ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက်

လက်သံပြောင်သော ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက်
မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်းရိုက်ကြရာမှ တစ်ဦးသေဆုံးသွားမှု၌
တရားခံဟုစွပ်စွဲခံရသူ ကိုသက်ပိုင်စိုး (၂၄ နှစ်)အား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ရဲ၏ ရိုက်နှက်မေးမြန်းမှုကြောင့်
မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသ နေရဆဲဖြစ်သည်။

၎င်းသည် မော်လမြိုင် ဆေးရုံသို့မေ ၁၉ ရက်နေ့တွင် စတင် ရောက်ရှိခဲ့ပြီး ဆရာဝန်က ဦးနှောက် ထိမိကာ
လက်နှစ်ဖက်အလုပ်မလုပ်တော့ကြောင်း၊ မိမွေးသည့်အတိုင်း ပြန်ဖြစ်လာမှာမဟုတ်တော့ကြောင်း ၎င်း၏မိခင်က ပြောသည်ဟု
ချောင်းဆုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

““ကျွန်တော် သက်ပိုင်စိုးကို မေးကြည့်တော့ ည ၁၀ နာရီလောက် မှာ မျက်နှာဖုံးစွပ်ပြီးဆိုင်ကယ်နောက် ကတင်ပြီး
၃-၄ ပတ်ပတ်မောင်းတယ်။ ပြီးတော့ ည ၁၁ နာရီ လောက်မှာ နောက်ပြန်ကြိုးတုပ်ပြီး ကြိုးကိုခဲနဲ့ဆွဲထားတယ်။
ချိုင်းနှစ်ဖက်နဲ့ပုခုံးကိုနိုင်လွန်ကြိုးသိုင်းပြီး ပြန်ဆွဲတင်ထားတယ်။ ခြေထောက် နဲ့ကြမ်းပြင်က မထိတထိပေါ့။ ပြီး တော့ တုတ်နဲ့ရိုက်တယ်။
မနက် ၆ နာရီလောက်မှာကြိုးပြတ်လို့ ခေါင်းနဲ့ကြမ်းပြင်စောင့်ပြီး နောက်စေ့ ထိသွားတယ်””ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ချောင်းဆုံရဲစခန်းမှူး ရဲအုပ် သိန်းလွင်က ယင်းသို့ ရိုက်နှက်မေးမြန်းခဲ့သူ ဒုရဲအုပ်ကျော်စွာခိုင်အား ခရိုင်ရုံးသို့ပို့ထားပြီး အထက်
လူကြီးများက မည်သို့အရေးယူမည်ကို မသိရှိသေးဟု ၎င်းက ဆက်လက် ပြောသည်။

Popular Myanmar News Journal
ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက် ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက် Reviewed by သစ်ထူးလွင် on 15:42 Rating: 5

31 comments:

lionking said...

ခုလိုအချိန်မှာ လုပ်ရဲတာ အံ့သြတယ် ရဲရေ... တကယ်ပဲ... အရင်လို ဖွင့်မပြောရဲခဲ့တဲ့ အချိန်ကဆို မင်းတို့ဘယ်လောက်များ လူမဆန်ခဲ့ကြပါလိမ့်မလဲ... ကြားရတာလဲ နားနဲ့ မဆန့်အောင်ပါပဲ

001komgmg222@gmail.com said...

အဲဒီရဲကိုလည်းကိုယ်လက်အင်္ဂါပြန်အရော်ခိုင်းလိုက်ပါ၊လူကြီးမင်းများခင်ဗျာ။

minsoeaung said...

စခန်းမှူးပါ ကျော်စွာခိုင်နဲ့တွဲသင့်ပါတယ်။
သူစီမံမှုညံ့တာပါ။အခုမှအောက်ကိုလွဲချတာပါ။
ရဲ များကိုအကျင့်ပိုင်းဆိုင်ရာနဲ့စစ်ဆေးရေးနည်းများသင်
ပေးစေလိုပါသည်။သူတို့မှာရှေးရိုးစွဲအသိတွေနဲ့အလုပ်
လုပ်နေတုန်းဘဲရှိပါသေးသည်။
စနစ်သစ်စိတ်သစ်နည်း များသင်ကြားပေးသင့်ပါကြောင်း
မှတ်ချက်ပြုလိုပါသည်။

National said...

အဲဒါမျိုးကျတော့ ဟာမူရာဘီ ကိုယ်ဓဥပဒေကကေင်းပြန်ရော

Topsidon21 said...

စံပြနမူနာ-အဖြစ် Public Execution လူပုံအလည်ခေါင်ခေါင်းဖြတ်ကွပ်မျက်ခြင်း လုပ်ရမှာပါ။

Shin Myochit said...

သမတ ကြီးရေ ပြည်သူ့အတွက်ဘာမှအကျိုးမရှိတဲ့(ရဲ)ဋ္ဌာန ကိုဖြုတ်သင့်ပါ ပြီ။
သူတို့ကိုပေးရမဲ့နိုင်ငံတော်ရဲ.ငွေတွေအကျိုးရှိရှိအသုံးချစေချင်ပါသည်။သတင်းတွေထဲမှာ (ရဲ)ဝန်ထမ်းတွေ ကောင်းတာ တခါမှမတွေ.ဘူးပါ။မကောင်းတာကများနေပါသည်။ဒါကိုကြည့်ခြင်းအားဖြင့်သမတကြီးသဘော ပေါက်မည်ထင်ပါသည်။ဘာကိုများစောင့်ကြည့်ချင်ပါသေးသလဲ၊ရဲ တွေတာဝန်
မဲ့မှုကြောင့်ကြီးထွားလာတဲ့ ဖာ သည်လုပ်ငန်းကိုလားနဲ့ဘိန်းဖြူလုပ်ငန်းကိုလား၊
ပြည်သူတွေကိုအနိုင်ကျင့်ဥပဒေမဲ့လုပ်ရပ်တွေများသည်ထက်များလာတာကိုလား။အကျိုးမရှိတဲ့ဋ္ဌာနမှန်သမျှအရေးယူသင့်ပါတယ်။

nike said...

အာ ရက်စက်လိုက်ကြ တာ လူလိုမထင်ကြဘူးနဲ့တူတယ်

ကိုမုံရွာ အင်တာနက် said...

မြန်မာနိုင်ငံမှ နေရာတော်တော်များများမှာရှိနေတဲ့ ရဲများက တော်တော်ကို အောက်တန်းကျ ကြပါတယ်ဗျာ။(ရဲအားလုံးကို မဆိုလိုပါ။)

Anonymous said...

ပြည်ထဲရေးဝန်ကြီးခင်ဗျား ရဲ နှင့်ယာဉ်ထ်န်းတွေရဲ့ပြည်သူအများနှင့်ဆိုင်သောနေရာတွေမှာ လုပ်ဆောင်နေမူ့များအား ပြည်သူတစ်ယောက်အနေနှ့င့်သတင်းယူခွင့်ရှိမရှိသိလိုပါသည်။ လွှတ်တော်ကိုယ်စားလှယ်များလဲမေးပေးပါ

လင်းယုန် said...

အဟမ်း.....အဟမ်း....

ချောင်းဆုံ စခန်းမှူးကို ရာထူးလျှော့ နယ်ပြောင်း
ဒုရဲအုပ် ကျော်စွာခိုင်အား အလုပ်ကြမ်းနဲ့ထောင်ဒဏ် (20)နှစ်စီ
ကျခံစေ။
ပုံ
ပြည်သူပြည်သားများ

ko yeဲ said...

မင်းတို့ရဲတွေ အရးယူခံရရင် ပြုတ်တာနဲ့ နယ်ပြောင်းက လွဲလို့ ဘာမှမဖြစ်ဘူး
အပြစ်မရှိတဲ့သူကို ဘဝပျက်အောင်လုပ်မိတဲ့ မင်းတို့မှာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတဲ့အတွက် လက်တစ်ဖက်ကို လက်တစ်ဖက်ပြန်လျော်ပါ an eye for an eye ပေါ့ ပြန်လျော်ပေးလိုက်ပါ သင့်တော်ပါတယ်နော်
ဟင် ဒါမျိုးကြတော့ကြောက်တယ်လား
တောင်းပန်ပါတယ်ဆိုတာနဲ့ မလုံလောက်ဘူးနော်
ယောက်ကျားပဲ လုပ်ရဲရင်ခံရဲရမှာပေါ့

ဖိုးဖိုးကြီး said...

တော်တော်ရက်စက်ကြပါလား-သူများကိုနှိပ်စက်သလိုကိုယ်လည်းဒီလိုခံကြည့်ပါလား-ရဲသဒေါင်းစားလေး။ မင်းကမခံစားဘူးသေးတော့-ကိုယ်ချင်းမစာနာဘူး။
ဖိုးဖိုးကြီးရဲ့မိတ်ဆွေတစ်ဦးလည်း(၂၀၀၈-၈လ)ပိုင်းမှာဒဂုံမြို့နယ်ရဲစခန်းမှာ
အာမခံမရနိုင်တဲ့ပုဒ်မနဲ့မတရားအကွက်ဆင်ဖမ်းထားပြီး၊လူမဆန်တဲ့အနောက်
ပိုင်းခရိုင်ရဲမှူးကြီးအောင်ခိုင်ဦးဆိုတဲ့ငမိုက်သား-နွားတစ်ကောင်ကအထက်မှာ
ဖေါ်ပြတဲ့နှိပ်စက်ပုံ-ဖြစ်စဉ်နှင့်တူနေပါတယ်။ အမှု့ခြင်းတော့မတူပါ။ ပြင်ပက မသမာငွေမဲကိုင်စီးပွားရေးလုပ်နေသူတစ်ဦးက ဖိုးဖိုးကြီးရဲ့မိတ်ဆွေ
ကို ရဲနှင့်ပူးပေါင်းပြီး၊ ဂုဏ်သိက္ခာညိုးနွမ်းအောင်နှင့်စီးပွားရေးပျက်စီးအောင်၊
မိတ်ဆွေစီးပွားဖက်တွေ အထင်အမြင်လွှဲမှားအောင်၊စိတ်ဆင်းရဲ-ဒုက္ခဖြစ်
အောင် ကြံစီကြပြီး၊ ပုဒ်မတွေ တပ်ချင်သလိုတပ်ပြီး-အချုပ်ထဲရောက်စေပြီး
ရက်စက်စွာ ရိုက်နှက်စစ်ဆေးညှင်းပမ်းနှိပ်စက်သဖြင့်၊ ကိုယ်ခန္ဓာထဲမှာရှိတဲ့
ကျောက်ကပ်(၂)လုံးစလုံး ပျက်ဆီးသွားလို့-အိန္ဒိယနိုင်ငံ၊ကာလကတ္တားမြို့
အပိုလိုဆေးရုံမှာ-ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခံခဲ့ရပါတယ်။ အဲ့ဒီ အ
နောက်ပိုင်းခရိုင်မှူးအောင်ခိုင်ဦး ကို မေတ္တာရှေ့ထားပြီး၊အထက်ကိုမတိုင်ဖြစ်
တာပါ။ မိတ်ဆွေအရာရှိကြီးများနှင့်အထက်လူကြီးများက လူယုတ်မာ ကိုအ
ရေးယူနိုင်ရန်၊တိုင်တန်းခိုင်းပါသည်။ ဒါမျိုးဝန်ထမ်းတွေ နိုင်ငံတော်မှာ မရှိရ
လေအောင် သက်ဆိုင်ရာလူကြီးမင်းများက အရေးယူလိမ့်မည်ဟုမျှော်လင့်ပါ
တယ်။ လိုအပ်လျှင်အမှု့ဖွင့်တိုင်တန်းနိုင်ရန်၊အမှု့ဆင်တဲ့လူယုတ်မာ-စီးပွား
ရေးသမားနှင့်နှိပ်စက်ညှင်းပမ်းသူ-ခရိုင်ရဲမှူးကြီးအား သက်ဆိုင်ရာမှတကယ်
ထိထိရောက်ရောက်အရေးယူပေးနိုင်မည်ဆိုပါကဖိုးဖိုးကြီးရဲ့မိတ်ဆွေကိုတိုင်း
တန်းရန်-အကြံပြုတိုက်တွန်းလိုက်ပါ့မယ်။

ဦးစားကြီး said...

နိုင်ငံသား အချင်းချင်း ရက်စက်ကြမ်းကြုတ်လိုက်ကြတာ။ သေသွားတဲ့သူက သူ့အမျိုးလားမသိဘူး။

GuGu said...

ရက်စက်လိုက်ကြတာကွယ်.............စာဖတ်ပြီး အား တောင်မရှိတော့ဘူး....နိုင်ငံတကာမှု့ခင်တွေ ဘယ်လိုစစ်သလဲဆိုတာ..လေ့လာသင့်ပြီ...

mamamay said...

အဲလိုလုပ်တာ...
ဂျပန်ခေတ်ကဆို...
ပြီးတော..ဗီယက်နမ်စစ်ကားတွေမှာ..ကြည်.ဖူးတယ်
ဗီယက်ကောင်းတွေ.အနှိပ်စက်ခံရတာ...
အဲလိုလုပ်ပြီး...အပြစ်ဝန်ခံခိုင်းတာ....
မလုပ်သင့်ပါဘူး...မဟုတ်ခဲ.ရင်နစ်နာပါတယ်....

zarmyint said...

ွတပ် ခေတ် ပြီးတော့ ရဲ ခေတ်ဖြစ်ပြီထင်တယ်......................ပြည်သူတွေကတော့ နာပြီးရင် နာ၇င်းပေါ့...

angry ppl said...

ကိုလိုနီအမွေဆိုးတွေရှိနေတုန်းပဲလား?လူတစ်ယောက်ကိုစစ်ဆေးမေးမြန်းတာအဲ ဒီလောက်နှိပ်စက်စရာမလိုပါဘူး၊ဒီဒု၇ဲအုပ်ကိုတူသောအပြစ်ပြန်ပေးစေချင်တယ်။ ဒီလောက်ယုတ်မာတဲ့လူမျိုးကိုလူ့ပြည်မှာမထားသင့်တော့ပါ။တိုင်းပြည်နာတယ်၊လူမျိုးသိက္ခာကျတယ်။

မိုးကြိုး မုန်တိုင်း said...

ိမိုက်ရိုင်းလိုက်တဲ့ ရဲ... အဲလောက်ရက်ရက်စက်စက်လုပ်ရလားကွာ...
ဥပဒေက ရှိပြီးသားပါ..
သူ့ကို ခရိုင်ရုံးကိုပို့ထားတယ်ဆိုတာ သူ့ကို ပြန်ပြီးလုပ်မှာကြောက်လို့ အရာရှိက လုပ်ပေးလိုက်တာပါ... ဒီကိစ္စကို အရာရှိကမသိဘူးပေါ့.. သိသိချင်း အရေးယူတယ်ပေါ့ ဒီအချိုး ချိုးထားတာပါ... ရဲတွေအကြောင်း အံတိုနေပါပြီ.... ဒီလိုကောင်မျိုးတွေကို ဘယ်လိုအရေးယူမလဲ သိချင်ပါတယ်... ဒီသတင်းကို အဆက်မပြတ် ပို့ပေးကြပါလို့ တောင်းဆိုပါတယ်

ကိုမျိုး said...

အဲလိုရဲမျိုးကိုတရုပ်ပြည်ပို့ဖို့ကောင်းတယ်

သာလှ said...

အခုတလောရဲတွေဘာဖြစ်နေတာလဲ။အမြီးနဲအမောက်တည့်ချင်နေပြီတူတယ်

သာလှ said...

အခုတလောရဲတွေ ဟိုမှာရိုက်လိုက် ဒီမှာရိုက်လိုက်နဲ့
အမြီးနဲ့အမောက်တဲ့ချင်နေကြပြီ ထင်

PwaG said...

ခေတ်ပြောင်းနေပြီ၊
အရင်လိုလုပ်ခြင်တိုင်းလုပ်လို့
မရတော့ဘူးဆိုတာကို ရဲတွေအပါအဝင်
ဌာနဆိုင်ရာအောက်ခြေဝန်ထမ်းအားလုံးကို
သေသေချာချာနားလည်အောင်လည်း
ရှင်းပြထားပါဉီး တာဝန်ရှိသူများခင်ဗျား။

PwaG said...

ခေတ်ပြောင်းနေပြီ၊
အရင်လိုလုပ်ခြင်တိုင်းလုပ်လို့
မရတော့ဘူးဆိုတာကို ရဲတွေအပါအဝင်
ဌာနဆိုင်ရာအောက်ခြေဝန်ထမ်းအားလုံးကို
သေသေချာချာနားလည်အောင်လည်း
ရှင်းပြထားပါဉီး တာဝန်ရှိသူများခင်ဗျား။

ေ၇ာသမမွှေ said...

တ၇ားဥပဒေ စိုးမိုးေ၇း တဲ့ ဒီ၇ဲအတွက် ဘယ်လိုအေ၇းယူမလဲ စောင့်ကြည့်နေပါမည်

Anonymous said...

အဲ့ဒီသူတောင်းစားတွေက စောက်ချိုးတွေ ပြင်ကို မပြင်နိုင်သေးဘူး...သတ်ပစ်ဖို့ပဲကောင်းတယ်။

Shwe Mg said...

ဒုရဲအုပ်ကျော်စွာခိုင် လုပ်တဲ့ပုံက ဖက်ဆစ်တော်လှန်ရေး ရုပ်ရှင်ထဲက..မတရားနှိပ်စက်တဲ့ပုံစံမျိုးပါလား...ပြီးတော့...ကိုယ့်လူမျိုးအချင်းချင်းကို....နောက်တစ်ခု....မြန်မာနိုင်ငံမှာရှိတဲ့အမှုစစ်တွေအားလုံးက...မရိုက်မနှပ်ပဲ...အမှုမစစ်တက်တော့ဘူးထင်တယ်နော်....အမှုတိုင်းကို ရိုက်စစ်မှ ပေါ်မယ်ဆိုတဲ့...အုံးနှောက်ကတော့...ပညာနဲလွန်းရာကျတယ်...ဒါဆိုရင်တော့...ရဲအုပ်လည်းမလိုဘူး...အမှုစစ်လည်းမလိုဘူး...လက်ရဲဇာတ်ရဲ..လူမိုက်တစ်ယောက် ခန့်ထားရင်...ပိုကောင်းမယ်...

myintkoko said...

စခန်းမှူးမင်းမှာတာဝန်ရှိတယ် မင်းခိုင်းလို့ သူလုပ်တာ
မင်းတို့ အကျင့်စိုးတွေခုထိမပြင်ကြသေးဘူးလူကြီးမင်းများ
ဒါဏ်ငွေ တစ်ထောင်ရိုက်ပြီး ပြန်လွတ်မှာပေါ့

ကိုကို said...

ရဲက လူတိုင်းကိုလိုက်ရိုက်မနေဘူး ဥပဒေနဲ့မှ မလွတ်တာ ..လုပ်တဲ့ သူကိုလည်း အခု ခရိုင်ကိုပို့ထားပြီလေ..ပြောနေကြအုံးမှာလား ဆက်ပြီး.....မဆက်ဆံချင်ကင်းအောင်နေ

စိုင်းမြတ်ဦး said...

တော်တော် လေးတော့နီးစပ်လာပါပြီ ....ဆက်လက်ကြိုးစားကြပါ

kyawkyawoo said...

ကိုကိုခင်ဗျာ မသိလို့မေးပါရစေ ဉပဒေနဲ့မလွတ်ရင်အဲဒီလို လုပ်ဘို့များ ဉပဒေထဲမှာပါလားခင်ဗျာ

kyawkyawoo said...

ကိုကိုခင်ဗျာ မသိလို့မေးပါရစေ ဉပဒေနဲ့မလွတ်ရင်အဲဒီလို လုပ်ဘို့များ ဉပဒေထဲမှာပါလားခင်ဗျာ

Powered by Blogger.