကိုယ်ကျင့်တရား စာရိတ္တကောင်းမွန်အောင် ဦးဆောင်ထိန်းကျောင်းပေးနေတဲ့ တရားရေးဝန်ထမ်းများ ပြည်သူ့ရဲများ ကျောင်းဆရာများကစပြီး အကျင့်ပျက်နေကြလို့ သတိပေးအရေးယူခံနေရပြီ ဆိုမှတော့ တစ်တိုင်းပြည်လုံးသွားပြီ အဲဒါတွေက လူမှန်နေရာမှန်မနေ ကိုယ့်ကျွမ်းကျင်တာ ကိုယ်မလုပ်ကြပဲ နေရာတကာဝင်ပါနေကြတဲ့ လုပ်ရပ်တွေရဲ့ ဆိုးကျိုးတွေ

nike said...

အပြောနဲ့အလုပ်ညီအောင်လုပ်ပါ။

Toe Gyi said...

ပိုက်ဆံ ကောက်တာတင် မကြည့်နဲ့အုံး ၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းထွက်လက်မှတ် လေး ယူတာတောင် တော်တော်နဲ့ မရဘူး။ အခြေခံ(၂) ညွန်ချုပ် ရဲလွင်အောင် ပြုတ်သွားလို့ ၄င်းနဲ့ ပူးပေါင်းလုပ်စား နေကြတဲ့ အသိုင်းအဝိုင်တချို့ (အထက(၁၆)မှ ကျောင်းအုပ်ဆရာမကြီးအပါအ၀င်ပေါ့) အသံ ပေါင်းစုံနဲ့ မြည်တွံ တောက်တီး နေကြတယ်။ အဲဒီကျောင်းမှာ သူငယ်တန်း၊ ပဉ္စမတန်း စတင်ဝင်ရောက် ကျောင်းတက်ခွင့်ရဘို့ ၊ ဘယ်ဈေးပေါက် နေလဲ ဆိုတာကိုလည်း ပြည်ထောင်စုဝန်ကြီး သိစေခြင်ပါတယ်။

ဖိုးဖိုးကြီး said...

သိပ်ကောင်းတဲ့အရေးယူခြင်းပါ။ ပညာရေးဝန်ကြီးအဆက်ဆက်မှာယခုတက်
လာတဲ့-ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေး ကိုပြည်သူတွေရဲ့ကိုယ်စားချီး
ကျူးပါတယ်။လူကြီးဆိုတာကိုယ့်လက်အောက်က၀န်ထမ်းတွေမတရားလာတ်
စားနေတယ်ဆိုရင်-ပြတ်ပြတ်သားသားအရေးယူရမှာ-၀န်ကြီးရဲ့တာဝန်ပါဘဲ။
ဒါပေမဲ့ဝန်ကြီးအနေနဲ့ကလည်းကိုယ့်လက်အောက်က၀န်ထမ်းတွေရဲ့စားဝတ်
နေရေး ဖူလုံ/လုံလောက်အောင် ကြည့်ရှု့ပေးရမဲ့တာဝန်လည်းရှိပါတယ်။
ဥပမာ-၀န်ထမ်းတွေသက်သာချောင်ချိစွာနေထိုင်နိုင်ရန်၊အဖိုးအခနည်းသော
အိမ်ယာများအကျွေးစံနစ်ဖြင့်၎င်း၊မြေယာ/မြေကွက်များကိုပြန်လည်တရားဝင်
ပြန်လည်ရောင်းချနိုင်အောင်စီစဉ်ပေးခြင်း၊၀န်ထမ်းများကိုဆုပေး/ဒဏ်ပေးစံ
နစ်များကျင့်သုံးခြင်း၊စသည်များအပြင်-၀န်ကြီးအနေနှင့်ဒီ့ထက်ကောင်းသော
အစီအစဉ်များရှိပါက-၀န်ထမ်းများကို စားဝတ်နေရေးအစဉ်ပြေရချောင်လည်
စေခြင်းဖြင့်-လာတ်-စားခြင်းများကိုဟန့်တား/တားဆီးနိုင်မှာဖြစ်တယ်။

Toe Gyi said...

ကျောင်းအပ်ပိုက်ဆံတောင်းတော့ မသိဘူး မန္တလေး အထက(၁၆) မှာတော့ ကျောင်းထွက်လက်မှတ်လေး ထုတ်တာတောင် မလွယ် ဘူး။ ပုဂ္ဂလိက ကျောင်း ပြောင်းမဲ့ လူမျိုးခြားများ စာအိတ် ပါတော့ မြန်တယ်ဗျ၊ ကျောင်းအုပ်ဆရာမကြီးကလည်း၊ ပင်စင်ယူခါနီး၊ အခြေခံ(၂)၊ အထက်မြန်မာပြည်၊ ညွှန်ချုပ် ရဲလွင်အောင် ပြုတ်သွားလို့ အံကြိတ်၊ တောက်ခတ်၊ မကျေနပ်ကျတဲ့၊ ရဲလွင်အောင် နဲ့ ပေါင်း၊ လုပ်စားနေတဲ့ အသိုင်းအဝိုင်း တချို့က အသံတွေကတော့ စုံနေတာပဲ၊ အထက(၁၆)က ကျောင်းအုပ် ဆရာမကြီး အပါအ၀င်ပေါ့။

mamamay said...

ကျောင်းသားမိဘတွေစိတ်ချမ်းသာရသော၂၀၁၂ ပါ၊
ထာဝယ.ပညာရေးကိုစောင်.ရှောက်နိုင်သောနိုင်ငံတော်
ဖြစ်ပါစေ၊
ကဲ..သားသားမီမီးတို.ရေ..
ဘဘ၀န်ကြီးကတာဝန်ကျေတယ်နော်.
သားသားမီးမီးတို.စာကြိုးစားဘို..
ဘဲလိုပါတော.တယ်။

phyozinoo said...

ဟုတ်ကဲ့ပါ မအူပင်မြို့ အထက (၂)ကျောင်းတွင်အလျူငွေများကောက်ခံလျက်ရှိပါတယ်၊

SOE TINT said...

အရအနည်းဆုံးကစာသင်ဆရာဆရာမ အရအများဆုံးကတရားရေးဝန်ထမ်း
အသားကုန်က အုပ်ချုပ်ရေးပိုင်း ကံကွက်ကျားတာက ပညာရေးလောက
တရားနဲ့သာဖြေကြပေတော့ အနန္တဂိုဏ်းဝင်တို့ရေ လုံခြုံချင်ရင် ရန်သူမျိုးငါး
ပါးဝင်ထဲပါဝင်သူတို့ကိုသာချဉ်းကပ်ကြပါတော့ ငတက်ပြားကဘဏ်ဏာစိုးကိုးဗျ

zarmyint said...

တော်တဲ့သူ နောက်ပြီး ဆရာ၊ဆရာမ သားသမီးဆိုရင် ရှေ့မှာထား ဖျင်တဲ့ညံ့တဲ့သူဆိုရင်နောက်မှာထားတက်တဲ့ ပညာရေးကို ပြင်ပေးစေချင်တယ် မရှိနွမ်းပါးတဲ့ ညီငယ် ညီမငယ်လေးတွေကို စေတနာမထား ပြစ်ပယ်တာတွေ မလုပ်ပါနဲ့လို့ ပြောချင်တယ် ပညာသင်တဲ့အခိုက်အတန့်မှာ တန်းတူတွေရှိစေချင်ပါတယ် စာတော်ပေမယ့် ငွေမရှိလို့ အလုပ်ထွက်လုပ်လိုက်ရတဲ့ ပညာတတ်ကလေးငယ်တွေ ကျနော်တို့ မြန်မာနိုင်ငံမှာ အများအပြားပါ ရှိခဲ့တာတွေဖြစ်ခဲ့တာတွေ ပြုပြင်ပြီး ဖွံ့ဖြိုးတိုးတတ်လာတော့မယ့်အချိန်မှာ ပညာတတ်ခေတ်လူငယ် အရွယ်တွေ အများကြီးရှိထား ပိုင်ဆိုင်ထားစေချင်လို့ပါဗျာ ပြုပြင်ပေးကြပါ......

minsoeaung said...

လူနေမှုဘဝမြင့်လာတဲ့အတွက်ဝင်ငွေမြင့်ဘို့လိုလာတယ်
ဒီတော့ ဝင်ငွေကိုရဘို့အတွက်လောဘဇောနဲ့ ရှာလာကြ
တယ်။တရားခြင်းမတရားခြင်းမတွက်ကြတော့ဘူးပေါ့။
ဒါကြောင့် ဥပဒေက မညာဘို့လို့ာု လလ လိုလာတယ်။
ထိရောက်ခိုင်မာဘို့လိုလာတယ်။
စည်ပင်ကလမ်းဘေးဈေးသည်ဖမ်းသလို ဥပဒေမျိုးဖြစ်နေ
ရင်တော့အလကားပါဘဲ ဝန်ကြီးခင်ဗျား။

မိုးကြိုး မုန်တိုင်း said...

ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ပြောချင်ပါတယ် positive view နဲ့ပါ... ဆရာဆရာမတွေရတဲ့ လခ က သူ့မိသားစုတစ်ခုကို မပြောနဲ့ သူတို့ကိုယ်တိုင်အတွက်တောင် ၁လစာအသုံးစရိတ်မလောက်ပါဘူး...
အဲဒီတော့ အပိုဝင်ငွေဆိုတာရှာရပါတယ်... ကျူရှင်သင်ရတော့တာပေါ..
အချိန်နဲ့ ပညာကိုရင်းပြီးမှ ရတဲ့ အပိုဝင်ငွေကတော့ ရှာသင့်တယ်လို့ထင်ပါတယ်... မရှာစေချင်ရင် လခကို လောက်ငှအောင်ပေးပါ... မလိုလားအပ်တဲ့ ငွေကြေးကောက်ခံမှုတွေကိုတော့ လက်မခံပါဘူးဗျ... ဘာကြေးညာကြေးကောက်တယ်ဆိုတာ.. ဘယ်သူက ခိုင်းလို့ကောက်ရတာလဲစဉ်းစားကြည့်ပါ... ကျောင်းအုပ်ကြီးက မခိုင်းဘဲနဲ့ ဘယ်သူမှ မကောက်ပါဘူးးး..... ကျောင်းအုပ်တွေကို ပြောပြီးသားဆိုရင် ဆရာဆရာမတွေက သူ့သဘောနဲ့သူတော့ မကောက်လောက်ပါဘူး....
အမှားပါရင် တောင်းပန်ပါတယ်

တာရာ said...

ခေါင်ကမှမိုးမလုံတာ..ဘယ်လိုအရေးယူယူအလုပ်ဖစ်မယ်မထင်ပါဘူး

thuta said...

ပညာရေး ဝန်ထမ်းမှ မဟုတ်ပါဘူး...
ဌာန တိုင်းမှာရှိတဲ့ မှန်ကန်မှုမရှိတဲ့ ဝန်ထမ်းအားလုံးကိုလဲ ထိရောက်စွာ အရေးယူသင့်တယ်...နိုင်ငံပြန်လည်ထူထောင်ဖို့ ဆိုရင် ပထမဆုံးလုပ်သင့်တာက
လာဘ်ပေး လာဘ်ယူ က အစ မသမာ တဲ့သူတွေကို အရင်ဆုံးရှင်းလင်းသင့်တယ်

taunggyi.1997 said...

ကိုယ့်စကားနဲ့ ကိုယ် ပါသွားမယ်နော်..ကြည့်လည်းပြောပါဦး..

မိုးတိမ် said...

ဒါဆို ဆရာဆရာမတွေအတွက်ပိုအဆင်ပြေထိရောက်မဲ့အထောက်အပံ့တွေဘယ်လိုစီစဉ်ပေးမလဲ .....မယူနဲ့ဆိုမယူယုံပဲပေါ့ ဆရာသိက္ခာကိုဆရာတိုင်းကမြတ်နိုးတန်ဖိုးထားချင်ကြတာပါပဲ .... ဒါပေမဲ့ခေတ်ရဲ့ကုန်ဈေးနှုန်းနဲ့ရတဲ့ဝင်ငွေကဘယ်လိုမှမလောက်ငတော့သူတို့တွေဘာသွားလုပ်မလဲ .....ကျူရှင်မပြပဲကျောင်းမှာပဲထိထိရောက်ရောက်သင်ပေးမယ်ဆိုလည်းရတာပေါ့ သိပ်ကိုရတာပေါ့ အလုပ်နှစ်ခုခွဲလုပ်နေရတာတောင်သက်သာသေးတယ် ..... ဒါပေမဲ့ဆရာ့ဂုဏ်နဲ့သင့်တော်မဲ့ထိုက်သင့်တဲ့အထောက်အပံ့ကိုတော့ရသင့်တယ် ......

oottoe said...

ရန်ကုန်မြို့ရှိကျောင်တချို့တွင်
ကြိုတင်ဆန်ဒပြုဖေါင်များဖြင့် အလှုငွေ
ကိုကေါက်ခန်နေပါသည်

yehtut said...

ကျောင်းဝင်ကြေးကိစ္စအပြင် အတန်းပိုင်ဆရာမတွေ ကိုယ့် ဆီကျူရှင်မယူတဲ့ ခလေးတွေကို နှိပ်ကွပ်နေတဲ့ ကိစ္စကိုလည်း အရေးယူပေးပါအုံး ဝန်ကြီးရယ်

yehtut said...

ကျောင်းဝင်ကြေးကိစ္စအပြင် အတန်းပိုင်ဆရာမတွေ သူတို့ ဆီ ကျူရှင်မယူတဲ့ ခလေးတွေကို အတန်းထဲမှာ ရေရေလည်လည်နှိပ်ကွပ်နေတဲ့ ကိစ္စတွေကိုလည်း အရေးယူပေးပါအုံး ဝန်ကြီးရယ်

Anonymous said...

ပိတိကိုစား...တပည့်မရှား....တပြားမရှိ.......

ksho said...

ဖျက်စီးခံခဲ့ရတဲ့အိမ်တစ်လုံးကိုပြင်လို့မတတ်ရင်ပိုဆိုးသွားမယ်ဆိုတာကိုမြအေးသိပါတယ်နော်

MYO MYINT said...

ဝန်ကြီးမင်းတို့အနေနဲ့အောက်လက်ကိုအရေးယူမယ်၊ဖြုတ်မယ်၊ထုတ်မယ်၊သတ်မယ်ဘဲပြောတတ်သလား၊အောက်ခြေမှာဆရာဆရာမတွေမပြည့်မစုံနဲ့မြေဖြူခဲကအစစာရွက်စာတမ်းအဆုံးခရီးစရိတ်ပါမကျန်ဖြစ်သလိုကြံဖန်အသုံးပြုနေရတာတွေအတွက်ခင်ဗျားဘယ်လိုတာဝန်ယူရှင်းပေးမှာလဲ၊ဆရာ/ဆရာမတွေဟာဘယ်လောက်ချမ်းသာနေသလဲဝန်ကြီးသားသမီးသုံးတဲ့မုန့်ဘိုးတောင်သူတို့ရတဲ့လစာရဲ့အဆပေါင်းများစွာကုန်ကျနေတဲ့ခေတ်မှာဆရာ/ဆရာမတွေအကုန်ဖြုတ်ပြီးဝန်ကြီးတစ်ပါးတည်းမြန်မာပြည်ပညာရေးလောကကိုကောင်းအောင်လုပ်ကြည့်ပါလို့စေတနာနဲ့အကြံပေးပါရစေ။

Unknown said...

ကျောင်းဆရာအလုပ်ဟာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ..
ကုသိုလ်အလုပ်ကနေ အကုသိုလ်အလုပ်မဖြစ်အောင် ဆရာ ဆရာမတွေ စေတနာကို ရှေ့တန်းတင်ကြပါ..

Ag Thu said...

သိပ်ကောင်းပါတယ်၊ ကျွန်တော်တို့ တုန်းကဆိုလျှင် ကျွန်တော်အမေက ကျွန်တော်အတွက်ကျောင်းသွားအပ်ရင် လက်ဝတ်လက်စားတွေကို ချွတ်ပြီးသွားရတယ်။ ဟိုကြေးဒီကြေး တွေကောက်လွန်းအားကြီးလို့ 

Nwe Yin Win said...

လဒ်စားလို့အရေးယူတယ်ဆိုတာ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျောင်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးစရိတ်တွေကို ဝန်ကြီးဌာနက ချပေးမှာလား။ ကျောင်းရဲ့ဖွဲ့စည်းပုံထဲမှာ သန့်ရှင်းရေးအတွက် နေရာထည့်မထားပါဖူး။ ကျောင်းသန့်ရှင်းရေး အခန်းသန့်ရှင်းရေးကို ကျောင်းသားတွေခိုင်းနိုင်တယ်ထား။ ကျောင်းအိမ်သာကို သန့်ရှင်းရေးလုပ်ဖို့လူဌားရမယ်။ ကျောင်းသား 1500 သုံးတဲ့ အိမ်သာဟာ အနည်းဆုံးသုံးလတစ်ကြိမ် မိလ္လာစုပ်ထုတ်ရပါတယ်။ ဒါ့အပြင် ကျောင်းစာသင်ခုံတွေ ပြင်ဆင်ဖို့၊ အသစ်လုပ်ပေးဖို့၊ ဆရာ၊ဆရာမ တွေသင်ကြားရေးအတွက် teaching hand notes တွေကို ရိုက်ဖို့အတွက် ဘယ်ကငွေနဲ့ သုံးကြမလဲ၊ ဒါတွေကို ထည့်စဉ်းစားပြိး လုံလောက်တဲ့ Budget ကိုကျောင်းတိုင်းကို ချပေးဖို့လိုပါတယ်။ ဝန်ကြီးဌာနက ကျောင်းတိုင်းရဲ့ သာယာလှပမှု ။ သန့်ရှင်းမှု၊ မပျက်စီးအောင်ထိမ်းသိမ်းမှု၊ ကျောင်းသားတက်ရောက်မှုအလိုက် ကျောင်းကို တိုးချဲ့တည်ဆောက်ပေးမှု စတာတွေကို အမြဲစောင့်ကြည့် တာဝန်ယူစီစဉ်ပေးနိုင်မယ်ဆိုရင်၊ ကျောင်းအုပ်ကြီးနဲ့တစ်ကွ ကျောင်းဆရာမတွေ လဒ်စားတာ လဒ်ယူတာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်နဲ့ တာဝန်ခံနံမယ်တွေသတ်မှတ်ကျေညာပေးရင်၊ တွေ့ရှိလို့အရေးယူပြီးရင်လည်း အရေးယူကြောင်း ကျေညာပေးရင်။ ကျောင်းသားမိဘတွေအတွက် အကျိုးရှိလာမှာပါ။
ဒီလိုမှမဟုတ်ဘဲ ၊ လဒ်မစားရလို့ လူကြားကောင်းအောင် အပေါ်က ထိုင်အော်နေလို့ကတော့ ၊ အော်ရုံဘဲရှိမှာပါ။ ဘာမှဖြစ်မလာပါဖူး။

Ma Ma Hnin ze said...

comment ပေးရတာလဲအားနာပါတယ် ဆရာ၊ဆရာမတို့ရယ်
ဝတ်ထားတဲဝတ်စုံလေးတွေဖြူသလောက် စိတ်တွေ ကိုယ်လဲ ဖြူပေးရင်သိပ်ကောင်းမှာပဲ။အရိုအသေ မပျက်ချင်ပါဘူးဆရာ၊ဆရာမတို့ရယ်ကြည်လဲလုပ်ပါအုန်း

Anonymous said...

သိပ်ကောင်းတာပေါ့ ကျွန်တော်တို့နိုင်ငံ ဒီလိုပွင့်လင်းမြင်သာလာ တဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်းပါ

naywinaung said...

ကျွန်တော့်သားလေးကျောင်းအပ်တာ အ.မ.က (၂၁) ။ကျောင်းအုပ်ဆရာကြီး ဦးချစ်ငွေ။ နှစ်တန်းတက်မှာပေါ့(ဒုတိယတန်း)ပေါ့ဗျာ ကျောင်းသားသစ်သွားအပ်တာ အလှုငွေ ၂ သောင်းတောင်းတာ ။ ၁ သောင်းနဲ့ပြေလည်အောင်မနည်းညှိခဲ့ရပါတယ်ဗျာ။ ကျွန်တော်ငယ်စဉ်က တက်ခဲ့တဲ့ မူလတန်းကျောင်းလေးပါ။ ၈၄ လမ်း ၄၂-၄၃ ကြားမှာပါ။ ကဲဘယ်လိုလဲ တိုင်းပညာရေးမှုးကြီးများ နိုင်ငံတော်ကလမ်းညွှန်ထားတဲ့အတိုင်းမလုပ်တဲ့ ကျောင်းအုပ်တွေကို စစ်ဆေးအရေးယူတာတွေမလုပ်တော့ဘူးလား ခေါက်ရိုးကျိုးနေတဲ့ လာဘ်ယူတဲ့လူတွေကို ဒီအတိုင်းပဲကြည့်နေတော့မှာလားဗျာ။ မရှိဆင်းရဲသားတွေကိုတော့ ညှာတာသင့်ပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ ရိုးသားတဲ့ကျောင်းအုပ်တွေလည်းရှိမှာပါ။ ဒါပေမယ့် အခုလိုကြေးပစ်ပြီးတောင်းနေတာတွေ ရပ်အောင် ပညာရေးဝန်ကြီးမှာလည်းတာဝန်ရှိပါတယ်။ အောက်ခြေအထိဆင်းကြည့်သင့်ပါတယ်။ ကျောင်းသားဟောင်းများကိုတော့ တစ်ကျပ်မှမတောင်းပါဘူးတဲ့ခင်ဗျာ။ ကျောင်းမှာ လိုအပ်တဲ့ ရန်ပုံငွေလေးအတွက်တောင်းတာပါလို့ပြောပါတယ်။ :(

saw said...

ဒါကိုတော့ကြိုက်ပါတယ်.ဆရာ ဆရာမတွေပိုက်ဆံမလောက်လို့ ကျူရှင်သင်တာနားလည်နိင်ပါတယ်.ဒါပေမဲ့ ကိုယ့်ကျူရှင်လာမတက်တဲ့သူကိုအကြောင်းရှာပြီးရိုက်တာ ကျူရှင်တက်တဲ့သူကိုမေးခွန်းပေးပြီး မတတ်တဲ့သူကိုစာမေးပွဲချတာတွေရှိပါတယ်.ပြီးတော့ဆရာမအချင်းချင်းလဲ မတည့် သူများကျူရှင်ခပိုရရင်မကြိုက်ချင် ကျောင်းသားတွေက သူတို့အတွက် မြေစာပင်လိုလို ဖြစ်နေတယ်.ကျောင်းသားတွေဆီက မတရားရတဲ့ပိုက်ဆံနဲ့ အရှက်မရှိဝတ်စားနေလိုက်ကြတာ.သေရင်တော့ ပြိတ္တာဖြစ်မဲ့ကိန်းပဲ

kyaw said...

အရေးယူမယ်ဆိုတာ...ဘယ်အဆင့်ထိလဲ....မသိလို့မေးတာနော်

innyatara said...

ဝန်ကြီးမင်းကတော့ အောက်ခြေက၀န်ထမ်းချည်း လာဘ်စားရင် ဖြုတ်မယ်ပြောနေတယ်...၀န်ကြီးတွေကကော ဘာထူးလို့လဲ အောက်ခြေက ၀န်ထမ်းက နှစ်ပဲတစ်ပြားစားတာ ၀န်ကြီးက သိန်းထောင်ချီသောင်းချီစားနေတာလေ အရိုးကိုက်ရတဲ့သူကတော့ အသံထွက်တာပေါ့ဗျာ အစိုးရဘတ်ဂျတ်ဆိုတာက နှစ်တိုင်းတော့ ချပေးတာပဲ အောက်ခြေဌာနဆိုင်ရာအားလုံး တစ်နေရာမှ မရောက်ဘူး စက္ကူတစ်ရွက်တောင် မပေးဘူး အလုပ်ကျတော့ လုပ်ခိုင်းတယ် မလုပ်နိုင်ရင် ဖြုတ်မယ်ပြုမယ်နဲ့ ခင်ဗျားတို့ ရူးချင်ယောင်ဆောင်မနေနဲ့တော့ ဒီမိုကရေစီခေတ်ကြီးရောက်လာပြီ ၀န်ထမ်းတွေက ဘယ်သူမှ ဒီမိုကရေစီမရကြသေးဘူး

Anonymous said...

ကိုကြီးသောင်း(အရာတော်)....အရင်ပညာရေးစံနစ်နဲ့သိတ်ကွာခြားတာမတွေ့ရလို့ ကိုကြီးသောင်းပြောပြသလိုဆက်လုပ်နေရင်တော့ ရင်လေးစရာဘဲ..စီမံကွပ်ကဲပုံ..အောက်ခြေကဆရာ/ဆရာမလေးတွေကိုကြောက်လန့်ဖွယ်မှာကြားပုံလဲမကွာဘူး...ဒီစာသင်နှစ်အစကတည်းက ကိုကြီးသောင်းမျက်ခြေမပြတ် အချိန်မီ စောင့်ကြည့်ဝေဖန်ပေးဘို့ မေတ္တာရပ်ခံပါတယ်၊။ကျောင်းသားနဲ့မိဘတွေကိုဘဲအပြစ်ပုံချအုံးမှာကို မြင်ယောင်နေလို့ပါ..။

တိုးတက်အောင် said...

တိုင်စာလာမှ တိကျမှအရေးယူမယ်ပေါ့..တိုင်စာမလာမချင်းစားပွဲက ထိုင်စောင့်နေမယ်...အော်မှထ...ပြောမှလုပ်...အဲ့ဒါခေါင်းဆောင် မဟုတ်ဘူး...စာမေးပွဲတွေကျင်းပမှ ထထစစ်မနေနဲ့...ကျောင်းစအပ် ကတည်းက တာဝန်ရှိသူတွေ သွားသွားကြည့်ရမှာ....ယုံကြည်မှုဟာ ကိုယ့်ကို သေစေနိုင်တယ်လေ... သတိထားကြပေါ့...

Powered by Blogger.