မြောင်းတကာ သံရည်ကျိုစက်ရုံ လုပ်သားများ တိုးတောင်းသည့် လစာ မပေးနိုင်ဟု ထုတ်ပြန်

မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် Yangon Crown စက်ရုံရှေ့၌ ဆန္ဒဖော်ထုတ်နေသော လုပ်သားများ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ မြောင်းတကာစက်မှုဇုန်ရှိရန်ကုန်သရဖူသံ ရည်ကျိုသံမဏိစက်ရုံမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

 ယင်းစက်ရုံမှအလုပ်သမားများ က တစ်ရက်လျှင် ၁၆ဝကျပ် ရရှိခဲ့ရာမှ တစ်လလျှင်ကျပ်လေးသောင်းဝန်းကျင် ပေးရန်တိုးတောင်းခဲ့သည်။ အလုပ်သမား ခေါင်းဆောင် ကိုဇော်ထက်နိုင်က ”ဒီကိစ္စတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ILO  ကို တင်ပြပြီးတော့ ဆက်ပြီး ဆန္ဒ ဖော်ထုတ်ပါမယ်” ဟု ပြောသည်။သံရည်ကျိုတဲ့ အလုပ်ဆိုတော့ ကျည်ဆန်အဟောင်းတို့၊ ကားဂျိုက် တို့ အလုံပိတ်တဲ့ဟာတွေက ပေါက် ကွဲတတ်တယ်။ အဲဒီလိုဖြစ်ရင် ဒဏ်  ရိုက်ခံရတယ်။ ဝယ်တဲ့သူက သူတို့ ဗျာ။ ခံရတော့ကျွန်ေ တ်ာတို့ဗျာ” ဟု သံရည်ကျိုလုပ်သား ကိုအောင် က ပြောသည်။

 မေလ ၂ဝ ရက်က ထုတ် ပြန်သည့် ကုမ္ပဏီ၏ ကြေညာချက် ထဲတွင် လက်ရှိ ခံစားခွင့်အတိုင်း မလုပ်နို င်သူများအနေဖြင့် ကြေညာ ချက် ထုတ်ပြန်သည့်အချိန်မှစ၍ သုံးရက်ပြည့်ပြီးပါက အလိုအလျောက် အလုပ်မှ ထွက်သည်ဟု သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသ ည်။ ”အခြေခံလစာက သူတို့တစ် ခါဒဏ်ရိုက်ရင် လုပ်အားခထဲက တောင် ပြန်စိုက်ရတယ်” ဟု နန်း ဆွဲကိုမောင်ဇော်က ပြောသည်။ အဆိုပါစက်ရုံမှ အလုပ်သမား များ က ခွင့်ရက်နှင့် တရားဝင်ရုံးပိတ် ရက် သတ်မှတ်ပေးရန်၊ နိုင်ငံသား မှတ်ပုံတင်များ သိမ်းဆည်းထားခြင်း ကို ဖျက်သိမ်းပေးရန်နှင့် လုပ်သား လစာအား လဆန်း ၁၅ ရက်နေ့ ပေးချေရာမှ လဆန်း ၅ ရက်နေ့ နောက်ဆုံးထုတ်ပေးရန် တောင်းဆို ထားသည်။စက်ရုံ လုပ်သားခေါင်းဆောင် ကိုဇော်ထက်နိုင်က ”အခြေခံအလုပ် သမားတွေ ကိုလစာတိုးပေးလို့ကုမ္ပဏီ က နစ်နာတယ်ဆိုရင်ကျွန်တော်တို့ ကျွမ်းကျင်အလုပ်သမားတွေရတဲ့ ဆုကြေးကို လျှော့ပြီးယူပေးမယ်လို့ ကမ်းလှမ်းထားပါ တယ်”ဟုပြော သည်။

အဆိုပါ အလုပ်သမားများ၏ တောင်းဆိုမှုကို အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် မှော်ဘီမြို့နယ်အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့နယ်) ဦးစောဘုမ်မာတို့ကကြားဝင်စေ့စပ် ပေးလျက်ရှိကြောင်း သိရသည်။ဤကဲ့သို့ အလုပ်သမားများ အခြေခံ လုပ်ခလစာ တောင်းဆိုမှု များ ဆက် တိုက်ပေါ်ပေါက်နေခြင်း သည်စက်ရုံများမှနေ့စဉ်လုပ်ခအပေါ် အခြေခံ သည့် လစာစနစ်ကြောင့်ဟု ပညာရှင်များက သုံးသပ်သည်။

စိုင်းနောင်  - Popular Myanmar News Journal
မြောင်းတကာ သံရည်ကျိုစက်ရုံ လုပ်သားများ တိုးတောင်းသည့် လစာ မပေးနိုင်ဟု ထုတ်ပြန် မြောင်းတကာ သံရည်ကျိုစက်ရုံ လုပ်သားများ တိုးတောင်းသည့် လစာ မပေးနိုင်ဟု ထုတ်ပြန် Reviewed by သစ်ထူးလွင် on 13:37 Rating: 5

8 comments:

zawmyoaye said...

၁၆၀ဆိုတဲ့လစာကနည်းပါတယ်ဗျာတိုးပေးဖို့ကောင်းပါတယ်ဗျာ
ခင်ဗျားတိုတွေမွဲမသွားပါဘူးကုန်မဏိပိုင်ရှင်တို့ရယ်
စာနာဖို့တော့ကောင်းပါတယ်

moenya said...

လူလူချင်းကိုယ်ချင်းမှစာတတ်ရဲ့လား မသိဘူး...
ဘယ်သူသေသေ ငါမသေပြီးရောဆိုတဲ့ ကုမ်ပဏီပိုင်ရှင်တွေ ၊ စက်ရုံပိုင်ရှင်တွေ ကျဆုံးပါစေ...
အစိုးရအနေနှင့်လည်း နိုင်ငံခြားသားပိုင် ဖြစ်စေ၊ တိုင်းရင်သားပိုင်ဖြစ်စေ..အခြေခံအလုပ်သမားတစ်ယောက်အတွက် ရပိုင်ခွင့် ၊ လစာ၊ ခံစားခွင့်တွေ သတ်မှတ်ပေးပြီး အဲဒီသတ်မှတ်ချက်နဲ့မညီရင် တရားစွဲဆိုပိုင်ခွင့်တွေရှိတဲ့ ဥပဒေပြဌာန်းပေးနိုင်ဖို့ တောင်းဆိုပါတယ်..
တံခါးဖွင့်စီးပွါးရေးမှာ နိုင်ငံခြားကုမ်ပဏီတွေ ၀င်လာတာကို ကြိုဆိုပေမယ့် တို့နိုင်ငံအပေါ်လာပြီး တို့လူမျိုးတွေအပေါ်မှာ ဂုတ်သွေးစုပ်၊ မတရားလုပ် ၊ ခေါင်းပုံဖြတ်တာတွေ အတွက် ကာကွယ်ပေးပါ တာဝန်ရှိသူများခင်ဗျား

redlight said...

တစ်ရက် 160 ဆိုတာ သေချာလျှင်တော့ တအားနည်းတယ်ဗျာ ... သရဖူစက်ရုံပိုင်ရှင် လွန်တယ်ထင်တယ် ... အဲလိုစက်ရုံမျိုး မြန်မာမှာ မရှိသင့်ဘူး ... သောက်ရူးစက်ရုံပဲ .... တစ်ရက် 160ဆို ပြောတာနော် ဟဲ ဟဲ

myo kyaw said...

ဒီလိုမျိုးတွေ မကြာခဏ ဖြစ်ပွားနေခြင်းရဲ့ အကြောင်းရင်းကတော့ ၀န်ထမ်းတစ်ဦး၊ အလုပ်သမားတစ်ဦး ရဲ့ အခြေခံလစာကို သတ်မှတ် မပေးထားလို့ လို့သုံးသပ်မိပါတယ်.. တကယ်တော့ တိုးပေးသင့်ပါတယ်..ယခုခေတ်မှာ အစစအရာရာ ဈေးကြီးနေတယ်..စာနာပေးကြပါ...ဓနရှင်ကြီးတို့ရယ်..သေရင် ခင်ဗျားတို့ နောက်ပါမှာမဟုတ်ဘူးနော်...

ချစ်ဖူး said...

တိုးပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ၁၀ဆလောက်တိုးတောင်းမယ်ဆိုရင် ပေးရတဲ့သူလည်း အခက်အခဲဖြစ်မှာပါ။ အနည်းဆုံး တစ်ယောက်ကို ၃သောင်းပိုပေးရရင် လူ၁၀၀ ဆိုရင်တော့ သိန်း ၃၀လောက် ရုတ်တရက် ပိုကုန်သွားမှာပါ။ အဲဒါထက်ကို ပိုအရေးကြီးတဲ့ လျှော်ရတာတွေ၊ အနိုင်ကျင့်တာတွေကို အရင် ဖယ်ရှားသင့်တယ်လို့ ထင်ပါတယ်။

Ebrahim said...

တစ်ရက်ကို ၁၆၀ လား ၁၆၀၀ လား။
မှတ်ပုံတင်တွေ သိမ်းဆည်းထားတယ်ဆိုတာကတော့ သဘာဝမကျဘူး။
ဒါ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။
အနိုင်ရတဲ့ထိ ဆက်လက်တိုက်ပွဲဝင်သွားကြပါဗျာ

aungdin said...

ဆန်နို့ဆီဘူးတစ်လုံးဖိုးလောက်ပဲရှိတယ် ၁၆၀ ဆိုတော့ ဘယ်လိုလုပ်စားမှာလဲဗျာ လူတယောက်တနေ့စားရင်တောင်အနည်းဆုံး နှစ်ဘူးခွဲလောက်ကုန်တယ် ဟင်းဖိုးကလည်းရှိဦးမယ် ကုမ္မဏီပိုင်ရှင်တို့ရယ် လူလူချင်စာနာစိတ်ကလေးတော့ထားကြပါဦးဗျာ။ နိုင်ငံရဲ့လူကြီးမင်းများလည်း ဥပဒေအရအရေးယူပေးရလောက်တဲ့ဥပဒေတွေလည်းထုတ်ပေးကြပါဦးခင်ဗျာ လုပ်ချင်တိုင်းလုပ် ဖြစ်ချင်တိုင်းဖြစ်နေတာ သဘာဝမကျဘူးလို့ထင်ပါတယ်။

shutman252 said...

မှန်ပါတယ် မဖြစ်သင့်ပါဘူးဗျာ
တစ်နေ့လုပ်အားခ 160 ဆိုရင်သူတို့မိသားစုဝင်တွေ
ဘာတွေနဲ့ဘယ်လိုစားသောက်နေလဲဆိုတာတွေးကြည့်တာနဲ့တောင်
ရင်ထဲမှာမကောင်းပါဘူးဗျာ မဖြစ်သင့်တော့ပါဘူးဗျာ
တစ်နေ့လုပ်အားခကိုတိုးပေးသင့်နေပါပီ
ဒါမှသူတို့မိသားစုဘ၀အဆင်ပြေမယ်ဆိုတာကို နားလည်သင့်ပါတယ်

Powered by Blogger.