နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသူနှစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ

မလေးရှားနိုင်ငံမှ မြန်မာ နိုင်ငံသူနှစ်ဦး နိုင်ငံကူးလက်မှတ်အတုများ ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါလေဆိပ်မှ စုံ စမ်း သိရသည်။

 ဧပြီ ၂၉ ရက် နံနက်၁၁နာရီက မလေး လေကြောင်းလိုင်းခရီးစဉ် အမှတ် MH-740  ဖြင့်လိုက်ပါလာသော မငြိမ်းငြိမ်း (၃၁)နှစ်နှင့် မသက်ထွေး(၁၉)နှစ်တို့နှစ်ဦး သည် အခြားသူများ၏ နိုင်ငံကူးလက်မှတ် များကို ပြုပြင်ကိုင် ဆောင်လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်တွင် စုံစမ်းတွေ့ ရှိရသဖြင့် ၄င်းတို့အား လေဆိပ်စစ် ဆင်ရေး အဖွဲ့ (၁)မှ မင်္ဂလာဒုံရဲစခန်းသို့  တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။

''သူတို့နှစ်ဦးက ကရင်ပြည်နယ် ဘက်က၊ တစ်ဦးက မုဒုံ၊ တစ်ဦးက ဇင်း ကျိုက်မှာနေတာ။ မလေးနိုင်ငံကနေ အလုပ် လုပ်ပြီး ပြန်လာကြတာလို့တော့ လောလော ဆယ်သိထားရတယ်။ အသေးစိတ်တွေကို တော့ စုံစမ်း နေတုန်း ပဲ။ လိမ်လည်မှုအပြင် လဝကအက်ဥပဒေနဲ့ပါ အရေးယူမှာပါ'' ဟု ယင်းအမှုနှင့်ဆက်စပ်သည့် ရဲအရာရှိတစ်ဦး က ပြောသည်။

 ယခုအခါ ပြည်ပနိုင်ငံများ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံကူး လက်မှတ် မသမာ မှုပြုလုပ်၍ဝင်ရောက် လာသောဖြစ်စဉ်များ ယခင်ထက်ပို၍ များ လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ သိရသည်။''အခုတလော ဒီလိုနိုင်ငံကူးလက် မှတ်မသမာမှုတွေနဲ့ မြန်မာနိုင်ငံကိုလာကြ တဲ့သူတော်တော်များများ တွေ့နေရတယ်။

ကျွန်တော်တို့လေဆိပ်က တာဝန်ရှိသူတွေ အနေနဲ့လဲ ပြည်ပထွက်ခွာမယ့်သူတွေရော၊ ပြန်ရော က်လာ တဲ့သူတွေကို တစ်ဦးချင်း သေချာစစ် ဆေးတယ်။ အရင်ထက်ပိုပြီး စိစစ် နေပါတယ်''ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါအမှုကို မင်္ဂလာဒုံရဲစခန်းမှ (ပ)၂၅၉/ ၁၂၊ ပုဒ်မ ၄၂၀၊ ၄၆၈/၄၇၁  တို့ဖြင့်စစ်ဆေး နေကြောင်း သိရသည်။
Yangon Media Group
နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသူနှစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသူနှစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 16:57 Rating: 5

41 comments:

tkm said...

ဟားဟားဟား..ဒါသူတို့အပစ်မဟုတ်ဘူး
မိန်းကလေးတွေအပစ်မဟုတ်ဘူး..
အေးဂျင်းနဲ့...မြန်မာနိုင်ငံက လ၀က
ပေါင်းပြီးလုပ်နေတာကြာပြီ..ဘာအခုမှလာပြီး
အတုလုပ်နေတာလဲ....၂၀၁၁.၈လပိုင်းက
အလည်ပြန်လာတယ်..ဘေးနားကထိုင်ခုံမှာ
မွန်မလေးပါလာတယ်..သူပစ်စပို့ကအတုတဲ့
အဲဒါဘယ်လိုပြန်လဲမေးတော့ မလေးလေဆိပ်မှာလဲ
အေးဂျင်းကလိုက်ပို့တယ်..မြန်မာပြည်ရောက်တော့...
ပုဆိုးတွေ.တိုက်ပုံတွေဝတ်ပြီး လည်ပင်းမှာကဒ်တွေချိတ်ထားတဲ့
ကောင်တွေလာခေါ်သွားတယ်..ဘာမှတောင်မစစ်ဘူး...
အမှတ်ကမှစစ်နေသေးတယ်....ပြီးတော့မြန်မာပြည်မှာ၂သိန်းပေးရသေးတယ်တဲ့ လက်တွေ့နော်..မလေးရှားကနေအဲလိုပြန်တဲ့ မြန်မာတွေအများကြီးပဲ..ဘာအခုမှ စာအုပ်အတုဆိုပြီး လုပ်တာလည်း
မင်းတို့ပဲစားတုန်းကစားပြီး......

Killer said...

ဟိုဘက်နိုင်ငံမှာ.. နိုင်ငံကူးလက်မှတ်ပျောက်တော့ကော မြန်မာနိုင်ငံသံရုံးက ဘာမှအကူအညီမပေးတဲ့အပြင် ငွေညစ်ပါတယ်... မြန်မာလူမျိုးအစစ်ဖြစ်တာတောင် ကို့နိုင်ငံကိုပြန်လာမှ အဖမ်းခံရတယ်... စိတ်ပျက်လိုက်တာ... ငွေပေးပြီးဝင်ရင် အဖမ်းခံရမှာမဟုတ်ဘူး

ပုဂံစစ်သည် said...

ခွင့်လွှတ်လိုက်ပါဗျာ၊ ဘယ်သူကနိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်မှာလဲ၊ နိုင်ငံတော်က မွဲတေနေတော့ နိုင်ငံသားတွေလဲကြံမိကြံရာကြံပြီး ထွက်ကြတာနေမှာပေါ့၊ နိုင်ငံတော်ကိုထိခိုက်တာမှမဟုတ်တာ။

taw thar gyi said...

အခုမှသိပ်ပြီ..တာဝန်တွေကြေနေတယ်ပေါ့..ခွေးမသားတွေ..
စကားမတူ..အသားဖြူ..မင်းတိုပထွေးတွေဝင်တာကြတော့..
ကော..တောက်..မိုက်ရိုင်း။ယုတ်မာတယ်ဆိုတဲ့..စကားတောင်မှ
မင်းတို့နဲ့မတန်ဘူး..

zhkk said...

ဒီခလေးတွေကိုစာနာပေးကြပါခင်ဗျား။ မြန်မာသံရုံးကလဲအကူအညီမပေးနိုင်ဘူ၊ တောလမ်းက တောင်ကျော်ပြန်ရင်လဲမတွေးဝံ့စရာပါဘဲ။ မလေးရှားထဲမှာဒီလိုလူတွေအများကြီရှိသေးတယ်၊ မိသားစုတွေအတွက်အရဲစွန့်ပြီသွားကြတဲ့ခလေးတွေ၊ ကိုယ့်လူမျိုးတွေပါ။ လေဆိပ်မှာနဲနဲပါးပါးစစ်ဆေးပြီလွှတ်ပေးလိုက်ကြပါ။

ကိုကိုကြီး said...

အထက်ကကွန်မန်ရေးသူများရဲ့...ရှင်းလင်းချက် နှင့် ပြောဆိုချက်များကို ထောက်ခံပါသည်..။ ကိုယ်မြန်မာနိုင်ငံရောက်မှ အဖမ်းခံရတယ်ဆိုတာ ဘာပြစ်မှုမှ မကျူးလွန်ဘဲနဲ့ဗျာ..။တော်တော်ဆိုးနေဘီလာ..မြန်မာနိုင်ငံ ကြီးရယ်.........

rightfather said...

ခွင်မလွတ်နိုင်ဘူးသူငယ်ချင်းတိုရေ အဲဒိလိုအမှုသေးသေးလေးတွေ ဖမ်းပြီး အမှုကြီးကြီးမားမားတွေကြတော ငွေဝိုက်ပြီး လွတ်ပေးလိုက်တယ် လေ စင်္ကာပူမှာ ဘင်္ဂလားဒေရှ် နိုင်ငံသားကုလားတွေ မြန်မာ Passport
တွေနဲ့ အလုပ်လုပ်နေကြတာ တွေခဲ့ရတယ် အဲဒိ Passport ဘယ်ကထွက် သလဲ မသိရင်မှတ်ထား ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်တဲ့ဗျာ

japan said...

မွန်ပြည်နယ် လို့ ပြန်ပြင်လိုက်ပါ

japan said...

မွန်ပြည်နယ်လို့ ပြင်ပေးပါ

pyaponthu said...

ကိုယ့်မြန်မာလူမျိုးတွေပြန်လာတာ ဘာဘဲဖြစ်ဖြစ်ခွင့်လွတ်ပေးသင့်တယ်။လ၀ကတို့ရယ်။နင်တို့တရုတ်တွေ ကုလားတွေဝင်လာတာကြတော့ပိုက်ဆံပေးလို့ပါးစပ်ပိတ်နေကြတယ်။မြန်မာအတွက်မြန်မာပြည်ဟာခက်ခဲတယ်။တရုတ်နဲ့ကုလားတွေအတွက်တော့မခက်ခဲဘူး။အလုပ်မဟုတ်တာအဟုတ်လုပ်တဲ့လ၀ကဘဲ

ဘ ဘ ဆ ရာ ကြီး said...

သူတို့ နဲ့ တည့်ရင်လွတ်တယ်လေ။
မတည့်ရင်တော့ လာထားဘဲ!

ဇာမဏီ said...

မလေးရှားကနေလိုင်းရိုက်ပီးပြန်နေတဲ့သူတွေ နှစ်သိန်းကျော်
လောက်ရှိနေပီ ။ ဟိုမှာ သူတို့ အင်မီဂရေးရှင်းကလူတွေဘဲ ငွေ
ယူပီး လိုင်းရိုက်ပေးနေတာ။ ဒီနှစ်ယောက်က ကံဆိုးသူပေါ့ဗျာ ။
လ၀ကအက်ဥပဒေနဲ့အရေးယူမယ်ဆို လ၀က ကကောင်တွေကို
အရင်စစ်ပါ ။ မြန်မာပတ်စပို့က အတုတွေအစစ်တွေရှိလို့လား ။
မလေးရှားမှာကတော့သံအမတ်ကြီးနဲ့ကတော်ကအစ ငွေယူပီး
ပေါချင်းသောချင်းထုတ်ပေးနေတာ ။ ဘင်္ဂါလီတွေ ၊ရိုဟင်ဂျာတွေ နားမလည်ဘူး ငွေပေးပီးလိုင်းရိုက်လိုက်ရင်
မှတ်ပုံတင်မိတ္တူကလဲ အတု ၊အိမ်ထောင်စုစာရင်းကလဲအတု ၊ အဲဒီအတုတွေနဲ့ မြန်မာနိုင်ငံသားပါဆိုပီးပတ်စပို့ ပြန်လျှောက်
နေကြတာ။ မလေးရှားမှာ မြန်မာနိုင်ငံသားဖြစ်ရေး၊ပတ်စပို့စာ
အုပ်ရရှိရေးက မလေးငွေ ၈၀၀ လောက်ပေးလိုက်ရင် ပီးပီ ။

pheasant said...

သူတိုမှာအပြစ်မရှိပါဘူး ဒီမှာ အေးဂျင့်တွေလုပ်စားနေကြတာပါ သူတို့လည်းသူတို့ ၇ပ်တည်မမှုအတွက် လုပ်ကြတာ် ပါ အဓိက က မြန်မာသံရုံးတွေက အခွန်ကောက်ဖို့လောက်ပဲလုပ်ပြပြီး တစ်ခြားဘာမှသုံးမရတာကိုး ဒါတွေကို အရင်ဖြေရှင်းပါအုံး

aungmyooo said...

အဲဒီလို မြန်မာနိုင်ငံသား ကို့တိုင်းပြည်ကိုပြန်ဝင်တာကြတော့ စစ်လားစေးလားနဲ့ မင်းဂျီးတော်လင် တရုပ်နဲ့ ဘင်ဂါလီတွေ ၀င်တာကြတော့ မင်းတို့ပဲလုပ်စားပြီး ခိုးသွင်းနေကြတယ် တော်တော်တော့ ခက်နေပြီ

KOSAICOS said...

ကျနော် အတွေ့ အကြုံလေး တစ်ခု ပါ ကျနော် လွန်ခဲ့တဲ့ ၅ လလောက် ကဘန်ကောက် ကပြန်လာတော့ လေဆိပ်မှာ ဘာကောင်တွေလဲ တော့မသိပါဘူး ဆရာကြီး ဟို အနောက်က လူဆိုပြီးတော့ လူတိုင်းတန်းစီနေချိန်မှာ ကြားဖြတ် ပြီး တံဆိပ်ထုသွားတယ်။ ဒါမျိုးတွေ ရပ်သင့်နေပါပြီ။

Guest said...

စားရတဲ့ကောင်ကစားပီးတော့ မစားရတဲ့ကောင်က သဲနဲ့ပတ်မှာပေါ့ ကွ။

ဖိုးသား said...

အတော် ရင်နာဖို့ကောင်းတာပဲ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကိုတော့ နိုင်ငံကူးလက်မှတ်အတုနဲ့ပြန်လာလို့ဖမ်းတယ်တဲ့ တရားမဝင်ခိုးဝင်တဲ့ ဘင်္ဂလားတွေကိုတော့ ...............................

ကေါင်းကေါင်း said...

သူခိုး လဝက လူလိမ်လဝက ကပြောရသေးတယ်နော်. ကျွေးပြီးဝင်နေတဲ့သူတွေအများကြီး. မရှက်ဘူးလား လဝက ရေ. မစားရလို့ဟေ့. သူအမေလင်တွေဝင်နေတာကြတော့. မဖမ်းဘဲ. လဝက က ပတ်စို့ကိုအမည်အတုနဲ့ကိုယ်တိုင်ကြတော့ပြောင်းပေးနေပြီးတော့. ဟားဟားဟား

Unknown said...

နိုင်ငံကူးလက်မှတ် အတုက အစစ်ထက်လုပ်ရတာ ပိုက်ဆံပိုကုန်တယ် ဒါပေမယ့်မြန်တယ် မျက်နှာမငယ်ရဘူး မစောင့်ရဘူး အဆူ အဟောက်မခံရဘူး အရစ်မခံရဘူး လေဆိပ်ရောက်တော့လည်း အိမ်ကလူ လာမကြိုရင်တောင် ငွေလက်ခံထားတဲ့ အေးဂျင့်နဲ့ပေါင်းထားပြီးငွေယူထားတဲ့ သက်ဆိုင်ရာ က လာကြိုပေတယ်လေ အဲဒိတော့ မြန်မာလူမျိုးတွေ အလွယ်လုပ်ဖို့ သင်ပေးတာ သက်ဆိုင်ရာ အစိုးရနဲ့ စာမယ် ၀ါးမယ်ဆိုတဲ့ ၀န်းထမ်းတွေပေါ့ အပြစ်ရှိတာ စားလို့ ၀ါးလို့ပါ။

taw thar said...

ဘာခုမှအတုလေအစစ်လေ...ဖမ်းမယ်ရန်းမယ်နဲ...အဲဒီအကောင်တွေကိုထောင်ထည်းပို့ရမှာ...အရင်အစိုးရလက်ထက်ကတော့အေးဂျင့်နဲ့..လ၀ကနဲ့..သူတောင်းစားရဲတွေနဲ့ပေါင်းပြီးမတရားတောင်း..ချိန်းခြောက်...မလေးရှားရောက်ပြန်တော့ဒီကအေးဂျင်းကနမျိုးလိမ်...မြန်မာသံရုံးကပိုက်ဆံတောင်းရင်သာ...သာသာရာရာ..ကူညီပို့ဆိုရင်..ဗလာ...ကိုယ့်နိုင်ငံသားတွေအဆင်ပြေအောင်ကူမယ်တော့မရှိဘူး..ဆဲမယ်..ပိုက်ဆံတောင်းမယ်...သူများနိုင်ငံတွေများသက်တန်းတိုးရင်...ရာဂဏန်းပဲပေးရတာဗျာ..မြန်မာနိုင်ငံသံရုံးကတော့ကူညီတဲ့အနေနဲ့...အနည်းဆုံးထောင်ဂဏန်းပဲတောင်းတာပါ...ရုံးကန်နေရတဲ့ဘသတွေကိုဖင်ခုပြီး...ဘာခုမှအတုအစစ်နဲ့...လိမ်လို့ကျလို့ဝလို့လား...နိုင်ငံရေးအပြောင်းလဲကြောင့်အယုတ်တွေပေါ်မှာကြောက်လို့လား...မင်းတို့ဝဋ်လည်မယ်တနေ့...

IDIOT-Ki said...

ဗမာစကား တလုံးမှ မတတ်တဲ့ တရုပ်ကြီးတွေ ကုလားကြီးတွေ ခိုးဝင်လာကြတာတော့ ဘာမှ မဖြစ်ပါလား.. ရန်ကုန် မန္တလေး မြို့ ကြီးတွေမှာတောင် ပေါ်ပေါ်တင်တင် ခမ်းခမ်းနားနား နေနိုင်လိုက်ကြသေးတယ်.. အံ့ဖွယ်တပါး ပါပဲ...လဝက ရယ်..

mon-optimistic said...

ဒ႘ကိစ္စက လဝက ကလူတွေရဲ့ အကျင့်ပျက် ချစားမှုကြောင့် ယဉ်ကျေးမှုတခုလို ဖြစ်လာနေတာကြာပါပီး။ ကိုင်ဆောင်သူမှာ အပစ်မရှိပါဘူး။ လဝက တွေကို ပြန်လည်စီစစ် ခန့်ဖို့ လိုပါတယ်။

lwannaymie said...

ဟား...ဟား...ဟား လို့ဘဲရီတော့မယ်။ ငါတစ်သက်မှာထူးထူးခြားခြား သတင်းဘဲ။ မိန်းကလေးနှစ်ယောက်ကိုတော့သနားမိတယ်၊ ဒီလောက် ရိုးလှချီလား။ ကြိုလိုင်းရိုက်ရတယ်။ အခုလိုလုပ်ပြီးဝင်ရင် သေသွားမှာပေါ့။ ဒီကိစ္စဆိုရင်(၁၀သိန်းကစ)ကြိုလောင်း၊ပြဿနာမတက်ဘူး။ လေဆိပ်ကဝင် တယ်ဆိုတာ ရေစိတ်ကြိုက်သုံးနိုင်တဲ့နိုင်ငံခြားပြန်နှစ်ချို့မြန်မာတွေရဲ့ ဝင်ပေါက်ကွာ။ ရေမနိုင်ရင် နယ်စပ်ကဝင်ရမှာကွာ။ မှတ်ထား။

byeiktar(byeikchitthu) said...

နားမလည်တဲ့အမှားလေးတွေကိုတော့ ခွင့်လွတ်ပေးသင့်ပါတယ်။ တဖက်နိုင်ငံမှာ အတုမိလာတာဖြစ်မှာပါ။ သူတို့ကိုယ်တိုင်နားမလည်ပဲ အစစ်ထင်ပြီးပိုက်ဆံပေးလုပ်လာ လေဆိပ်ရောက်မှ လာမိနေတဲ့ အဖြစ်လိုမျိုးဖြစ်နေတာ....

love not for sale said...

မလေးရှားမှာတံဆိပ်တုံးကိုတစ်နှစ်(RM 50)နဲ့passport သက်တန်းရှင်နေတဲ့သူတွေမှအများကြီး.....လူကြီးမင်းတို့သတိပေးသင့် တာမလေးရှားသံရုံးကိုပါ။ဖမ်းဆီးသင့်တာလဲသူတို့ကိုပါပဲ။အရင်ကငါ့သူငယ် ချင်းတွေလဲဒီလိုပဲပြန်နေကြတာပဲ....အဲ့ဒီတုန်းကဘာလို့မဖမ်းတာလဲဟင်။သူတို့တွေကခင်ဗျားတို့ကိုဘာကျွေးထားလို့လဲ။ဒါဆိုရင်လေဆိပ်ကတာဝန်ရှိသူတွေက ရောအရင်ကလူတွေပြန်သွားတုန်းကမှန်မှန်ကန်ကန်ပဲလို့ပြောချင်တာလား။ဒါဆိုရင်တော့အလုပ်လုပ်တာပေါ့ရှော့တယ်လို့ပြောချင်ပါတယ်။ဒီအမျိုးသမီး နှစ်ယောက်ကိုမိလို့လဲခင်ဗျားတို့ရာထူးတိုးမသွားပါဘူး။မျိုးရိုးကိုကမြန်မာ ပါ..အတုလုပ်တဲ့နေရာမှာသိပ်တော်တာ...ဟုတ်ပါရဲ့လာလူကြီးမင်း။နောက်ထပ်ဘယ်သူတွေကိုဆက်ဖမ်းအုံးမလဲဆိုတာ ငါ ONLINE ပေါ်ကနေစောင့်ကြည့်နေမယ်နော် လူကြီးမင်း....ဟားဟားဟား....မ၀ရင်လဲတောင်းစား...အရာရာတိုင်း ဟာအလယ်ကားမရဘူး....တန်ဖိုးနဲံ့ညီမျှတာတော့ပေးဆပ်ရမယ်။ငါကိုယ်တိုင်ဒီဆောင်ပုဒ်နဲ့ကိုယ်ကိုကိုယ်ဆုံးမခဲ့တာ....

soegyi said...

လဝက ရုံးကငွေပဲကြည့်တယ် မလေး သံရုံး နဲ့ စင်္ကပူ သံရုံး ကိုသွား တဲ့လူတိုင်း အရှင်လက်လက် ငရဲ ရောက်သလိုပဲ ဆင်းရဲလို့ ဝမ်းဝအောင် အစင်ပြေသလိုလုပ်စားနေရတဲ့ ပြည်သူတွေ အခက်ကြုံရင် ဘာတွေများ သံရုံးက ကူညီဖူးလို့လဲ ကိုယ့်ဘက်က ချို့ယွင်းချက်တွေကို ပြုပြင်ပြီး မှအရေးယူသင့်ပါတယ် ပြည်ပရောက် မြန်မာ တွေအားလုံး အနှိင်ခံနေရတာ သံရုံးက လူတွေနှိင်တာယက်ဆက်တာကပိုဆိုးပါတယ်

icecoolcandy@gmail.com said...

အတုကစာအုပ်ပဲ လုပ်လို့ရမှာပေါ့...
လေဆိပ်မှာရှိတဲ့ လ၀ကရဲ့ Computer ထဲမှာ မှတ်တမ်းဘယ်ရှိမလဲ....
ဒါအရင် ခေတ်မဟုတ်ဖူး... ငတုံးမလေးတွေရဲ့၊
အခုခေတ်မှာက စာအုပ်ထဲက နံပါတ်နဲ့ Computer ထဲက နံပါတ်၊ ရုပ်ပုံ အားလုံးလေဆိပ်မှာ တိုက်စစ်တာ။
မှတ်ထားကြနော်... ကျေဇူးပြုပြီး လမ်းမှန်အတိုင်း သွားကြပါ။

zmt said...

အရင်ကတည်းက အစောင့်တွေလည်းသိပါတယ် အခုမှ ကြီးကြီးကျယ်ကျယ်ပြောနေစရာလား မင်းမစားရလို့ဖြစ်မယ် ဒီလိုစားလာတဲ့သူတွေ တပုံတပင်ကြီး ပါ ...

aye koko said...

တခုခုဖြစ်ရင် ဖမ်းဖို့ချည်းစဉ်းစားမနေကြပါနဲ့ဗျာ... ပြသနာ အရင်းအမြစ်ကိုရှာကြပါအုံး... ဘယ်သူကမှတော့ သူများနိုင်ငံမှာ ခိုးကြောင်ခိုးဝှက်နဲ့ အလုပ်မလုပ်ချင်ကြဘူး... မဖြစ်လို့သွားလုပ် နေကြရတာ... အဲဒီလိုသူများနိုင်ငံမှာ အလုပ်သွားမလုပ်ပဲ နေလို့ရအောင် လုပ်ပေးဖို့ စဉ်းစားပေးကြပါလား... သွားလုပ်ချင်ရင်လည်း အဆင်ပြေပြေနဲ့ သွားလုပ်လို့ရအောင် အစစအရာရာကူညီပေးကြပါလား... အဲဒီလို သူများနိုင်ငံမှာ သွားအလုပ်လုပ်တဲ့သူတွေကြောင့် တိုင်းပြည် ၀င်ငွေတောင်တိုးပါသေးတယ်

အရုပ်လေး said...

ဟင်းးးးးးး.....ကြားလိုက်ရရင်....သံရုံးမကောင်းကြောင်း.....အစိုးရ၀န်ထမ်းတွေမကောင်းကြောင်းကြီးပဲ......ဒါတွေကဖြစ်သင့်လား.......

may said...

လ၀ကနဲ့ရဲနဲ့ပေါင်းလုပ်တာလေ။တိုင်ပင်မကိုက်လို့အဲလိုဖြစ်သွားတာ

စိုးလွင်ဥိး said...

အရုပ်လေး ဆိုတဲ့ သတ္တ၀ါ ရယ်။သင့်နာမည်ကိုတောင် ရုတ် နဲ့ ရေးချလိုက်ပါလား။ပြောနေကြတယ် ဆိုတာက ငါတွေ့ ကြုံခဲ့ ရတဲ့ သူတွေပါဗျာ။ဘာတခုမှ လုပ်ကြံရေးနေကြတာမဟုတ်ပေါင်ဗျာ။ ခွင့်နဲ့ ပြန်တာတောင် အလှူခံမဏ္ဍပ်က စာအုပ်ကြားညှပ်တဲ့ ဗျ။သိရဲ့ လား။ အခုကိစ္စကလည်း ကာယကံရှင်အမျိုးသမီး ၂ ယောက်ရဲ့ ခွင့် မလွတ်နိုင်လောက်တဲ့ အပစ်လို့ မထင်ဘူး။ အရုပ်လေး comment ကလွဲရင်အားလုံးကိုထောက်ခံတယ်။

mad dog said...

ဒီမိန်းကလေးတွေ က ညံ့တာကိုး။ အမှန်က ကြိုပြီး အကြောင်းကြား လ၀က ကလေဆိပ်မှာလာကြို ... ပြီးနေပြီ။ ဒီကောင် တွေ ဂွင်မ၇လို့။

66koaungaungtun@gmail.com said...

ကိုသစ်ကြည့်လုပ်လိုက်ပါ။

minmin55 said...

သနားပါတယ်.တကယ်ဆိုရင်အေးဂျင်းနဲ့လိုင်းရိုက်ပြီးမှပြန်သင့်တယ်..

min nay said...

မလေားရှားသံအမတ်ကြီးနဲ့ သံအမတ်ကြီးကတော် အပါအ၀င် သံရုံးဝန်ထမ်းတွေ ပါဝင်တဲ့ သူခိုး လူလိမ်များအဖွဲ့က ဦးဆောင်ပြီးဒီလိုဖြစ်အောင်လုပ်နေတာပါ

ko yeဲ said...

ကောင်မလေးနှစ်ယောက်ကတော့ မိဘ ရွှေမျိုးသားချင်းတွေအတွက်၊ ဘဝရပ်တည်ဖို့အတွက် သူများနိုင်ငံမှားစီးပွားရှာပီး ပြန်ဖို့ခက်ခဲနေလို့ ကြံမိကြံရာ ကြံကြတာပါ၊ အထက်က ကွမ်မဲန့် တွေဖတ်လိုက်ရတော့ လဝက နဲ့ သံရုံးဝန်ထမ်းတွေ ကျူးလွန်တဲ့အမှုက ဖြိုးအောင်ဝင်းအမှုထက် ပိုကြီးသလို
အကြိမ်ကြိမ် ကျူးလွန်သလို့ဖြစ်မနေဘူးလား၊ သူတို့လဲ ဒါဆို သေဒါဏ်ပေါ့နော် :)

Killer said...

ငွေ(၅)သိန်းပေးရင် လ၀က သတောင်းစားတွေ လေဆိပ်ကို ကိုယ်တိုင်လာကြိုပါတယ်... အဲ့ဒိလမ်းကြောင်းကို မသိလို့ အဖမ်းခံရတာပါ.. ပြီးတော့ မိန်းကလေးတွေမှာငွေမရှိလို့လဲဖြစ်နိုင်တယ်.. ငွေ(၅)သိန်းပေးရင် လာကြိုတာ ကျွန်တော့်အကိုကိုယ်တိုင် အဲ့ဒိအတိုင်းပြန်လာလို့ပဲ..

zmt said...

အရုပ်လေး မင်းက သူများနိုင်ငံမရောက်ဖူးတာ ဖြစ်မယ် မဟုတ်ရင်တော့..ရှယ်ယာဝင်တွေလား ...

Anonymous said...

ကိုယ့်လူမျိုးအချင်းချင်းဆိုမျက်နှာလိုမျက်နှာရ
ပုဒ်မတသီတသန်းကြီးနဲ့ယုတ်မာကြတယ်။
နိုင်ငံခြားသားဆိုရင်သူတို့ပထွေးကိုကြောက်လိုက်တာ
အမေစုအိမ်ခိုးဝင်တဲ့အမေရိကန်ကိုတော့
အရေးယူဖို့နေနေသာသာသူတို့လုပ်ကြံမှုပါပေါ်မှာစိုးလို့
တရားသေလွတ်ပေးတယ်။
မတန်တဆပုဒ်မတွေတပ်ထားလိုက်တာ
ဗမာမိန်းကလေးတွေကိုတရားဝင်နိုင်ငံခြားထွက်ခွင့်မှမပေးပဲ
စီးပွါးရေးကြပ်တည်းလွန်းလို့နိုင်ငံခြားမှာ
အလုပ်သွားလုပ်အောက်လမ်းကပြန်လာရတာခက်ခဲလို့
ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာတာ
နားလည်စာနာသင့်ပါတယ်။ပုံကြီးချဲ့ပြီးမတော်မတရား
ထောင်ချအုံးမှာလား။တိုင်းပြည်ကပြည်သူတွေကို
သားသမီးလိုသဘောမထားနိုင်သားသမီးလိုကိုယ်ချင်းမစာနိုင်တာ
တော်တော်လေးစိတ်ဓါတ်တွေအောက်တန်းကျနေပြီ။
လေဆိပ်က၀န်ထမ်းတွေလည်းတော်တော်မိုက်ရိုင်းတာပဲ
ငွေ၇ရင်အကုန်ဘုန်းပေးတယ်။ငွေမရရင်
ဒီလိုပဲယုတ်မာတာပဲလား။

mayhtat said...

တနိုင်ငံလုံးမှာရှိတဲ့လ၀ကတွေလုပ်စားနေတာကြာလှပီ..
လက်တွေ့ဘဲ....

Powered by Blogger.