တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ

အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ အရှေ့အလယ်ပိုင်း ဒေသတလျှောက် ပြန့်နှံ့ခဲ့တဲ့ နာမည်ကျော် အာရပ် နွေဦးတော်လှန်ရေး နဲ့အတူ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တိုးတက်မှုတွေအဖြစ် ဖော်ပြလိုက်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
U.S. Department of State
အမေရိကန် နိုင်ငံခြားရေးဌာန၊ နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သတင်းထောက်များအား ရှင်းလင်းပြောဆိုနေစဉ်။
ဒီအပြောင်းအလဲတွေဟာ နိုင်ငံတကာက လက်ခံတန်ဖိုးထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေအတွက် တောင်းဆိုကြတာ ဖြစ်တယ်လို့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ရာမှာ -
အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးတွေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေအပေါ် အဓိက လွှမ်းမိုးခဲ့တဲ့ အသံကတော့ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံနှုန်းနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးတွေကို အမျိုးသား၊ အမျိုးသမီးအားလုံး ၀ိုင်းဝန်း တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို (၁၅) နှစ်ကျော် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးတာ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းဖွင့်ပေးတာတွေကို ထင်ရှားတဲ့ အပြောင်းအလဲတွေအဖြစ် အသိအမှတ် ပြုထားပေမဲ့၊ လက်ရှိ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးတာ၊ အဓမ္မနေရာ ရွှေ့ပြောင်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Michale Posner ကလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။
RFA-Burmese
တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ Reviewed by သစ်ထူးလွင် on 10:04 Rating: 5

4 comments:

Nay Nwaye said...

ရှေ့ကခေါင်းဆောင်တွေက တိုးတက်မယ့်လမ်းကြောင်းပေါ်ကို ဘယ်လောက်ပဲဦးတည်ဆောင်ရွက်နေကြပေမယ့် နောက်ကလိုက်မယ့် တပည့်ကျော်ပဲလှော်အုပ်စုက ခေါက်ရိုးကျိုးနေတဲ့စစ်အာဏာရှင်တွေရဲ့ အကျင့်စရိုက်တွေ မပြင်နိုင်သရွေ့တော့...အင်း..

linn said...

နှစ်ပေါင်းများစွာ အရိုးစွဲလာတာလေဗျာ။ အခုပြောင်းလာတာတောင် တော်တော်မြန်တယ်ပြောရပါမယ်။ ဒီအရှိန်နဲ့ဆက်သွားရင် ၂၀၂၀ လောက်ဆို
တော်တော်လေးအဆင်ပြေနေ နိုင်ပါတယ်။ မြန်မာပြည်အပြောင်းအလဲက Top-down approach ဖြစ်လို့ အောက်ကလိုက်တာ နှေးနေတာပါ။ ပြီး resistance to change ကလည်းရှိသေးတယ်လေ။ လူ့ရဲ့ သဘာဝ အီနားရှားပေါ့ဗျာ။

sean said...

အင်း.. မြန်မာပြည်သူတွေအတွက် ကောင်းသောဘက်ကိုလျှင်မြန်စွာ ပြောင်းဖို့ ကံတရား က ဟို ဒင်း ၂ယောက် က ခလုတ်ကသင်းရှိနေသေးတယ်...

Soe said...

မြန်မာပြည်၇ဲ့ တိုးတက်မှူ့ဆိုတာ ဘာမှ မယ်မယ်၇၇ မ၇ှိလှပါဘူး
ဆုတ်ယုတ်မှူ့တွေကတော့ အများကြီးပါ နေ၇ာတိုင်းမှာ မြေသိမ်း ယာသိမ်းလယ်သိမ်း တွေဆက်လက်ဖြစ်နေသလို
လူ့အခွင့်အေ၇းချိုးထောက်မှူ့တွေ ၇ှိနေတုန်းပါပဲ စစ်တပ်က နောက်ထပ်တက်လာတဲ့ ဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါတွေဟာ တစ်သုတ်ပြီးတစ်သုတ်
တိုင်းပြည်မှာ ၇ှိတဲ့ သယံဇာတတွေကိုေ၇ာင်းစားလို့
မဝသေ၇ွ့ ကတော့ စစ်တပ်ကတော့ အာဏာကို ဆက်ကိုင်ထား ဦးမှာလေ ဒီမိုကေ၇စီ ဆိုတာကို စစ်ခေါင်းဆောင် တွေ မုန်းပါတယ် ဒီမိုကေ၇စီ တစ်ကယ်တန်းဖြစ်သွားယင် စစ်တပ်က သူတို့ လုပ်ချင်တာလုပ်လို့ မ၇တော့မှာမို့ပါ မြန်မာပြည်က ဗိုလ်ချုပ်တွေ အားလုံးဟာမီလျှံနာသူဋ္ဌေးကြီးတွေပါ ဒေါ်လာ၇ဲ့အ၇သာကို
ကောင်းကောင်းသိတဲ့လူတွေပါ ဒီစစ်အုပ်စုကလူတွေအားလုံးနဲ့ သူတို့၇ဲ့ အောက်ခြေက ထောက်ထားတဲ့ ဒေါက်တိုင်တွေ မ၇ှိတော့ မှသာ တိုင်းပြည်အခြေ တိုးတက်ပြောင်းလဲ မှာပါ
အခုဆို နိုင်ငံ တစ်ကာကိုတောင် စစ်အစိုး၇က ယုံအောင် မျက်လှည့်
ပြလိုက်လို့ ပိတ်ဆို့မှူ့တစ်ချို့ကိုတောင် ဖွင့်လိုက်တယ် ပြည်သူတွေအတွက် အကျိုး၇ှိမ၇ှိတော့ မသိဘူး
ဗိုလ်ချုပ်တွေနဲ့ သူတို့ အသိုင်းအဝန်းကလူတွေ တော့ ထပ်ပြီးချမ်းသာအောင် လုပ်ပေးလိုက်တာနဲ့အတူတူ ပါပဲ
ပြည်သူလူထု၇ဲ့ဘဝကတော့ ထွေထွေ ထူးထူးဘာမှ ဖြစ်မလာခဲ့ပါဘူး

Powered by Blogger.