ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း


မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မေလ (၂၄) ရက် )

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက
 လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း

              ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဘုန်းဒေသ ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ကွက်သည် ကလောမြို့နယ် ဒေသခံတိုင်းရင်းသားများဖြစ်သော ပလောင်း ဓနု စသည့် တိုင်းရင်းသားများနှင့် ရေဝေ ရေလဲ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လယ်ပြင် ၊ ရေပူ ၊ လွန်းထိုးကျေးရွာမှ ဒေသခံကျေးရွာသူကျေးရွာသားများသည် နှစ်ပေါင်းများစွာ ၎င်းတို့မိသားစုများ ဘဝရပ်တည်ရေးအတွက် မိရိုးဖလာ အသက်မွေးဝမ်းကျောင်းပြုသည့် လုပ်ငန်းဖြစ်ပါသည်။

            ကျားပါးစပ်တောင်နှင့် အနီးဆုံးလယ်ပြင်ကျေးရွာသည် ၎င်းလုပ်ငန်းပေါ်တွင် မှီခိုအားထားပြုလုပ်နေရပါသည်။ထိုကျေးရွာ၌ စားဝတ်နေရေးအတွက် ထွန်ယက်ပြုလုပ်၍ ရသောလယ်ဧကမှာ (၄၆) ဧကခန့်သာရှိပါသည်။ ယခုအချိန်အခါ၌ အာရှကမ္ဘာမြေ (တရုတ်တို့ပိုင်ဆိုင်သော)က အကျယ်အဝန်းဧရိယာ (၇၆၀၀) ဧက နှစ်၂၀ ခန့်ထိလုပ်ခွင့်ရထားကြောင်း ၁ရက်လျှင် ၁ပိဿာ သွင်းရမည်ဖြစ်ကြောင်း တစ်နှစ်လျှင် ၂.၂၅ တန်သွင်းရန်စာချုပ် ချုပ်ဆိုပြီးကြောင်းသိရှိရသည်။

ထို့အပြင် ယန္တရားများဖြင့် မြေပြုန်း တူးမည်ဖြစ်၍ လက်ရှိတစ်ပိုင်တစ်နိုင်လုပ်ငန်းများအနေဖြင့် နေရာရွှေ့ပြောင်းပေးရမည်ဖြစ်သည်။ ၎င်းဒေသကို ပြည်ထောင်စုအစိုးရ ၏သတ္တုတွင်း ဝန်ကြီးဌာနနှင့် ဖက်စပ်ပူးပေါင်းသည်ဟုဆိုကာ ၎င်းရွှေတူးဖော်ရေးလုပ်ငန်းကို သိမ်းယူပြီး ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ငယ်များကို မောင်းထုတ်ခဲ့ပါသည်။ ၎င်းလုပ်ငန်းရှင်ငယ်များ မထွက်ခွာပါက ဖမ်းဆီးမည်ဟုကြေငြာထားပါသည်။ ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်ငယ်များသည် နိုင်ငံတော်နှင့် ဖက်စပ်လုပ်ကိုင်သည်ဟုဆိုသော အထက်ဖော်ပြပါ ကုမ္ပဏီနှင့် ပဋိပက္ခ မဖြစ်လိုသဖြင့် ၎င်းတို့၏ ငွေကြေးများစွာကိုအဆုံးရှုံးခံ၍ ထွက်ခွာကာ နိုင်ငံတော်အစိုးရ သို့တင်ပြရန်ပြင်ဆင်နေကြောင်း ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်ငယ်များထံမှ သိရှိရပါသည်။

            ၎င်းကုမ္ပဏီက သိမ်းယူခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေဧကနည်းပါးသော ဒေသခံကျေးရွာသူ ကျေးရွာသားများ အနေဖြင့်မိသားစုစားဝတ်နေရေး အခက်ခဲများဖြစ်နေပါသည်။ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းရင်းသားလုပ်ငန်းရှင် ငယ်/လတ် များထွက်ပေါ်လာရေး ဆိုသောလမ်းညွှန်ချက်များနှင့်လည်း ဆန့်ကျင်လျှက်ရှိနေပါသည်။ အာရှကမ္ဘာမြေဆိုသော ကုမ္ပဏီသည် နိုင်ငံခြားသားတရုတ်လူမျိုးများပိုင်သော ကုမ္ပဏီဖြစ်သဖြင့် တိုင်းရင်းသားဒေသခံ ကျေးရွာသူ ကျေးရွာသားများအပေါ် လက်ဝါးကြီးအုပ်မှုကို နိုင်ငံတော်အစိုးရအနေဖြင့် စဉ်းစားစေလိုကြောင်းတင်ပြပေးလိုက်ရပါသည်။
အင်တာဗျုးထားသော ဗွီဒီယိုဖိုင် လင့်ခ်များ

အပိုင်း (၁) http://youtu.be/tQJuciVO7Co

အပိုင်း (၂) http://youtu.be/8IPzVrYFCzU

အပိုင်း (၃) http://youtu.be/6xsbKxdrcHs

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၄.၅.၂၀၁၂)

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက   လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း Reviewed by သစ်ထူးလွင် on 08:22 Rating: 5

14 comments:

MYO MYINT said...

သတ္တုတွင်းဝန်ကြီးလည်းတူးစရာမရှိရင်တီတူးတော့မလားမသိဘူး၊ဒေသခံတွေလုပ်စားဘို့လည်းချန်ပါဦး၊နိုင်ငံတော်ကိုတစ်နေ့တစ်ပိသာပေးလည်းပြည်သူတွေစားရမှာမဟုတ်ဘူး၊ခင်ဗျားတို့စဉ်းစားရမှာကပြည်သူကိုမကျွေးနိုင်ရင်တောင်ထမင်းလုပ်ပုတ်ချတဲ့အလုပ်မျိုးတော့မလုပ်သင့်ဘူး၊ထမင်းငတ်လာရင်ဘာမဆိုလုပ်ရဲတဲ့သတ္တိလူတိုင်းမှာရှိတယ်ဆိုတာသတိပြုစေချင်တယ်၊တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေလည်းကိုယ့်ပြည်သူကိုအငတ်ထားပြီးမမြင်ရတဲ့နိုင်ငံတော်ကြီးကိုရှာကျွေးမနေပါနဲ့၊ခင်ဗျားတို့ပြည်သူတွေဟာခင်ဗျားတို့ရဲ့နိုင်ငံတော်ဘဲဆိုတာသတိထားပါဦး။

MYO MYINT said...

သတ္တုတွင်းဝန်ကြီးလည်းတူးစရာမရှိရင်တီတူးတော့မလားမသိဘူး၊ဒေသခံတွေလုပ်စားဘို့လည်းချန်ပါဦး၊နိုင်ငံတော်ကိုတစ်နေ့တစ်ပိသာပေးလည်းပြည်သူတွေစားရမှာမဟုတ်ဘူး၊ခင်ဗျားတို့စဉ်းစားရမှာကပြည်သူကိုမကျွေးနိုင်ရင်တောင်ထမင်းလုပ်ပုတ်ချတဲ့အလုပ်မျိုးတော့မလုပ်သင့်ဘူး၊ထမင်းငတ်လာရင်ဘာမဆိုလုပ်ရဲတဲ့သတ္တိလူတိုင်းမှာရှိတယ်ဆိုတာသတိပြုစေချင်တယ်၊တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေလည်းကိုယ့်ပြည်သူကိုအငတ်ထားပြီးမမြင်ရတဲ့နိုင်ငံတော်ကြီးကိုရှာကျွေးမနေပါနဲ့၊ခင်ဗျားတို့ပြည်သူတွေဟာခင်ဗျားတို့ရဲ့နိုင်ငံတော်ဘဲဆိုတာသတိထားပါဦး။

ကိုမြိတ်မောင် said...

မှန်လိုက်တာလို့ထောက်ခံပါတယ်။ ၀န်ထမ်းတွေဟာဘယ်တော့မှည်ြသူ့ဝန်ထမ်းလို့မသတ်မှတ်ကြဘူး၊ပြည်သူကိုမိဘလိုသဘောမထားကြဘူး၊ ပြည်သူကပေးတဲ့လစာငွေကိုစားပြီး ပြည်သူကိုဒုက္ခမပေးပါနဲ့၊ သူတို့ကထင်နေတာကိုပြောတာနော် အခြေခံဥပဒေမှာရေးထားတာက နိုင်ငံတော်ဆိုတာအစိုးရလို့ရေးထားတယ်ဒါဟာမှားနေတယ်လို့မြင်တယ် တကယ်တော့နိုင်ငံတော်ဆိုတာပြည်သူပါဘဲ့ ပြည်သူမရှိရင် ပြည်သူ့ကိုယ်စားလုပ်ပိုင်ခွင့်ရတဲ့ အစိုးရဆိုတာမရှိဘူး ဒါကြောင့်ပြည်ထောင်စုဝန်ကြီးခင်ဗျား ၀န်ကြီးတို့ရဲမိဘဖြစ်တဲ့ ပြည်သူတွေရဲ့ထမင်းအိုးကိုမရိုက်ခွဲပါနဲ့ ကိုယ့်ပြည်သူနဲ့နိုင်ငံခြားသားဆိုရင် ပြည်သူကိုဦးစားပေးစဉ်းစားပေးပါ တရုတ်ဆိုတာဂုတ်သွေးစုတ်ဖို့လောက်ဘဲ့ရှိတာဘာ သူတိုရဲ့အကျိုးစီးပွားကိုဘဲ့ကြည့်ပြီး ကျွန်တော်တို့ပြည်သူကိုကြည့်မှာမဟုတ်ဘူးဆိုဝန်ကြီးသိထားရင်တရုတ်တွေကိုအမြန်ဆုံးလိုက်ထုတ်ပစ်လိုက်တာအကောင်းဆုံးပါဘဲ့။

Zaw Latt said...

မြန်မာနိုင်ငံက ထွတ်တဲ့ သယံဇာတတွေလဲ ဒီတရုတ်လူမျိုး တွေယူတာနဲ့ ကုန်တော့မယ်။ငါ တို့မြန်မာနိုင်ငံက ခေါင်းဆောင်ပိုင်းတွေ $သုံး မကျတော့ သယံဇာတ လဲပေးရတယ် ဒီကောင်တွေကြည့်လိုက်ရင်လည်း $ချိုး ကမပြေဘူး။အရမ်းတရား လွန်နေတာကြာပြီ။ငါ တို့မြန်မာနိုင်ငံက ခေါင်းဆောင်ပိုင်းတွေ $သုံး မကျတော့ တို့မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြုပ်နှံမှူ့ တွေလဲလာရော နိုင်ငံက အခွံ လူ့အရင်းမြစ်ကမရှိ ဖြစ်တော့မှာ။လူနည်းစု ကောင်းစားရေး အတွက် တမျိုးသားလုံး ခေတ်သစ် ကျွန်တွေဖြစ်တော့မယ်။အဲ့ဒါတွေကြောင့် တမျိုးသားလုံး ကိုတတ်နိုင်သလောက် အမျိုးသားရေးစိတ်ဓါတ် ရှိကြပါ လို့ တိုက်တွန်းပါတယ်။

ဘိုစံနှင့်အဖွဲ့ said...

အစိုးရအရာရှိကြီးများရယ် ကိုယ့်မိသားစု အတွက်ပဲကြည့်ပြီး အခြား
ပြည်သူလူထုကို မျက်ကွယ်ပြုထားတာဟာ မတရားရာကျလွန်းပါ
တယ် ခင်ဗျားတို့မှာ မျိုးချစ်စိတ်ဆိုတာ တရုတ်ကလာတ်ထိုးတဲ့
ပိုက်ဆံလို့ပဲ စိတ်ထဲမှာ စွဲထင်နေတာလား

pyaponthu said...

မြန်မာအုပ်ချုပ်သူများယခုအချိန်ထိ တရုတ်ကိုဦးစားပေးလုပ်ခိုင်းခြင်းဖြစ် တရုတ်တွေချမ်းသာပြီး မြန်မာပြည်မွဲသွားတာခုထိမသိသေးဘူးလား။အဲ့လိုတရုတ်နဲ့ပေါင်းပြီးဆက်လုပ်နေမယ်ဆိုရင် မြန်မာပြည်သားအစစ်တွေ မြန်မာပြည်မှာမရှိတော့ဘဲမြန်မာပြည်ဟာတရုတ်ပြည်ဖြစ်တော့မယ်။အရမ်းဝမ်းနည်းစရာကောင်းတာဘဲ။လူကြီးများဟာအောက်ခြေမြန်မာပြည်သားတွေဘယ်လိုဖြစ်နေတယ်ဆိုတာမကြည့်ဘဲဒီတရုတ်နဲ့ဘဲဆက်လုပ်မြန်မာပြည်ပြာပုံဖြစ်တော့မယ်။

Leaderofmyanmar said...

ပြည်တွင်းဖူလုံမှုဆိုတာ တော့ရှိသင့်ပါတယ် တိုင်းပြည်ရဲ့ တိုင်းရင်းသားတွေ မခံစားရတဲ့ ရင်းနှီုးမြုတ်နှံမှုမျိုးတော့မလုပ်ပါသင့်ပါဘူးဗျာ

koko said...

တရုပ်စီးပွားသမားကိုတော်လန်သင့်လာတဲ့နေထားဖြစ်လာပြီး။
တရုပ်စီးပွားရေးသမားသမားတွေဟာသူတို့အတွက်အကြိုးမျာရင်ကျန်တဲ့
ဘယ်သူသေသေဘာဖြစ်ဖြစ်စီးပွားရှာတာပဲ။ကမ္ဘာမှာမွေးကာစ
ခလေးသေတွေရဲ့သွေးသားတွေနဲ့အားဆေးဖေါ်တာတွေ၊ခလေးငယ်တွေဒုက္ခရောက်မဲ့နို့မုန့်ထဲမယ်လမင်းထည့်တာတွေ၊
မြန်မာပြည်သူတွေဒုက္ခတွေ့လာစေမဲ့မြစ်စုံစီမံကိန်းတွေ၊ခုပတ်ဝန်း
ကျင်နဲ့ဒေသခံပြည်သူတွေ၊တပိုင်တနိုင်လုပ်ငန်းရှင်တွေသောကရောက်စေတဲ့လုပ်ရပ်တွေကအရမ်းဆိုးရွားလွန်းပါတယ်။ဒါကျွန်တော်သိသလောက်လေးပါ။
သူငယ်ချင်းတွေလဲဝိုင်းစဉ်းစားပေကြပါအုံး။

ရောက်စေမဲ့ခုလိုလုပ်ရပ်တွေ

Phoe Pain said...

တိုင်းပြည်ရဲ့ရင်သွေးတွေခံစားရဘို့ တအိမ်ကိုရွှေ (၁)ပိသာပေးမယ်ကြားတယ်၊ မင်းတို့ယူကြမလားဟေ့၊ သတ္တုတွင်းမှာလာတန်းစီကြပါတဲ့ နောက်ကြနေအုံးမယ်။ မင်းတို့ကဘာလုပ်လို့မင်းတို့ကိုပေးစေချင်တာလဲ၊ငတုံးရဲ့ နိုင်ငံတော်က လုပ်ပေးတာမှန်သမျှတွေထဲမှာ ရွှေလည်းပါတယ်၊ ဆီလည်းပါတယ်၊ ဆန်လည်းပါတယ် ကွ၊ မင်းတို့ကိုပေးတဲ့လစာတွေ မင်းတို့လျှောက်နေတဲ့လမ်းတွေကလည်း အဲ့ဒါတွေဘဲပေါ့ ငတုံးရဲ့။ နိုင်ငံတော်နဲ့ စာချုပ်ချုပ်ပြီး လုပ်တဲ့ကိစ္စအားလုံးနိုင်ငံတော်ကိုဘဲဝင်မှာပေါ့၊ တရားဝင်စာချုပ်ချုပ်တာ ခိုးလို့ရမလားဟဲ့၊ လုပ်ငန်းရှင်ကလည်းသူ့လောဘနဲ့သူ ရမယ်ထင်လို့စာချုပ်ချုပ်တာ မင်းအမျိုးမို့လို့နာနေတာလား၊
မင်းတို့တွေ မုန့်ဟင်းခါးစားရင်တောင်အဆစ်တောင်းသေးတာ နိုင်ငံတော်အတွက် ရနိုင်သလောက်ဈေးခေါ်ပြီး လေလံပေးတာ အပြစ်လားကွ ငတုံးတွေရ။ တိုင်းပြည်အတွက်လုပ်နေကြ တဲ့သူတွေမှန်ရင် ပြည်သူနဲ့ဝန်ထမ်းကြား ခလောက်မဆန်ကြစမ်းပါနဲ့။

kyaw thu said...

Asia World Co ကိုဆိုလိုတာလား...

Aung Soe Oo said...

တော်တော်စောက်သုံးမကျတဲ့ဝန်ကြီးဋ္ဌာနပါလားဗျာ တိုင်းရင်းသားလုပ်သားပြည်သူတွေလုပ်ကိုင်စားသောက်ဖို့ဘာမှမချန်ဘဲနိုင်ငံတော်ကိုဗန်းပြပြီးသူတို့အိပ်ထဲဒေါ်လာတွေရောက်အောင်လုပ်ဆောင်နေတာပါ
မြန်မာပြည်မှာတရုတ်ကုမ္မဏီတွေပြန်ရုပ်သိမ်းသွားအောင်ဆန္ဒပြကြပါစို့လားပြည်သူလူထုအပေါင်းတို့ခင်ဗျာ...

Anonymous said...

ဘယ်တုံးကတင်ဒါခေါ်တာလဲ မသိရပါလား ဒီလောက်ကြီးတဲ့က္ကိစလွတ်တော်ကမသိလဲ ရလား တရုပ်ကိုတော့မပေးသင့်ပါ

B I G E Y E S B I G E A R S said...

ဦးနေဝင်း လက်ထက်က၊ မြန်မာဿဿ-တရုပ် အရေးအခင်း အပြီးမှာ၊ ဘယ်သူမှ တရုပ်ဆိုင်က " ပေါက်ဆီ" မစားကြပါ၊ အကြောင်းမှာ ပေါက်ဆီ ထဲမှာ "လျှပ်စစ်မီးချောင်း" ကို မှုန့်နေအောင် ထောင်း ထည့်ထား၍ဖြစ်ပါတယ်။ အဲဒါ အကျင့်ရုတ်တဲ့ တရုပ်။ မြဲမြဲမှတ်ပါလေ။

ko yeဲ said...

မြန်မာနိုင်ငံက တရားဝင် အာဏာရ အခွင့်ရ ဝန်ကြီးဌာနတစ်ခုဖြစ်ပီး နိုင်ငံနဲ့ လူမျိုးအတွက် ဦးစီးပီး မလုပ်နိုင်ဘူးလား ဝန်ကြီးဌာနက သေချလုပ်ရင် ဒေသခံတွေတောင် အလုပ်အကိုင်အခွင့်အလမ်းတွေရပီး အစဉ်ပြေဦးမယ်ဆိုတားရိုးရိုးလေးစဉ်းစားပါ ဘိုးဘွားပိုင်တွေကိုသိမ်းမယ်ဆိုရင်လဲ မနစ်နာအောင် လျော်ကြေးပေးရမှာပေါ့ ခင်ဗျားတို့က ရွေတူးမှာလေ အိမ်သာကျင်းတူးမှာမဟုတ်ဘူး
အဲဒီကုမ္ပဏီလောက် ငွေရင်းငွေနှီးမတတ်နိုင်ဘူးလား
ဒါမှမဟုတ် ပါမစ် လုပ်ပိုင်ခွင့်ကို ရောင်းစားနေတာလား
ဒို့နိုင်ငံမှာ လုပ်ပိုင်ခွင့် ပါမစ်ဆိုတာကို ရောင်းစားပီး စီးပွားရှာနေတဲ့လူတန်းစားကို ထိထိရောက်ရောက်အရေးယူတဲ့ ဥပဒေ ရေးဆွဲဖို့လိုသေးတယ်ထင်တယ်

Powered by Blogger.