နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည်

မေလ ၇ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)

နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူ မြန်မာနိုင်ငံသားတိုင်း ၂၀၀၇ ခုနှစ်အထက် မိုဒယ် အိမ်စီးကားများ တင်သွင်းခွင့်ပြုတော့မည်ဟု ယနေ့မွန်းလွဲ ၂ နာရီ နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားကူးသန်းဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ယခုကဲ့သို့ တင်သွင်းခွင့်ပြုလိုက်ခြင်းမှာ ကားပါမစ် စနစ်ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဟုလည်း ၀န်ကြီးက ရှင်းလင်းပြောဆိုသည်။

၂၀၀၇ ခုနှစ်မိုဒယ်နှင့် အထက် ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်း ညာမောင်း နှစ်မျိုးစလုံး တင်သွင်းခွင့်ပြုမည် ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

နိုင်ငံခြားငွေ ဘဏ်စာရင်းဟုဆိုရာတွင် MICB Myanmar Investment and Commercial Bank နှင့် MFTB Myanmar Foreign Trade Bank သို့မဟုတ် နိုင်ငံခြားဘဏ်တခုခုဖြင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကဘဏ်တခုခုတွင် ငွေစာရင်းဖွင့် လှစ်ထားသည့် ငွေစာရင်းကို ရည်ညွှန်းခြင်းဖြစ်၍ ငွေစာရင်းတွင် တင်သွင်းမည့် ကားတန်ဖိုး ပမာဏသာရှိဖို့ လိုအပ်သည်ဟု ၀န်ကြီးက ပြောသည်။

ကားတင်သွင်းခွင့်ကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ချုပ်ကိုင်ထားခြင်းကြောင့်ွှဲအိမ်နီးချင်းနိုင်ငံများထက် မြမန်မာနိုင်ငံတွင် ကားတန်ဖိုး အဆမတန်မြင့်တက်ခဲ့ရာ လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလတွင် ဖင်ကောက်ဟု ကားဈေးကွက်မှခေါ်ဆိုသည့် ကိုရိုလာဗင် (ဒီဇယ်) ၂၀၀၀ ၉၇၊ ၉၈ ခုနှစ်မိုဒယ်ကားမှာ သိန်း ၇၅၀ ၊ ၈၀၀ အထိမြင့်တက်ခဲ့သည်။
ယခုအခါ သိန်း ၃၀၀ ၀န်းကျင် ရောင်းချနေသည့် ၂၀၀၁/ ၂ခုနှစ်မိုဒယ် တိုယိုတာမတ်တူး ( ဈေးကွက်အခေါ်ရွှေငါး ) ကားမှာ သိန်း ၁၄၀၀ အထိ အမြင့်ဆုံးဈေးရှိခဲ့သည်။

ယခု ခွင့်ပြုလိုက်သည့် ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းကို သဘက်ခါ (မေလ ၉ ) ရက်မှစတင်၍ စီးပွားကူးသန်းဝန်ကြီးဋ္ဌာနမှကိုင်တွယ် ဆောင်ရွက်ပေးသွားမည် ဟုလည်း ၀န်ကြီးက ပြောဆိုသွားသည်။

စီတီးတက်စီနှင့် ဘတ်စ်ကား တင်သွင်းခွင့်ကိုမူ ပုံမှန်ရှိပြီးသား သတ်မှတ်ချက်များအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရများထံမှ ခွင့်ပြုချက် လျှောက်ထားရမည်ဟုလည်း ၀န်ကြီးက ပြောဆိုသည်။

ယင်းသို့ သတ်မှတ်ရခြင်းမှာ သက်ဆိုင်ရာ နယ်မြေအလိုက် လိုအပ်ချက် အရေအတွက်၊ လမ်းအခြေအနေတို့အပေါ် မူတည်ကာ ဒေသဆိုင်ရာ အစိုးရများက တင်သွင်းခွင့်ပေးရန် ဆုံးဖြတ်မည့် သဘောဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။


ဦးသိန်းစိန် အစိုးရတက်လာချိန်မှစတင်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျှက်ရှိရာ ယမန်နှစ် စက်တင်ဘာလတွင် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်ကို စတင်ခဲ့သည်။ယင်းအစီအစဉ် စတင်သည့်နောက်ပိုင်း ကားဈေးများ ခေါက်ချိုးအောက် ထိကျဆင်းလာခဲ့သည်။

သင်္ဘောသား ပါမစ်ဟုခေါ်ဆိုသည့် နိုင်ငံခြား သင်္ဘောသား လုပ်ကိုင်သူများ အနေဖြင့် လျှောက်ထားရရှိသည့် ပါမစ်ဝယ်ယူထားသူ ဦးမျိုးထွန်းက “ကျွန်တော်ဝယ်ထားတဲ့ ပါမစ်က သိန်း ၇၀လောက်ပေးရတယ်။ အဲဒီပါမစ်နဲ့ အခု ခွင့်ပြုလိုက်တဲ့ ပါမစ်က အတူတူဆိုတော့ ကျွန်တော်ပါမစ် က တန်ဖိုး သုည ဖြစ်သွားတဲ့သဘောပေါ့” ဟု YPI သို့ပြောသည်။ ။

Yangon Press International
နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည် နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည် Reviewed by သစ်ထူးလွင် on 16:45 Rating: 5

40 comments:

konamazu said...

ကားဈေးကွက်လေးကတော့ ရှယ်ပဲဟေ့။ဝယ်မစီး နိုင်သေးတာတော့ခက်တယ်။

tralfic.burger said...

ကောင်းလိုက်တာ.......ပွဲစားလုပ် တဲ့ လူတွေနာတာဘဲ ကောင်းလိုက်တာ စီးပွားရေးမားတွေ သူတို့ အထိနာတာကျတော့ အော်လိုက်တာ ကောင်းလိုက်တာဗျာ မရှိသောပြည်သူများ ကားဝယ်စီးနိုင်ပါစေ .........

ko thu said...

နိုင်ငံတော်မှတာဝန်ရှိလူကြီးများအားလုံးကိုကျေးဇူးတင်ပါသည်။
အဲဒီစနစ်အကောင်အထည်ဖော်ပေးသည့်အတွက်ကျေးဇူးတင်ပါသည်။ပြည်သူ့အကျိုးကိုကြည့်သောအစိုးရဟုမှတ်ချက်ပေးခြင်ပါသည်။ငွေပေါသောစီးပွားရေးသမားများဝယ်/ရောင်းလုပ်ကြခြင်းကြောင့်ပါမစ်ဈေးတွေခေါင်ခိုက်နေတာပါ။
ကျေးဇူးတင်ပါသည်သမ္မတကြီးနှင့်တကွပြည်ထောင်စုဝန်ကြီးဦးဝင်း
မြင့်ခင်ဗျား။

swin swin said...

ိ်ဲမြန်မာပြည်သူတွေအတွက်အဆင့်မြင့်ကားတွေကိုနိုင်ငံတကာနဲ့အပြိုင်သုံးစွဲနိုင်မဲ့သတင်းကိုကြိုဆိုပါတယ်။အချိန်ကြာလျင်မော် ဒယ်အနိမ့်ကားတွေနယ်ရောက်သွားမှာပါ။လူတွေစည်းကမ်းတကျယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာကြလျင်ယာဉ်ပိတ်ဆို့မှုလျော့သွားမှာပါ။

လူတွေစည်းကမ်းရှိပါစေ။.......

Ukyawkyaw said...

နိုင်ငံတော်အနေနဲ့အကျိုးရှိအောင်တင်သွင်းလာတဲ့ကားတစ်စီးကိုအခွန်$5000 နှင့်အထက်ကောက်သင့်ပါတယ်၊ဒါမှအဲဒီကားတွေ ကရတဲ့ဒေါ်လာတွေနဲ့နိုင်ငံတော်ကလမ်းတွေတံတားတွေ ၊လမ်းမီးဓါတ်တိုင်တွေစိုက်ပြီးပြုပြင်နိုင်တိုးချဲ့နိုင်ပါမယ်၊ဒါမှကားလမ်းတွေကြပ်တည်းမှုလဲတဖက်တလမ်းကလျော့နိုင်ငံတော် လမ်းပန်းဆက်သွယ်ရေးပိုမိုတိုးတက်လာပါမယ်။ကားစီးရေတစ်သောင်း(နံပါတ်တစ်ခုစာ)ဆိုရင်ဒေါ်လာသန်း50အထက်ရပါမယ်၊ဒီပိုက်ဆံ တွေကိုတခြားနေရာမှာမသုံးဘဲရတဲ့သက်ဆိုင်ရာတိုင်း/ဒေသကြီးတွေရဲ့အခြေခံအဆောက်အအုံတွေကိုအဆင့်မြင့် တင်ပေးနိုင်ပါတယ်။

KTT said...

ဘယ်မောင်းညာမောင်း(၂)မျိုးမဖြစ်သင့်ပါ။ဘယ်မောင်းတစ်မျိုးပဲခွင့်ပြုသင့်ပါသည်။

meerket said...

နောက်တော့ နိုင်ငံခြားမှာလိုဘဲ အလုပ်ရှိရင် hire purchase နဲ့ အရစ်ကျပေးပီး ၀ယ်နိုင်တော့မှာပါ စိတ်မလျှော့ပါနဲ့လေ အချိန်တခုတော့ စောင့်ရမှာပေါ့ ဒို့လည်း အဲဒီအချိန်ကို စောင့်မျှော်နေပါတယ် ဒို့အသက် ၆၀ မပြည့်ခင်လေး အကောင်အထည် ပေါ်ပါစေလို့ ဆုတောင်းနေပါတယ်။ အခု ၄၀ လေ။

Ko Myo said...

အခုဆို ၂၀၀၇ မိုဒယ် တိုယိုတာ ဗစ် ၁.၃ စီစီ တစ်စီးကို မြန်မာပြည်အရောက် သိန်း ၁၂၀ ခန့် ဖြင့် စီးနိုင်ပါပြီ။

Soe said...

အစိုး၇က နေ၇ာတစ်ကာမှာ လက်ဝါးကြီးအုပ် စနစ် မ၇ှိတော့လေလေ တိုင်းပြည် တိုးတက်လေလေပါပဲ

Soe said...

အစိုး၇က နေ၇ာတစ်ကာမှာ လက်ဝါးကြီးအုပ် စနစ် မ၇ှိတော့လေလေ တိုင်းပြည် တိုးတက်လေလေပါပဲ

ရာဇာ said...

ကားဈေးတွေလဲကျ....ပါမစ်ဈေး ကွက်လဲ ပျက်တော့မယ် ဆိုတော့မှ ဒီဥပဒေ ကိုစဉ်းစား မိကြတယ် နော်......အရင်တုံး ကတော့ အိပ်မဖောင်း သေးတော့ မပြင်ကြဘူး.....

Anonymous said...

ကောင်းပါတယ် . . ကောင်းပါတယ်

ချစ်ဖူး said...

ဝမ်းသာပါတယ်။ လမ်းတွေ ကောင်းဖို့ပဲ လိုပါတော့တယ်။

Ayeyarwady said...

ကားပါမစ်ကို လုပ်ပိုင်ခွင့်ရှိသူများက ချယ်လှယ်နေတဲ့အခြေအနေကနေ အပြောင်းအလဲဖြစ်သွားတာကောင်းပါယ်။သမတကြီးဦးသိန်းစိန်နှင့် ၀န်ကြီးဦးဝင်းမြင့် သက်တော်ရာကျော်ရှည်ပါစေခင်ဗျား

babagyi said...

တကယ်လိုအပ်နေသူတွေအတွက်ကတော့သတင်းကောင်းပါပဲ။ ယာဉ်ကြောတွေပိတ်နေတာကိုလဲလုပ်ပေးသင့်ပါတယ်။

ကိုကိုညို said...

သိပ်မပျော်ကြနဲ့အုံး သူတို့ တခုခုလုပ်ဖို့ စီစဉ်နေပြီထင်တယ် ပြည်သူတွေအားလုံးရဲ့အာရုံကို ပထမ ဖုံး၊ ဒုတိယကားဘက်
ကိုပြောင်းလိုက်ပြီ။
အရင်ကလဲ အဲလောက်သဘောမကောင်းခဲ့ဘူး၊ အခုဟာက အရင်လူတွေဘဲနော်
သဘောကောင်းနေရင်သတိထား။သဘောကောင်းနေရင်သတိထား။သဘောကောင်းနေရင်သတိထား။သတိသာထားကြတော့ ဗျို့ လို့ဟစ်အော်သတိပေးလိုက်ပါတယ် ပြည်သူတို့

zaw said...

၁၉၉၇ ခုနှစ် မှစပြီး မော်တော်ယာဉ် ထုတ်ပေးချင်းကို ရပ်ဆိုင်းထားတဲ့ တင်သွင်းခွင့် ပါမစ် ပြန်ပေးရုံ ကာစရှိ ပါသေး သည် ဥပဒေက တမျိုးပြီးတမျိုးပြောင်းနေသည်မှာ ဒုက္ခပေးသလို
ဖြစ်နေပါတယ်။ သင်္ဘောသား ပါမစ်ဟုခေါ်ဆိုသည့် နိုင်ငံခြား သင်္ဘောသား လုပ်ကိုင်သူများ အနေဖြင့် လျှောက်ထားရရှိသည့် ပါမစ် အနေဖြင့် ကားအဟောင်းပါမစ် ကဲ့သို့ 1996 model မှစ ၍ သွင်းစေလိုပါသည်။ထို့အပြင် နိုင်ငံခြားမှာနေပြီး ကားသွင်းခွင့် ရဘို့ MICB တို့ MFTB တို့ မှာ Account ဖွင့်ရတာ ကားဘိုးငွေ USD ကို ပြန်ဝယ်ပြီး ထည့်ရတာတွေက ရှင်းနေတာကို ရှုပ်အောင်လုပ် ရှုပ်ပြီးတော့မှ ပြန်ရှင်း ဆိုသလိုဖြစ်နေပြီ ။ နိုင်ငံခြားမှာနေပြီး ကားဝယ်မည့်ငွေ သည် ၀င်ငွေခွန်ထမ်ဆောင် ပေးသွင်းထားသောငွေ မဟုတ်ပါလား? ရေခြားမြေခြားမှာ တရားဝင် အလုပ်လုပ်ပြီး တိုင်းပြည်ကို အခွန်တွေအနစ်နာခံ ပေးသွင်းထားတဲ့ သူတွေအတွက် မည်ကဲ့သို့ စဉ်းစားထားပါသလဲ?

မောင်ငြိမ်းချမ်း said...

နိုင်ငံတော်အစိုးရကိုအထူးစပယ်ရှယ်ကျေးဇူးတင်ပါကြောင်း။
ရိုက်စားဝယ်ရောင်းများအတွက်တော့စိတ်အများကြီးမကောင်း
ပါကြောင်း။

KOSAICOS said...

ကျေးဇူးတင်ပါထိုက်ပါတယ် ဗျာ အရင်းရှင် တစ်ချို့ရဲ့ချုပ်ကိုင်မှူအောက်က နေ ပြည်သူပြည်သားအပေါင်းလွတ်မြောက်လာပါပြီ

shingyi said...

ငွေသိန်း ၁၀၀၊ ၂၀၀ ဆိုတာနဲလို့လားအကြံအဖန်၇ိုက်စားတွေ
ဘဲသုံးနိုင်တာပါ။၁၉၈၉-၉၀ခုနှစ်တွေမှာပါဂျ၇ို ဂက။----
သိန်း၈၀လောက်ပါ။ထိန်းချုပ်-လုပ်စား-ပေါင်း၇ိုက်လုပ်ကြတာ
ဈေးတက်တာပေါ့အားလုံးဖွင့်ပေး၇င်ဘယ်လူမိုက်ကကားအများ
ကြီးဝယ်မှာလဲနောက်ကလိုက်လာမဲ့ဥပဒေကနှစ်၂၀ကျော်(သို့)
မီးခိုးထွက်၇င်လိုင်စင်ပိတ်မယ်ဆို၇င်ဒီမိုကေ၇စီမှာပေါင်း၇ိုက်မ
၇တော့ဘူးအားလုံသိနေကြပါပြီ။

zzmyoe said...

ကားတွေပေးသွင်းတာကောင်းပါတယ်၊အဓိကပြသနာက လမ်းတွေဘယ်လောက် ကြပ်နေပြီလဲ၊နယ်ကလူတွေကတော့ ကောင်းတယ်၊ရန်ကုန်ကတော့တော်တော် ဆိုးနေပြီ၊လူကြီးတွေ ကတော့ပြည်သူတွေလိုခံစားမိမှာမဟုတ်ဘူး၊လမ်းကြောင်း ရှင်းပြီးသွားတာဆိုတော့၊လက်ရှိပြသနာကိုပြေလည်အောင်ရှင်းသင့်တယ်လို့ထင် ပါတယ်၊ပြည်လမ်း၊ဦးဝိစာရလမ်း၊မြို့ထဲခြောက်မြို့နယ်တွေဆိုရင်သွားဖို့လာဖို့ တော်တော်စဉ်းစားနေရပြီ။အချိန်တစ်ခုတော့ပေးသင့်တယ်ထင်တယ်။

Ukyawkyaw said...

အလွန်ကောင်းပါတယ်၊မြန်မာပြည်ကိုကူညီပေးနေတဲ့ဂျပန်ကကား
တွေဝယ်ယူရင်ကုန်သွယ်ရေးအနေနဲ့လဲမျက်နှာရပါမယ်။ကားအခွန်ကိုဒေါ်လာ၅၀၀၀နဲ့အထက်ကောက်ရင်လမ်းတွေ၊တံတားတွေ၊
လမ်းမီးတွေပြုပြင်ဆောက်လုပ်တဲ့စရိတ်တွေလဲရပါမယ်။

Unknown said...

သိတ်ကျေးဇူးတင်ပါတယ်။လူကြီးတွေကဘယ်လိုစီစဉ်ပေးစီစဉ်ပေးငွေထုတ်ပေး
ပြီးကားဈေးကွက်ကြီးဆွဲလှုပ်ပြီးကမ္ဘာမှာမရှိတဲ့ကားဈေးတွေဖန်တီးနေတဲ့ကောင်
တွေကားပွဲစားတွေ၊မင်းတို့ တာဝန်ရှိလူကြီးတွေကပြည်သူတရပ်လုံးကားကောင်း
စီးနိုင်အောင်လက်နဲ့ရေးတာခြေနဲ့လိုက်ဖျက်တဲ့ကောင်တွေ။ခုဘာတတ်နိုင်သေးလဲ။အခွန်နဲ့ပေါင်းမှသိန်းတရာလောက်ကျတဲ့ကားတွေကိုသိန်း
သုံးရာကျော်အော်ပြီးအမြတ်ထုတ်ဂုတ်သွေးစုပ်တဲ့ကောင်တွေ။ဟံသာဝတီကားပွဲ
စားတန်းကြီးပြောင်းမယ်ဆိုတော့လည်းအမလေး၊အဘလေးအော်နေလိုက်ကြ
တာ။နောက်ကြောင်းပြန်လှည့်ချင်နေတဲ့ထဲမှာမင်းတို့ကားပွဲစားတွေ၊ဝယ်ရောင်း
တွေ၊မင်းတို့နောက်ကကြိုးကိုင်ငွေထုတ်ပေးနေတဲ့ကောင်တွေထိပ်ဆုံးကပါ
တယ်။အဲဒီကားပွဲစားတန်းမျိုးဘယ်တော့မှပြန်မပေါ်လာတော့တာအကောင်း
ဆုံးပဲ။ပြည်သူအားလုံးကုမ္ပဏီကတိုက်ရိုက်ဝယ်သုံးနိုင်ကြပြီ။ကျေးဇူးအရမ်းတင်ပါတယ် ဦးဝင်းမြင့်ခင်ဗျား။အဲ သမ္မတကြီးကော၊ဦးအောင်
မင်းနဲ့ ဦးစိုးသိန်းတို့ကိုပါထပ်ပြီးကျေးဇူးတင်ပါတယ်ဗျာ။မြန်မာ့Image ကိုနည်း
လမ်းပေါင်းစုံနဲ့ဖျက်ဆီးနေတဲ့ သိက္ခာချနေတဲ့ကားပွဲစားတန်းကြီးနိဂုံးချုပ်သွား
ပါပြီ။ဒါမှပြည်သူ့အစိုးရကွ (အခွန်ဈေးနှုန်းလေးလည်းနည်းနည်းလောက်ထပ်
လျှော့ပေးပါဦး။ ဒါဆိုရပ်ကွက်ထဲကပဲပြုတ်သည်တွေလည်းကားဝယ်စီးဖို့စိတ်
ကူးယာဉ်နိုင်ကြပါပြီ။တကယ်ပျော်လိုက်တာ။တကယ်ကျေးဇူးတင်ပါတယ်။ဦးဝင်းမြင့် ၂၀၁၅ ရွေးကောက်ပွဲကျရင်လည်းထပ်ပြီးနိုင်ပါစေဗျာ။သာဓုသာဓုသာဓု

MasterMyanmar said...

ကောင်းပါ့ဗျား။ ဘာစောက်လုပ်စောင်ကိုင်မှ မရှိပဲ၊ သူများငွေကို ပါးစပ်ထဲကနေ ဈေးခေါ်ပီး လုပ်စားနေတဲ့ ကားပွဲစားဆိုတဲ့ကောင်တွေ အကုန် ကိုင်ရမှာ။ နမို့ဆို ကားဈေး မမြောက် မြောက်အောင် လျှောက်အော်။ ဝယ်မဲ့သူကို နည်းစုံနှင့် ချုပ် လုပ်ခြင်တာလုပ်တေတဲ့ကောင်တွေ။ ခုမှ နားအေးတော့တယ်။

Car Crazy said...

ကားဝယ်ရောင်းတွေလဲ သူ့အလုပ်သူလုပ်နေတာပါ၊၊ စီးပွားရေးသမားတွေထိတာမဟုတ်ဘူး၊၊ စားသုံးသူ လူလတ်တန်းစားတွေထိတာပါ၊၊ သိန်း၃၀၀ ကျော်ဆိုလို့ကားစီးနိုင်ပြီဆိုပြီးပျော်နေတဲ့လူတွေ၊ နေ့ချင်းညချင်း သိန်း၁၀၀လောက် ပျောက်သွားကြတာပါ၊၊ ဒါဝမ်းသာစရာမဟုတ်ပါဘုး၊၊ ကားမစီးနိုင်တဲ့သူတွေ ၀ယ်နိုင်လောက် အောင် ဈေးပေါသွားတာ မဟုတ်ပါဘူး၊၊ ပေါလစီကို သေချာ ငြိမ်အောင် မလုပ်ပဲ ပြည်သူတွေ ကောင်းစားရေးဆိုပြီးလုပ်ချင်တိုင်း လုပ်နေတာသိပ်မကောင်းပါဘူး၊ တကယ့်စီးပွားရေးသမားတွေက ဒီလိုဖြစ်လဲ သူတို့ကမ မှုပါဘူး၊၊ အလယ်အလတ်တန်းစား လူတန်းစား တွေသာ တကယ်အထိန်တာပါ၊၊ ရှိတဲ့ပိုက်ဆံလေးနဲ့ကားစီးနိုင်လို့ ၂လ ၃ လ မကြာသေးဘူး၊ ထက်ကုန်ပြန်ပါပြီ၊၊ သေချာစဉ်းစားကြည့်ကြပါ၊၊

ရွှေမိုးကြီး said...

သက်ဆိုင်ရာပုဂ်ဂိုများခင်များ ဘယ်မောင်းကိုသာတင်သွင်းခွင့်ပြုသင့်ပါသည်၊ နောင်မှ ဥပဒေ တမျိုးဆိုလျှင် မကောင်းပါ။ မြန်မာနိုင်ငံရဲ့ လမ်းကျော အရ ဘယ်မောင်းကို မောင်းဘူးသူတိုင်း ညာမောင်းဟာအရမ်းအန္တရာယ်များတယ်ဆိုတာသိကြပါတယ် ကားကညာမောင်း ကျော်တက်တော့ အပေါ်လမ်းဘယ်ဘက်ကျော က ကျော်တက်ကိုယ့်သေးတွင်းကိုတူးခိုင်းနေတာနဲ့အတူတူပါဘဲ၊ အခုထဲက ဥပဒေတခုတော့ပြင်သင့်ပါပြီ လမ်းယာဉ်ကျော ဥပဒေကို ပြင်
မလား (သို့)ကားညာမောင်းတင်သွင်းခွင့်ဥပဒေကိုပြင်မလား။ စဉ်းစားကြ
ပါဦးအာဏာပိုင်တို့ရယ်................

minsoeaung said...

ပွဲးစားတွေပျောက်အောင်လုပ်ပေးပါ။ဒီကောင်တွေကအချောင်စားတွေ။ကားတွေကိုပြခန်းမှာ
စိတ်ကြိုက်ဝယ်ခွင့်ရရင်ကောင်းတဲ့လုပ်ဆောင်မှုဖြစ်ပါတယ်
။မြန်မြန်လုပ်ပေးပါဗျို့။ကျေးဇူးတင်ပါတယ်။

ziwasoe144 said...

ချစ်တိုင်းလည်းမညား၊ စကားကိုသာတီးတိုးရေရွတ်ရင်း

lwannaymie said...

ဒီသတင်းကို ကြိုဆိုပါတယ်။ ဆင်းရဲတဲ့လူ၊ အလယ်အလတ်လူ၊ တွေရဲ့ဘဝ သာယာလှပတော့မယ်။ ကိုယ်စီးနိုင်တယ်ဆိုပေမဲ့ ကားကိုဈေးကြီးပေးဝယ် ခဲ့ရတာ အဓိပ္ပါယ်မှမရှိဘဲ။ ကားဝယ်စီးပြီဆိုထဲက ပိုက်ဆံရှိလို့၊ရှုံးမယ်ဆိုတာ သိလို့၊အရှုံးခံနိုင်လို့၊အလုပ်ကိစ္စသွားလာရေးမှာသုံးမလို့၊ဝယ်စီးတာပါ။ ဒီသတင်းအတွက် သမ္မတကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ ငါ ထပ်လဲစီး အုံးမှာပါ၊ ဈေးပေါလာလို့။ (ဒီကားအရောင်းအဝယ်ကိုတာ အားကိုး၊ခုတုံးလုပ် တဲ့သူတွေတော့ သေပြီဘဲ။) ကားဆိုတာအသုံးပြုဖို့ပါ...ဈေးကစားဖို့မဟုတ်ဘူး။ ပြည်သူအများစုအတွက် သတင်းထူးဘဲ။

Min Lu said...

မြန်မာတွေ ဘယ်လောက်ပဲပညာတတ် ပါစေ၊ ဘွဲ့ဘယ်နှစ်ခုပဲရပါစေ၊ ပညာ
နှင့်လုပ်စားသူနည်းပြီး ဆူလွယ်နပ်လွယ်သည့်စီးပွားရေးကိုသာစိတ်ဝင်စားကြ
တော့သည်။ မိမိကိုယ်တိုင်ထုတ်လုပ်ခြင်းထက်၊သူတစ်ပါးတိုင်းပြည်မှကုန်
ပစည်းအားကိုယ့်တိုင်းပြည်တွင်ပြန်လည်အမြတ်တင်ရောင်းချခြင်းအားပိုမိုစိတ်ဝင်စားကြသည်။ အချင်းချင်းလှည့်ပတ်ရောင်းကြသည်။ စင်စစ် ဖဲဝိုင်းတစ်ဝိုင်းထဲတွင်လှည့်နေသော ငွေကဲ့သို့သာဖြစ်၏။ ဖဲသမားစီးပွားရေးစ
နစ် ကဲ့သို့ တစ်ယောက်နိုင်လျှင်တစ်ယောက်ရှုံး၏။ ကားလောကတွင် ဒိုင်စားသည်မှာကြာပေပြီ။ ယခုဒိုင်လျှော်သောအလှည့်ဖြစ်၏။ သိန်းနှစ်ဆယ်
ခန့်ဖြင့်ရောင်းလိုက်သော လေးဘီးပိုင်ရှင်များ လက်ခုပ်တီးပြီးအားပေးပါ

sanda said...

ပါမစ် စနစ်ကြီး ဖြုတ်သင့်နေပါပြီ၊ ပြည်ပနိုင်ငံတွေမှာ ပါမစ်စနစ်မရှိ တော့၊ အခွန်ပဲ ဆောင်ရပါတယ်။ မြန်မြန်ကြီးကို ပယ်သင့်နေပါပြီ။

သုခ said...

ကားဆိုတာ ငွေ သိန်း၁၀၀ ကျော်ရှိမှ ၀ယ်စီးနိုင်တာ၊ဘတ်စကားစီးသွားရင်ရတယ်၊ဆင်းရဲသားတွေအတွက် က တယ်လီဖုန်းလိုတယ်၊လူတိုင်းတယ်လီဖုန်းကိုင်နိုင်အောင်ဆောင်ရက်ပေးကြပါ၊တယ်လီဖုန်းရှိရင်တော်တော်တန်တန်ရေးကားစီးစရာမလိုဘူး

သစ္စာ said...

အများပြည်သူကောင်းကြိုးရခြင်းအတွက် လူအနည်းငယ်အပေါ်
ထိခိုက်သွားခြင်းမှာ စိတ်မကောင်းစရာဖြစ်ရုံကလွဲပြီး အစိုးရရဲ့
လုပ်ဆောင်ချက်ကို ထောက်ခံပါတယ် ဒီလိုဘဲဖြစ်သင့်ပါတယ်။
ကိုသစ်ထူးလွင်အနေဖြင့်လဲ ၀န်ဆောင်ခစရိတ် (အခွန်အခ)များ
ပါတွက်ချက် စါရင်းကိုပါ ထည့်သွင်းဖေါ်ပြပေးနှိုင်မယ်ဆိုရင်
ပိုပြီးကောင်းပါမည်ဟုအကြံပြုလိုပါတယ် ကျေးဇူးပါခင်ဗျာ။

Anonymous said...

အမှန်ကတော့..ဒီပါမစ်ဆိုတာကြီးကို ဖျက်သိမ်းလိုက်ရင်တော်တော်ကောင်းမှာ..ကားတစ်စီးအတွက်သင့်တော်တဲ့ အခွန်ကောက်..ပြိးတော့လမ်းတွေကို ပုဂ္ဂလိကပေးလိုက်..toll ကြေးတွေလည်း သင့်တော်သလောက်ကောက်ခံ၊ လမ်းကြေး- ROAD TAX ကိုတော့ ကညန ကကောက်ခံ.. လမ်းအတွက် ဖောက်လုပ်တဲ့ကုမ်ပဏီက နိုင်ငံတော်ကိုအခွန်ဆောင်..ကဲမကောင်းဘူးလား..စဉ်းစားသင့်ပြီ သက်ဆိုင်ရာ ၀န်ကြီးများ စာများများဖတ်ပြီး OXFORD မှာ သူငယ်တန်းသွားသင်..ဒါဘဲ

ရိုးစိန် said...

လူထုကိုလိမ်လည်လှည့်ဖြား၊ ဂုတ်သွေးစုတ်နေကြသော၊ အလွန်တရာမှယုတ်မာပက်စက်သည့် ကားဝယ်ရောင်းလောကကြီး အမြန်ဆုံးကျဆုံးပါစေ။

Unknown said...

လူတွေအားလုံး သူ.အမြင်နဲ.သူ ပြောနေကြတာ ကောင်းပါတယ်။အားလုံးရဲ. အတွေးအခေါ်တွေ မြင်.လာကြပါပြီ။ကျေးဇူး အထူးတင်ပါတယ်ဗျာ။

air aaron said...

ကြိုဆိုပါတယ်။လူတန်းစားမရွေးမော်ဒယ်မြင့်ကားများစီးနိုင်တော့မယ်။မော်တော်ကားအတွက်ရတဲ့အခွန်တွေနဲ့လမ်းတွေ တံတားတွေပြင်ပေးပါ။ဒါမှကားများနှင့်လမ်းများကိုက်ညီမှာပါ။
ဲပြည်သူများယာဉ်စည်းကမ်း လမ်းစည်းကမ်းများလိုက်နာကြပါ။စည်းကမ်းရှိကြပါ။အစိုးရနှင့်ပြည်သူအတူတကွလက်တွဲလျင်အားလုံးအဆင်ပြေသွားမှာပါ။

me: me: said...

ဂျာနယ်တစ်စောင်မှာ ဦးဝိစာရလမ်းမှ ရေတမာပင်များကို ခုတ်လှဲပြီး လမ်းချဲ့နေတယ်လိုဖတ်ရပါတယ်။
1987ခုနှစ်လောက်က ရန်ကုန်မှာ (10)တန်းတက်နေတုံး အဘဖြစ်သူက ကားမောင်းရင်း ဒီလမ်းကိုပေါ့သေးသေးအောင်းမေ့နေသလား။
အရှေ့တောင်အာရှမှာအလှဆုံးလမ်းတွေထဲမှာ တစ်ခုအပါအ၀င်ဘဲလို့ပြောတာသွားသတိရပြီး နှမြောလိုက်တာ။

shingyi said...

ဇိးကွက်စီးပွာရေး၊စီပွားေ၇းဂွင်၊ကနေ စီ့းပွားေ၇းလုပ်ငန်း၇ှင်ဘဝ
သို့ပြောင်းကြပါစေ။သာဓု သာဓု သာဓု။

Ar Ga said...

စေတနာထားသလိုလိုနဲ့ သူတို့ အကျိုး အမြတ်၇ှိအောင် လုပ်နေတာလား ? လူတိုင်း ဈေးပေါပေါနဲ့ ကားစီးနိုင်ဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါ ။ ၇န်ကုန်မြို့၇ဲ့ ကားလမ်း အခြေအနေ၊ Car Parking အခြေအနေ အ၇ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ အားလုံးကို ဖွင့်ပေးတယ်ဆိုပြီး မြန်မြန်ထက်ထက် တင်သွင်းနိုင်တာ သူတို့ လူတွေပါ ။ ပြီးတာနဲ့ လမ်းကျပ်တာကို အကြောင်းပြပြီး Permit တွေ ပြန်ပိတ် ဦးမယ်။ အ၇င် န၀တ လက်ထက်ကလည်း ဒီလိုပဲလုပ်ပြီး သက်ဆိုင်သူတွေ ပွပေါက် အကြီးအကျယ် ၇သွားကြတာပါ။ အခုလဲ ဒီလိုလုပ်ဦးမှာပဲ။ ဖြစ်သင့်တာက Transparency ၇ှိပြီး Plan နဲ့ လုပ်၇မှာပါ။ 2012 မှာ ကားလယ်လောက် 2013 မှာ ကား ဘယ်လောက်၊ လမ်းဘယ်လိုချဲ့မယ်၊ လမ်းချဲ့ဖို့ငွေ ဘက်က၇မယ်၊ ကားလမ်းနဲ့ ကားအချိုး ဘက်လို ထိန်းသိမ်းမယ်ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ အားလုံးကိုေ၇၇ှည် Plan အနေနဲ့ လုပ်၇မှပါ။ ဒါမှ တစ်ဦး တစ်ယောက် ကောင်းစားေ၇း မဖြစ်မှာပေါ။ အခုတော့ အခုပိတ်လိုက် ၊ အခုဖွင့်လိုက်နဲ့ ။ ဆုံးဖြတ်ချက် ကြိုသိသူတွေပဲ ချမ်းသာကုန်ကြတယ် ၊ ပြည်သူလူထုအတွက် က အမိန့်ပေါ် မူတည်ပြီး ဘ၀ပျက်သွားတာတွေ အများကြီးပဲ ။

Powered by Blogger.