နေပြည်တော်မြို့သစ်တည်တုန်းက ဖယ်ပေးခဲ့ရတဲ့ရွာသားတွေရဲ့အိမ်တွေ ထပ်မံဖယ်ရှားခံရ

အေးနိုင် DVB - 10.05.2012

နေပြည်တော်အပိုင် ဥတ္တရသီရိမြို့သစ်တည်စဉ်က ရွာကနေပြောင်းရွေ့ပေးခဲ့ရတဲ့ရွာသားတွေဟာ စည်ပင်သာယာနယ်နမိတ်ကိုကျူးလွန်တယ်ဆိုပြီး အိမ်တွေကို ဖျက်ဆီးနေတာကြောင့် နေစရာအခက်ကြုံနေကြပါတယ်၊

ဥတ္တရသီရိမြို့သစ်တည်ဖို့အတွက် စစ်အစိုးရလက်ထက်က နယ်မြေခံ ဒိုးနွယ်ရွာသားတွေကို ပြောင်းရွှေ့ခိုင်းပြီး နေရာသစ်မှာ ချပေးခဲ့ပါတယ်။ အခုအခါ နေပြည်တော်စည်ပင်သာယာက အဲဒီနယ်မြေတွေဟာ စည်ပင်သာယာနယ်မြေဖြစ်တယ်ဆိုပြီး ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီမနက်မှာတော့ ရွာသားတွေရဲ့အိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။ အခင်းဖြစ်ပြီး ဆယ်မိနစ်ခန့်အကြာမှာ အဲဒီနေရာကိုေ၇ာက်ရှိသွားတဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဒီကိစ္စကို လူသားချင်းစာနာနဲ့ရှုထောင့်က စဉ်းစားပြီး ဖျက်ဆီးတာကို ရပ်တန့်ဖို့ ကြိုးပမ်းနေပါတယ်၊

အထက်ပါ သတင်းအားသွားရောက်သတင်းယူနေသော ဒီဗွီဘီ သတင်းထောက်ထံမှ ကင်မရာအား ဥတ္တရ သီရိ မြို့ နယ် စည်ပင်အုပ်ချုပ်ရေးမှူးများ မှ လုယူခဲ့ပါသည်။

ထိုကိစ္စအား လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ၀င်ရောက်ဖြေရှင်းသဖြင့် ပြန်လည်ရယူ နိုင်ခဲ့ပြီး နားလည်မှု ပြန်လည်ရရှိ ခဲ့ပါသည်။
ဒီဗွီဘီ
နေပြည်တော်မြို့သစ်တည်တုန်းက ဖယ်ပေးခဲ့ရတဲ့ရွာသားတွေရဲ့အိမ်တွေ ထပ်မံဖယ်ရှားခံရ နေပြည်တော်မြို့သစ်တည်တုန်းက ဖယ်ပေးခဲ့ရတဲ့ရွာသားတွေရဲ့အိမ်တွေ ထပ်မံဖယ်ရှားခံရ Reviewed by သစ်ထူးလွင် on 16:03 Rating: 5

8 comments:

66koaungaungtun@gmail.com said...

ခင်ဗျာတို့အဲဒီစည်ပင်ကိုဘယ်လိုအရေးယူမှားလဲ၊အလာကားပြည်သူတွေဆီကအခွန်အခကောက်ခံအလုပ်မလုပ်တဲ့အဲဒီဌာနတွေကိုပြည်သူတွေစိတ်အနှောက်အရှက်ဖြစ်အောင်လုပ်နေတာကိုထိထိရောက်ရောက်ဆောက်ရွက်ပေးစေချင်ပါတယ်။

ဆုလာဘ် said...

ဆင်းရဲတဲ့သူကိုပိုပြီးဆင်းရဲအောင်လုပ်နေတာလား စစ်တပ်အရာရှိတွေယူထားတဲ့မြေကွက်တွေထဲက၁၀ကွက်ခန့်ယူပြီးဆင်းရဲ သားတွေအတွက်ပေးလိုက်ပါလား ဟိုပြောင်းလိုက်ဒီပြောင်းလိုက်နှဲုဒုက္ခပါဘဲ

သုခ said...

လူနေအဆောက်အဦ အား ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ မည်သူမျှဖျက်ဆီးပိုင်ခွင့်မရှိပါ၊အုပ်ချုပ်သူ အစီုးရ၀န်ထမ်းသည်လည်း တရားရုံး ဆုံးဖြတ်ချက်အရသာလုပ်ပိုင်ခွင့်ရှိသည်၊စည်ပင်သာယာလူကြီးများဥပဒေ စာအုပ်တွေပြန်ဖတ်ကြပါ၊အဲဒီအကျင့်တွေက လွန်ခဲ့ပါဘီ၊ဒီနေ့ကာလမှာ ဥပဒေ ဘောင်အတွင်းက ဘဲ ဥပဒေနဲ့အညီဆောင်ရွက်သင့်ပါတယ်

minsoeaung said...

သမ္မတကြီးခင်ဗျား
န ဝ တ လကထက်ကတည်ဆောက်ပြုလုပ်ခဲ့သော
အရာများသည်သူ့အချိန်အခါအရတည်ဆောက်နိုင်မှုဖြစ်
သာဖြစ်သည်ဟုယုံကြည်ပါသည်။ အရာအားလုံးတို့သည်
ကြမ်းတမ်းမှုများပါဝင်နေမညဟုလက်ခံရပါမည်။
ကျွန်တော်သဘောပေါက်သည်မှာ
သမ္မတကြီးသည် အရိုင်းကိုအလှဆင်ပေးရန်လိုအပ်ပါမည်။
ဒါကိုအခြားသူများမလုပ်နိုင်ပါ။သမ္မတကြီးသာစွမ်းဆောင်
နိုင်မည်ဖြစ်ပါကြောင်း
အို ပြည်သူမိတ်ဆွေအပေါင်းတို့
လွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူရဲ့ သား သမီး

များဟုလက်ခံသင့်ပါသည်။
နိုင်ငံတော်သမ္မတသည် ပြည်သူများ၏မိဘ နေရာတွင်
ရှိသည် ဖြစ်ရပါမည်။ ဒါကြောင့် အသိနဗင့်ယှဉ်ကြပါကုန်လော့ ။

တန`င်္လာကိုကို said...

ကြည်.လိုက်လျှင်ဘယ်နေရာမှာဖြစ်ြဖစ်ဆင်းရဲသားလက်လုပ်လက်စားတွေမှာ
နေစရာထိုင်စရာလုပ်ကိုင်စရာတွေကိုအဖယ်ခံအရွှေ.ခံချည်းပဲ။ သက်ဆိုင်ရာ
အဖွဲ.အစည်းဦးဆောင်တဲ.လူကြီးတွေလဲအလုပ်က၊အလုပ်ဆိုပေမည်.
ညှာတာမှု၊ သနားစာနာမှုတော.ထားသင်.ပါတယ်။ လုပ်ရဦးတော.
မေတ္တာရှေ.ထားညှင်ညှင်သာသာလုပ်လျှင်ခံရတဲ.သူတွေခမျာဖြေသာသေးတာ
ပေါ.။ ကံ၊ ကံ၏အကျိုးဝဋ်လည်တတ်ပါတယ်။ နောက်ဘ၀မှာပြိတ္တာတို.
လမ်းဘေးနေရတဲ.သူတွေဝမ်းထဲရောက်မှာတို.မသိဘူးလား။

ချစ်ဖူး said...

စည်ပင်ဝန်ထမ်းတွေ လူစိတ်ရှိသင့်ပါတယ်။ ဒါမျိုးက ကြိုစီစဉ်သင့်တာပါ

Maunglusoe said...

နတလ က လူတွေ လုပ်စားသွားတာအများကြိးဘဲ
အခုမြို့ တော်ဝန်ဆိုသူ ပါတာပေါ့
ပြန်ချတဲ့အကွက်တွေဆိုလဲဒေါင့်ကွက်မှန်သမျှသူတို့ ယူပြိပြန်ရောင်းစားထားတယ်အသိမ်းခံထားရတဲ့သူတွေအလွန်အမင်းနစ်နာလှပါတယ်
ဝယ်ထားတဲ့သူတွေကလဲအိမ်ဆောက်တာမဟုတ်ပါဘူးဈေးတက်ပြိးရောဝယ်ထားတာပါ ဥပဒေထဲကမဆောက်မနေရ ၁၀ နှစ်အတွင်းမရောင်းရဆိုတာလဲတကယ်ဖြစ်မလာပါဘူး

minsoeaung said...

နဝတ လကထက်ထက်မှာ ရန်ကုန်မြို့ကြီးနေရာအနှံ့က
မြေကွက်လပ်တွေအားလုံးအက်ေအဦးတွေဖြစ်ကုန်တယ်။ကန်ော််ကြီး တအင်လျား ရထားလမ်ဘေး အိုကွာ နေရာ
လပ်ပြီး နေရာကအချက်အချာကျရင် ဖြိုးစေတနာဆေးခန်းတဲ့ကွာ ဦးအောင်သိန်းလင်း လုပ်ခဲ့
တာလေ။ မပြောချင်ပါဘူးကွာ။ ဆွမ်းလောင်းအသင်းတွေ
ကလည်းပါသေး သာသနနုဂ္ဂဟ ဆိုး လား ကပါသေး။
စိတ်ပျက်ပါတယ်။ ဟိုတချိန်က မြို့တော်ဝန်ကြီးတစ်ဦးက
စည်ပင်မြေပေါ် ကျူးတာအားလုံး ကားနဲ့ တိုက်ပစ်တာ
ကြားဘူးတယ်။ မြေကွက်အလွတ်တွေရှေးလူကြီးတွေ
ထားခဲ့တာက လေကောင်းလေသန့်ဖြစ်စေဘို့ လို့ပြောသံ
ကြားတယ်။ ခုတော့ ဘာနေရာလပ်မှမကျန်ဘူး။လုပ်စား
နေကြတာ။နောက်ကြောင်ပြန်အရေးယူခြင်းဆိုတာ
လူတစိဦးအတွက် ဥပဒေ ထားသင့်ပါသည်။
ကျွန်တော်တင်ပြမှုကို ဆက်လက်အရေးယူပေးပါခင်ဗျား။

Powered by Blogger.