ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ

ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။
Photo courtesy of TBBC
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်။
အခုလို ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု့ဖို့ ကေအင်န်ယူ ကရင်တိုင်းရင်းသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။
တကယ်လို့ ဒုက္ခသည်စခန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် လေ့လာနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုပြီးသိလာမှာ ဖြစ်တယ်လို့  ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က RFA ကိုပြောပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ကရင်ဒုက္ခသည်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုကြတယ်လို့ ကေအင်န်ယူ အကြီးတန်းအရာရှိတစ်ဦး ပြောဆိုချက်ကို ကိုးကား ဖော်ပြထားပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်နေ့ ကနေ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA-Burmese
ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ Reviewed by သစ်ထူးလွင် on 15:36 Rating: 5

9 comments:

ZORRO said...

အော်. အသွားမတော်တစ်လှမ်းနော်....တော်ကြာ ငါတို့ဒေါ်စု သေနေအုံးမယ်။။ ထိုင်းဆိုတဲ့ကောင်က မြန်မာမျက်ဖြူ စိုက်လေ သူတို့ကြိုက်လေဗျ။ သူတို့မျောက်ပြဆန်တောင်းနေတဲ့နေ၇ာ။ သူတို့ မပျောက်စေချင်ဘူး။ စစ်တိုင်းထဲမှာအဲဒီတိုင်းမှာ တိုင်းမှူးဖြစ်ဖို့ ဆွေတော်မျိုးတော်တို့၊ ပဏ္ဍာဆက်တဲ့ဗိုလ်ချုပ်တို့ဘဲ ဖြစ်တာ။ အဲဒီမှာတိုင်းမှူးဖြစ်ရင် မြန်မာနဲ့ပတ်သက်ပြီး ချမ်းသာတော့တာဘဲ ပြီးရင် တပ်ကထွက် နိုင်ငံေ၇းထဲဝင်တော့တာဘဲတဲ့ ချမ်းသာသွားပြီလေ.ဥပမာ ချာဗာလစ်ယောင်ချိုင်ယုပေါ့ အဲဒီမှာတိုင်းမှူးဖြစ် တပ်ကထွက်နိုင်ငံရေးလုပ် ၀န်ကြီးချုပ်တောင်ဖြစ်သွားတယ် လေ။ သူသစ္စာတော့ရှိတယ်။မြန်မာပြည်ကို သူအုပ်ချု့ပ်တုန်းကပြန်ကြည့်တယ်ဗျ။ကျေးဇူးရှင်တော့အလိုက်သိတယ်

Anonymous said...

အဲ့ဒိဒုက္ခသည်စခန်းဆိုတာKNUနဲ့သူတို့မိသားစုတွေနေတဲ့နေရာပါ လက်နက်ကိုင်ထားနဲ့KNUနဲ့အမေရိကန်နဲ့ထိုင်ရဲတွေအတူတွေနိုင်တဲ့နေရာပါ

mamamay said...

အန်တီမေတ္တာစေတနာနဲ.
ဒုက္ခသည်တွေကိုကယ်တင်နိုင်ပါစေ၊
တဲလေးတွေကပျော်စရာလေးနော်၊
ရန်ကုန်မှာအိမ်ငှားနေရတာဈေးကြီးလွန်းလို.
မယ်လစခန်းပြောင်းလာရင်ကောင်းမလားမသိဘူး..
ကရင်တွေကသဘောကောင်းတယ်လေ...

minsoeaung said...

အမေစုရဲ့လုပ်ဆောင်မှုတွေထဲကနည်းနည်းလေးလောက်
ကြံ့ဖွံ့ခေါင်းဆောင်တွေလုပ်ကြရင်ဘယ်လောက်ကောင်း
မလဲ။ ပင်ပန်းဆင်းရဲစွာလှုပ်ရှားနေတဲ့အမေစုခပ်သိမ်း
သောမကောင်းကြံသူများဘေးမှကင်းဝေးပါစေ။
အသက်ရှည်စွာ အနာကင်းပါစေ။
ရန်အပေါင်းမှကင်းဝေးပါစေ။

လင်းလင်း said...

အမှန်တကယ်ဆိုKNUဟာ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာအောက်ဗမာပြည်တခြမ်းကို သိမ်းခဲ့ဘူးပါတယ် က၇င်စစ်တပ်ဟာဗမာစစ်တပ်ကိုအပြုတ်တိုက်ပြီး က၇င်လူမျိုးတွေမြန်မာပြည်ကိုသိမ်းပိုက်ဖို့အထိကြံစီခဲ့တာပါ သမိုင်းကသက်သေပြနေပါတယ် မင့်တို့ဟာမင့်တို့ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၇ဖို့တစ်ခုတည်း တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး မင့်တို့အခုဒုက္ခသည်စခန်းဆိုတာကလဲဘဲ မင့်တို့ကိုယ်တိုင်ဖန်တီးခဲတာပဲလေ အခုကျမှအပိုတွေပြောမနေပါနှင့်ကွာ

MYO MYINT said...

ဒုက္ခသည်စခန်းမဟုတ်ပါဘူးဗျာ၊ကေအင်န်ယူမိသားစုတွေနေတဲ့ဌာနချုပ်ပါ

အောင် said...

မသွားစေချင်ဘူး
အမေစုရှိမှ ကျွန်တော်တို့အားရှိမှာ
တော်ကြာတခုခုဖြစ်ရင်............

မန်းကိုကို said...

ဒေါ်စုတစ်ယောက် လုပ်စရာ အကြွေးတွေ အများကြီးထဲက ဒီတစ်ခုကို လုပ်ဖြစ်အောင် လုပ်စေချင်တယ် ။ ဒါဟာ ကျနော့်ဆန္ဒဖြစ်သလို ပကတိ လိုအပ်ချက်လည်း ဖြစ်တယ် ။

@ လူတွေ စောင့်နေကြတယ် ဆိုတာထက် ၊ လုပ်သင့်တဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ သိစေချင်တယ် ။

@ ဒေါ်စု သူတို့အတွက် တစ်ခုခု လုပ်ပေးနိုင်တယ် ဆိုတာထက် ၊ လောကကြီးမှာ သူတို့လေးတွေ ရှိနေသေးပါလားဆိုတာ သိမြင်လာနိုင်ကြဖို့ လိုနေတယ်ဆိုတာ ပြောပြချင်တယ် ။

@ တစ်ရက် နောက်ကျသွားရုံနဲ့ ထိခိုက် နာကျင် လွင့်ပါးရတဲ့ အသည်းနှလုံးတွေက အများကြီးပါဆိုတာ ကြားစေချင်တယ် ။

Unknown said...

လေးစားလိုက်တာအမေစုရယ်

Powered by Blogger.